Burma Institute for Rural Development
Burma Institute for Rural Development (BIRD) is a youth-led non profit organization in Central Myanmar.
17/04/2026
မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ငြိမ်းချမ်းသာယာမှုများ ပြန်လည်တည်မြဲပြီး ကိုယ်ကျန်းမာ၊စိတ်ချမ်းသာလန်းဆန်း၍ ဆုတောင်းမှန်သမျှပြည့်ဝကြပါစေလို့ ကျွန်တော်တို့ Burma Institute for Rural Developmentမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။
ယခုလက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ဘေးအန္တရာယ်များလည်း ကင်းရှင်းပြီး မတည်ငြိမ်မှုများ လျော့နည်းပျောက်ကွယ်ကာ နားလည်မှု၊ ညီညွတ်မှုနှင့် ပိုမိုတည်ငြိမ်အေးချမ်းလာစေရန်၊ နိုင်ငံအတွက်အရေးပါသော ပညာရေးကဏ္ဍများမှာလည်း ပိုမိုတိုးတက်လာပြီး လူငယ်များအတွက် ခိုင်မာသောအခွင့်အလမ်း၊အနာဂတ်လမ်းစများလည်း ပိုမိုရရှိလာစေရန်နှင့် တစ်ချိန်တည်းမှာပင် ကျေးလက်ဒေသများလည်း ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် လူနေမှုဘဝပိုမိုတိုးတက်ကောင်းမွန်လာကာအခွင့်အရေးများ တန်းတူညီမျှစွာ ရရှိနိုင်သော လူမှုအသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာစေရန်လည်းထပ်မံ၍ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။
ယခုနှစ်သစ်မှစ၍ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်စုံသော အနာဂတ်တစ်ခုကို အတူတကွ ပူးပေါင်းပါ၀င်ပံ့ပိုးကူညီရိုင်းပင်းကာ ဖော်ဆောင်ကြနိုင်ကြစေဖို့ တစ်ဦးတစ်ယောက်စီတိုင်းအား ကျွန်တော်တို့ Burma Institute for Rural Developmentမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
English Version
On the occasion of the Myanmar New Year (Thingyan), we as members of the Burma Institute for Rural Development, would like to extend our sincere and warm wishes to all.
We hope that peace and stability will be restored across Myanmar, and that all people may enjoy good health, peace of mind, and the fulfillment of their hopes. We also express our hope that the current challenges facing the country will gradually come to an end, with a reduction in conflict and a growth in understanding, unity, and lasting peace. Furthermore, we wish to see continued progress in the education sector, so that young people may have stronger opportunities and clearer paths toward a better future. At the same time, we hope that rural areas will continue to develop, leading to improved livelihoods and equal opportunities for all communities.
As we welcome this New Year, we encourage everyone to work together in unity, support one another, and contribute to building a future filled with peace, development, and hope.
We once again extend our best wishes to everyone for a peaceful and happy Myanmar New Year.
05/04/2026
RYPB Application Stage Notification
Burma Institute for Rural Development (BIRD) မှ RYPB Programအတွက် နောက်တစ်ဆင့်သို့ တက်ရောက်သွားသည့် လျှောက်ထားသူများအား ကျွန်တော်တို့ BIRD Emailမှတစ်ဆင့်Emailများ ပို့ပြီးပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်ပါတယ်ခင်ဗျာ။
နောက်တစ်ဆင့် Application Form Email ထဲမှာတော့ Application Formနှင့်အတူ applicantများဂရုတစ်စိုက်ဖြည့်သွင်းရန် လိုအပ်သော လမ်းညွှန်ချက်များကိုလည်း ဖော်ပြပေးထားပါတယ်ခင်ဗျာ။
Email လက်ခံရရှိတဲ့ applicantများအနေနဲ့
🔸လမ်းညွှန်ချက်များကို သေချာဖတ်ရှုရန်
🔸ဖောင်ကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းရန်
🔸သတ်မှတ်ထားသော အချိန်အတွင်း ပြန်လည်တင်သွင်းရန်တို့ကို မမေ့ဖို့ အသိပေးလိုက်ပါတယ်ခင်ဗျာ။
RYPB Program ကို စိတ်ဝင်စား၍ လျှောက်ထားပေးခဲ့သည့် တစ်ဦးတစ်ယောက်ဆီတိုင်းကို အထူးကျေးဇူးတင်ရှိပြီးမိမိတို့၏ရည်မှန်းချက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
အကယ်၍ မေးမြန်းလိုသည်များရှိပါက Page Messenger သို့မဟုတ်
[email protected]သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ။
English Version
RYPB Application Stage Notification
The Burma Institute for Rural Development (BIRD) would like to inform that emails have already been sent to applicants who have been selected to proceed to the next stage of the RYPB Program.
