Mann Pest Control-MPC
🚫 FREE FROM PEST 🐀🦟🪳
20/07/2024
ဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ MPC မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏
22/05/2024
ကဆုန်လပြည့်နေ့မှာ
လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များအားလုံး ကျန်းမာချမ်းသာ လိုအင်ဆန္ဒ ပြည့်ဝကြပါစေလို့
MPC မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏
16/02/2024
🍽 စားသောက်ဆိုင်ဆိုတာ ပိုးမွှားအင်းဆက်တွေအတွက် လိုရာဆုပြည့်တဲ့ နိဗ္ဗာန်ဘုံအလားပါပဲ။
ဘာလို့လဲဆိုတော့ စားသောက်ဆိုင်မှာ ပိုးမွှားအင်းဆက်တွေ နေထိုင်ကျက်စားဖို့ စားကြွင်းစားကျန်တွေ၊ဖိတ်ယိုနေတဲ့ရေတွေပြည့်ပြည့်စုံစုံရှိတာကိုး 😉
ဒါကြောင့် မိတ်ဆွေတို့စားသောက်ဆိုင်ကို လုံးဝမပေါ့ဆဘဲ သန့်ရှင်းရေးစေ့စေ့စပ်စပ်လုပ်ဖို့လိုတဲ့အပြင် တတ်ကျွမ်းနားလည်တဲ့ပညာရှင်တွေနဲ့ ဆွေးနွေးပြီး လိုအပ်ရင် ပိုးမွှားတွေကိုအမြစ်ပြတ်သန့်စင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ယူသင့်ပါတယ် 💯
အဲဒါမှမဟုတ်ရင်တော့ မိတ်ဆွေတို့စားသောက်ဆိုင်မှာ ပိုးမွှားမျိုးစုံတွေ သံစုံတီးဝိုင်းတီးရင်း သောင်းကျန်းမှာဖြစ်သလို မတော်တဆ ပိုးမွှားတွေက ဟင်းပွဲထဲပါသွားရင်တော့ စားသုံးသူတွေကြား Brand Image လည်းလုံးလုံးကို ကျသွားမှာပါနော် 😱
တကယ်လို့ မိတ်ဆွေတို့စားသောက်ဆိုင်ကနေ ပိုးမွှားတွေအပြီးတိုင်မောင်းထုတ်ဖို့ စိတ်ချရတဲ့ ပိုးမွှားသန့်စင်ပေးတဲ့
ဝန်ဆောင်မှုကိုလိုနေရင်လည်း ကျွန်တော်တို့ 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐏𝐞𝐬𝐭 𝐂𝐨𝐧𝐭𝐫𝐨𝐥 ကိုသာ သတိရလိုက်ပါ။
မိတ်ဆွေတို့ကို ကူညီပေးဖို့ ကျွန်တော်တို့က အမြဲတမ်းအသင့်ပါပဲခင်ဗျာ 🙌
📞09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
28/12/2023
ခြင်မှ ယူဆောင်လာတဲ့ရောဂါများ‼️
ခြင်🦟 တွေ ကိုယ်ရဲ့အနီးအနားမှာ တဝီဝီတရွှီရွှီနဲ့ ဝဲနေတာနဲ့ပဲ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဟုတ်။ ခြင်တွေက အကောင်သေးသေးလေးဆိုပေမဲ့ ကိုက်လိုက်ရင် ယားယံစေသလို ရောဂါပိုးတွေလည်း ဖြန့်ဝေနေတဲ့ အဆိပ်ပြင်းသူကြီးတွေပါ။
ကဲ ဒါဆို ခြင်တွေက ဘယ်လိုရောဂါပိုးတွေ သယ်ဆောင်ထားပြီး လူတွေကို ဘယ်လိုဒုက္ခပေးနေတာလဲဆိုတာ တူတူလေ့လာကြည့်လိုက်ရအောင် 🤗
🔺 သွေးလွန်တုပ်ကွေး
