Ba Oo Collection
ဟိုတစ်စ ဒီတစ်စ ရောက်တတ်ရာရာ စိတ်ကူး?
15/02/2026
မြင်းနှစ် ရောက်တော့မယ်ဆိုတော့ ကိုယ့်မှာရှိနေတဲ့ မြင်းတွေကို ရှာကြည့်မိတယ်။ ငလျင်ပြီးကတည်းက ဘယ်ရောက်လို့ ရောက်နေမှန်းမသိ။ ကျိုးပဲ့လို့ ပစ်လိုက်တဲ့ထဲများပါသွားပြီလား။ ရှိတာလေးတွေ ဟိုနားတစ်ခု ဒီနားတစ်ခု ရှာတွေ့တာလေးတွေပေါ့ 🥰
11/04/2025
မတ် ၂၈ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ၆ပေလောက်မြင့်တဲ့ စင်ပေါ်ကနေ ပြုတ်ကျပေမယ့် ဒီအခြေအနေအတိုင်းလေး ကျန်နေခဲ့တယ် 🥰
09/04/2025
အများကြီးထဲက တစ်ခု
🙏🏻
March 28 Earthquake
08/04/2025
ငလျင်ဒဏ်ထိ 🙏🏻
21/03/2025
ကြိုးဆွဲရုပ်
လူရွှင်တော်လား။ ဂျိုကာလား။
13/03/2025
ရေနွေးခွက်လေးပါ။
樺細工 湯呑
ကြွေရေနွေးခွက်လေးရဲ့ ဘေးပတ်လည်ကို ချယ်ရီပင်အခေါက် ကပ်ပြီး အလှဆင်ထားတာပါ။
ခွက်ရဲ့အတွင်းဘက်မှာ အပြာရောင် ချယ်ရီပန်းပုံ ပုံဖော်ထားတယ်။
သူက အနီ အပြာ တစ်စုံထုတ်ထားတာ။ အနီရောင်တော့မရှိသေးဘူး။ ရှာရဦးမယ် 🤩
樺細工 Kabazaiku လို့ခေါ်တဲ့ 桜の樹皮 တောရိုင်းချယ်ရီပင် (Sakura) အခေါက်ကနေ ထုတ်ကုန်ပစ္စည်းတွေ ပြုလုပ်တဲ့ ဂျပန်ရိုးရာလက်မှုပညာတစ်ရပ် ဖြစ်ပါတယ်။ ဂျပန် 江戸時代 Edo ခေတ် (1603-1868) ကတည်းက ရှိခဲ့တဲ့ ရိုးရာလက်မှုပညာတစ်ခုဖြစ်တဲ့ Akita 秋田伝統工芸 မှ ဆင်းသက်လာတာဖြစ်တယ်။
အရေးကြီးတာက Kabazaiku ထုတ်ကုန်တွေက သဘာဝဂေဟစနစ်ဖြစ်ပြီး အခေါက်ရဲ့ သုံးပုံတစ်ပုံသာ ဖြတ်ထားတာကြောင့် ရေရှည်မှာ သစ်ပင်တွေကို မထိခိုက်စေဘဲ လုံလောက်တဲ့အခေါက်ကို ပြန်လည်ကြီးထွားစေပါတယ်။
10/11/2024
ပစ္စည်းက စုထားတာလေးတွေ
စာကတော့ ကူးလာသည်
🧿🧿🧿🧿🧿
တူရကီရောက်တုန်းက မျက်လုံးပုံစံ အပြာရောင်အဝိုင်းလေးကို နေရာအနှံ့မှာတွေ့ခဲ့ရပါတယ်…
🧿 အိမ်တွေမှာ ချိတ်ထားတာ။
🧿 အမှတ်တရပစ္စည်းအရောင်းဆိုင်တွေမှာ ရောင်းနေတာ။
🧿 ဆွဲသီးတွေ၊ လက်ကောက်တွေအဖြစ် ဝတ်ထားတာကို တွေ့ခဲ့ရတာပါ။
🧿 Cappadocia မြို့မှာဆိုရင် သစ်ပင်ရဲ့ သစ်ကိုင်းတွေအကုန်လုံးမှာ ဒီမျက်လုံးပြာတွေ ချိတ်ဆွဲထားတာကိုတောင် တွေ့ခဲ့ရပါတယ်။
