PSM Automobile

PSM Automobile

Share

We provide car accessories & spareparts

Photos from PSM Automobile's post 24/12/2021

တာယာတွေမှာပါတဲ့ စာအမှတ်အသား (Tyre Markings)
တွေအကြောင်း

1-ဝန်အလေးချိန်ခံနိုင်အားပြအမှတ်အသား
Load Index Conversion Table

တယာတစ်ခုကိုသတ်မှတ်လေပေါင်ချိန်အတိုင်းထိုးပြီးချိန်မောင်းနှင်ရာမှာဘေးအန္တရယ်မရှိပဲ၊ခံနိုင်ရည်ရှိတဲ့ဝန်အားဖြစ်ပါတယ်။
The load index is a number indicating the maximum load capacity at which the tyre can be safely operated, subject to the tyre being in sound condition, correctly fitted, and with recommended inflation pressures.

2-ဘေးအန္တရယ်မရှိပဲအမြင့်ဆုံးမောင်းနှင်ဖို့သတ်မှတ်ပေး
ထားတဲ့အရှိန်နှုန်းပြအမှတ်အသား
Speed Symbol Conversion Table

The speed symbol is a symbol indicating the maximum speed at which the tyre can be safely operated, subject to the tyre being in sound condition, correctly fitted, and with recommended inflation pressures
(ဇယားကိုကြည့်ပါဥပမာ》Tဆို190အထိရတယ်ဆိုတဲ့သဘောပါ)

3-တာယာရဲ့ပွန်းတိုက်နှုန်းခံနိုင်ရည်ပြအမှတ်အသား
Treadwear

ဒီအချက်ကတာယာဝယ်ယူရာမှာအရေးကြီးပါတယ်
စျေးကိုကြည့်ဖို့ထက် Treadwear (TW) သတ်မှတ်ချက်ဘယ်လောက်ရှိလဲအရေးကြီးပါတယ်။
ဥပမာ TW 150ဟာ TW 100ထက် 50% သက်တမ်းပိုရှည်ရှည်သုံးလို့ရတယ်ဆိုတာပါပဲ

4-Treadwearညွှန်းကိန်းမပါတဲ့တာယာဆိုရင်တော့စဉ်းစားစေချင်ပါတယ်။ လေ့လာမိသလောက် TW ကို 400 အထက်ဝယ်ယူသင့်ပါတယ်။

Uses numbers from 100 to about 700. Theoretically, a tyre rated 150 would have a 50 percent longer lifespan than a tyre rated 100 if used in the same conditions — driver, vehicle and roads. Soft summer tyres tend to have lower treadwear ratings than all-season tyres.

5-တာယာရဲ့လမ်းပေါ်မှာရှိတဲ့ကုတ်အား(Grip)ပြအမှတ်အသား Traction

AA, A, B နဲ့ C အထိသွားပြီး AA ဟာအကောင်းဆုံးဖြစ်ပါတယ်။

Uses AA, A, B and C, with AA being the best traction on a wet road. The traction measured is straight-line acceleration and braking. This is not a measure of cornering grip or performance on dry surfaces.

6-အရှိန်မြင့်မောင်းနှင်စဉ်တာယာမှာဖြစ်ပေါ်လာတဲ့အပူချိန်ခံနိုင်အားပြအမှတ်အသား
Temperature

Aမှ C အထိသတ်မှတ်ထားပြီး AGrade ဟာခံနိုင်ရည်အကောင်းဆုံးဖြစ်ပါတယ်။

Uses letter grades A, B and C, with A representing the best resistance to heat buildup and C the least. The friction of a tyre on pavement generates heat, and too much heat degrades high-speed performance and can accelerate aging and failure. C is the lowest permissible rating.

7-တာယာထုတ်ခုနှစ်အမှတ်အသား
Production Date

ဒါကတော့လူသိများပါတယ်။ 0319 လို့အကွက်လေးမှာပြထားရင် 3rd week of 2019 မှာထုတ်တာလို့ပြောတာဖြစ်ပါတယ်။
All tyres are produced with a serial Tyre Identification Number (or serial TIN) that shows the date of manufacture of a tyre. The last four digits of the serial TIN indicate the week and year that the tyre was made. For example, if a tyre has a production date 0319 it means the tyre was made in 3rd week of 2019.