In the email for the next stage, you will find the Application Form along with detailed instructions on how to complete it.
For applicants who have received the email, please kindly make sure to:
🔸 Carefully read all the instructions
🔸 Fill out the form accurately and completely
🔸 Submit it within the given deadline
We sincerely thank each and every individual who showed interest and applied to the RYPB Program, and we wish you all the best in achieving your goals.
If you have any questions, please feel free to contact us via Page Messenger or email us at:[email protected]
29/03/2026
Reminder – RYPB Referral Form Submission Deadline
Rural Youth Pathways Bridge Program (RYPB) ကို လျှောက်ထားဖို့ စိတ်ဝင်စားကြတဲ့ လူငယ်များအားလုံးကို ဖောင်ဖြည့်ရန် အချိန်(၂)ရက်သာကျန်ရှိတော့ကြောင်း Reminder အသိပေးလိုက်ပါတယ်ခင်ဗျာ။
Referral Form Submission အတွက် နောက်ဆုံးနေ့ (Deadline) နီးလာပြီဖြစ်တဲ့အတွက် မိမိတို့ လျှောက်ထားရန် စီစဉ်ထားသူများအားလုံး အချိန်မီ ဖြည့်သွင်းပေးကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ။
Deadline – March 31, 2026
Time – 11:59 PM (Myanmar Standard Time)
Referral Form အနေဖြင့် RYPB Program သို့ ဝင်ရောက်ရန် ပထမအဆင့်အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် မိမိကို recommend ပေးမည့် ဆရာ/ဆရာမ သို့မဟုတ် ရပ်ရွာလူကြီးတစ်ဦးဦးနှင့် ဆက်သွယ်ထားပြီး အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းဖို့ မမေ့ဖို့ရန်အတွက်လည်း အသိပေးပါရစေခင်ဗျာ။
လျှောက်လွှာဖောင် - https://forms.gle/Lk7H7hGsikwfcm7M9
မေးမြန်းလိုသည်များရှိပါက Page Messenger သို့မဟုတ်
[email protected]
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
English Version
Reminder – RYPB Referral Form Submission Deadline
We would like to remind all young people who are interested in applying for the Rural Youth Pathways Bridge Program (RYPB) that only two days remains to complete the referral form.
As the submission deadline is approaching, we kindly encourage everyone who is planning to apply to make sure to submit their forms on time.
Deadline: March 31, 2026
Time: 11:59 PM (Myanmar Standard Time)
Please note that the Referral Form is the first and essential step to enter the RYPB Program. Applicants are required to be recommended by a teacher, mentor, or community leader, so please make sure you have contacted your recommender and filled in all information accurately and completely.
Application Form:
https://forms.gle/Lk7H7hGsikwfcm7M9
If you have any questions, feel free to reach out via Page Messenger or email us at: [email protected]
22/03/2026
Webinar Reminder – Rural Youth Pathways Bridge Program (RYPB)
RYPB Program ကို လျှောက်ထားဖို့စိတ်ဝင်စားတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့ Webinar Reminderလေး တင်ပြလိုက်ပါတယ်ခင်ဗျာ။
မနက်ဖြန်ည ၇နာရီအချိန်မှာ ကျွန်တော်တို့ Burma Institute for Rural Development (BIRD) အဖွဲ့သားများမှ RYPB Program နှင့် ပတ်သက်ပြီး လျှောက်ထားသူများ သိချင်နေကြတဲ့ မေးခွန်းလေးတွေကို Zoom LIVE Webinarမှတဆင့် ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
Program အကြောင်းအရာများ၊ လျှောက်ထားဖို့လိုအပ်ချက်များနှင့် ရွေးချယ်မှုလုပ်ငန်းစဉ်များကို အသေးစိတ် နားလည်ဖို့ အခွင့်အရေးဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအားလုံးကို ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
Webinar အစီအစဉ်အသေးစိတ်
ရက်စွဲ – မတ်လ ၂၃ ရက် (တနင်္လာနေ့)
အချိန် – ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီအထိ (မြန်မာစံတော်ချိန်)
Zoom Meeting Information
Meeting Link – https://lu-se.zoom.us/j/8997421818
Meeting ID – 899 742 1818
Webinarအတွက် registration form ကြိုတင်စာရင်းပေးသွင်းထားဖို့ရန် မမေ့ဖို့ကိုလည်း အသိပေးလိုက်ပါတယ်ခင်ဗျာ။မေးလိုသော မေးခွန်းများရှိနေပါကလည်း registration form ထဲမှာ ကြိုတင်မေးမြန်းထားလို့ရကြောင်းလည်း အသိပေးလိုက်ပါတယ်ခင်ဗျာ။
အားလုံးပဲမနက်ဖြန် RYPB Information Sharing Webinarလေးမှာ တွေ့ဆုံကြပါမယ်ခင်ဗျာ။
English Version
Webinar Reminder – Rural Youth Pathways Bridge Program (RYPB)
We would like to sincerely thank every individuals who is interested in applying for the RYPB Program, and we would like to share this webinar reminder.
