High-Tech
I can give you what you want
Two-way switch တပ်ဆင်ခြင်းဟာ အိမ်အတွက် အလွန်အသုံးဝင်ပေမဲ့ လျှပ်စစ်နဲ့ ပတ်သက်တာကြောင့် ဘေးကင်းလုံခြုံရေး (Safety) က နံပါတ် (၁) ပါ။
Staircase Circuit တပ်ဆင်ပုံ Diagram အသေးစိတ်။ AC -220V လိုင်းမှာ Neutral နဲ့ Live ကြိုးတွေကို ဘယ်လိုသွယ်တန်းရမလဲဆိုတာနဲ့ ခလုတ်နှစ်ခုနဲ့ မီးသီးတစ်လုံးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ဒီပုံလေးမှာ လေ့လာနိုင်ပါတယ်။
⚠️ အရေးကြီးသော ဘေးကင်းလုံခြုံရေး သတိပေးချက်များ
• မိန်းခလုတ်ကို အရင်ပိတ်ပါ: အလုပ်မစတင်ခင် Main Breaker (သို့မဟုတ်) မိန်းခလုတ်ကို အရင်ပိတ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
• Tester နဲ့ စစ်ဆေးပါ: ခလုတ်ကို ပိတ်ထားရင်တောင် ကြိုးထဲမှာ လျှပ်စစ်ဓာတ်အား ကျန်နေနိုင်တာကြောင့် Tester နဲ့ အရင်စစ်ပြီးမှ လက်နဲ့ ကိုင်တွယ်ပါ။
• ဝါယာကြိုး ချိတ်ဆက်မှု: ကြိုးတွေကို ခလုတ်ခေါင်းမှာ ချိတ်တဲ့အခါ လျော့ရဲမနေပါစေနဲ့။ ကြိုးချောင်နေရင် အပူလွန်ကဲပြီး မီးလောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
• စံချိန်မီပစ္စည်းသုံးပါ: ဝါယာကြိုးနဲ့ ခလုတ်တွေကို အဆင့်အတန်းမီတဲ့ အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲပါ။
• ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ: မိမိကိုယ်တိုင် လုပ်ဆောင်ဖို့ မသေချာဘူးဆိုရင် ကျွမ်းကျင်တဲ့ လျှပ်စစ်ဆရာနဲ့ တပ်ဆင်တာက အကောင်းဆုံးပါ။
#လျှပ်စစ်ပညာ
မီးမလာလို့ စိတ်မပူနဲ့တော့! 💡 လေတိုက်ရုံနဲ့ လျှပ်စစ်ဓာတ်အားရရှိမယ့် ဒီ DIY နည်းလမ်းလေးက စရိတ်သက်သာပြီး တကယ့်ကို အသုံးတည့်လှပါတယ်။
#လေအားလျှပ်စစ် #ကိုယ်တိုင်လုပ်နည်း
11/01/2026
မိုးကြိုးဆိုသည်မှာ လျှပ်စစ်ဓာတ်အား အလွန်အမင်း များပြားသည့် လျှပ်စစ်စီးကြောင်းတစ်ခု ဖြစ်သည်။ မိုးတိမ်များအတွင်းရှိ အဖိုဓာတ်နှင့် အမဓာတ်များ ပွတ်တိုက်မိရာမှ လျှပ်စစ်စွမ်းအင်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ အရာဝတ္ထုများဆီသို့ စီးဆင်းသွားခြင်းကို မိုးကြိုးပ-စ်သည်ဟု ခေါ်သည်။ မိုးကြိုးပ-စ်ခြင်းကြောင့် လူနှင့် တိရစ္ဆာန်များ အသ-က်ဆုံးရှုံးခြင်း၊ အဆောက်အဦးများ ပျက်စီးခြင်း၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးခြင်းနှင့် မီးလောင်ကျွမ်းခြင်းကဲ့သို့သော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
မိုးကြိုး-ပစ်ခြင်းကို (၂) မျိုး ခွဲခြားထားနိုင်သည်။ Hot Stroke သည် အပူချိန် အလွန်မြင့်မားပြီး ၎င်းစီးဆင်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် မီ းလောင်ကျွမ်းမှုများကို ဖြစ်ပေါ်စေတတ်သည်။ Cold Stroke မှာမူ အပူချိန်နည်းသော်လည်း ထိတွေ့မိပါက ပေါ-က်ကွဲမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် မိုးကြိုးအန္တ-ရာယ်ကို သတိပြုကာ ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ထားရန် အလွန်အရေးကြီးသည်။
