Dream Creator

Dream Creator

Share

3Ms = Marketing, Mindset, Mindfulness

20/03/2024

ဒီအခြေအနေဒီကာလကြီးမှာ လူကြီး၊ လူငယ်၊ ကလေးအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားလုံး အများကြီးထိခိုက်နာကျင်ခံစားရတာ ကိုယ်တွေ့မျက်မြင်ပါပဲ။

ကျွန်တော်ကတော့ ဒီအခြေအနေဆိုးကြီးကိုအကောင်းဆုံးတောင့်ခံနိုင်ဖို့ဆိုရင်-
✨စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအဆပေါင်းများစွာ သန်မာအောင်လေ့ကျင့်ထားစေချင်တယ်။

✨လက်ရှိကိုယ်ထိန်းချုပ်နိုင်တဲ့အရာ၊ မထိန်းချုပ်နိုင်တဲ့အရာတွေကဘာလဲဆိုတာ သိအောင်လုပ်ပါ။

✨ရှောင်လို့မရတဲ့ဒုက္ခဆိုတာ ခန္ဓာ(၅)ပါးရှိတဲ့လူတိုင်း တစ်မျိုးမဟုတ်၊တစ်မျိုးရှိကြတာကြောင့် ထိုင်ညည်းမနေဘဲ ဘယ်လိုနည်းလမ်းနဲ့အကောင်းဆုံးဖြေရှင်းမလဲ?ဆိုတာထည့်တွေးစေချင်တယ်။

သိပ်ပြီးအများကြီးမပြောလိုတော့ပါဘူး။ ဒီကာလကြီးမှာ စိတ်ရော၊ကိုယ်ပါအရင်ကထက်အဆပေါင်းများစွာ ကြံ့ခိုင်အောင်လုပ်ဖို့ပဲ message ပါးလိုက်ပါရစေ။

အားလုံးအဆင်ပြေကြပါစေဗျာ။

19/03/2024

ကျွန်တော်တို့လူသားအားလုံးရဲ့စိတ်ဟာ တစ်စက္ကန့်အတွင်းမှာ ကုဋေပေါင်းများစွာဖြစ်ပျက်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။

ဒီတော့ တစ်ရက်တာ(၂၄)နာရီအတွင်းမှာတင် ဖြစ်ပျက်သွားတဲ့စိတ်ဟာ ဘယ်လောက်ထိများပြားမလဲဆိုတာ မတွေးလည်း သိသာပါတယ်။

စက္ကန့်နဲ့အမျှဖြစ်ပျက်နေတဲ့စိတ်ဟာ အဖြစ်ပျက်မြန်လွန်းသလို၊ ကိုယ့်အတွေး၊ စိတ်ကို သေချာသတိနဲ့မထိန်းနိုင်ဘူးဆိုရင် အတော်လေးစိတ်ဖိစီးစရာဖြစ်နေမှာ သေချာပါတယ်။

အထူးသဖြင့် ကျွန်တော်တို့လတ်တလောကြုံတွေ့နေရတဲ့အဖြစ်အပျက်အားလုံးဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အတော်လေးထိခိုက်စေပါတယ်။

ဒီလိုအခြေအနေမျိုးကိုအကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးကျော်ဖြတ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့စိတ်ကို သတိနဲ့သေချာလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။

အဲဒီလိုစိတ်ကိုသတိနဲ့သေချာလေ့ကျင့်ခြင်းကို တရားထိုင်ခြင်း - Meditation လို့ခေါ်ပါတယ်။

တရားထိုင်ခြင်း - Meditation က ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲဆိုရင်?
✨စိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်။
✨စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။
✨မှန်ကန်တဲ့စိတ်ခံစားမှု နှလုံးသွင်းမှုဖြစ်စေပါတယ်။
✨ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
✨စိုးရိမ်မှုလွန်ကဲခြင်းနှင့် စိတ်ကျဝေဒနာကိုပျောက်စေပါတယ်။

✨ဦးနှောက်မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။

ပြောရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းသန်မာနေလို့မရပါဘူး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ဖို့လည်း လိုအပ်ပါသေးတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ creators တို့အားလုံးကို တစ်ရက်ကိုအနည်းဆုံး နာရီဝက်(သို့) ၄၅မိနစ်လောက် တရားထိုင်ဖို့အချိန်ပေးစေချင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ

15/03/2024

လူအများစုက သောကြာနေ့ရောက်ရင်
TGIF ဆိုပြီး စိတ်လွတ်ကိုယ်လွတ်ပျော်မိတတ်ကြပါတယ်။
အရင်က ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုဖြစ်ခဲ့ဖူးပါတယ်။

နောက်တော့ ကိုယ်တိုင်ဘာသိလာရလဲဆိုရင်
သေချာစနစ်တကျလေ့ကျင့်ထားတဲ့ အလေ့အကျင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ
TGIF ပြီးသွားတဲ့နောက်မှာ ယုတ်လျော့သွားသလိုခံစားရတာပါပဲ။

အဲ့ဒီလိုပြောလို့ စိတ်ပျော်လက်ပျော်မနေရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
လုပ်လက်စအလုပ်တွေ၊ လေ့လာစရာရှိတာတွေပုံမှန်တိုင်းလုပ်၊ ပြီးရင်တော့ ကိုယ်ပိုင် Relax Time လေးမှာ Netflix ပဲကြည့်ကြည့်၊ ဂိမ်းပဲဆော့ဆော့ နေလို့ရပါတယ်။

အဓိကပြောချင်တာကတော့ ဘာ‌ Day ကြီးပဲနေနေ ကိုယ့်ရဲ့စနစ်ကိုအပျက်မခံဘဲ လုပ်စရာရှိတာလုပ်ပြီးမှ အေးဆေး Relax လုပ်သင့်တယ်ဆိုတာပါပဲ...။

Cheers to a wonderful Friday✨

14/03/2024

အရင်အပတ်တွေတုန်းက တိုးတက်ပြောင်းလဲလာတဲ့မားကတ်တင်းခေတ် Era များနဲ့ပတ်သက်ပြီး မျှဝေပေးခဲ့ပါတယ်ဗျာ။
အနှစ်ချုပ်ပြောရရင် Marketing 1.0 - Marketing 6.0 အထိ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ အလွယ်တကူပြန်ဖတ်နိုင်အောင် Collection အနေနဲ့ Link တစ်ခုချင်းစီထည့်ပြီး ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။

✨ Marketing 1.0
https://www.facebook.com/share/p/korFsUXcCDtoQ7a2/?mibextid=Nif5oz

✨ Marketing 2.0
https://www.facebook.com/share/p/TKmfN6GDuTZ7LgC2/?mibextid=Nif5oz

✨ Marketing 3.0
https://www.facebook.com/share/p/c8ViSDx3xoaPmE1y/?mibextid=Nif5oz

✨ Marketing 4.0
https://www.facebook.com/share/p/pVcK7zjXREXeS5Ya/?mibextid=Nif5oz

✨ Marketing 5.0
https://www.facebook.com/share/p/A516r2b6tvegZop2/?mibextid=Nif5oz

✨ Marketing 6.0
https://www.facebook.com/share/p/V3NbrShTuDcmdqGD/?mibextid=Nif5oz

နောက်အပတ်တွေမှာလည်း မားကတ်တင်းနဲ့ပတ်သက်ပြီးထပ်မံမျှဝေပေးဦးမှာဖြစ်လို့ ကျွန်တော်တို့ Page လေးကို အမြဲစောင့်ကြည့်ဖို့မမေ့ပါနဲ့ဦး။

See You All Guys🫶🏻

13/03/2024

ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်တဲ့အလျောက် ပေးစရာဆင်ခြေတွေလည်းအတော်များပါတယ်။

တခါတလေ မိုးအုံ့နေလို့၊ မိုးရွာနေလို့ ဒီနေ့တော့နားလိုက်ဦးမယ်🥹
အသည်းကွဲနေလို့၊ ရည်းစားနဲ့အဆင်မပြေလို့ လုပ်လက်စအလုပ်တွေ Hold ထားဦးမယ်😑
Mood ပျောက်နေလို့ ဘာမှလုပ်ချင်စိတ်မရှိဘူးဆိုတာမျိုးတွေပေါ့ 🫠