Tomorrow at 7:00 PM, the team from the Burma Institute for Rural Development (BIRD) will be hosting a Zoom LIVE Webinar to answer questions that prospective applicants have about the RYPB Program.
This webinar will be a great opportunity to gain a clear and detailed understanding of the program content, application requirements, and the selection process. Therefore, we warmly invite all interested youth to join and participate.
Webinar Details
Date: March 23 (Monday)
Time: 7:00 PM – 8:30 PM(Myanmar Standard Time)
Zoom Meeting Information
Meeting Link: https://lu-se.zoom.us/j/8997421818
Meeting ID: 899 742 1818
We would also like to remind participants not to forget to register in advance using the registration form. If you have any questions, you may also submit them beforehand through the registration form.
We look forward to seeing all of you at tomorrow’s RYPB Information Sharing Webinar.
19/03/2026
'Webinar Announcement for our prospective applicants'
Rural Youth Pathways Bridge Program (RYPB) ကို လျှောက်ထားဖို့ စိတ်ဝင်စားကြတဲ့ လူငယ်များအားလုံး မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ Burma Institute for Rural Development (BIRD) ကနေ 'Rural Youth Pathways Bridge Program (RYPB)' မှာ ပါဝင်နိုင်ဖို့ ပထမဆုံးအဆင့်ဖြစ်တဲ့ 'Referral Form' ကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ Referral Form စတင် မိတ်ဆက်ပြီး ချိန်မှစ၍ စိတ်ဝင်စားသူ လူငယ်များစွာ ထံကနေ စုံစမ်းမေးမြန်းမှုများစွာကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။
RYPB program အပေါ် လူငယ်များရဲ့ စိတ်၀င်စားမှုနဲ့ ပါ၀င်ရန် စိတ်အားထက်သန်မှုတွေကို တွေ့မြင်ရတဲ့ အတွက်လည်း ကျွန်တော်တို့အဖွဲ့သားများအားလုံးက အထူးပင် ဝမ်းမြောက်ရပါတယ် ခင်ဗျာ။
RYPB program ကို အောင်မြင်စွာ လျှောက်ထားနိုင်ဖို့၊
ကျွန်တော်တို့ရဲ့ လူငယ်လေးတွေ သိချင်နေကြတဲ့ မေးခွန်းတွေကို BIRD အဖွဲ့သားများကနေ ရှင်းရှင်းလင်းလင်း ဖြေဆိုပေးမယ့် 'Zoom LIVE Webinar' ကို လာမည့်တနင်္လာနေ့တွင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Webinar တွင် ပါဝင်ဖို့အတွက် စာရင်းပေးသွင်းရမှာဖြစ်ပြီး၊ မေးလိုတဲ့ မေးခွန်းများလည်း ချန်ခဲ့ပေးဖို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။
အစီအစဉ်အသေးစိတ် -
ရက်စွဲ - မတ်လ ၂၃ ရက် (တနင်္လာနေ့)
အချိန် - ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီအထိ (မြန်မာစံတော်ချိန်)
အခုပဲ စာရင်းပေးသွင်းပြီး RYPB program မှာ ပါ၀င်နိုင်ဖို့ ခြေလှမ်းစလိုက်ကြပါစို့ခင်ဗျာ။
စာရင်းပေးသွင်းရန်လင့်ခ် - https://forms.gle/Lv83Akf7vRFW75Ce6
English Version
Webinar Announcement: Rural Youth Pathways Bridge Program (RYPB)
Hello to our prospective applicants!
The Burma Institute for Rural Development (BIRD) recently introduced the 'Referral Form' as the first stage of joining the Rural Youth Pathways Bridge Program (RYPB). Since its release, our team has received many inquiries from interested applicants. We are thrilled to see such passion and enthusiasm from so many promising young leaders!
To provide clear and complete guidelines for a successful application, our team is hosting a 'Zoom LIVE Webinar' this coming Monday.
Tap the registration button below to secure your spot!
