Myanmar Pyi Trader
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Pyi Trader, Mandalay.
16/09/2025
Page ပြန်ရပြီပဲ။
India ကကောင်တွေ တော်တော်ဆိုး😏
Magnitude level နှင့် စိုးရိမ်မှက်များ လိုရင်းတိုရှင်း
Micro Earthquakes
Magnitude level - 1.0 - 2.9
- လူတွေမသိနိုင်
- မြေငလျင်တိုင်းကရိယာများသာသိရှိနိုင်
- - - - - - - - - - - - - - - - - - - - - - - -
Minor Earthquake
Magnitude level - 3.0 - 3.9
- အဆောင့်အဦအတွင်းမှလူတစ်ချို့အနည်းငယ်သတိပြုမိနိုင်။
- ပျက်စီးမှုမဖြစ်စေနိုင်။
- စိုးရိမ်စရာမရှိ။
- လမ်းလျှောက်၊ယာဉ်မောင်းနေသူများ
မသိရှိနိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Light Earthquake
Magnitude level - 4.0 - 4.9
- လူအများငလျင်ကိုသိသာစွာသိရှိနိုင်
- တုန်ခါသံများကြားရနိုင်၊ သေးငယ်ပြီး ပေါ့ပါးသောပစ္စည်းများ ရွေ့လျားနိုင်။
- သို့သော်ပျက်စီးထိခိုက်မှုမရှိနိုင်။
- သို့သော် ပြိုလုနီးပါး
အဆောင့်အဦးအနီးအနားတွင်မနေသင့်။
- - - - - - - - - - - - - - - - - - - - - - - -
Moderate Earthquake
Magnitude level - 5.0 - 5.9
- ထိခိုက်ပျက်စီးမှုစတင်ကြုံလာရနိုင်
- အိုဟောင်းနေသော သို့မဟုတ် ပြိုလုနီးပါး
အဆောင့်အဦးများ ထိခိုက်ပျက်စီးနိုင်။
- ငလျင်လှုပ်ခါမှုကို သိသာစွာသိရှိခံစားရနိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Strong Earthquake
Magnitude level - 6.0 - 6.9
- အဆောင့်အဦးဟောင်းများ ထိခိုက်ပျက်စီးမှုများနိုင်။
- လူဦးရေထူထပ်သောနေရာများတွင် ထိခိုက်မှုများနိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Major Earthquake ( Dangerous level )
Magnitude level - 7.0 - 7.9
- အထပ်မြင့်တိုက်များ ပြိုကျပျက်စီးနိုင်။
- အဆောင့်အဦးဟောင်းများပျက်စီးဆုံးရှုံးနိုင်။
- ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများနိုင်။
- မြေပြိုခြင်း ၊ လမ်းပျက်စီးခြင်းများဖြစ်ပေါ်နိုင်။
- နောက်ဆက်တွဲ ဆူနာမီဖြစ်ပေါ်နိုင်ခြေ သင့်တင့်။
- Aftershock ( နောက်ဆက်တွဲငလျင်ငယ် ) များ ဆက်တိုက်ဖြစ်ပေါ်နိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Great Earthquake
Magnitude level - 8.0 နှင့်အထက်
- အလွန်ပြင်းထန်သော ပြိုကျပျက်စီးဆုံးရှုံး နိုင်ခြေ
အလွန်မြင့်မား။
- နောက်ဆက်တွဲငလျင်နှင့်
နောက်ဆက်တွဲဆူနာမီဖြစ်ပေါ်နိုင်ခြေ မြင့်မား။
- - - - - - - - - - - - - - - - - - - - - - - -
Magnitude level 5.0 မှ 6.9 ထိ
စိုးရိမ်ဖွယ်မှက် အန္တရာယ် အသင့်အတင့်
Magnitude level 7.0 မှ အထက်
စိုးရိမ်မှက် အန္တရာယ် မြင့်များ
မှက်ချက် - ကြီးမားသောငလျင်ဖြစ်ပြီးနောက်
နောက်ဆက်တွဲငလျင်ငယ်များ ( aftershock ) ဆက်တိုက်ဖြစ်ပေါ်နိုင်သည့်အတွက်
ပြိုကျပျက်စီးလုနီးပါးအဆောင့်အဦးအနီးအနားတွင်
နေထိုင်ခြင်းမပြုရ။
ငလျင်ဖြစ်ပေါ်မည့်အချိန်ကို ခန့်မှန့်လို့ရသည့်
နည်းပညာ ကမ္ဘာပေါ်တွင် ယနေ့ချိန်ထိမရှိသေး။
ထို့ကြောင့် ဘယ်နှစ်နာရီဘယ်ချိန်ငလျင်လုပ်မည်ဆိုပြီး
ခန့်မှန်းရေးသားနေသော post များအား attention မပေးခြင်းဖြင့် ကူညီကြပါ။ aftershock ဖြစ်ပေါ်နိုင်သည်ကို
သိရှိနားလည်ပြီး သတိဝရိယနိုးနိုးကြားကြားနေပါ။
လွတ်လပ်စွာ ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်။
Shared by Meriko
မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားတွေအောင်မြင်ဖို့ဆိုရင်
အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကာတွေများများရိုက်
မီယမ်မာလူမရိုးတွေကသိပ်ကြိုက်တာ ( ကိုယ်တွေမပါ )
Hi everyone! I've got something to share with you all! I've just created a new web application for beginner traders.