ဒီမျက်လုံးပြာကို Emoji ထဲမှာလည်း တွေ့ဖူးကြမှာပါ။ 🧿 ဒီလိုမျိုးလေးပေါ့။
အဲဒါနဲ့ တူရကီက သူငယ်ချင်းကို မေးကြည့်တော့ အဲဒီ အပြာရောင်မျက်လုံးက Evil Eye 🧿 တဲ့။ တူရကီမှာတော့ Nazar လို့ခေါ်ပါတယ်။
တူရကီနိုင်ငံရဲ့ ရိုးရာယုံကြည်မှုအရ မကောင်းဆိုးဝါးမျက်လုံး (Evil Eye) ကနေ ကာကွယ်ပေးလို့ Nazar ကို အန္တရာယ်ကင်းဘေးရှင်းစေတဲ့ အဆောင်အဖြစ် ဆောင်ထားလေ့ရှိကြပါတယ်။ မကောင်းတဲ့စွမ်းအင်တွေ၊ မနာလိုသူတွေကနေ ကာကွယ်ပေးတယ်တဲ့လေ။
သူတို့အယူအရ လောကမှာ Evil Eye သုံးမျိုးရှိပါတယ်တဲ့။
• ပထမတစ်မျိုးက မရည်ရွယ်ဘဲ အန္တရာယ်ဖြစ်သွားစေတာမျိုးပါ။
• ဒုတိယတစ်မျိုးကတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာမျိုးပေါ့။
• တတိယတစ်မျိုးကတော့ မမြင်ရနိုင်တဲ့ အတွင်းကြိတ် Evil ဖြစ်ပြီး ကြောက်ဖို့အကောင်းဆုံးပါတဲ့။
🧿 Evil Eye အဆောင်က ကိုယ့်ကို အန္တရာယ်ပြုလာသူကို မှန်ထိုးပြလိုက်သလို တန်ပြန်ထိခိုက်စေသတဲ့လေ။
ဒါကြောင့်လည်း တူရကီက အိမ်တွေ၊ ဆိုင်တွေ၊ ရုံးတွေ၊ ကားတွေမှာ ချိတ်ဆွဲထားလေ့ရှိကြတာပါ။ တချို့အဆောက်အအုံတွေမှာဆို အုတ်မြစ်မှာတောင် ထည့်ဆောက်လေ့ရှိပါတယ်။ ကလေးငယ်လေးတွေရဲ့ ပုခက်မှာလည်း ချိတ်ဆွဲထားတတ်ကြပါတယ်။
ဆွဲသီး၊ လက်ကောက်၊ လက်စွပ်၊ နားကပ်တို့ လုပ်ဝတ်လေ့လည်း ရှိပါတယ်။ လက်ဝတ်ရတနာတွေအပြင် သော့ချိတ်၊ အဆောင်နဲ့ အမှတ်တရပစ္စည်းတွေအဖြစ်လည်း ရောင်းချလေ့ရှိကြပါတယ်။ Souvenir ဆိုင်တွေမှာဆို မတွေ့ချင်အဆုံးပါပဲ။ တူရကီလူမျိုးတွေ လက်ဆောင်ပေးရင်လည်း Evil Eye ပဲ ပေးကြတာပါ။ ကိုယ်တောင်မှ တူရကီကနေ ရင်ထိုးလေးရယ်၊ လက်ကောက်လေးရယ်၊ Key Chain လေးရယ် ဝယ်လာပါသေးတယ်။
Evil Eye ကို မြန်မာပြည်မှာလည်း Online Shop တချို့မှာ ရောင်းနေကြတာ တွေ့နေရပါပြီ။ လက်ကောက်လေးတွေ ဆွဲသီးလေးတွေ Facebook ပေါ် ရောင်းနေတာ တွေ့လိုက်မိတယ်။