Event Details:
Date: 23 March (Monday)
Time: 7:00 - 8:30 PM (Myanmar Time)
Registration Link: https://forms.gle/dSwxeYW8Yr9dDUCp6
15/03/2026
🟤RYPB Program Referral Form Release Announcement
ကျွန်တော်တို့ Burma Institute for Rural Developmentမှ ကျေးလက်ဒေသလူငယ်များအတွက် အဆင့်မြင့်ပညာရေးလမ်းကြောင်းများကို ချိတ်ဆက်ပေးရန်အတွက် ရည်ရွယ်ထားတဲ့ Rural Youth Pathways Bridge Program (RYPB) အတွက် Referral Form များကို တရားဝင် ဖွင့်လှစ်လက်ခံနေပြီဖြစ်ပါတယ်။
ယခုအဆင့်မှာတော့ လျှောက်ထားမယ့်လူငယ်များအတွက် ပထမဆုံးလုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်ဖြစ်ပြီး မိမိတို့ရဲ့၊ လမ်းညွှန် ဆရာ/ဆရာမ သို့မဟုတ် ရပ်ရွာလူကြီးတစ်ဦးဦးရဲ့အကြံပြုမှု (referral) ဖြင့်သာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
Referral Form မှတဆင့် စိတ်အားထက်သန်ပြီး ပညာရေးဆက်လက်တက်ရောက်လိုတဲ့ လူငယ်များကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပြီး နောက်တစ်ဆင့်အတွက် လိုအပ်သည်များကို ဆက်လက်ညွှန်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
Referral Form Link - https://forms.gle/Lk7H7hGsikwfcm7M9
Referral လျှောက်လွာပိတ်ရက် - မတ်လ ၃၁ရက်၊ ၂၀၂၆ခုနှစ်
❗အရေးကြီးမှတ်ချက်
ကျွန်တော်တို့ရွေးချယ်မှုလုပ်ငန်းစဉ်အတွက် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုကို ထိန်းသိမ်းဖို့ရန်အတွက် လျှောက်ထားသူနှင့် သွေးသားတော်စပ် သူများအနေဖြင့် referee / recommender အဖြစ် လုပ်ဆောင်ပေးလို့မရပါဘူးခင်ဗျာ။
ပရိုဂရမ် အကြောင်း ဖတ်ရှုရန်
https://www.facebook.com/share/p/1BGSdbbuY5/?mibextid=wwXIfr
🔸ထပ်မံ သိရှိလိုသည်များကို Page Messenger သို့ Comments Session တွင် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
English Version
🟤RYPB Program Referral Form Release Announcement
Burma Institute for Rural Development (BIRD) is pleased to officially announce that the Referral Forms for the Rural Youth Pathways Bridge Program (RYPB) an initiative designed to connect rural youth with pathways to higher education is now open for submission.
At this stage, the referral process is the first required step for interested applicants. Youth who wish to apply must be recommended by a mentor, teacher, or community leader, and applications can only be submitted through this referral system.
Through the Referral Form, we aim to prioritize and identify motivated young individuals who are eager to continue their education. Selected candidates will then be guided through the next steps of the application process.
Referral Form Link - https://forms.gle/Lk7H7hGsikwfcm7M9
Referral Form Deadline - 31st March, 2026
❗Important Note
To ensure transparency and integrity in the selection process, individuals who are relatives with the applicant are not allowed to serve as referees or recommenders.
🔸For further information, please feel free to reach out via Page Messenger or the comments section.
08/03/2026
“Rural Youth Pathways Bridge Program (RYPB) ကို မိတ်ဆက်ခြင်း”| English Below |
ကျွန်တော်တို့ Burma Institute for Rural Development (BIRD) အနေနဲ့ မြန်မာနိုင်ငံကျေးလက်ဒေသပိုင်းရှိ လူငယ်များအတွက် ရည်ရွယ်ထားတဲ့ Rural Youth Pathways Bridge Program (RYPB) ကို စတင်မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ ဒီ Programကတော့ လူငယ်များအနေနဲ့ အဆင့်မြင့်ပညာရေးဆီ ဆက်လက်လျှောက်လှမ်းနိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း ဦးဆောင်မှုအခန်းကဏ္ဍများကို ထမ်းဆောင်နိုင်ရန် ပံ့ပိုးကူညီပေးနိုင်တဲ့ အရေးကြီးသော bridge program တစ်ခုဖြစ်လာဖို့ရန်အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။
🟤Program Overview (အစီအစဉ်အကျဉ်းချုပ်)
RYPB Program ဟာဆိုရင် ပညာရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် ရပ်ရွာအခြေပြု လက်တွေ့လုပ်ဆောင်မှုများကို စုစုပေါင်းလေးလတာ တစ်ပြိုင်နက်တည်း ပေါင်းစပ်သင်ယူရမယ့် programတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
🟤၃ လတာ Intensive Training
Academic English (Listening, Speaking, Reading, Writing)၊
Social Science အခြေခံဘာသာရပ်များ၊
Research နှင့် Developmental Studies မိတ်ဆက်၊