တာယာရဲ့ Service life ကို High Performance Tyre တွေအတွက် 10years နဲ့ Base Grade နဲ့ Eco Grade တွေမှာ5yearsသတ်မှတ်ထားပြီးသက်ဆိုင်ရာထုတ်လုပ်သူမှတရားဝင်ကြောငြာထားရပါတယ်။

တာယာတစ်ခု ဟာ Road Safety နဲ့ Human Life အတွက်အရေးကြီးတာမို့နိုင်ငံတကာဥပဒေတွေနဲ့ထုတ်ပြန်ထားတဲ့အတိုင်းလိုက်နာခြင်းစစ်ဆေးမှုခံယူခြင်းတွေပြုလုပ်ကြရပါတယ်။မိမိဝယ်ယူမဲ့တာယာဟာဒီသတ်မှတ်ချက်တွေအတိုင်းရှိမရှိ၊မိမိအသုံးပြုမဲ့လိုအပ်ချက်အတိုင်းကိုက်ညီခြင်းရှိမရှိသေချာတိုင်ပင်ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Crd to original writer

Automobile
https://www.facebook.com/PSM-Automobile-103434444625845/
Automobile
https://www.facebook.com/EAITeam/

sharing for car lover

06/12/2021

Car polish and coating

6 months warranty

23/11/2021

Lexus NX 300

31/05/2020

ကားတုန်ခါရခြင်း အခြေခံအချက်များ
-------------------------------------------------
၁။ ပထမဆုံးကားတုန်ခါရခြင်းအကြောင်းကတော့ Engine Misfire ဆိုတဲ့ အင်ဂျင်ရဲ့ ဆလင်ဒါ တစ်လုံးလုံး ဒါမှမဟုတ် တစ်လုံးထက်ပိုပြီး ညာ နေ ခြင်းပါ။ Check engine light ချက်မီးလင်းတတ်ပြီး ပလတ်/ပလတ်ကွိုင်/ဝါယာ/ injector ပိတ်နေခြင်း/အလုပ်မလုပ်ခြင်း စသည်ဖြင့် အင်ဂျင်မှာပါတဲ့ cylinder တိုင်းပုံမှန်အလုပ်မလုပ်ရင် အင်ဂျင် balance မဖြစ်တော့ဘဲ တုန်ခါရခြင်းပါ။ တစ်ခါ တစ်လေလည်း Toyota Passo 1000cc လို လေလိုင်း ဂျီးကပ်ပြီးတုန်နေတာကတော့ လေတံခါးဆေး/လေစစ်လဲ/MAP/MAF ဆင်ဆာဆေးလိုက်ရင် တုန်တာသက်သာပါတယ်။ တစ်ခါတစ်လေလည်း Gearbox error ကြောင့် မီးပွိုင့်စောင့်နေတုန်းဖြစ်ဖြစ် back gear ထိုးပြီး နောက်ဆုတ်ဖို့ကြည့်နေတုန်း တုန်တာတို့လည်းရှိပါတယ်။

၂။ ဒုတိယကတော့ အရှိန်တစ်ခုမှာ ဘရိတ်နင်းတဲ့အခါ ဘရိတ်ခြေနင်းတုန်ခါပြီး အတွင်းတုန်ဖြစ်တာပါ။ ကျန်တဲ့အချိန်မတုန်ဘဲ ဘရိတ်နင်းမှ သီးသန့်တုန်တာ ကတော့ ဘရိတ်ဒရမ် မျက်နှာပြင် မညီညာခြင်း ဖြစ်ပါတယ်။ ဘရိတ်ပတ် မကောင်းတာ/ဘရိတ်စနစ် မကောင်းတာ/ABS အလုပ်မလုပ်တာ/စသည်ဖြင့် လည်းဖြစ်တတ်ပါတယ်။