အဆောက်အဦးများ ပျက်စီးမှုကို ကာကွယ်ရန်အတွက် အောက်ပါနေရာများတွင် မိုးကြိုးလွှဲများ မဖြစ်မနေ တပ်ဆင်သင့်သည် -
~ မီးလောင်လွယ်သော ပစ္စည်းများ သိုလှောင်ထားသည့် အဆောက်အဦးများ။
~ စက်ရုံ၊ အလုပ်ရုံများနှင့် မြင့်မားသော အဆောက်အဦးများ။
~ ရုံးများ၊ ကျောင်းများ၊ ဆေးရုံများနှင့် လူအများ နေထိုင်ရာ နေရာများ။
~ ဘုရားစေတီများ၊ ဘုရားကျောင်းများနှင့် ရှေးဟောင်းအဆောက်အဦးများ။
မိုးကြိုးလွှဲ (Lightning Arrestor) စနစ်တစ်ခုကို အခြေခံအားဖြင့် အောက်ပါ အစိတ်အပိုင်း (၃) ခုဖြင့် ဖွဲ့စည်းထားပါသည် -
~ Air Terminal: အဆောက်အဦး၏ အမြင့်ဆုံးနေရာတွင် တပ်ဆင်ရသော မိုးကြိုးလက်ခံတိုင်။
~ Down Wire (Down Conductor): မိုးကြိုးဓာတ်အားကို မြေကြီးထဲသို့ ဆက်သွယ်ပို့ဆောင်ပေးသည့် လျှပ်ကူးကြိုး။
~ Earth Electrode: မြေအောက်ထဲတွင် မြှုပ်နှံထားရသော မြေစိုက်တိုင်။
မိုးကြိုးလွှဲ တပ်ဆင်ရာတွင် အဆောက်အဦး အမိုးပေါ်၌ Air Terminal ကို ထားရှိပြီး Down Wire မှတစ်ဆင့် မြေစိုက်တိုင် (Earth Electrode) သို့ ဆက်သွယ်ထားရသည်။ မိုးကြိုးပစ်သည့်အခါ ထိုလျှပ်စစ်ဓာတ်အားများကို မြေကြီးထဲသို့ ဘေးကင်းစွာ စီးဆင်းသွားစေခြင်းဖြင့် အဆောက်အဦးကို ကာကွယ်ပေးသည်။ များသောအားဖြင့် Air Terminal ၏ ထိပ်ဖျားမှနေ၍ အောက်ခြေသို့ စက်ဝိုင်းကတော့ပုံ အဝန်းအဝိုင်းအတွင်းရှိသော ဧရိယာကို မိုးကြိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။
မိုးကြိုးလွှဲစနစ် တပ်ဆင်ခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်များအနေနှင့်-
~ အဆောက်အဦးအမြင့် (၂၀) မီတာအထိရှိသော နေရာများတွင် အနည်းဆုံး မိုးကြိုးလွှဲတိုင် (၁) တိုင်နှင့် မြေဆင်းကြိုး (၁) ခု တပ်ဆင်ရမည်ဖြစ်ပြီး၊ အမြင့် (၂၀) မီတာထက် ကျော်လွန်ပါက အနည်းဆုံး မိုးကြိုးလွှဲတိုင် (၂) တိုင်နှင့် မြေဆင်းကြိုး (၂)ခု တပ်ဆင်ရန် လိုအပ်သည်။
~ မိုးကြိုးလွှဲစနစ်၏ မြေဓါတ်ခုခံမှု (Earth Resistance) သည် (၁၀) အုမ်း (Ohms) ထက် မပိုစေရန် အထူးဂရုပြုရမည်။
~ မိုးကြိုးလွှဲတိုင် (Air Terminal) ကို အဆောက်အဦး၏ အမြင့်ဆုံးနေရာတွင် တပ်ဆင်ရမည်ဖြစ်ပြီး၊ ၎င်း၏ အလျားသည် အနည်းဆုံး (၃) ပေ ရှိရမည်။
~ Air Terminal တစ်ခုထက်ပို၍ တပ်ဆင်ရပါက တစ်ခုနှင့်တစ်ခု အကွာအဝေးသည် ပေ (၁၀၀) ထက် မကျော်လွန်စေရ။
~ မိုးကြိုးလွှဲတိုင်နှင့် မြေဓာတ်(electrode or other) ကို ဆက်သွယ်ပေးသည့် မြေစိုက်ကြိုး (Down Wire) ကို တိုနိုင်သမျှတိုအောင်၊ ဖြောင့်နိုင်သမျှ ဖြောင့်အောင် တပ်ဆင်ရမည်။
~ Down Wire ကို တပ်ဆင်ရာတွင် အကွေ့အကောက်များခြင်း၊ ထောင့်ချိုးကျဉ်းခြင်းနှင့် ကွင်း (Loop) ပုံစံ ဖြစ်ပေါ်ခြင်းမျိုး မရှိစေရ။