ခြင်ကိုက်ရာကနေ ဖြစ်တဲ့ပြဿနာဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိကြတာက သွေးလွန်တုပ်ကွေးပါပဲ။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး Aedes ခြင်မ 🦟 ကိုက်ခံရာကနေ ကူးစက်တတ်ပါတယ်။ အဖျားကြီးတာ🤒၊ အရိုးအဆစ်နာကျင်တာ၊ ဗိုက်နာတာတွေ ခံစားရပြီး ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်မှာဆိုရင် သွေးယိုတာ၊ သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဆို အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေထိ ရောက်နိုင်ပါတယ်။
🔺 ငှက်ဖျား
ငှက်ဖျားက လူအများထင်ကြသလို စိမ့်စမ်းရေသောက်တာ၊ ငှက်ပျောသီးစားလို့ကူးတာ လုံးဝမဟုတ်ပါဘူးနော် ❌️ ။ ငှက်ဖျားရောဂါက Plasmodium ကပ်ပါးပိုးကို သယ်ဆောင်ထားတဲ့ Anopheles ခြင်မကိုက်ခံရာကနေ ကူးစက်တာပါ။ ချမ်းတုန်ဖျားတာ 🤒 နဲ့လာတတ်ပြီး သေချာကုသမှုမခံယူဘူးဆိုရင် ငှက်ဖျားပိုးဦးနှောက်ထဲဝင်တာ၊ အဆုတ်၊ ကျောက်ကပ် စတဲ့ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။
🔺 ဆင်တုပ်ကွေး
အဆစ်အမြစ်နာကျင်ကိုက်ခဲတာနဲ့လာတဲ့ ဆင်တုပ်ကွေးကလည်း Aedes ခြင်မ 🦟 ကိုက်ခံရာကနေ ဖြစ်ရတာပါ။ ဆင်တုပ်ကွေးကတော့သွေးလွန်တုပ်ကွေးလိုမျိုး အခြေအနေ မဆိုးတတ်ပါဘူး။ ဒါပေမဲ့ အဆစ်အမြစ်ကိုက်ခဲတာကတော့ လချီကြာတတ်ပါတယ်။
🔺 ဆင်ခြေထောက်
ဆင်ခြေထောက်က သံလုံးကောင်ကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါတစ်မျိုးပါ။ ဒီရောဂါက လူတစ်ဦးကနေ တစ်ဦး ခြင်ကိုက်ခံရာကနေ ကူးစက်နိုင်ပါတယ်။ ပိုးတွေက ခန္ဓာကိုယ်ရဲ့ Lymphatic စနစ်ကို ဖျက်ဆီးလိုက်ပြီး ခြေထောက်🦵🏻တွေမှာ နာကျင်ရောင်ရမ်းစေပါတယ်။ ဒါကြောင့် ဆင်ခြေထောက်လို့ ခေါ်ရတာပါ။ ခြေထောက်မှာ အဖြစ်များတယ်ဆိုပေမဲ့ လက်မောင်း၊ လိင်အင်္ဂါ၊ ရင်သားတွေမှာလည်း ရောင်ရမ်းမှုဖြစ်စေပါတယ်။
ဒါတွေအပြင် ဇီကာဗိုင်းရပ်စ်၊ Yellow Fever နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါတွေကလည်း ခြင်ကိုက်တာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ဒီလောက်ဆို ခြင်က လူတွေအတွက် ဘယ်လောက်အန္တရာယ်များလဲဆိုတာ သေချာလေး သိရှိသွားကြမယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ။
📞 09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
06/12/2023