🧿 Evil Eye အဆောင်တွေကို အပြာရောင်ဖန်နဲ့ ပြုလုပ်လေ့ရှိပြီး အပြာရင့်နဲ့ အပြာနု နှစ်ရောင်အဓိကပါလေ့ရှိပါတယ်။ စက်ဝိုင်းရဲ့အပြင်ဘက်ဆုံးမှာရှိတဲ့ အပြာရင့်ရောင်က ကံကောင်းစေတဲ့အရောင်ဖြစ်ပြီး ကောင်းတဲ့စွမ်းအင်တွေ ထွက်စေပါတယ်။ Evil Eye ကနေလည်း ကာကွယ်ပေးပါတယ်။ ခလယ်မှာတော့ အပြာနု (သို့) အဝါရောင်ရှိပြီး အတွင်းဆုံးက မျက်ဆံလိုဖြစ်နေတဲ့ အနက်ရောင် (သို့) နက်ပြာရောင်အစက်လေးကို ဝိုင်းထားပါတယ်။
🧿 Evil Eye အဆောင်တွေကို တူရကီနိုင်ငံမှာတင်မဟုတ်ဘဲ ဂရိနဲ့ အီဂျစ်မှာလည်း တွေ့ခဲ့ပါသေးတယ်။ မော်ရကို၊ အီတလီတောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း ဒီအဆောင်ကို ယုံကြည်ကြတယ်တဲ့လေ။
အချိန်ကြာလာတာနဲ့အမျှ Evil Eye အဆောင်တွေ ဟောင်းနွမ်းကျိုးပဲ့တတ်ပါတယ်။ ဒါဟာ နမိတ်ဆိုးမဟုတ်ပါဘူး။ သူ့အလုပ်သူလုပ်တာကြောင့်ပါတဲ့။ မကောင်းတဲ့အန္တရာယ်တွေကနေ ကာကွယ်ပေးရင်း ကျိုးပဲ့သွားတာတဲ့လေ။ မကောင်းတဲ့အငွေ့အသက်တွေ ပြန်ရောက်မလာအောင် အသစ်ထပ်ဆောင်ထားသင့်တယ်တဲ့လေ။
ဒါကတော့ တူရကီရောက်တုန်းက သတိထားမိခဲ့တဲ့ Evil Eye အကြောင်းကို သိသလောက်လေး ဝေမျှပေးတာပါ။ ယုံကြည်ရင်လည်း ဆောင်ထားကြပေါ့။ Online Shop တွေမှာလည်း ရောင်းနေကြပြီဆိုတော့လေ။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ…
ချစ်ခင်လျှက်
Dr.Nu Myat Theingi Oo
(Nu Myat around the World)
#ခရီးသွားဗဟုသုတ
04/04/2024
ဓာတ်ပုံဆုရ ပန်းအိုး Vintage Chinese Cloisonne Vase .....
ဒီ ပန်းအိုးလေးက ကျနော့်ဘဝမှာ ဆုအဖြစ်ရရှိတဲ့ပန်းအိုးလေးပါ။ အဲဒီဆုရခဲ့တာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ကျနော် အထက်တန်းကျောင်းသားတုန်းကပါ။ တရုတ်နိုင်ငံက ဦးစီးကျင်းပတဲ့ နိုင်ငံတကာလူငယ်ဓာတ်ပုံပြိုင်ပွဲမှာ ဒုတိယဆုနဲ့ အကောင်းဆုံးဓာတ်ပုံဆုကို ရရှိခဲ့တဲ့အတွက် ဆုအဖြစ်ပေးတဲ့ အဲဒီပန်းအိုးကို ရခဲ့တာဖြစ်ပါတယ်။ တရုတ်ပန်းအိုးစစ်စစ်Vintage Chinese Cloisonne Vase ပါ😁။