၃။ တတိယအချက်ကတော့ ဟိုက်ဝေး 70/80 km/h အထက်လောက်နဲ့ မောင်းနေစဉ်မှာ တုန်တဲ့ 80% လောက်ကတော့ တာယာ out of balanceကြောင့်ပါ။ ကားတာယာတွေဟာ ရာဘာတွေရဲ့ တာယာနေရာအနှံ့ Balance ဖြစ်အောင်ရှိမနေနိုင်မှုကြောင့် ကားခွေမှာ တပ်ဆင်တဲ့အခါ လိုတဲ့နေရာကို ဖြည့်ပေးရန် weight တုံးလေးတွေ Rim မှာပါပါတယ်။ ဒါကြောင့် တာယာ အသစ်လဲရင် wheel balancing လုပ်ရပါမယ်။ အလွိုင်းခွေတွေမှလည်း ဝိတ်တုံးလေးတွေပါပါတယ်။ ကျန်တဲ့ ၂၀% ကတော့ Drive shaft တွေရဲ့ CV joint တွေကြောင့်ပါ။ CV joint တွေက ရာဘာအစွတ်တွေ ပြဲပြီး ဖုန်/သဲဝင်ကာ ပျက်စီးတဲ့အခါ drive shaft ရဲ့ လည်ပတ်မှုဟာ ဘီးဆီကိုအပြည့်အဝ မရောက်ဘဲ ကားchassis ကနေတဆင့် ကားတစ်စီးလုံး တုန်တာ ဖြစ်ပါတယ်။
၄။ စတုတ္ထကတော့ မောင်းတင်းတွေမကောင်းခြင်းပါ။ Engine mount အပေါ် အောက် နဲ့ Transmission mount တွေပျက်စီးနေလို့တုန်ခြင်းပါ။ မောင်းတင်း တွေအခြေအနေကို စမ်းသပ်ချင်ရင်တော့ ကားရပ် နေစဉ် အခြားတစ်ယောက်အား ဘရိတ်နင်းပြီး hand brake ပါဆွဲထားကာ (foot brake ဆို နင်းထားပါ) ဂီယာကို P N R S L စသည်ဖြင့် အမျိုးမျိုးပြောင်းစေပြီး ကားဘောနပ် ဖွင့်ကာ ဂီယာအချိန်းအပြောင်းမှာ အင်ဂျင်လှုပ်ခါမှုကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ပုံမှန် အားဖြင့်တော့ နည်းနည်းခါပါတယ်။

၅။ နောက်ဆုံးတစ်ချက်ကတော့ tie rod တွေစားပြီး ချောင်လာတဲ့အခါ steering လက်ကိုင်ကနေ တုန်ခါခြင်းဖြစ်ပါတယ်။ ကြာတာနဲ့အမျှ တာယာ မျက်နှာပြင်တွေမှာ တစ်ခြမ်းစောင်းပါး နေတတ်တာ တွေ့ရမှာဖြစ်ပါတယ်။

Crd to original!

30/05/2020

တရုတ်ကားများအပေါ် ကျတော့်အမြင်။

တရုတ်ကားကို ကြိုက်လားဆို မကြိုက်ပါဘူး။ ဝယ်စီးမလားဆိုရင်လဲ ဥရောပကားဆိုရင် တောင် ဟိုဟာ ဖြစ်တယ် ဒီဟာဖြစ်တယ် ဇီဇာကြောင်တဲ့ ကျတော်က တရုတ်ကားကတော့ နောက်လဲ ဝယ်စီးဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တရုတ်ကားတွေ ရဲ့အနာဂတ်ကို လျော့မတွက်ပါဘူး။

တရုတ်ကားဝယ်စီးမယ့် သူတွေ ကျတော့်ကို လာမေးရင် 2025-2030 လောက်မှ တရုတ်ကားကို ဝယ်စီးသင့်တယ်လို့ပဲ အမြဲဖြေတယ်။ တရုတ်ကားဆိုတာ ဘယ်လောက် ညံ့ တယ်ဆိုတာ ကျတော်တို့ အသက်အရွယ် တွေရဲ့ ခေါင်းထဲက ဖျက်လို့မရပါဘူး။ သံချေးတက်နေတဲ့ body တွေ။ ညံ့ဖျင်းပြီး ကော်နံ့ ထွက်နေတဲ့ အတွင်းခန်း စတာတွေက တရုတ်ကားကို ဟိုးအရင်ထဲက ထိတွေဘူးတဲ့ ကျတော့်အတွက် ခေါင်းထဲက မထွက် နိုင်ပါဘူး။ စာကိုဆုံးအောင်တော့ ဖတ်ပေးပါ။

ဒါပေမယ့် အဲလို ညံ့ဖျင်း တဲ့ အရည်အသွေး ကနေ ခုတရုတ်ကား တံဆိပ်အချို့ (အနည်းစု) တို့လို ကြည့်ပျော်ရှုပျော် ရှိတဲ့ တရုတ်ကား အနေအထားကို ခုရောက်ရှိလာပါပြီ။ ဆေးသားတွေ အတွင်းခန်း အသားအနားတွေ က တရုတ်ကားလို့ကို မထင်ရဘူးပေါ့လေ။ အဲဒီမှာ ကျတော် အပါအဝင် လူတွေက တရုတ်ကားကို သာဖိပြီး အထင်သေးနေပေမယ့် ကျတော်တို့ မေ့နေတဲ့ အချက်က တရုတ်ကားတွေ ကော်နံ့ထွက် တဲ့ အစုတ် အနေအထားကနေ ဒီအနေအထားကို ရောက်ဖို့ အများဆုံး ၅ နှစ်ကနေ ၁၀ နှစ်လောက်သာ အချိန်ကြာပါတယ်။ ပြောင်းလဲမှုက ကြောက်စရာကောင်းလှအောင် မြန်ဆန်လှပါတယ်။ ဒါကို ထည့်စဉ်းစား ရင် တရုတ်ကားဆိုတာ အချိန်တို အတွင်း ဘောင်ဝင်လာနိုင်ချေ များပါတယ်။ ဒါပေမယ့် ခုတော့ တရုတ်ကားကို ကျတော် လက်ခံလာမယ့် အနေအထားရောက်ဖို့ က အောက်က အဆင့်တွေ ဖြတ်ရပါဦးမယ်။