တကယ်တော့ ကိုယ်လုပ်ရမယ့်အလုပ်များနဲ့ပတ်သက်ပြီးတော့ နေ့ရွှေ့ညရွှေ့လုပ်တာမျိုးကကြာလာရင်
✨ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည် (Productivity)
✨စိတ်ဓာတ်ပိုင်းဆိုင်ရာ (Mental)
✨အခွင့်အလမ်း (Opportunities) များနဲ့ အလှမ်းဝေးစေပါတယ်။

ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် မိုးရွာရွာ၊ နေပူပူ၊ Mood ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကိုယ်လုပ်စရာရှိတာလုပ်ပါ။

စနစ်တကျလေ့ကျင့်ထားတဲ့အလေ့အကျင့်ကို ဘာမဟုတ်တဲ့ဆင်ခြေကြောင့်အပျက်မခံပါနဲ့။
အဲ့ဒီအစား လုပ်စရာရှိတာလုပ်လိုက်၊ 15မိနစ်လောက်နားတာမျိုး၊ ကိုယ့်ကိုယ်ကို Reward ပြန်ပေးတာမျိုး လုပ်ကြည့်ပါ။

ဒါဆိုရင် ကျွန်တော်တို့ရဲ့ Mindset ဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ခိုင်မာနေပါလိမ့်မယ်။

12/03/2024

Creator တို့သိပါသလား?
နေ့စဉ်ကိုယ့်ရဲ့ Personal & Professional Life မှာ ပိုပိုကောင်းတဲ့ဗားရှင်းအသစ်များနဲ့အတူ Mental ပိုင်းဆိုင်ရာ Strong & Calm ဖြစ်ဖို့လည်း လိုအပ်တယ်ဆိုတာ…

အဲ့ဒီအတွက် အချိန်တွေအများကြီးပေးစရာမလိုပါဘူး။ တစ်ရက်ကို နာရီဝက်ခန့်အချိန်ပေးပြီးတရားထိုင်ရုံနဲ့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီးအထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Creator အားလုံးတရားထိုင်တဲ့အခါမှာ ကိုယ်နဲ့အဆင်ပြေစေမယ့် Meditation Methods တွေရွေးချယ်နိုင်စေဖို့ Meditation အမျိုးအစားများကို မျှဝေပေးပါရစေ။
✨Mindfulness Meditation
✨Spiritual Meditation
✨Mantra Meditation
✨Movement Meditation
✨Loving-kindness Meditation (Metta)
✨Visualization Meditation
တို့ဖြစ်ပါတယ်။ နောက်ထပ်တခြားသော Meditation အမျိုးအစားများစွာလည်း ရှိပါသေးတယ်။

‌ဒီတော့ ကိုယ်နဲ့ကိုက်ညီတဲ့ Meditation အမျိုးအစားကိုရွေးချယ်ပြီး တစ်ရက်တာရဲ့အကောင်းဆုံးဗားရှင်းကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။

နောက်ရက်တွေ့မှာတော့ Meditationအမျိုးအစားတစ်ခုချင်းစီအကြောင်းကို ပြန်လည်မျှဝေပေးဦးမှာဖြစ်လို့
Page ကို အမြဲစောင့်ကြည့်ဖို့မမေ့ပါနဲ့ဦး။

Create Your Best Version✨

11/03/2024

မနက်အိပ်ရာထလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ဘူပိတ်စေတဲ့ အတွေး၊ စကား၊ အလုပ်
မလုပ်မိပါစေနဲ့။

-By Dream Creator

08/03/2024

နေ့စဉ်ဘဝမှာအထာကျဖို့ M(3)လုံးလိုတယ်ဆိုတာ
ဟုတ်ပါတယ်။
✨ Mindfulness - M
✨ Mindset - M
✨ Marketing - M

ဒီ M(3)လုံးကိုသာ သေချာသိထားပြီးအသုံးချနိုင်မယ်ဆိုရင် ကိုယ်ချမှတ်ထားတဲ့ Goals များအတွက်
အထောက်အပံ့ဖြစ်စေမှာ သေချာပါတယ်။
ဒီတော့ နောက်ရက်တွေမှာကျွန်တော်နဲ့အတူလေ့လာကြည့်ရအောင်ဗျာ။