အဲဒီကာလက ကျနော်တို့မိသားစုအတွက် နေစရာ အတည်တကျမရှိခဲ့တဲ့ အချိန်ကာလဖြစ်ပြီး အိမ်ငှားဘဝနဲ့ အိမ်တွေပြောင်းနေရတာဆိုတော့ အဲဒီပန်းအိုးကို အသိမိတ်ဆွေအိမ်မှာ သွားအပ်ထားတာ ဆယ်စုနှစ်တစ်ခုမကပါဘူး။ တကယ်တော့ ဒီပန်းအိုးကို ပစ်ထားတာ အတော်ကြာပါပြီ။ မေ့နေတယ်လို့ကို ပြောရမှာပါပဲ။
ဒီဘက်လပိုင်းမှာမှ ဂျပန်ပန်းအိုးပိုးထပြီး ကြေးကြွေပန်းအိုး အသံ တော်တော်လေး ကြားလာခဲ့ပြီးမှ အဲဒီပန်းအိုးကို သတိရပြီး ပြန်သွားရှာမိတယ်။ တစ်ပတ် ဆယ်ရက်မက ဘယ်မှာထားမိလဲဆိုပြီး စဉ်းစားတာ စဉ်းစားလို့ကို မရခဲ့ပါဘူး။ ပစ္စည်းပေါင်းစုံကို အသိမိတ်ဆွေ ဆွေမျိုးအိမ်တွေမှာ နည်းနည်းချင်းသွားအပ်ထားတာဆိုတော့ ဘယ်ပစ္စည်းကို ဘယ်အိမ်မှာ အပ်ထားမှန်းမမှတ်မိတာပါ။ အဲဒီထဲမှာ ဘွဲ့လက်မှတ်တောင်ပါသေးတယ်။ ဘွဲ့လက်မှတ်မရှိတော့ ကိုယ့်ကိုကိုယ်တောင် ဘွဲ့ရမဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့အထိပါပဲ။ တစ်ချို့ပစ္စည်းတွေဆိုရင် ဒီအတိုင်း မတုန်မလှုပ် ဆယ်စုနှစ်လောက်ထားတော့ ပျက်စီးကုန်တယ်။ ဒီရက်ပိုင်းမှာ အစ်ကိုတစ်ယောက်နဲ့ စကားစပ်မိရင်း ဆုရထားတဲ့ပန်းအိုးတစ်လုံးရှိတယ်။ ဘယ်မှာထားမိမှန်းမသိဘူးလို့ ပြောလိုက်တော့မှ သူကသတိရပြီး ထားတဲ့နေရာကနေ ရွေ့ထားတာကို သူသတိထားမိလို့ အခုလိုပြန်တွေ့ရတာပါ။ ဂျပန်လိုက်ဖ်ထဲက လုရသလိုပါပဲ။ ပိုင်ရှင်မှန် ဥစ္စာမှန်တော့ ရောက်လာသလို။ ပြန်တွေ့တော့ ပလတ်စတစ်နဲ့ ထုတ်ထားလို့ တော်သေးတယ်။ အပြင်ပလတ်စတစ်က ဖုန်အလိမ်းလိမ်းနဲ့ ကိုင်လိုက်တာနဲ့ ကြွေကျသွားလောက်အောင် ဖြစ်နေပါပြီ။
ဒီပန်းအိုးလေးက ကိုယ့်ဘဝရဲ့အမှတ်တရတွေထဲက တစ်ခုဖြစ်နေတော့ တန်ဖိုးဖြတ်မရဘူး ………………
01/03/2024
ဆန်ပန်းချီ 😍
ဂျပန် ကံကောင်းလာဘ်ပေါ် နတ်မင်းကြီး ၇ ပါး 七福神 ကို ဆန်စေ့ပေါ်မှာ ရေးဆွဲထားတာ ....
🥰🥰
ဒီလိုဆန်စေ့ပေါ်မှာ စာလုံးထွင်းပေးတာကို တရုတ်ပြည် ကူမင်းသွားတုန်းက တွေ့ဖူးတယ်။ နာမည်ရေးထိုးခဲ့ဖူးတယ်။ အခုတော့ ဘယ်မှာ သိမ်းထားမိမှန်း မသိတော့ 😠
29/02/2024
သစ်ရွက်ကြွေ နွေရောက်
လူက စိတ်ရူးပေါက် 😁
Click here to claim your Sponsored Listing.