Zin Mar - Key To Success
Online Business Knowledge Sharing!!!
01/08/2025
ပခုက္ကူမြို့မှ ဆေးဆိုင်ပိုင်ရှင်မမကို
သူရော ကိုယ်ပါ ဆိုင်မဖွင့်ခင်
Coaching sessionလေး အပြေး ပေးဖြစ် 🥰
ကိုယ်သွားချင်တဲ့နေရာ
အရောက်သွားနိုင်ဖို့🚩.
လက်ရှိကိုယ်ရောက်နေတဲ့နေရာကိုသိဖို့အရေးကြီးသလို
ရှေ့ဆက်လုပ်ရမဲ့အရာ ပြင်ဆင်ဖြည့်စွက်ရမဲ့အရာတွေ ရှင်းလင်းဖို့အရေးကြီးပါတယ်။
ကိုယ့်မှာရှိပြီးသားအရင်းအမြစ်တွေကို
ကိုယ်သတိမထားမိတဲ့ အရင်းအမြစ်တွေကို
အပြည့်အဝအသုံးချပြီး
နောက်တစ်ဆင့် တိုးတက်ဖို့အတွက်
Coaching ပညာနဲ့ ကူညီခွင့်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်ရှင့်🥰
.
19/07/2025
၂၀၂၅ ခုနှစ်၊ဇူလိုင်လ(၁၉) ရက်နေ့
(၇၈) နှစ်မြောက် "အာဇာနည်နေ့"တွင်
အာဇာနည်ခေါင်းဆောင်ကြီးများအား
ရိုသေစွာဂါရဝပြုအပ်ပါသည်🙏🙏🙏
#အာဇာနည်နေ့
07/05/2025
🌅မနက်ခင်းရောင်နီကို
မြင်တွေ့ခွင့်ရပြီး
နိုးထနိုင်ခဲ့ခြင်းဟာ
ရှင်သန်ခြင်းရဲ့ သင်္ကေတမို့
နေ့သစ်လေးမှာ ပျော်ရွှင်စွာနဲ့
အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ကြပါစေ🍀
27/04/2025
ဒီနေ့နေ့လည် 1:00Pm မှာ
ဒုတိယအကြိမ် OT ဝင်ပြီး
အောင်မြင်စွာ SSG လုပ်ပြီးပါပြီရှင့် အမျိုးတို့🙏
27/04/2025
ဒိုးနပ်မှ ထိုးမုန့်သို့ မေတ္တာဖြင့်ဝန်းရံခြင်း🙏
BREAKTHROUGH ရဲ့ PPBC Members တွေအတွက် မေတ္တာစာအိတ်နဲ့ ချစ်စရာကောင်းတဲ့ Member များရဲ့ အားပေးစကားလေးတွေ(စစ်မှန်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတွေ)
လက်ခံရရှိခြင်းအမှတ်တရ🙏🙏🙏
ကျေးဇူးအများကြီးတင်ပါတယ်ရှင်
ဆရာဦးနိုင်ဝင်းအောင်+အစ်မ မပိုးနဲ့
အနယ်နယ်အရပ်ရပ်မှ Memberများရှင်🙏🙏🙏
MDYအဖွဲ့ဝင်တွေအနေနဲ့လည်း
ကြုံခဲ့ရတဲ့ အခက်အခဲတွေကို
ရှေ့ဆက်မယ့် လှေကားထစ်တွေအဖြစ်အသုံးချပြီး အားသစ်နဲ့ ဆတိုးကြိုးစားပြီး ပြန်လာခဲ့ပါမယ်လို့ ကတိပေးပါတယ်ရှင့်💪💪💪
ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့
Community ကြီးမှာ အတူရှိခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း
ဂုဏ်ယူဝမ်းမြောက်မိသလို
မေတ္တာတွေနဲ့ ခံယူခွင့်ရတဲ့အတွက်လည်း
ရှေ့ဆက်ဖို့အတွက် အများကြီးခွန်အားဖြစ်ရပါတာ်ရှင့်🙏🙏🙏
လောကမှာ
တစ်ဦးတည်းဖြေရှင်းလို့ရတဲ့အရာ
အရမ်းနည်းသလို...
