NewWay

NewWay

Share

Steel Structure Construction/
Home Decoration
Doors & Windows Sales & services

07/08/2022

အိမ်တစ်အိမ် ဆောက်ရင်
အဓိက ( ၃ ) ချက်ရှိတယ်

အိမ် ပနပ်
အိမ် ဦးရင်တိုင်
လှေကား
အဲ့ဒါ အဓိက ဘဲ။

( မဆောက်ကောင်းသောအိမ်များ )

အိမ်ပျံ
အိမ်ရင်ကွဲ
အိမ်ပလ္လင်
အိမ်ဖိုခနောက်
အိမ်နွား
အိမ်ပတ်တလား
ကျောင်းနှင့်တူသောအိမ်
မဆောက်ကောင်းပါ ။

ရင်ကွဲ အိမ် (ကွဲ...သေ)
ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာ
ထုပ်ယောက် မိုက်ဖွဲ့ပြီး
၃နဲ့စားလို့ပျက်ရင်
၃လအတွင်း လူသေဖို့
၁၀၀%ပါ

အိမ် ပတ္တလား နဲ့ အိမ်နွားက
ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ

အိမ်မှာ သစ်စုံပါရင်
သစ်မင်း စိုက်ထားပါ။

အိမ်ထက် အိမ်သာ မကောင်းစေသင့်
အိမ်အရင် အိမ်သာ မဆောက်ကောင်း
ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။

အိမ်တိုင်တွေကို
ကြေးပြားမှာ
စည်းချဂါထာ ရေးပြီး
အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်
မီးမခနိုင်
ဧည့်သည် ကောင်းများလာစေတက်
လောင်မီးစက် မခံ နိုင်
မိစ္ဆာ များမနေနိုင်ပါ။

အိမ်တစ်အိမ်မှာ
ချမ်းသာချင်လည်း လှေကားဘဲ
မွဲချင်လည်း လှေကားဘဲ

လှေကားက အဓိကပါ ဘဲ။

အိမ်နဲ့ပတ်သတ်ပြီး
သိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့
မယုံကြည်ရင်
အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံး
အဖီ ဆွဲ နေ လေ ။

မွဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။

တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်..ဥရုတိုင်
အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ
တစ်ထွာခန့်အမျက်ရှိတတ်၏..
ထိုအမျ က်ကား..အိမ်လူတွေကိုဒုက္ခပေးတတ်၏..
ပယ်နိုင်ကပယ်လိုက်...မပယ်နိုင်လျှ င်ထိုဥရု
တိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်
စည်းစိမ်ဥစ္စာ တိုးပွား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်
ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏
သားသမီး မြေးမြစ်သေတတ်၏..
ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်က
သစ်မင်းတိုင်နှင့်လဲ၍စိုက်..
ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ.. မြောက်အလယ်တည့်တည့်.ယက်မအောက်တွင်.. သေချာ
ကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏.
အိမ်ရှိ တိရစ္ဆာန် သေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ်
စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်
သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..အရှေ့မြောက်
ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်
အကွာအမျက်ရှိတတ်၏..
ကိုယ်ချစ်ရသူသေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက ...ဘူမိအရပ်က
တိုင်နှင့်လဲစိုက်...စုဒ်ကောင်း၀င်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှ င်
အရှေ့စွန်းက..တိုင်ခွတွင် အခေါင်းပါတတ်၏
ရောဂါရတတ်၏..သောကရောက်တတ်၏
ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်
လဲစိုက်.. ဘုန်းကြီးအံ့။

သောကြာနေ့ တွင်အိမ်ဆောက်မူ..
အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်
အခေါင်းပါတတ်၏..
ရောဂါထူပြောအံ့
ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင်
နှင့်လဲစိုက်..လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..
အနောက်တောင်ရှိတိုင်ထိပ်၌..
စရွေးအောက်မှာ အမျ က်သေးပါတတ်၏..
မိန်းမမသေ ယောက်ျ ားသေတတ်၏..
ပယ်လိုကပယ်.. မပယ်လိုက. အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်
လာဒ်ကြီးရလတ္တံ့။

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀န်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

- အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။
အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များ မစိုက်ရ။
တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။
မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ
အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။
အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။
ကြာသပတေး - ချမ်းသာ ကြွယ်၀မည်။
သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။

- အိမ်ဆောက်လ ရွေးနည်း ။

တန်ခူးလ - ချမ်းသာ ကြွယ်၀မည်။
ကဆုန်လ - ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
၀ါခေါင်လ - ဥစ္စာ စီးပွား တိုးပွားမည်။
နတ်တော်လ - ထင်ပေါ် ကျော်စောမည်။
ပြာသိုလ - လူအများ ချီးမွမ်းမှု ရမည်။
တပေါင်းလ - ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ
ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး ။

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)
၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင်
မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သျှီသျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင်
မပြုအပ်သော အရာများ ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။
၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။
၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။
၇။ အိမ်ဆောက်မပြီးခင် ၀န်း မခတ်ရ ။
၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။
၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး
#မူရင်း credit.