07/03/2024

အခုဆိုရင် Marketing 6.0 ခေတ်ရောက်ရှိလာပါပြီ။
ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ကုန်ခါနီးမှာတင် Philip Kotler ရဲ့ Marketing 6.0 : The Future is Immersive စာအုပ်ထွက်ရှိခဲ့တာ အားလုံးသိကြမှာပါ။

ဒီတော့ Marketing 6.0 မှာဆိုရင် AI Technology ကိုအသုံးပြုပြီးကြမ်းလာကြပါပြီ။
ရှေ့က မားကတ်တင်းခေတ်တွေမှာထက် နည်းပညာကိုအရှိန်အဟုန်နဲ့အသုံးချပြီး Physical + Digital = Phygital Marketing ဆိုတာမျိုး အပြိုင်အဆိုင်ဖြစ်ထွက်ပေါ်လာတာ တွေ့ရမှာပါ။

ပြောရမယ်ဆိုရင် မားကတ်တင်း ၆.၀ ခေတ်မှာဆိုရင် နည်းပညာကိုကောင်းကောင်းအသုံးချနိုင်တဲ့ မားကတ်တင်းသမားတွေ၊ လုပ်ငန်းရှင်တွေ၊ strategists သမားများသာ ပြိုင်ဘက်တွေထက်ခြေတစ်လှမ်း ပိုရောက်နေမှာသေချာပါတယ်။

ဒါကြောင့် မားကတ်တင်း ၆.၀ ဆိုတာ တိုးတက်ပြောင်းလဲလာတဲ့နည်းပညာလမ်းရေစီးကြောင်းကို အသုံးပြုပြီး တဆင့်ပြောင်းလဲလာတဲ့ မားကတ်တင်းခေတ်တစ်ခေတ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲဗျ။ နောက်နေ့တွေမှာတော့ မားကတ်တင်းနဲ့ပတ်သက်ပြီးနောက်ထပ်အကြောင်းအရာသစ်တွေ မျှဝေပေးဦးမှာဖြစ်လို့ page ကို စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦး။

အားလုံးအဆင်ပြေကြပါစေဗျာ

06/03/2024

Mindset နဲ့ပတ်သက်ပြီး ကျွန်တော်မြင်မိတဲ့အချက်ကို Creators တို့အတွက် ပြန်လည်ပြောပြပေးချင်ပါတယ်။
ဒါက ကျွန်တော်ကိုယ်တိုင်ပတ်ဝန်းကျင်မှာ တွေ့ဖူး၊ မြင်ဖူး၊ ကြုံခဲ့ဖူးတဲ့အတွေ့အကြုံပါ။

လူအများစုက “ဆင်းရဲဒဏ်ကိုကြံ့ကြံ့ခံပြီး ကြိုးစားအောင်မြင်လာကြပေမယ့် အောင်မြင်မှုဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။”

ပြောရမယ်ဆိုရင် ဆင်းရဲနေတုန်းကဘဝမပျက်ပေမယ့် အောင်မြင်လာတဲ့အချိန်ကျမှ ဘဝပျက်ပြီးလမ်းဘေးရောက်သူတွေအများကြီးပါ။

ဒါကြောင့် Creators တို့အနေနဲ့ ကိုယ်သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ Level တစ်ခုထိရောက်အောင် ကြိုးစားနေတယ်ဆိုရင် Mindset နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြမယ့်အချက်တချို့ကို သတိပြုမိစေချင်ပါတယ်။

-ဆင်းရဲဒဏ်ရော၊ အောင်မြင်မှုဒဏ်ရောခံနိုင်အောင်ကြိုးစားတည်ဆောက်ပါ။

-ငါသိတယ်၊ ငါတတ်တယ်ဆိုတဲ့အတွေးကိုဖျောက်ပါ။ အဲ့ဒီအစား ငါ့အတွက်နေ့စဉ်နဲ့အမျှသင်ယူစရာတွေ အများကြီးရှိသေးတယ်လို့ တွေးပါ။

-ပြောင်းလဲမှုတိုင်းမှာလိုက်ပါစီးမျောနိုင်ဖို့ အသင့်အနေအထားဖြစ်အောင် ကြိုတင်ပြင်ဆင်ထားပါ။