~ Down Wire အတွက် Copper Tape ကို အသုံးပြုပါက အနံ (၂၅) မီလီမီတာ၊ အထူ (၃) မီလီမီတာ ရှိရမည်။ အကယ်၍ Bare Copper Wire ကို အသုံးပြုပါက SWG No.2 ထက် မငယ်ရဘဲ၊ Stranded Copper Wire ဖြစ်ပါက 35 mm^2 ထက် မငယ်စေရ။
~ Down Wire ကို အလူမီနီယံဖြင့် ပြုလုပ်ထားပါက မြေစိုက်တိုင် (Earth Electrode) နှင့် ဆက်သွယ်သည့်နေရာတွင် သတ္တုနှစ်မျိုးစပ် (Bi-metal Joint) ကို အသုံးပြုရမည်။
~ မိုးကြိုးလွှဲ၏ မြေစိုက်စနစ်ကို ပုံမှန် စစ်ဆေးနိုင်ရန်အတွက် Down Wire နှင့် မြေစိုက်တိုင်(Earth Electrode) ကြားတွင် စစ်ဆေးရေးအဆက် (Inspection Joint) တစ်ခု ထည့်သွင်းထားရမည်။
~ မိုးကြိုးပစ်သည့်အခါ Side Flashing ကြောင့် ဘေးအန္တရာယ်မဖြစ်စေရန် အဆောက်အဦး၏ သံထည်ပစ္စည်းများ၊ သံတိုင်များနှင့် အခြားသတ္တုပစ္စည်းများကို Down Wire နှင့် ခိုင်မာစွာ ဆက်သွယ်ထားရမည်။
မိုးကြိုးလွှဲစနစ်တစ်ခုကို စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ခြင်းသည် အဆောက်အဦးနှင့် လူသားများ၏ အသ-က်အန္တရာယ်ကို ကာကွယ်ရန်အတွက် အလွန်အရေးကြီးပါသည်။ မိုးကြိုးလွှဲတိုင် အရေအတွက်၊ မြေစိုက်ခုခံမှု တန်ဖိုးနှင့် အသုံးပြုမည့် ကြေးနန်းကြိုး အမျိုးအစားများကို စနစ်တကျ ရွေးချယ်တွက်ချက်ပြီး တပ်ဆင်ခြင်းဖြင့် မိုးကြိုးဘေးအန္တရာယ်မှ စိတ်ချစွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
∆ credit to EI Refresher Course
∆ Ultimate Power Hub မှ ကောက်နုတ်ပြီး ဖတ်ရလွယ်ကူစေရန် ပြန်လည်ရေးသားသည်
10/01/2026
2KW off grid solar system
SUNC LiFePO4 Battery: How to use 12.8V/25.6V portable lithium battery, with optional Bluetooth, suitable for home or outdoor use, emergency power bank, super quick charge and low self-discharge.
゚viralシfypシ゚
Two way switch installation
07/12/2025
Useful Information about Electric
07/12/2025
I just kicked off my challenge, Electrical house wiring, using ! 👷🏼♀️ Tap the hashtag to view my challenge.
The challenge will run from December 9 to January 8. Can't wait to check out what you all have to share!
#
07/12/2025
အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်မူတွင်
ထည့်သွင်း စဉ်းသားရမည်အချက်များ
စက်ရုံ အလုပ်ရုံများတွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်မူများတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားလိုက်နာရမည်ဖြစ်သည်။
(1) Main Service line
(2) KWh meter(~oooj:gyunitriopc:o
cosmeter)
(3) Main Switch Board (MSB)
(4) Earth Wire (for safety)
(5) Wiring Installation Accessories
(6) Installation Method
(7) Calculate Supply and demand
(8) Inspection and testing installed services
(9) Rules and Regulations
Click here to claim your Sponsored Listing.