#အိမ်ပုံစံဒီဇိုင်းများ

Photos from NewWay's post 11/06/2022

လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်တွေမှာ
မြေဖို့ခြင်း မြေတူးခြင်း မြေညှိခြင်း
တို့လုပ်ဆောင်ရန်အတွက် စက်ယန္တရားများ
ငှားရမ်းချင်ပါလျင် ကျမတို့ New Way
ကိုသတိတရနဲ့ ဆက်သွယ်လိုက်ပါရှင်။

စက်အမျိုးအစားတွေက
30 tons
22 tons
21 tons
20 tons
8 tons ဒီစက်တွေရှိပါတယ်ရှင့်

လုပ်ငန်းခွင်နဲ့ပတ်သက်လို့ လူကြီးမင်းတို့
စိတ်ပူစိတ်ညစ်စရာမလိုပဲ အကောင်းဆုံး
ဝန်ဆောင်မှု ပေးမှာပါရှင့်🙏🙏🙏

ဆက်သွယ်ချင်ရင်တော့ ဒီphလေးတွေကို
Hello သာ လုပ်လိုက်ပါရှင့်။

09 793474909
09 421996664

Photos from NewWay's post 24/08/2021
Photos from NewWay's post 20/01/2021

Mandalay..59လမ်း 41Cလမ်း ကားပါကင်​​လေးပြီးစီးမူအ​ခြေအ​နေ.အမိုး မိုးရန်​ကျန်​ရှိ..

Photos from NewWay's post 28/12/2020

Mandalay ​မြောက်​ပြင်​ 10လမ်း
လှေကားလက်​ရန်းး ပြီးစီးမူအ​ခြေအ​နေ​လေး..

25/12/2020

🏠 ကွန်ကရစ်နဲ့ ဆောက်ရင်ကောင်းမလားး သံနဲ့ဆောက်ရင် ကောင်းမလား ခဏ ခဏ မေးခံရတဲ့ မေးခွန်းပါ ။ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကတော့ အသီးသီးရှိပါတယ်။ သေချာဖတ်ပြီး ရွေးချယ်ပေါ့ ။

သံမဏိရဲ့ အားသာချက်
==================

၁။ Strength to weight ratio မြင့်မားပါတယ်။
၂။ Steel structuresတွေရဲ့ ဂုဏ်သတ္တိတွေက uniform ဖြစ်ပါတယ်။ တသားတည်းဖြစ်ပြီးတော့ ကြိုတင်ခန့်မှန်းနိုင်မှု ပိုမိုမြင့်မားတယ်။
၃။High ductility ဖြစ်တဲ့ အတွက်ကြောင့်ပြိုကျ/ပျက်စီးတော့မဲ့ အခြေအနေတွေကို ကြိုတင်ပြီး လုံလောက်တဲ့ သတိပေးနိုင်စွမ်းရှိပါတယ်။
၎။ လွယ်လွယ်ကူကူ ပြန်လည်အသုံးပြုနိုင်ပါတယ်။
၅။ Steel structureတွေဟာ concrete structure နဲ့ စာရင်သူ့မှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်တည်ဆောက်နိုင်ပါတယ်။
၆။ Steel structure တည်ဆောက်ရာမှာ အခြားတည်ဆောက်ရေးပစ္စည်းတွေကို အသုံးပြုခြင်းအားဖြင့်ရာသီဥတုကြောင့်ဖြစ်လာမဲ့ အကျိုးသက်ရောက်မူတွေ နည်းနိုင်ပါတယ်။
၇။ နဂိုကတည်းက ရှိနေတဲ့ Steel structure ကို ထပ်ပြီး တိုးချဲ့ဖို့ လွယ်ကူပါတယ်။
၈။ ပြုပြင်ထိန်းသိမ်းထားတဲ့ Steel frameတွေဟာ အကန့်အသတ်မရှိ သက်တမ်းရှည်ကြာနိုင်ပါတယ်။