Pre-College အဆင့်သို့ တက်ရောက်နိုင်ရန် ပြင်ဆင်မှုများ၊
Google Workspace အသုံးပြုခြင်း၊
Professional career development (CV, Resume, Portfolio တည်ဆောက်ခြင်း)၊
Digital tools အသုံးပြုနိုင်မှု ကျွမ်းကျင်မှုများ
🟤၁ လတာ Service-Learning Program
သင်တန်းသူ၊သားများအနေဖြင့် သင်တန်းကာလအတွင်း သင်ယူခဲ့သည့် အသိပညာများကို လက်တွေ့အသုံးချကာ
ရပ်ရွာအခြေပြု Project များကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲခြင်း
Volunteerism (လူမှုတာဝန်ယူမှုစိတ်ဓာတ်) မြှင့်တင်ခြင်း
Civic engagement နှင့် လူမှုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း
တို့ကို အကောင်အထည်ဖော်လုပ်ဆောင်ရမာပဲဖြစ်ပါတယ်ခင်ဗျာ။။
🟤Why This Matters (ဤအစီအစဉ်၏ အရေးပါမှု)
မြန်မာနိုင်ငံကျေးလက်ဒေသပိုင်းရှိ လူငယ်များအနေနဲ့
နိုင်ငံရေးမတည်ငြိမ်မှု၊
အင်တာနက်နှင့် ဆက်သွယ်ရေး အခက်အခဲများ၊
သင်ယူနိုင်သော informal learning spaces မရှိခြင်း စသည့် အတားအဆီးများကြောင့် ပညာရေးအခွင့်အလမ်းများကို လက်လှမ်းမီရန် ကြိုးပမ်းဖို့ အခက်အခဲတွေ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
ဒီအခက်အခဲများလျော့နည်းစေရန် BIRD ၏ RYPB Program မှ အောက်ပါအသိပညာ၊အခွင့်အလမ်းများကို ပံ့ပိုးပေးသွားမာပဲဖြစ်ပါတယ်ခင်ဗျာ။
🟫Equitable Higher Education Access
ကျေးလက်ဒေသမှ လူငယ်များအား မြန်မာနိုင်ငံအတွင်းရှိ အသိအမှတ်ပြု Diploma နှင့် Pre-College Programs များသို့ ဝင်ရောက်နိုင်ရန် လမ်းကြောင်းဖန်တီးပေးခြင်း။
🟫Social Cohesion
အပတ်စဉ် Ethnic Youth Talks များကို စီစဉ်ပေးကာ မတူညီသော လူမျိုးစုနောက်ခံများမှ လူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် နားလည်မှုတိုးတက်စေရန် ဆွေးနွေးဖလှယ်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
🟫Civic Engagement
သင်တန်းသားများသည် မိမိတို့၏ မူလဒေသများတွင် လူတစ်ဦးချင်းသို့မဟုတ် အဖွဲ့လိုက် Community Projects များကို ဆောင်ရွက်နိုင်ရန် အနည်းငယ်သော project funding များကို ထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
🟤Who Can Apply? (ဘယ်သူတွေ လျှောက်ထားနိုင်သလဲ)
🔸မြန်မာနိုင်ငံအတွင်းရှိ Pre-College Program တစ်ခုတွင် တက်ရောက်ပညာသင်ကြားချင်သော်လည်း တက်ရောက်နိုင်ရန်အတွက် လမ်းကြောင်းလိုအပ်နေသူများ
🔸မိမိရပ်ရွာဒေသအတွက် အကျိုးပြုဆောင်ရွက်လိုပြီး ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ဦးဆောင်လိုသူများ
🔸Elementary level English (မဖြစ်မနေမဟုတ်သော်လည်း ပိုမိုအဆင်ပြေစေရန်ဖြစ်သည်)
🔸လေးလတာ အစီအစဉ်တစ်လျှောက်လုံး အပြည့်အဝပါဝင်နိုင်ပြီး တက်ကြွစွာ ကြိုးစားလေ့လာသင်ယူနိုင်သူများ
🟤How to Apply (လျှောက်ထားနည်း)
လျှောက်ထားမှုလုပ်ငန်းစဉ်ကို referral system ဖြင့် အဆင့်လိုက် ဆောင်ရွက်သွားမာပဲဖြစ်ပါတယ်။
🟫Stage 1 – Referral
တက်ရောက်ရန်စိတ်ဝင်စားသူများအနေဖြင့် မိမိကိုအာမခံပေးနိုင်မည့် ဆရာ/ဆရာမ၊ mentor သို့မဟုတ် အသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦးထံ ဆက်သွယ်၍ ထို recommender ကပင် လျှောက်ထားသူအတွက် Referral Form ကို ပထမအဆင့်အဖြစ် ဖြည့်သွင်းပေးရမာပဲဖြစ်ပါတယ်ခင်ဗျာ။
❗️အရေးကြီးမှတ်ချက်
ရွေးချယ်မှုလုပ်ငန်းစဉ်၏ တိကျမှန်ကန်မှုနှင့် ပွင့်လင်းမြင်သာမှုကို ထိန်းသိမ်းရန်အတွက် သွေးသားဆက်နွယ်မှုရှိသော မိသားစုဝင်များသည် referee သို့မဟုတ် recommender အဖြစ် ပါဝင်ခွင့်မရှိပါ။
🟫Stage 2 – Application
Referral မှတဆင့် ရွေးချယ်ခံရသူများကို Personal Application Form ဖြည့်ရန် ဖိတ်ကြားမည်ဖြစ်ပြီး မိမိ၏ ရည်မှန်းချက်များနှင့် စိတ်အားထက်သန်မှုများကို ပြန်လည်မျှဝေရမာပဲဖြစ်ပါတယ်။
🟫Stage 3 – Interview
Shortlisted applicants များသည် BIRD Team နှင့် နောက်ဆုံး Interview Session ပြုလုပ်ရတာပဲဖြစ်ပါတယ်ခင်ဗျာ။
🟤Program Timeline (အစီအစဉ်အချိန်ဇယား)
🟫March – April
Stakeholder မိတ်ဆက်ခြင်း၊ လျှောက်လွှာဖွင့်ခြင်းနှင့် သင်တန်းသားရွေးချယ်ခြင်း
🟫May – October
Program Orientation, Intensive Training, Weekly Ethnic Youth Talks နှင့် Service-Learning Projects
🟫November
Final Project Reporting နှင့် Certification Ceremony
❕Notice
“Referral Application Forms များကို ၂၀၂၆ မတ်လ တတိယအပတ်အတွင်း တရားဝင် ထုတ်ပြန်ပေးသွားမာပဲဖြစ်ပါတယ်ခင်ဗျာ။”
English Version
Introducing the Rural Youth Pathways Bridge Program (RYPB)