စုပေါင်းပြီး
မဖြေရှင်းနိုင်တဲ့အရာဆိုတာလည်း
အရမ်းနည်းပါတယ်တဲ့....
ဒီ Community ကြီးမှာ
ရှိနေရတဲ့အတွက်ကြောင့်
*စီးပွားရေး ၊ လူမှုရေး နဲ့
*တစ်ကိုယ်ရည် ဖွံ့ဖြိုးရေးသာမက
*ဘာသာရေး သံသရာအရေး ပါ
အများကြီးတိုးတက်အောင် စွမ်းဆောင်နိုင်ခွင့်တွေရှိလာလို့ တိုးတက်လာရလို့
ကျေးဇူး အထူး အထူးပါရှင့်🙏🙏🙏
09/04/2025
ဆေးရုံက ဆင်းခဲ့ပါပြီရှင့် အမျိုးတို့..
နောက်တစ်ကြိမ်တော့ OT(ခွဲခန်း)ပြန်ဝင်ရပါအုံးမယ်...
နောက်တစ်ကြိမ် OT မဝင်ခင်
တစ်ရက်ခြားတော့ ဆေးရုံကိုသွားပြီး dressing change ဆေးထည့်ရပါအုံးမယ်
ချစ်ခင်လေးစားရတဲ့ ဆရာသမား၊ ညီမ၊အစ်မ မိတ်ဆွေ သူတော်ကောင်းများအားလုံးရဲ့ ပို့သတဲ့ ဆုတောင်းမေတ္တာတွေကြောင့် ကျန်းမာပါတယ်ရှင့်🙏
ထိခိုက်မှုတွေကြုံရတော့ အခက်အခဲကြားက အိမ်အထိ ဆေးရုံအထိ တကူးတက လာအားပေးကြတဲ့ ဆရာ NL Mung - Business Coach & NLP Master Trainer နှင့် Breakthrough ဆရာတို့နှင့် အဖွဲ့သားများ🙏
🛑ဒီစိန်ခေါ်မှုကြီးကို ကြုံရ ရင်ဆိုင်ရတာချင်းအတူတူ ပေမဲ့..
🍀ငလျင်လှုပ်ပြီးတာနဲ့တပြိုင်နက်
စိတ်ပူပြီး အိမ်ထိ အရောက်လာပြီး
အားပေး၊ မောင်လေးနဲ့ ညီမလေး မ
နောက်ရက်တွေမှာလည်း ဖုန်း နဲ့ရော လူကိုယ်တိုင် ခဏခဏလာ
-ဆေးခန်းပြတော့လည်း လိုက်ပို့..
-မိုးချုပ်ပေမဲ့ သိသိချင်းရောက်လာပြီး
ခွဲခန်းမထွက်မချင်း အပြင်ကနေ စောင့်
ပြောပြလို့မကုန်နိုင်တဲ့ အားပေးကူညီကြတဲ့ မောင်လေးနဲ့ ညီမလေး မ Hsu Myat Naing 🙏
🍀နေ့စဉ်နဲ့အမျှ မရရတဲ့ဖုန်းဆက်ပြီး
အခြေအနေတွေမေး အားတွေပေး..
မမရေ ညီမတို့တွေ အစကပြန်စရလည်း စိတ်မပူနဲ့နော်..