Some features include:
📚 Helpful trading tips and knowledge
🆓 Free courses
📰 Latest economic and fundamental news
🚦 Signals to help you make decisions
📝 Handy Tutorials
💬 Live Chat
💼 Admin assist
💰 Up-to-date Gold Price
💲Up-to-date Currency Price
Whether you're new to trading or have been at it for a while, join me and let's make trading a little easier together!
Download here ,
Link 1 - https://bit.ly/mmtraders
Link 2 - https://bit.ly/mmtraders2
( Only for Android)
23/03/2024
သူတို့ လုပ်သလို ပြန်လုပ်တော့
ကိုယ်က မကောင်းဘူး ဖြစ်သွားရော
ဘ၀ နေနည်းက
အင်မတန် ရိုးရှင်းပါတယ်။
ကိုယ်မကြိုက်တဲ့ ပုံစံနဲ့
သူများကို မဆက်ဆံမိဖို့ပါပဲ။ ။
23/03/2024
Animation Cartoon ကားလို့ပြောလိုက်ရင် လူတိုင်း Disneyကိုမျက်လုံးထဲပြေးမြင်မှာ အသေအချာပါပဲ အဲ့တော့ Walt Disney ရဲ့သမိုင်းနည်းနည်းပြောကြတာပေါ့။
Walt Disney ကို Walt နှင့် Roy O. Disney တို့ ညီအကိုမှ October 16, 1923 မှာစတင်ခဲ့တာဖြစ်ခဲ့ပါတယ် စတင်တည်ထောင်ချိန်မှာ Studio သေးသေးလေးသာဖြစ်ပြီး Logo name ကိုလည်း သူတို့နာမည် Walt Disney ကိုသာပေးခဲ့ပါတယ် ယခုအချိန်မှာတော့လူတိုင်းသိတဲ့ Disney ဟာ hollywood မှာ အကြီးမားဆုံး
ကမ္ဘာကျော် Animation Production Studio တစ်ခုဖြစ်လာခဲ့ပါပြီ။
Disney production လို့ပြောလိုက်ရင် logoကိုတန်းမြင်မိမှာသေချာပါတယ် ဒီလိုအောင်မြင်တဲ့ logo ရဲ့နောက်ကွယ်မှာ ဘယ်လိုဖြစ်လာတယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။
Logo ထဲက ရဲတိုက်ကတော့ 19 ရာစုမှာတည်ဆောက်ခဲ့တဲ့ Neuschwanstein Castle ဖြစ်ပြီး Germany နိုင်ငံ Bavaria မြို့မှာတည်ရှိပါတယ်။
Disney ရဲ့ ပထမဆုံး Movie လေးကတော့ Snow White and the Seven Dwarfs ဖြစ်ပါတယ်။
1937 မှစပြီး 1983 အထိ Walt Disney ဆိုတဲ့ Text ကိုပဲ အလှဖော်ထားတဲ့ Logoကိုအသုံးပြုခဲ့တာဖြစ်ပါတယ် 1985 မှ 2006 ထိကိုတော့ Disney ရဲ့ 1959မှာ ထွက်ရှိခဲ့တဲ့ Cartoon Animation Movie ဖြစ်တဲ့ Sleeping Beauty ထဲမှာ ထည့်သွင်းခဲ့တဲ့ Neuschwanstein Castleကို Logo အဖြစ်ပြောင်းလဲခဲ့ပါတယ်။
2006 ခုနှစ်မှာတော့ ထို logoကိုသာ digital 3D Animated Logoအဖြစ် ပိုပြီးအသက်ဝင်အောင်အနည်းငယ်ပြင်ဆင်ရေးဆွဲခဲ့ပြီး ထိုချိန်မှစ၍ ယခုချိန်ထိ အဲ့ဒီlogoကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။
content by Sai Maung Lenn
09/03/2024
တို့ဆေး အကြောင်း
လူအများသိချင်တယ်ဆိုလို့ တကယ်လည်း အဲ့လိုဖြစ်ခဲ့တဲ့ လူတစ်ယောက်နဲ့ ကြုံဖူးလို့ ရေးပေးလိုက်ပါတယ်။