The Burma Institute for Rural Development (BIRD) is proud to announce our newest initiative: the Rural Youth Pathways Bridge Program (RYPB). Designed specifically for motivated youth in Central Myanmar, this program serves as a vital bridge to pursue further higher education and community leadership.
🟤Program Overview
The RYPB is a comprehensive four-month learning cycle that balances academic preparation with hands-on community service.
🟫3 Months of Intensive Training:
Focuses on Academic English (all four skills), foundational social science, research and developmental studies, and essential pre-college preparation—including google workspace usage, professional career development building (CV, Resume, Portfolio), and digital tool proficiency.
🟫1 Month of Service-Learning:
Participants apply their classroom knowledge by designing and implementing community-based projects, fostering a culture of volunteerism, social responsibility, and civic-driven youths.
🟤 Why This Matters
Youth in rural areas of the Central Burma often face significant barriers to access formal education due to political instability, internet challenges, and a lack of informal learning spaces.
BIRD’s RYPB aims to change that by providing:
🟫Equitable Higher Education Access:
Bridging the gap for rural youths seeking admission into recognized diploma and pre-college programs in Myanmar.
🟫Social Cohesion:
Weekly Ethnic Youth Talks featuring ethnic emerging youths from diverse backgrounds to promote cross-cultural dialogue and solidarity.
🟫Civic engagement:
individuals or group community projects across their original regions providing a small amount of funding will be distributed.
🟤Who Can Apply?
🔸Individuals who are passionate about attending a Pre-College Program in Myanmar but need a clear roadmap to get there.
🔸Individuals who are eager to become an active contributor to your community and lead local development.
🔸Individuals with at least an elementary level of English (preferred, but not mandatory).
🔸Individuals who are able to fully participate and stay dedicated until the end of the four-month program.
🟤How to Apply
The selection process follows a structured referral basis to identify motivated candidates.
🟫Stage 1 (Referral): Interested applicants should contact a mentor, teacher, or community leader to act as their recommender. The recommender will submit an initial form on the applicant’s behalf.
Important Note: To maintain the integrity and transparency of the selection process, individuals with blood relations to the applicant are strictly prohibited from serving as referees or recommenders.
🟫Stage 2 (Application): Candidates selected from the referral pool will be invited to complete a personal application form to share more about their goals.
🟫Stage 3 (Interview): Shortlisted applicants will participate in a final interview session with the BIRD team.
🟤Program Timeline
🟫March – April: Stakeholder intro, application release, and student selection.
🟫May – October: Program orientation, training, weekly ethnic youth talks, and service-learning projects.
🟫November: Certification and final project reporting.
❕“Our referral application forms will officially be released during the third week of March 2026”
02/03/2026
Team Introduction – Burma Institute for Rural Development (BIRD)
"From rural youth development to rural development"
We are pleased to introduce the dedicated team behind BIRD.
Our team is committed to empowering rural youth across Burma by expanding access to education, strengthening leadership, and promoting inclusive and sustainable rural development.
We believe that when rural youth are empowered, rural communities become stronger and more resilient. Through training, dialogue, and community engagement, we work together to build stronger, more resilient rural communities.