ပထမဆုံးအဆင့်က ခုအဆင့်ပေါ့လေ၊ တော်တော် ညံ့ တဲ့ အနေအထားကနေ တရုတ်ကားက အသားအနားကောင်းလာ တယ်၊ ဆေးဘာညာတွေကြည့်လို့လှတယ်။ နည်းပညာတွေ ပါလာမယ်။ စတာတွေပေါ့လေ။ ဒီအဆင့်ကိုတောင် မရောက်သေးတဲ့ တရုတ်ကားတွေ ရှိသေးပါတယ်၊ ဘီးကသေးနေတာတို့ ဝင်ရိုးက အထဲဝင်နေတာတို့ ကြည့်ရတာ ဘယ်လိုမှ အချိုးမကျတဲ့ကားတွေ လူတွေကတော့ မကြည့်တတ်တော့ ဝယ်စီးနေကြတာပါပဲ။

ဒုတိယက အဆင့်က သေချာပါတယ်၊ ခုတရုတ်ကားတွေမှာ reliability ကောင်းတဲ့ အနေအထားမရှိသေးပါ၊ ရှိနိုင်သည်ထား၊ ဒီကားတွေကို ဘယ်သူမှ ကီလို ၁၀၀၀၀၀ ထိ မသုံးဖူးသေးပါ။ ပျက်မှာပါ အဲနည်းပညာတွေပျက်မယ်။ တခြားဟာတွေပျက်မယ်၊ ၅ နှစ်ကနေ ၁၀ နှစ် ပေါ့လေ။ အဲလောက် အဆန်းတွေ ထည့်တာ ဥရောပ ကားတွေတောင် ပျက်တယ်ဆိုတော့ တရုတ်ကားက တော့ စဉ်းစားစရာမလိုပါဘူး။ ဒါပေမယ့် သေချာတယ်၊ သူတို့ရဲ့ တိုးတက်မှုနှုန်းနဲ့ဆို Reliability ဆိုတဲ့အရာကို တနေ့မှာ Achieve ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ Reliable ဖြစ်တဲ့တရုတ်ကား ဆိုတဲ့အနေအထားရောက်ဖို့က ကျတော် ပြောတဲ့ 2025-30 လောက်မှသာ လူလက်ခံတဲ့ အနေအထားရောက်မှာပါ။

တတိယ အဆင့်အနေနဲ့ကတော့ Genesis ဥပမာနဲ့ပြောပါရစေ၊ Genesis က ဒီနှစ်မှာ Most reliable ဖြစ်တယ့် brand နေရာကိုရောက်ခဲ့ပါတယ်၊ ဟုတ်ပြီ ဒီတနှစ်တော့ Most reliable ဖြစ်တယ်ထား၊ ကျတော်တို့ဆီမှာ ဝယ်စီးလို့အဆင်မပြေပါ၊ ပစ္စည်းမှ မပေါတာကိုး။ Lexus က Reliablity ဆိုတာခု Recall ကိစ္စနဲ့ ဒုတိယ ရောက်တာပါ၊ Lexus က ဒုတိယရောက်ရောက် နောက်ဆုံး ဒသမ နေရာလောက်ထိပဲ ရောက်နေစေဦး တကမ႓ာ လုံးမှာ ပျံ့နှံနေတဲ့ Toyota Corporation ကြီးရှိတာကြောင့် Lexus က ပစ္စည်းအလွန်ပေါလို့ သူ့ Supply chain network ကြီးကြောင့် စီးလို့ အဆင်ပြေနေမှာပါ။ တရုတ်ကား ဆိုရင်စဉ်းစားကြည့်ပါ။ Kia ဆိုခု Reliable ဖြစ်တယ်လေ၊ ကျတော်လက်ခံဖို့ ဒုတိယ အဆင့် အနေအထားကိုရောက်နေပါပြီ၊ ဒါပေမယ့် Kia ပစ္စည်းက Toyota လို နေရာတကာ မရသေးပါ။