-ကိုယ့်အပေါ်ကောင်းစေချင်တဲ့စိတ်နဲ့ဝေဖန်ရင် လက်ခံ၊ ပြုပြင်တတ်ပါစေ။ ဒါပေမယ့် ကိုယ့်အပေါ်မနာလိုစိတ်နဲ့ ကဲ့ရဲ့ပြစ်တင်နေရင်တော့ လျစ်လျူရှုလိုက်ပါ။

- နောက်ဆုံးအချက်ကတော့ ဆရာဖြိုးပိုင်ရဲ့စကားကိုယူသုံးရမယ်ဆိုရင်- “အရှုံးဆိုတာမရှိဘူး၊ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်‌ပြောင်းရင် ရလဒ်ပြောင်းတယ်”ဆိုတာလေး အမြဲနှလုံးသွင်းထားစေချင်ပါတယ်။

အားလုံးအတွက်အကျိုးရှိမိလို့ ယုံကြည်ပါတယ်။
Strong Mindset နဲ့အတူ Best Version ကိုဖန်တီးနိုင်ကြပါစေဗျာ။

Photos from Dream Creator's post 05/03/2024

Mindfulness ကို မြန်မာလိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် “စိတ်ကိုသတိနဲ့စောင့်ကြည့်ခြင်း”ပါပဲ။
ထပ်ပြီးပြောရရင် စိတ်ကိုပစ္စုပ္ပန်တည့်တည့်မှာထားပြီး သတိနဲ့ထိန်းခြင်းပါပဲ။

ဒီတော့ Mindfulness ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက် တကယ့်အရေးကြီးလှပါတယ်။

ဘာကြောင့်လဲဆိုရင်?
နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ တာဝန်ဝတ္တရားများအပေါ် ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အားလုံးရဲ့စိတ်ဟာ Present Mode မှာရှိနေဖို့ လိုအပ်ပါတယ်။

ဒါမှလည်း ကိုယ့်ရဲ့ Personal & Professional Life အတွက် အကောင်းဆုံးဖန်တီးတွေဖြစ်လာစေမှာပါ။

ဒါကြောင့် ဒီနေ့မှာတော့ Creators များအတွက် စိတ်ကို Present Mode မှာထားနိုင်ဖို့၊ Mindfulness လေ့ကျင့်ဖို့ နည်းလမ်းကောင်း(5)မျိုးကို မျှဝေပေးပါရစေ။

🔹Breath Awareness - ဝင်လေထွက်လေမှတ်ခြင်း

🔹Mindful Eating - သတိဖြင့်စားသုံးခြင်း

🔹Journaling - ကိုယ့်အတွေး၊ ခံစားချက်၊ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ဖို့ချရေးခြင်း

🔹Body-Based Practice - ယောဂ၊ ထိုက်ချိ၊ Qigong လေ့ကျင့်ကစားခြင်း

🔹Everyday Mindfulness- သွားသတိ၊ လာသတိ၊ စားသတိဆိုသလိုမျိုး အချိန်တိုင်းကိုယ်နဲ့စိတ်ကို သတိနဲ့စောင့်ကြည့်ခြင်း

အခုပြောပြသွားတဲ့အကြောင်းအရာလေးက Creators တို့ရဲ့နေ့စဉ်ဘဝအတွက် အကောင်းဆုံးဖန်တီးမှုတွေလုပ်ဆောင်နိုင်စေမယ့် နည်းလမ်းကောင်းတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်ဗျာ။

စာလေးဖတ်ပြီးလို့အကျိုးရှိတယ်ဆိုရင် လက်တွေ့ဘဝထဲထိကျင့်သုံးဖို့အကြံပြုလိုက်ပါရစေ။

04/03/2024

လူတစ်ယောက်ရဲ့ identity ဆိုတာ
“နေ့စဉ်သူလုပ်နေတဲ့အလုပ်၊
တွေးနေတေဲ့အတွေး၊
ပြောနေတဲ့စကား”ပါပဲ။

ဒီတော့ ကိုယ်ဘယ်လိုလူဆိုတာသိချင်ရင်
အလုပ်၊ အတွေး၊ စကား ဒီ(၃)မျိုးနဲ့
တိုင်းတာကြည့်ပါ။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Kywe Se Kan 11Street, Pyigyi Tagon Township
Mandalay
05051