သင့်အိမ်ကို ခြတွေဝါးမြိုဖျက်ဆီးတဲ့
အန္တရာယ်နဲ့ကြုံတွေ့နေရပြီလား မိတ်ဆွေ...🧐
ခြတွေဆိုတာ အကောင်သေးပေမဲ့ ဖျက်ဆီးတဲ့နေရာမှာဆရာကြီးတွေဗျ 😎
သူတို့တွေက အုပ်စုလိုက်အိမ်မှာကပ်တွယ်ရင်း သစ်သား၊နံရံနဲ့အိမ်တွင်းပရိဘောဂတွေကို တိတ်တဆိတ်ဖျက်ဆီးလို့ အိမ်ပြုပြင်ရ၊ ပစ္စည်းတွေကိုအသစ်တဖန်ပြန်လဲရနဲ့ အကုန်အကျများစေပါတယ်။
ဒါကြောင့် သင့်အဖိုးတန်အိမ်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေမပျက်စီးမဆုံးရှုံးရအောင်လို့ သင့်အိမ်နဲ့အနီးနားဝန်းကျင်မှာ ခြတောင်ပို့တွေတွေ့ခဲ့ရင်တော့ လုံးဝမျက်ကွယ်မပြုလိုက်ပါနဲ့ ❌
ခြတွေဝေးဝေးပြေးအောင် အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကူညီဖယ်ရှားပေးမဲ့ 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐏𝐞𝐬𝐭 𝐂𝐨𝐧𝐭𝐫𝐨𝐥 ဆီသာ ဆက်သွယ်လိုက်ပါ 🙌
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Messenger (သို့)အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ် 👇
📞09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
15/11/2023
မောင်ရွှေကြွက်ရဲ့ ရှူးရှူးက ကျန်းမာရေးအတွက်ဘယ်လောက်ထိအန္တရာယ်များလဲ❓
မောင်ရွှေကြွက် 🐀 က နာမည်လေးတော့ လှပါရဲ့။ လူသားတွေအတွက်တော့ အန္တရာယ်ရှိတဲ့ရောဂါပိုးတွေ သယ်ဆောင်လာတဲ့ သူကြီးပါ။
သူရဲ့ရှူးရှူးမှာ လူတွေကိုသာမက ကျွဲ၊ နွား၊ ဝက်၊ ခွေးတွေကိုပါ ဒုက္ခပေးနိုင်တဲ့ Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ) ကိုဖြစ်စေသော Leptospira ဘက်တီးရီးယားပိုး 🦠 တွေ ရှိနေနိုင်ပါလို့ပါပဲ။
ကြွက် 🐀 ရဲ့သေးမှာပါတဲ့ Leptospira ဘက်တီးရီးယားပိုးက မြေကြီးနဲ့ ရေထဲမှာ အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ရှင်သန်နိုင်တဲ့အတွက် အခုလို ရေကြီးတဲ့အချိန်ဆို ပိုသတိထားရပါမယ်။ ပြီးတော့ မြေကြီးနဲ့ ရေကို အမြဲထိတွေ့နေရတဲ့ လယ်သမားတွေ၊ တံငါသည်တွေ၊ မိုင်းတွင်းအလုပ်သမားတွေ၊ မိလ္လာ၊ ရေဆိုးမြောင်းပိုက်ပြင်သူတွေ၊ မွေးမြူရေးသမားတွေမှာ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါက ပိုပြီးကူးစက်ခံရနိုင်ပါတယ်။
ကူးစက်တဲ့နည်းလမ်းကို ပြောရမယ်ဆိုရင် ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ရဲ့သေးကို တိုက်ရိုက်ထိတွေ့မိတာ၊ ရောဂါပိုးပါနေတဲ့ ရေ၊ မြေကြီး၊ အစားအသောက်တွေကို ထိတွေ့ကိုင်တွယ်မိရာကနေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးက အရေပြား၊ နှာခေါင်း၊ ပါးစပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။