ညီမတို့တွေ ရှေ့မှာလည်း စခဲ့ရပေါင်းများပါပြီ မမရယ်..ဖိုက်တင်းး လိုအပ်တာရှိရင်ပြေ မမတဲ့🥺
ညီမတို့တွေ နေ့တိုင်း အဆက်အသွယ်မပျက် ဖုန်းဆက်ကြမယ်နော် ဆိုပြီး အမြဲအတူရှိနေပေးတဲ့ ညီမလေး မ Khàing Zar Kyi Hein 🙏
🍀ခွဲခန်းဝင်ရတယ်သိသိချင်း သမီးငယ်လေးနဲ့ ညတွင်းချင်းရောက်လာတဲ့ ညီမလေး မ Khin Myo Wai 🙏
🍀ခွဲခန်းဝင်ရတယ်သိသိချင်း
ရောက်လာရုံမက
ဆေးရုံဆင်းရင် အိမ်ကဖြိုထားတော့
အနာပိုးဝင်မှာစိုလို့ သူ့ရဲ့ 62 လမ်းက ဆိုင် အပေါ်ထပ် အခန်းမှာ လာနေပါဆိုတဲ့
ညီမလေး မ Htike Htike Wai 🙏
🍀အိမ်ဖြိုဖို့ ပြန်ပြင်ဖို့အတွက် တာဝန်ယူကူညီပေး ရုံသာမက
ဆေးရုံထိ လာအားပေး
အစ်မလိုတာရှိ ဖုန်းဆက်လိုက်နော် အားမနာနဲ့ ဆိုပြီး တဖွဖွပြောရှာတဲ့ အစ်ကို Kyawmyo Htun နဲ့ ညီမ မ Shweyi Win 🙏
🍀အလုပ်များတဲ့ကြားမဖြစ်မနေ အပြေးရောက်လာ ဆေးရုံဆင်းခါနီးရင်ပြော လာကြိုပေးမယ်ဆိုပြီး တာဝန်ကျေလွန်းတဲ့ အစ်ကိုကြီး နဲ့အစ်မကြီး Ohmar Han 🙏
🍀ပြင်ဦးလွင်ရောက်နေပေမဲ့ စိတ်ပူပြီး
တကူးတက ရောက်လာပြီး အားပေးတဲ့
ညီမလေး မ Kay Kay 🙏
🍀ဂရုထဲမှာ ခြေထောက်ခိုက်မိတယ် ခွဲခန်းဝင်ရနိုင်တယ် စသိသိချင်းကတည်းက
အားပေးကူညီကြတဲ့ ညီမလေး မ Thet Hay Zan Oo တို့မိသားစု🙏
🍀ဇင်မာရေ ဆေးရုံခွဲခန်းဝင်ရတယ်ဆိုလို့ စိတ်ပူလို့
ရန်ကုန်မှာပြောင်းကုမလား
မမတို့ ကားနဲ့ လာခေါ်ဆို ခေါ်မယ်ဆိုပြီး အားပေးကူညီကြတဲ့ မမ Myat M Lwin မမ Papa Lin Thit , မမ Nway နဲ့ မနာပကာရီ အဖွဲ့ အစ်မ ညီမများ🙏🙏🙏
🍀တောင်ကြီးကနေ ဆေးရုံစောင့်လာခဲ့မယ် ညီမလေး ပြောရှာ စိတ်ပူရှာတဲ့ အစ်မ မ Chaw Nyo Nyo 🙏
🍀 ဆေးရုံကို လာပြီးအားပေးရင်း
ဆေးရုံဆင်းခါနီးရင် ဖုန်းဆက်လိုက် ကားနဲ့လာကြိုပေးမယ်ဆိုတဲ့
သူရဲ့ရယ်သံတွေနဲ့ တဖက်သား ဘဝအမောကို ပျောက်စေတဲ့ အစ်ကိုကြီး ကို Min Oo 😊🙏
🍀သုခမြင့်မိုရ် ဆေးခန်းမှ ဆရာကြီး Surgeon -Dr ZKKO ,
မေ့ဆေးဆရာဝန်မကြီး နှင့် ဆရာဆရာမများ
ဝန်ထမ်းများအားလုံးနဲ့ အတူ
Phone call, Comment,Messager, Viber များမှတဆင့်
စိတ်ပူပေး သတင်းမေး ကြတဲ့ ဆွေမျိုး၊ မိတ်ဆွေများအားလုံးကိုလည်း
ကျေးဇူးအထူးအထူးတင်ရှိပါတယ်ရှင့်🙏🙏🙏
ကျေးဇူးတင်ထိုက်သူ ကျေးဇူးရှိဖူးသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်..
အားလုံးပဲ
ဘေးရန်ကင်းကွာ
ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပြီး
လိုအင်ဆန္ဒတွေပြည့်ဝပါစေ..