ကျတော်ဟာ တရုတ်ကားကို တယူသန် မကောင်းဘူးပြောနေတာ မဟုတ်ပါ။ စီးသင့်တယ်ဆိုတဲ့ အနေအထားတခုရောက်ဖို့ က အချိန်မကျ သေးပါဘူး။ သူတို့ နည်းပညာ အဆန်းတွေထည့်ပြတာ ကို သွားမမက်ပါနဲ့။ တရုတ်ကားနဲ့ ဈေးတူ SKD Korea ကား ၊ SKD Japan ကားတွေ ရှိရက်နဲ့ တရုတ်ကားကို မရွေးသင့်သေးပါဘူး။ နောက်ဆို တိုယိုတာ တောင် ဒီမှာ ထုတ်တော့မှာပါ။ JDM တွေကိုတော့ ဒီမှာထုတ်တဲ့ကား ကမမှီပေမယ့် တရုတ်ကားထက်တော့ ရေရှည်မှာ စကားပြောလာမှာပါ။ တရုတ်ကားကတော့ အနည်းဆုံး 2025-2030 လောက်ထိ စောင့်လိုက်ပါဦး၊ အဲအချိန်မှာ ကျတော်ပြောတဲ့ အဆင့်တွေ ကို ကျော်လာမှာပါ။ Reliable ဖြစ်တယ်ဆိုတဲ့ တရုတ်ကားတောင် ရှိကောင်းရှိလာနိုင်တယ်လေ။ ခုအချိန်က တော့ သူတို့ ကြိုးစားနေဆဲ အချိန်ပါ၊ ဝယ်စီးဖို့ အချိန်မတန်သေးပါဘူး။ Early Adopter မို့ ၊ ကားရဲ့ အရည်အသွေး၊ ကြာရှည်ခံမှု ၊ reliablity ၊ အာမခံကျော်တဲ့ အချိန်မှာ ပြန်ရောင်းရင် ဒုက္ခ၊ ဆက်စီးရင် လဲ အပို ပစ္စည်းဒုက္ခ ၊ ဆိုတာတွေထက် Function စုံတာ တွေကို ပိုကြိုက်တာ မို့ တရုတ်ကား စီးချင်တယ်ဆိုလဲ သဘောပါ။ ကျတော်ကတော့ အနည်းဆုံး ဝယ်စီးထားတဲ့သူက ကီလို ၁၀၀၀၀၀ လောက်ထိ သုံးလို့ အဆင်ပြေတယ် ကြီးမားကြီးမား ဒုက္ခမရှိဘူး ဆိုတဲ့ အနေအထားလေးတခုထိတော့ စောင့်စေချင်ပါတယ် ။

တရုတ်ကားရောင်းတဲ့ သူဌေးတွေကို လဲ ကြည့်ပါ၊ ဟန်ဆောင်ပြီးတော့ တောင် တရုတ်ကားမစီးပြပါဘူး ။ နိုင်ငံခြားက သွင်းထားတဲ့ ကားအကောင်းစားကြီးတွေသာ စီးပါတယ်။

BMW Electric ENGINE - Car Factory PRODUCTION Assembly Line 27/05/2020

BMW Electric ENGINE - Car Factory PRODUCTION Assembly Line BMW ELECTRIC ENGINE - Car Factory Production Assembly Line. 4 cylinder engine (no petrol) car factory. How it's made a modern BMW engine in a modern plant. H...

How does an Electric Car work ? | Tesla Model S 27/05/2020

How does an Electric Car work ? | Tesla Model S Electric cars are making big waves in the automobile world. These noise-free, pollution-free and high-performance vehicles are expected to make their I.C. en...

BRABUS - Mercedes Tuning from Germany | Full Documentary 26/05/2020

BRABUS - Mercedes Tuning from Germany | Full Documentary Our Brabus documentary accompanies the complex tuning process of a Mercedes G and Mercedes S class. In the Brabus main plant in Bottrop Germany, all Daimler ...

Is a new dual-cab ute worth it? The three reasons you'll want to splurge on the new Toyota HiLux, Mazda BT-50, Isuzu D-Max and Great Wall Cannon 26/05/2020

Is a new dual-cab ute worth it? The three reasons you'll want to splurge on the new Toyota HiLux, Mazda BT-50, Isuzu D-Max and Great Wall Cannon The thing about a new ute arriving in Australia is that the existing model spends the last month-or-so of its shelf life being run-out, with lower prices, more equipment and better deals designed to clear stock for the new arrival. And with Australi

Best SUVs arriving in 2020 26/05/2020

Best SUVs arriving in 2020 Love them or hate them, SUVs are here and they're here to stay. So, it's no surprise that an array of them are due to launch next year.

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Address

Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00