ရောဂါပိုးကူးစက်ခံရပြီး 2 ရက်ကနေ 4 ပတ်လောက်ကြာရင် ရောဂါလက္ခဏာအနေနဲ့
🔺 အဖျားကြီးမယ်
🔺 ခေါင်းကိုက်မယ်
🔺 ချမ်းတုန်မယ်
🔺 ကြွက်သားတွေနာကျင်ကိုက်ခဲမယ်
🔺 ပျို့အန်မယ်
🔺 အသားဝါမယ်
🔺 မျက်လုံးတွေနီရဲနေမယ်
🔺 ဗိုက်အောင့်မယ်
🔺 ဝမ်းလျှောမယ်
🔺 အရေပြားမှာအဖုတွေထွက်မယ် စတာတွေ ခံစားရနိုင်ပါတယ်။
ဒီအခြေအနေကို မကုသဘဲထားရင် ကျောက်ကပ်နဲ့အသည်းပျက်စီးတာ၊ ဦးနှောက်အမြှေးပါးရောင်တာတွေဖြစ်ပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အခြေအနေထိ ရောက်သွားနိုင်ပါတယ်။
ဒီလိုကျန်းမာရေးအန္တရာယ်နဲ့ကြုံရဖို့ 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗣𝗲𝘀𝘁 𝗖𝗼𝗻𝘁𝗿𝗼𝗹 နဲ့ဆက်သွယ်ပြီး မောင်ရွှေကြွက်တွေကို အပြီးတိုင်မောင်းထုတ်လိုက်ပါတော့နော်။
📞 09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
02/11/2023
🦗 ပိုးကောင်တွေက ပိစိကွေးသေးသေးလေးဆိုပေမဲ့ Guest Experience ကို ပျက်စီးသွားနိုင်တယ်ဆိုတာရော ဟိုတယ်ပိုင်ရှင်တို့ သတိထားမိရဲ့လား ‼‼‼
စဉ်းစားကြည့် မိတ်ဆွေတို့ 🏢 ဟိုတယ်မှာလာတည်းတဲ့ ဧည့်သည်တစ်ယောက်က သူ့အိပ်ခန်းမှာ ပိုးကောင်တွေ့ခဲ့ရင် "ဟာ ဒီဟိုတယ်က သန့်ရှင်းမှုပိုင်းအားနည်းလိုက်တာကွာ"လို့ လုံးဝထင်သွားနိုင်တယ် 🤯
နောက်သူ ဟိုတယ်မှာလာမတည်းတော့ဘူးဆိုရင် ဟိုတယ်အတွက် အဖိုးတန်တဲ့ ရွှေဧည့်သည့်တစ်ယောက်ကို အပြီးအပိုင်ဆုံးရှုံးသွားနိုင်တယ်။
ဒါတွေတင် ဘယ်ကမလဲ ▫▫▫▫
တကယ်လို့ သူ့အသိမိတ်ဆွေတွေကိုပါ ဟိုတယ်အကြောင်းပြောပြရင် ဟိုတယ် Reputation လည်းထိခိုက်သလို
ဧည့်သည်များစွာပါ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေထိရောက်သွားနိုင်ပါတယ် 😱
ဒါကြောင့် ဟိုတယ်တွေက လုံးဝမပေါ့ဆဘဲ Pest Control Service ကို သေချာလေးယူသင့်ပါတယ် 💯
မိတ်ဆွေတို့ဟိုတယ်အတွက် စိတ်ချရတဲ့ Pest Control Service ရှာနေရင်လည်း အရည်အသွေးကောင်းတဲ့ နိုင်ငံတကာ စံချိန်မီ Chemical ပစ္စည်းတွေကိုသာသုံးပြီး ကျွမ်းကျင်ပိုးမွှားနှိမ်နင်းရေးပညာရှင်တွေက ဝန်ဆောင်မှုပေးနေတဲ့ 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐏𝐞𝐬𝐭 𝐂𝐨𝐧𝐭𝐫𝐨𝐥 ကိုသာ သတိရလိုက်ပါ 🙌