"When rural youth grow, rural communities grow."
Follow our journey. Support our mission. Be a part of the change.
Burmese Version
Burma Institute for Rural Development (BIRD) အဖွဲ့ဝင်များအား မိတ်ဆက်ခြင်း
*“ကျေးလက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသို့”*
ကျွန်တော်တို့ BIRDအဖွဲ့ရဲ့ ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော် တတ်စွမ်းသမျှဆောင်ရွက်နေကြတဲဲ့ အဖွဲ့ဝင်များကို မိတ်ဆက်ပေးပါရပါစေခင်ဗျာ။
ကျွန်တော်တို့BIRDအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ ကျေးလက်နေလူငယ်များအား ပညာရေး၊ ဦးဆောင်မှုစွမ်းရည်နှင့် အခွင့်အလမ်းများ ပိုမိုလက်လှမ်းမီစေရန် ကြိုးပမ်းလျက်ရှိပြီး စည်းလုံးပြီးတည်တံ့ခိုင်မြဲသည့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် ကြိုးစားလျှက်ရှိပါတယ်ခင်ဗျာ။
ကျွန်တော်တို့BIRDအဖွဲ့၏ယုံကြည်ချက်မှာ "လူငယ်များသည် ပြောင်းလဲမှုကို ဦးဆောင်နိုင်သည့် အားအင်များဖြစ်ပြီး၊ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ်ပါ၀င်နေပြီး ပိုမိုတိုးတက်သော ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပံ့ပိုးပေးနိုင်သော အားတစ်စုံဖြစ်လာလိမ့်မည်။"ဆိုတဲ့ ယုံကြည်ချက်ပဲဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ BIRDအဖွဲ့နှင့်အတူ လမ်းခရီးစဉ်တစ်လျှောက် ပံ့ပိုးကူညီ၊အတူတကွလက်တွဲပါဝင်ပေးသည့် တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်းပန်ကြားရင်း......... ။
22/02/2026
Burma Institute for Rural Development
"From rural youth development to rural development"
About Us
We believe that every young person no matter where they are born deserves equal access to education, skills, and opportunities. That’s why our mission is clear:
BIRD’s VISION
A future where rural youth across Burma have equal access to education, skills, and opportunities to build sustainable livelihoods and resilient communities.
BIRD’s MISSION
To empower rural youth, particularly in Central Burma, by building pathways to higher education, and social cohesion through dialogue and cultural exchange with diverse ethnic.
BIRD’s OBJECTIVES
• To strengthen rural development by building the capacity and leadership of rural youth through empowerment and skills-building programs.
• To enhance access to education and knowledge through shorten-training and workshops.
• To encourage youth participation in community and social development by creating platforms for dialogue, such as youth talks, discussions, essay competitions, and blog competitions.
• To promote inclusive and sustainable rural development by supporting youth engagement, creativity, and community-driven initiatives.
Burmese Version Below
Burma Institute for Rural Development (BIRD)
“ကျေးလက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့”
ကျွန်ုပ်တို့အကြောင်း
ကျွန်တော်တို့ BIRDအဖွဲ့သားများအနေနဲ့ လူငယ်တိုင်းလူငယ်တိုင်း မည်သည့်နေရာတွင် မွေးဖွားလာသည်ဖြစ်စေ ပညာရေး၊ ကျွမ်းကျင်မှုများနှင့် အခွင့်အလမ်းတွေကို တန်းတူညီမျှ လက်လှမ်းမီရရှိသင့်သည်ဟု ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ BIRDအဖွဲ့ရဲ့ ရည်မှန်းချက်များအနေနဲ့
BIRD ၏ VISION (မျှော်မှန်းချက်)
မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးလက်လူငယ်များအား ပညာရေး၊ ကျွမ်းကျင်မှုများနှင့် အခွင့်အလမ်းများကို တန်းတူညီမျှ လက်လှမ်းမီရရှိစေပြီး တည်တံ့ခိုင်မြဲသော အသက်မွေးဝမ်းကျောင်းများနှင့် ခံနိုင်ရည်ရှိသောရပ်၀န်းများကို တည်ဆောက်နိုင်မည့် အနာဂတ်တစ်ရပ်ကို ဖန်တီးရန်။
BIRD ၏ MISSION (လုပ်ငန်းစဉ်)
မြန်မာနိုင်ငံအလယ်ပိုင်း၊အထူးသဖြင့် ကျေးလက်ဒေသရှိ လူငယ်များအား အဆင့်မြင့်ပညာရေးသို့ လမ်းကြောင်းများ ဖန်တီးပေးခြင်းနှင့် လူ့အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုဖလှယ်မှုများမှတစ်ဆင့် လူမှုညီညွတ်မှုကို မြှင့်တင်ပေးခြင်းအားဖြင့် စွမ်းအားမြှင့်တင်ပေးရန်။
BIRD ၏ OBJECTIVES (ရည်ရွယ်ချက်များ)
၁။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအား အားဖြည့်တည်ဆောက်ခြင်း၊စွမ်းအားမြှင့်တင်ရေးနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ်များမှတစ်ဆင့် ကျေးလက်လူငယ်များ၏ စွမ်းရည်နှင့် ဦးဆောင်မှုကို မြှင့်တင်ခြင်း။
၂။ ပညာရေးနှင့် အသိပညာရရှိမှု တိုးချဲ့မြှင့်တင်ခြင်း၊သင်တန်းများနှင့် လုပ်ငန်းဆွေးနွေးပွဲများမှတစ်ဆင့် သင်ယူနိုင်သည့် အခွင့်အလမ်းများကို တိုးချဲ့ပေးခြင်း။
၃။ လူငယ်များ၏ ပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်း၊လူငယ်စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ စာစီစာကုံးပြိုင်ပွဲများနှင့် ဘလော့ဂ်ပြိုင်ပွဲများ စသည့် ဆွေးနွေးဖလှယ်ရေးပလက်ဖောင်းများ ဖန်တီးပေးခြင်း။
၄။ ပါဝင်မှုရှိပြီး တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း၊လူငယ်များ၏ ဖန်တီးနိုင်စွမ်း၊ ပါဝင်ဆောင်ရွက်မှုနှင့် အသိုင်းအဝိုင်းအခြေပြု အစီအစဉ်များကို ထောက်ပံ့အားပေးခြင်းဖြင့် ရေရှည်အကျိုးသက်ရောက်မှု ရရှိစေရန်။
BIRDsလေးတွေရဲ့ ခြေလှမ်းအစ (၂)
Handmade LOGO Stamp Creation
ဒီဒုတိယဗီဒီယိုမှာတော့ ထိုင်း-လာအိုနယ်စပ်မှာ စေတနာ့၀မ်းထမ်းအဖြစ် ပူးပါင်းပါ၀င်ခဲ့ကြတဲ့ BIRD အဖွဲ့တော်သားများကိုယ်တိုင် လက်လုပ် LOGO Stampလေးတွေကို ဘယ်လိုလေးဖန်တီးခဲ့တယ်ဆိုတာလေးကို အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးအဖြစ် လုပ်ပြပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
၁။ တံဆိပ်လုပ်စက် (Button badge maker machine)
၂။ စက်ဝိုင်းဖြတ်စက် (Circle cutter)
၃။ တံဆိပ် နောက်ခံသတ္တုပြား (Metal badge shell)
၄။ တံဆိပ် နောက်ခံပင်အဖုံး (Back metal safety pin)
၅။ တံဆိပ်ရှေ့ကာကွယ်ရန် ဖလင်အကြည် (Clear front protective badge film)
၆။ တံဆိပ် (Printed Logo badge)
လက်လုပ် LOGO Stamp လေးတွေပြုလုပ်ဖို့အတွက် အပေါ်မှာဖော်ပြထားတဲ့ပစ္စည်းလေးတွသာရှိမယ်ဆိုရင် ကိုယ့်စိတ်ကြိုက်LOGO Stampကိုဖန်တီးလိုရမာပဲဖြစ်ပါတယ်နော်။ ဒီလိုရိုးရှင်းလွယ်ကူလှပပြီး ထိရောက်တဲ့ LOGO Stampလေးတွေကို ကိုယ်တိုင်လုပ်ကြည့်ဖို့ကိုလည်း အားလုံးကိုတိုက်တွန်းလိုက်ပါတယ်နော်။
BIRD အဖွဲ့တော်သားများ
BIRDsလေးတွေရဲ့ ခြေလှမ်းအစ🕊️
ဒီဗီဒီယိုမှာတော့ တာဝန် အသီးသီးယူထားရင်း ထိုင်း-လာအို နယ်စပ်မှာ စေတနာ့ဝန်ထမ်းအဖြစ် ရောက်ရှိနေကြတဲ့ အဖွဲ့တော်သားတွေက BIRD ရဲ့ LOGO Stamp လေးတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ထားကြပါတယ်။
ဒီဗီဒီယိုထဲမှာ ပါဝင်တဲ့ Stamp Making activity ကလည်း စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
နောက်ထပ်ဗီဒီယိုလေးမှာ လက်လုပ် LOGO Stamp လေးတွေကို ဘယ်လို ဖန်တီးခဲ့ကြလဲဆိုတာကိုလည်း မျှဝေသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။
BIRD အဖွဲ့တော်သားများ
Stay tuned for the upcoming video clip how to create handmade LOGO Stamp❗
Click here to claim your Sponsored Listing.