သံမဏိ၏ အားနည်းချက်
==============

၁။ သံချေးတက်ပြီး ထိခိုက်လွယ်တဲ့ အတွက်ကြောင့်သံချေးမတက်ဖို့ zic-rich paint နဲ့ ထပ်ပြီး ကာကွယ်ထားဖို့လိုအပ်ပါတယ်။အခြား structural materialsတွေနဲ့စာရင်ပြင်ဆင်ထိန်းသိမ်းစရိတ်ပိုမိုကုန်ကျနိုင်ပါတယ်။ Corrosion-resistance steelတွေကိုလည်းဘဲ သုံးဖို့လိုအပ်ပါဦးမယ်။
၂။ အပူချိန်မြင့်မားလေလေ အကျိုးသက်ရောက်မှုများလေလေ ဖြစ်တဲ့အတွက်ကြောင့်မီးလောင်ခြင်းဒဏ်မှ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
၃။ထပ်ခါထပ်ခါသက်ရောက်နေတဲ့ ၀န်အားတွေကြောင့်faituage ဖြစ်တာတွေ၊ Stress concentrationတွေပါဝင်လာတဲ့အခါ structural detailsပေါ် မူတည်ပြီး structural steelတွေဟာ ကျိုးလွယ်ပဲ့လွယ်ထိခိုက်လွယ်ပါတယ်။
၎။ ပိုမိုသွယ်လျတဲ့ Compression memberတွေ ပိုလာရင်ဖိအားကြောင့်တွန့်ကြေပျက်စီးမှုအန္တရာယ်ပိုများလာမှာပါ။ တခါတရံမှာတော့ memberတွေ ပိုမိုတောင့်တင်းဖို့အတွက်ထပ်လောင်း ထည့်ပေးရတာ ရှိလာတဲ့အခါ structure ဟာ ပုံမှန်အနေအထားမှာ ရှိမနေတာတွေ ဖြစ်လာပါတော့တယ်။

ကွန်ကရစ်၏ အားသာချက်
===============
၁။ Compressive Strength ပိုမိုကောင်းမွန်တယ်။
၂။ မီးလောင်ဒဏ်ကို Steel ထက်ပိုပြီး ခံနိုင်တယ်။
၃။ ပြင်ဆင်စရိတ်နည်းနည်းနဲ့ သက်တမ်းတာရှည်ခံနိုင်တယ်။
၎။ Dams, Piers, Footing တို့လိုမျိုး Structural Typesတွေအတွက်ပိုပြီးတော့ economical ကျတယ်။
၅။ Precast Structural Componentsတွေလို လိုချင်တဲ့ ပုံစံကို သွန်းလောင်းနိုင်တယ်။ Deflection ဖြစ်ပေါ်မှုနည်းနည်းနဲပ Rigid memberတွေ တည်ဆောက်နိုင်တယ်။

ကွန်ကရစ်၏ အားနည်းချက်
===============

၁။ Tensile strength က Compressive strengthအောက်၁၀ ပုံ ၁ ပုံခန့်နည်းတယ်။
၂။နောက်ဆုံးလိုချင်တဲ့ Strength ရရှိဖို့အတွက်ဖျော်စပ်ရတာတွေ (Mixing)၊ သွန်းလောင်းရတာတွေ(casting) နဲ့ curing (အစိုဓာတ်ထိန်းသိမ်းရတာတွေ) စတာတွေ လိုအပ်ပါတယ်။
၃။ ကွန်ကရစ်သွန်းလောင်းဖို့အတွက်ဆင်ရတဲ့ formworksတွေရဲ့ ကုန်ကျစရိတ်က မြင့်မားပါတယ်။ formworks အတွက်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လုပ်သားပညာရှင်ခတွေက သွန်းလောင်းရတဲ့ ကွန်ကရစ်ရဲ့ ကုန်ကျစရိတ်နီးပါးရှိပါတယ်။
၎။ Steel နဲ့ စာရင်Compressive strength ပိုနည်းပါတယ်။ ( materialsပေါ်မူတည်ပြီးတော့ 1း10 ခန့်ရှိပါတယ်)။ အဲဒီအတွက်ကြောင့်အထပ်မြင့်အဆောက်အဦတွေရဲ့ Columnတွေဟာ ကြီးမားတဲ့ Sectionတွေဖြစ်လာပါတယ်။
၅။ Live loads သက်ရောက်မှုတွေနဲ့ Shrinkageတွေကြောင့်concrete မှာ cracksတွေပေါ်လာပါတယ်။

မူရင်း ရေးသားသူအား
Credit ပေးပါတယ်........

Photos from NewWay's post 25/12/2020

Mandalay လင်းလင်းအကင်​ဆိုင်​ ဘာဂျာတံခါးများ
တပ်ဆင်ပြီးစီးခဲ့ပါပီ.အိမ်​ရှင်​လဲ စိတ်တိုင်းကျပြီးလှပသေသပ်
ပြီး စိတ်ချမ်းမြေ့ခဲ့ပါတယ်
အလုပ်တခုကိုကြီးသည်ငယ်သည်မခွဲခြားဘဲတန်ဖိုးထားပီး
သေသပ်စွာခိုင်ခံ့စွာ ပြုလုပ်​​ပေးခဲ့တာပါ...
ကြိုးစားရင်​.. ​အောင်​မြင်​မူ့က​နောက်​ကလိုက်​လာပီးသားပါ..
အလုပ်နဲ့ပတ်သက်လာရင် လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်စေရမယ်နော် ဒီphno လေး
Hello သာ လုပ်လိုက်ပါနော်

09797547618..

Photos from NewWay's post 01/11/2020

ရောဂါ​တြွေဖစ်​​ပေ့မယ်​လဲ..ကျ​နော လူတေအလုပ်
မပြတ်ဖို့ သူတိုတွေ စားဝတ်နေ‌ရေး အဆင်ပြေစေဖို့.
ကျနော အလုပ်တေမနားပဲ လက်ခံဆောင်ရွက်‌ပေးလျက်ပါ...
မြို့ပတ်လမ်းဆိုဒ်‌ရဲ့ မြင်ကွင်း
အလုပ်အပ်သူတိုင်းကျေးဇူးအထူးတင်ပါတယ်ရှင့်..Thanks

Photos from NewWay's post 25/10/2020

Mandalay..​မြောက်​ပြင်​ဆိုဒ်​.10လမ်း 
ခေါက်​တံခါး နှင့် ‌လှေကားလက်ရန်းလေးတပ်ဆင်ပြီးစီးခြင်း
လူကြီးမင်းတို့စိတ်တိုင်းကျပုံစံကို အသက်သာဆုံး ‌ဈေးနုန်ူးဖြင့်
စိတ်ရှည်စွာ ပြုလုပ်​​ဆောင်​ရွက်​​ပေး​နေလျက်ရှိပါသည်​။
အလုပ်အပ်သူ ထမင်းရှင်တိုင်းကို ​ကျေးဇူးအထူးတင်​လျက်​ပါ...
လူကြီးမင်းတို့ အိမ် အလှဆင်ခြင်ပါက Hello သာဆက်လိုက်နော်

09797547618

Photos from NewWay's post 24/10/2020

Mandalayမြို့ ...စိန်​ပန်းရပ်​ကွက်
လှေကားလက်​ရန်းတပ်​ဆင်​ပြီးစီးခြင်း...

အရာအားလုံးအစအဆုံး အင်​ဂျင်​နီယာနဲ့
အအိမ်ရှင်စိတ်တိုင်းကျ ဖြစ်စေပီး စိတ်​ချမ်းသာ‌အောင်
ပြုလုပ် တပ်ဆင်‌ပေးခဲ့ပါတယ်​.​အလုပ်အပ်ပေးတဲ့အိမ်ရှင်နှင့်တကွ
မိသားစု အားလုံး​ကို အထူး‌ကျေးဇူးအထူးတင်ပါတယ်..
ဒီလိုလှပသေသပ်တဲ့ လက်ရမ်းလှလှလေး သုံးချင်ရင်တော့
ကျွန်ုပ်တို့ Amazing Thanlwin Group ကို
Hello သာ လုပ်လိုက်ပါခင်ဗျ

Photos from NewWay's post 29/11/2019

ယနေ့မနက် မင်္ဂလာအချိန်၌ မင်္ဂလာ ပန္နက်တော် ရိုက်နှက်ပြီးစီး

ကော့သောင်းမြို့မှာ (18´×35´) SS တစ်ထပ်အား ကျွန်န်ုပ်တို့ `New Way´´ဆောက်လုပ်ရေးမိသားစုအဖွဲ့မှ (၂၂၁)သိန်းဖြင့် ဂုဏ်ယူဝင့်ကြွားစွာ တည်ဆောက်‌ပေးခြင်းဖြစ်ပါတယ်။

အခုမနက် ပန္နက်ရိုက်၊ မြေတူးရန်ပြင်ဆင် နေကြခင်း
မနက်ဖြန် အုတ်စီပါမည်☺☺

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

62လမ်း အောင်ဆန်းလမ်း၊ 57/58 ကြား
Mandalay