📞09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
23/10/2023
ပိုးမွှားအင်းဆက်တွေကို အိမ်ကိုမဖိတ်ခေါ် မိစေဖို့ ဆောင်ရန်၊ရှောင်ရန်များ ‼
မီးဖိုချောင်မှ အစားအသောက်တွေသယ်ယူဖို့ အုပ်စုလိုက်ချီတက်လာတဲ့ 🐜 ပုရွက်ဆိတ်တွေ၊ ညဆိုထပ်ခိုးမှာ တရွှီရွှီနဲ့သောင်းကျန်းနေတဲ့ 🐀ကိုရွှေကြွက်တွေ၊ညဘက်ကောင်းကောင်းအိပ်မရအောင်ကိုက်တဲ့ 🦟ခြင်၊ကြမ်းပိုးတွေစသဖြင့်
ပိုးမွှားအင်းဆက်အမျိုးမျိုးကို သင့်အိမ်ဆီ မဖိတ်ခေါ်မိစေဖို့ ဒီလို အိမ်တွင်းပိုးမွှားနှိမ်နင်းရေး ဆောင်ရန် ရှောင်ရန်တွေကို သိထားသင့်ပါတယ် မိတ်ဆွေတို့ရေ 💯
ဆောင်ရန်တွေကတော့ 👇
✅ အစာအမှုန်အမွှားတွေနဲ့အမှိုက်တွေက ပိုးမွှားအင်းဆက်တွေကိုဆွဲဆောင်လို့ ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ အိမ်ကို သန့်ရှင်းအောင်ထားပါ။
✅အိမ်ထဲကို ပိုးမွှားတွေဝင်ရောက်နိုင်တဲ့ အက်ကွဲရာတွေ၊အပေါက်တွေကိုလည်း အကုန်ပိတ်ပါ။
✅အစားအစာတွေကို သေချာဖုံးအုပ်သိမ်းဆည်းပြီး
✅ အမှိုက်တွေကိုလည်း စနစ်တကျပုံမှန်စွန့်ပစ်ပါ။
✅ ပိုးမွှားတွေ ခိုအောင်းနိုင်တဲ့ အိမ်နဲ့နီးစပ်ရာ သစ်ပင်၊ချုံနွယ်တွေကိုအကုန်ခုတ်ပြီး ရှင်းလင်းအောင်ထားသင့်ပါတယ်။
✅ အစိုဓာတ်က ပိုးမွှားအင်းဆက်တွေရဲ့ အကြိုက်ပဲမို့လို့ ရေပိုက်တွေယိုစိမ့်နေရင် ဆောလျင်စွာ ပြုပြင်ထားဖို့လည်း မမေ့ပါနဲ့။
✅ အထူးသဖြင့် မြေအောက်ခန်း၊ ထပ်ခိုးနဲ့ရေဆင်းမြောင်းတို့လိုမျိုး ပိုးမွှားတွေနေထိုင်နိုင်တဲ့နေရာတွေကို ပုံမှန်စစ်ဆေးပါ။
✅ တကယ်လို့ မိတ်ဆွေက ပိုးမွှားတွေပေါက်ဖွားမှုများတဲ့ နေရာဒေသမှာနေထိုင်သူဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ပြီး အချိန်အခါအလိုက် ပိုးမွှားသန့်စင်ခြင်း ဝန်ဆောင်မှု
ကို ယူသင့်ပါတယ်။
ရှောင်ရန်တွေကတော့
❌ဓာတုပိုးသတ်ဆေးက ပိုးမွှားအပြင်လူကိုပါအန္တရာယ်ဖြစ်စေနိုင်လို့ မလိုအပ်ဘဲ အလွန်အကျွံမသုံးစွဲသင့်ပါဘူး။
❌အိမ်ကိုရှုပ်ပွအောင်ထားတာက ပိုးမွှားခိုအောင်းလို့ရအောင်ဖန်တီးပေးလိုက်သလိုဖြစ်လို့ အိမ်ကိုလုံးဝရှုပ်ပွအောင်မထားပါနဲ့။
❌ ပြီးတော့ ပိုးမွှားအင်းဆက်တွေရှိနေတာကိုသတိပြုမိရင်လုံးဝလျစ်လျူမရှုပါနဲ့။
❌ မှောင်မိုက်ပြီး လေဝင်လေထွက်မရှိတဲ့နေရာတွေက ပိုးမွှားတွေပေါက်ဖွားနိုင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးသလိုမျိုးဖြစ်လို့ အိမ်ရဲ့ လေဝင်လေထွက်ပေါက်ကို မပိတ်ဆို့လိုက်ပါနဲ့။