ဒီဘဝ ဒီခန္ဓာမှာပင်
တရားထူးတရားမြတ်တွေ ကြိုးစားအားထုတ်နိုင်ကြကာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့
အထောက်အပံ့တွေရကြပါစေ🙏🙏🙏
04/04/2025
အခက်အခဲအမျိုးမျိုးကြားကနေ
အိမ်အထိ လာရောက်အားပေးလို့
ဆရာ၊ အစ်မနဲ့အတူ ဆရာတို့အဖွဲ့ကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်ဆရာ🙏🙏🙏
ကျနော်တို့ မန္တလေးရောက်နေတာ ၄ ရက်ရှိပါပီ။ အဓိကကတော့ ကျနော်တို့မိတ်ဆွေတွေနဲ့ ရသလောက်အတူရှိနေဖို့ပါ။
ရတဲ့အချိန်မှာ ရတဲ့သူတွေနဲ့ ရသလောက်တွေ့ပြီး အတူတကွခွန်အားယူနေကြပါတယ်။
ခုတော့ PBCA Batch 36 က အကိုတို့ဆိုင်မှာ အထိုင်ချပြီး
ကလေးမြို့က ကျနော်တို့အကိုတစ်ယောက်ရဲ့ကားနဲ့
1. အမရပူရ
2. အင်းဝ
3. တံတားဦး
4. စစ်ကိုင်း
5. မန္တလေးမြို့ထဲတွေ သွားပြီးရသလောက်လိုက်ကြည့်နေပါတယ်။
တွေးမိတာလေးတစ်ချို့မျှဝေပါ့မယ်။
ခုဒုက္ခတကယ်ရောက်နေတဲ့သူအများစုက တန်းစီပြီးပစ္စည်းလုနေနိုင်တဲ့သူနည်းပါတယ်။
လိုအပ်တဲ့သူတွေက ထိုင်ကြည့်နေပြီး မလိုအပ်တဲ့သူတွေ တန်းစီယူနေတာမျိုးဖြစ်တတ်ပါတယ်။
လှူမယ်ဆို နယ်ခံတွေထဲက ကိုယ်တိုင်လုပ်နေတဲ့သူတွေနဲ့ တိုင်ပင်ပြီး ပူးပေါင်းလုပ်ရင် ပိုထိရောက်မယ်လို့ထင်ပါတယ်။
လိုင်းပေါ်က သတင်းနဲ့သွားရင် မြေပြင်နဲ့ကွာခြားတတ်ပါတယ်။
ပြန်လှည်ထူထောင်ရေးကကြာမှာပါ။
အတူတကွ အမြန်ဆုံးပြန်ထကြပါမယ်။
07/02/2025
ရန်ကုန်(NLP Train The Trainer)မှာ CA အနေနဲ့
၁၀ရက်အတူရှိခဲ့ကြတာနဲ့
မလုံလောက်ကြသေးလို့
ဒီနေ့ Mdy မှာ
ထပ်ပြီး အတူရှိနေကြသော
ညီအစ်မတစ်တွေ🥰
02/02/2025
သင်တန်းကာလတလျှောက်လုံး
အမျိုးမျိုးသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်များနဲ့ ပြည့်နှက်နေတဲ့
၁၈ရက်ကြာ NLP Train The Trainer Certification Training ရဲ့
Written Test Day (Evaluation Day 1) အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပြီ…
Participants တွေနဲ့မခြား
ကျွန်မတို့ CAs တွေအားလုံးအတွက်လည်း
ထပ်တူ ရင်ခုန်ခဲ့ရတဲ့ နေ့တစ်နေ့ပါ😊
30/01/2025
ဘဝရဲ့
မှတ်တိုင်များစွာထဲမှ တစ်ခုဖြစ်တဲ့
NLP World-Class Trainer’s Training မှာ Coaching Assistant အဖြစ် ပါဝင်အားဖြည့် ကူညီလာခဲ့တာ
ဒုတိယပိုင်း ရဲ့ Day-3 အောင်မြင်စွာပြီးမြောက်ခဲ့ပြီ💪
ကြိုးစားမှု ပေးဆပ်မှုတွေတိုင်းက
ဘယ်တော့သစ္စာမဖောက်တာမို့
အခုချက်ချင်းမဟုတ်တောင်
မနက်ဖြန်တွေမှာ ခံစားခွင့်ရရှိမှာမို့
Fighting All CAs and All Participants💪💪💪
Click here to claim your Sponsored Listing.