လူတစ်ယောက်ကို တစ်မိနစ်မပြည့်ခင်မှာပဲ Dissociate ဖြစ်သွားစေနိုင်တဲ့ ဆေးသုံးမျိုးရှိပါတယ်။ GHB, Rohypnol နဲ့ လူတိုင်းသိတဲ့ ketamine ပါ။ Sexually Assault နဲ့ Robbery လုပ်ဖို့အတွက် အသုံးများကြပါတယ်။
GHB က အရည်အနေနဲ့ လာပါတယ်။ ရေနဲ့ရောထားတဲ့ တစ်ငုံလေးသောက်လိုက်မိတာနဲ့ အာနိသင်လာပါတယ်။ လေးလံထိုင်းမှိုင်းစေပြီးတော့ inabality to think quickly and logically ပါ။ ဒါကြောင့်မို့ ကိုယ့်ကိုဘာလုပ်နေတယ် ဘယ်လို Controlled လုပ်နေတယ်ဆိုတာ မသိပါဘူး။ အဲဒီ အချိန်က ဖြစ်စဥ်တွေကိုလည်း မမှတ်မိပါဘူး။
Rohynol ကတော့ လူတွေသောက်နေတဲ့ xanax (alprazolam) နဲ့ အုပ်စုအတူတူပါပဲ။ ဒါပေမယ့် သူ့ရဲ့ onset of action က မိနစ်ပိုင်းအတွင်း လာပါတယ်။ သူက အမှုန့်အနေနဲ့ လာတာပါ။ ရေနဲ့ ဖျော်ပြီး တိုက်ကြပါတယ်။ သူလည်း သောက်မိတဲ့ သူကို loss of self control ဖြစ်တာမို့လို့ သောက်မိတဲ့သူကတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။
နောက်ဆုံးတစ်မျိုးကတော့ ketamine ပါ ။ ခုထိလည်း မေ့ဆေးအနေနဲ့ သုံးနေတုန်းပါ။ Party Drugs တစ်ခုလည်း ဖြစ်လို့ သူ့အကြောင်းကို လူတိုင်းနီးပါးသိနေလို့ မရှင်းပြတော့ပါဘူး။ သူက Dissociate Anaesthesia ပါ။ နားလည်အောင် ပြောရရင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ပါဘူး။
အဲဒီသုံးမျိုးလုံးက မြန်မာနိုင်ငံမှာ အလွယ်တကူ ရပါတယ်။ ကားပေါ်မှာ ခါးပိုက်နှိုက်မယ့်ကောင်မျိုးတွေ မဝယ်နိုင်ပေမယ့် ကလီဆာကို ရောင်းစားဖို့ Gangနဲ့ သေသေချာချာ လုပ်နေတဲ့ သူတွေအတွက် က အရမ်းကို လွယ်ကူနေမှာပါ။
အဲဒီသုံးမျိုးလုံးက အမှုန့်နဲ့ အရည်ပုံစံမို့လို့ သောက်လိုက်မှ ပြဿနာရှိမယ်လို့ မထင်ပါနဲ့။ ကျွန်တော်တွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဆို ချောင်းတွေ ဆက်တိုက်ဆိုးလာပြီး ဘာဆိုဘာမှ မသိပဲ ကြောင်တောင်တောင်နဲ့ လွတ်နေတာပါ။ သူ့အမျိုးတွေက သူ့ ဆွဲကြိုးကို ဖြုတ်ပေးဆိုလည်း ဖြုတ်ပေးပါတယ်။ မီးပူတွေတိုက်ဆိုလည်း တိုက်ပါတယ်။ အဝတ်တွေခေါက်ဆိုလည်း ခေါက်ပါတယ်။ အဲဒါဘယ်သူ့အဝတ်တွေလဲဆိုတာ မသိပေမယ့် သူ့မျက်စိရှေ့က သူ့အမျိုးတွေကို သိပါတယ်။ အဝေးမှာရောက်နေတဲ့ သူ့ဆွေမျိုးနာမည် ခေါ်ပြီး မေးရင် မသိပါဘူး။
ဖြစ်နိုင်တာက အမှုန့်တွေသူ့ကို ရှူမိအောင် လုပ်တာဖြစ်နိုင်သလို အမှုန့်ကိုသူတို့နည်းသူတို့ဟန်နဲ့ ရှူလို့ရအောင် အငွေ့ ဖြစ်အောင် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။
တို့လိုက်ရုံနဲ့ target organ ဖြစ်တဲ့ဦးနှောက်ကို မိနစ်ပိုင်းအတွင်း သက်ရောက်စေမယ့် ဆေးမျိုးကိုတော့ ကျနော် လေ့လာမိသလောက် မတွေ့ပါဘူး။ အပေါ်က ဆေးသုံးမျိုးကိုတော့ တကယ်သုံးနေတာ ကျနော့်ကိုယ်တွေ့ပါ။
လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကောင်မလေး ဖြစ်စဥ်က တကယ်ပါ။ တရားခံက လူတွေ ဂရုမပြုမိလောက်တဲ့ အဘွားကြီးတွေ အဘိုးကြီးတွေ ဘုန်းကြီး တွေ ဖြစ်နေနိုင်ပါတယ်။ ကောင်မလေး ကားပေါ်တက်ကတည်းက သူ အငွေ့တွေရှူမိအောင် လုပ်ပြီးလောက်ပါပြီ။ ကိုယ်က သတိမထားမိပေမယ့် လုပ်မယ့်သူက ကိုယ့်ကို စောင့်ကြည့်နေတာ ဖြစ်နိုင်ပါတယ်။
မှတ်တိုင်ရောက်ပြီ ဆင်းတော့လေ ..လို့ပြောတဲ့ အချိန်မှာ ကောင်မလေးက ဆေးမိပြီးသွားပြီ။ unconscious ဖြစ်နေပါပြီ။ အဲ့ဒီစကားလုံးဟာ orientation မအောက်ခင် နောက်ဆုံး မှတ်မိတဲ့ စကားလုံးပါ။ သူနိုးလာတော့ ရေထပ်တိုက်တယ်ဆိုတာ GHB သို့မဟုတ် Rohynol ပါ။ အဲ့အမှုန့်တွေ အရည်တွေက odourless ပါ။ အနံ့ မရပါဘူး။ ဒါကြောင့် လူတွေလည်း သတိမပြုမိနိုင်ပါဘူး။
မေးခွန်းတစ်ခုရှိတယ်။ လုပ်တဲ့သူရော မရှူမိဘူးလား။ ရှူမိပါတယ်။ ဒါပေမယ့် သူက မမေ့ပါဘူး။Mask တပ်ရင် တပ်ထားမယ်။ ဒါမှမဟုတ် သူက ခပ်လှမ်းလှမ်းမှာ နေပါလိမ့်မယ်။ ကျနော်တို့ မေ့ဆေးပေးတဲ့ အခါ Volatie Anaesthetic Agent လို့ ခေါ်တဲ အငွေ့ပျံတတ်တဲ့ မေ့ဆေးရည်တစ်မျိုးကို ပေးရင် ကျနော်တို့်လည်းရှူမိပါတယ်။ ဒါပေမယ့် လူနာကို Mask နဲ့ အုပ်ထားတာမို့လို့ လူနာက Deep Sleep ရသွားတဲ့အချိန် ကျနော်တို့က အိပ်ငိုက်လာတာ နဲ့ ခေါင်းနောက်လာတာ လောက်ပဲ ဖြစ်ပါတယ်။ ဒီ ဆေးတွေလည်း အဲ့လိုပါပဲ။
ဘယ်လိုကာကွယ်မလဲဆိုရင် တော်တော်ရှင်းသွားလောက်ပါပြီ။
သူများ ဘာတိုက်တိုက် မသောက်နဲ့။ Mask ကို N 95 လိုမျိုး Tight ဖြစ်တဲ့ Mask ကို တပ်ပါ။
Bus ကား ဘာညာစီးရင် လူများတဲ့ နေရာမှာ ရောနေပါ။ (ခါးပိုက်နှိုက်တော့ သတိပြုပေါ့)
ရုတ်တရတ်မူးလာတာ အိပ်ငိုက်လာတာ ဖြစ်လာရင် alart ဖြစ်မယ့် အချိုရည်တစ်ခုခု ရှိရင် သောက်ပါ။ ဒါမှမဟုတ် လန်းဆန်းအောင် တစ်ခုခု လုပ်ပါ။ ကိုယ့်အိမ်ကို ချက်ချင်းဖုန်းဆက်ပါ။ ကိုယ့်နေရာကို သေချာပြောပါ။
လူစိမ်းတစ်ယောက် ကိုယ့်နားကို ကပ်လာတိုင်း သတိထားပါ။
ကိုယ်က မသိပေမယ့် ကိုယ့်ကို သတိထားစောင့်ကြည့်နေတဲ့သူတွေ ရှိတယ် ဆိုတာကို မမေ့ပါနဲ့။
အဘိုးကြီး အဘွားကြီးတွေနဲ့ပဲ လုပ်စားနေတယ် ဆိုတာကို သတိရပါ။ ကလေးငယ်တွေနဲ့လည်း ခိုင်းတတ်ပါတယ်။
crd
ဒီလိုပညာတွေက မြန်မာနိုင်ငံမှာနေမှရနိုင်ပါတယ်
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Opening Hours
| Monday | 10:00 - 16:00 |
| Tuesday | 10:00 - 16:00 |
| Wednesday | 10:00 - 16:00 |
| Thursday | 10:00 - 16:00 |
| Friday | 10:00 - 16:00 |