❌ ပိတ်ဆို့နေတဲ့ရေမြောင်းတွေ၊ ကွန်တိန်နာအလွတ်တွေလိုရေတွေတင်ကျန်နိုင်တဲ့ နေရာတွေကို ဒီအတိုင်းပစ်ထားတာမျိုးမလုပ်ပါနဲ့။
❌ ထင်းတွေမှာ ပိုးမွှားတွေခိုအောင်းနိုင်လို့ ထင်းကိုအိမ်ထဲမှာမထားပါနဲ့။
ဒီလိုဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ အိမ်တွင်းပိုးမွှားနှိမ်နင်းရေးနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို သေချာသိသွားမယ်လို့ မျှော်လင့်ပါတယ် 🙌
နောက်ထပ်လည်း 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐏𝐞𝐬𝐭 𝐂𝐨𝐧𝐭𝐫𝐨𝐥 ကနေ ဒီလိုဗဟုသုတရစရာတွေကိုထပ်မံမျှဝေသွားမှာမို့ Page ကို Like & Follow လုပ်ထားပေးပါအုံးခင်ဗျာ ✔
📞09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
15/10/2023
သန့်ရှင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ MPC မှ ဒိုင်းကာအနေနဲ့ ကာကွယ်ပေးပါရစေ 🙌
ရွှေမန္တလေးမှ အမျိုးတို့ရေ~~~
ကိုယ့်နေအိမ်၊ရုံးခန်း၊အလုပ်ရုံတွေမှာ ပိုးဟပ်၊ပုရွက်ဆိတ်၊ခြင်၊ယင်၊ကြွက်၊ခြတွေရဲ့ သောင်းကျန်းနှောင့်ယှက်မှုဒဏ်ကြောင့် တစ်နေ့တစ်နေ့ခေါင်းကိုက်နေရပြီလား 🤯
ဒါဆိုရင်တော့ အဲဒီလို ပိုးမွှားအင်းဆက်တွေကို ကူညီနှိမ်နင်းပေးဖို့ Mann Pest Control -MPC ရှိနေပါပြီ ။
Mann Pest Control ဆိုတာ နေအိမ်ပတ်ဝန်းကျင်ကိုပိုးမွှားအမျိုးမျိုးရန်ကနေ 🛡 ဒိုင်းကာအနေနဲ့ ကာကွယ်ရင်း ကျန်းမာသန့်ရှင်းလုံခြုံတဲ့ရပ်ဝန်းတစ်ရပ်ကို ဖန်တီးပေးဖို့ စတင်ခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။
နေအိမ်၊ရုံးခန်း၊ဟိုတယ်၊စားသောက်ဆိုင်၊ဆေးရုံ၊ဂိုဒေါင်များစွာအတွက် လှည့်ကြည့်စရာမလိုတဲ့ Pest Control Service ပေးလာတာ သက်တမ်း (၅) နှစ်ရှိပြီဖြစ်သလို ပိုးမွှားတွေကိုနှိမ်နင်းတဲ့အခါမှာလည်း စိုက်ပျိုးရေးမှာသုံးတဲ့ဆေးမဟုတ်ဘဲ နိုင်ငံတကာအသိအမှတ်ပြု Chemical တွေကိုသာအသုံးပြုပါတယ်ခင်ဗျာ 🙌
ကျွန်တော်တို့ 𝐌𝐏𝐂 မှာရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
🦠 မမြင်နိုင်တဲ့ဗိုင်းရပ်စ်၊ဘက်တီးရီးယားတွေကို ကာကွယ်နှိမ်နင်းဖို့ Disinfectant ဖြန်းခြင်း
🐁 ကြွက်နှိမ်နင်းခြင်း
🐜 ပုရွက်ဆိတ်နဲ့ပိုးဟပ်နှိမ်နင်းခြင်း
🦟 ခြင်၊ယင်စတဲ့ Flying Insects တွေနှိမ်နင်းခြင်း
🦗 ခြနှိမ်နင်းခြင်းတွေဖြစ်ပါတယ်။
𝐌𝐏𝐂 ရဲ့ Pest Control Service ကိုရယူမယ်ဆိုရင်တော့
✅ ပိုးမွှားထိန်းချုပ်နှိမ်နင်းရေးပညာရှင်တွေက ပိုးမွှားတွေကို မနှိမ်နင်းခင် အိမ်တိုင်ရာရောက် Site Survey အခမဲ့အရင်စစ်ဆေးပေးတယ်။
✅ ပြီးရင် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ပြီး Price Quotation ပို့ပေးတယ်။
✅ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပိုးမွှားတွေကို တာဝန်ယူနှိမ်နင်းပေးတယ်။
✅ Payment ကိုလည်း တစ်ခါတည်းအလုံးအရင်းလိုက်ပေးစရာမလိုဘဲ တစ်လချင်းပေးသွင်းနိုင်အောင်စီစဉ်ပေးတယ်။
✅ ပိုးမွှားသန့်စင်ပြီးတဲ့အခါ နောက်ထပ်ပိုးမွှားတွေ မပြန့်ပွါးနိုင်အောင်လို့ ပိုးမွှားနှိမ်နင်းရေးဆိုင်ရာအကြံပြုဆွေးနွေးပေးခြင်းစတာတွေပါ တစ်ခါတည်း One-Stop ပေးသွားမှာပါ။
ဒါကြောင့် ကိုယ့်နေအိမ်ပတ်ဝန်းကျင်မှာ ပိုးမွှားအင်းဆက်တွေ သောင်းကျန်းနေရင်တော့ Mann Pest Control ဆီသာဆက်သွယ်လိုက်ပါ
📞09445551415
🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.
14/07/2023
ခြဆိုတဲ့သေးငယ်တဲ့ပိုးမွှားတွေဟာ လှပတဲ့အိမ်တစ်အိမ်အတွက်တော့ အသံတိတ်အဖျက်သမားများဖြစ်ပါတယ်
အသံတိတ်အဖျက်သမားတွေဖြစ်တဲ့ ဒီခြကောင်တွေဟာ ကျွန်တော်တို့သတိမထားမိဘဲနဲ့ ကျွန်တော်တို့အိမ်ကို ထိခိုက်ပျက်စီးစေပါတယ်
ဒီသေးငယ်လှတဲ့ ခြကောင်များအတွက် သစ်သားဟာခံတွင်းတွေ့သောအစားအစာဖြစ်သည့်အတွက် မစစ်ဆေးဘဲထားပါက ကြီးမားသော ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါတယ်
ခြကောင်တွေဟာ အိမ်ရဲ့သစ်သားများကိုစားပြီး ဥမင်လိုဏ်ခေါင်းများကို ဖောက်ကာနေထိုင်ကြတယ်
ခြကောင်တွေကြောင့် ကျွန်တော်တို့အိုးအိမ်ကြံ့ခိုင်မှုကို ထိခိုက်စေပြီး ငွေကုန်ကြေးကျများသော ပြုပြင်မှုများပြုလုပ်လာနိုင်ရပါတယ်
သစ်သားတန်းများမှ ကြမ်းခင်းများ၊ ဗီဒိုများ နှင့် ပရိဘောဂများအထိ ခြကောင်များသည် နေထိုင်ကျက်စား ပြန့်ပွါးစေနိုင်ပါတယ်
ကျွန်တော်တို့ထိရောက်သောခြကောင်ဖြေရှင်းမှုမလုပ်ပါက ကျွန်တော်တို့အိမ်တွင်ဆိုးရွားသောပျက်စီးဆုံးရှုံးမှုများကြုံတွေ့လာနိုင်ပါတယ်
ကျွန်တော်တို့ MPCမှ ကျွမ်းကျင်ပညာရှင်များရဲ့ ထိရောက်သော ခြကောင်နှိမ်နင်းနည်းများဖြင့် သင့်နေအိမ်ကို ခြကောင်ရန်မှ ကာကွယ်ကြပါစို့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay