YeLin
Your feeling is your art.
ကောင်းကင်နဲ့ ကော်ဖီဆိုင် date 🖤 #ကောင်းကင်
15/05/2026
Internet လိုင်းသိပ်အဆင်မပြေလို့အလုပ်ကိစ္စလေးတွေ
စာပြန်နောက်ကျနေတာလေးတွေ နားလည်ပေးပါခင်ဗျ။
မိသားစုလိုက် ဇာတိမြေ ခဏပြန်လာပြီး
အမေ့ကို Bangkok ပြန်လာခေါ်တာမို့ပါဗျ။
အမေလဲ ကျန်းမာရေး တော်တော်ကောင်းနေပါပြီ။
အလုပ်ကိစ္စ ပြောစရာတွေ ငွေလွှဲကိစ္စ
ထီကိစ္စ အားလုံးကို Thu Shawm page chat box မှာ
တိုက်ရိုက်ဆက်သွယ်ပြောဆိုလို့ရပါတယ်ခင်ဗျ။
゚viralシfypシ゚ ゚viralシ
#ကောင်းကင်
Joshua Van, you're a legend. Thank you for the fearlessness. 🇲🇲👊 "
Keep the moda fu***ng belt man!
09/05/2026
အမေဆေးရုံစတက်ရတဲ့အချိန် ဘဝမှာအကြောက်အလန့်မရှိခဲ့တဲ့ကျွန်တော် တော်တော်လေးကြောက်နေခဲ့တယ်။ အမေတစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်နဲ့ အိပ်လို့လည်းမရ စားလို့လည်းမရခဲ့ဘူး။ ကောင်းကင်လေးကိုအိပ်ဖို့ သီချင်းဆိုချော့သိပ်တိုင်း အမေ့ကျေးဇူးတွေ၊ အမေ့မေတ္တာတွေက ရင်ထဲမှာ တအားပေါ်လာပြီး မျက်ရည်တွေလည်း အလိုလိုကျလာတယ်။
ကျွန်တော့်စိတ်ထဲကနေ အမေပြန်ကောင်းကိုကောင်းရမယ်ဆိုတဲ့ စိတ်ကိုလည်းအပြည့်ထည့်ပြီး လိုအပ်တာမှန်သမျှ အကုန်လုပ်မယ်။ Bangkok ကိုပြန်ခေါ်ပြီးကုမယ်။ ပထမတစ်ရက် စဖြစ်တဲ့အချိန် လေယာဉ်စီးနိုင်ရင် တစ်စီးလုံးငှားပြီး Bangkok ကို Emergency flight နဲ့ခေါ်မယ်ပေါ့။ အဲ့အချိန်မှာ အမေက Oxygen ကတော်တော်ကျနေပြီ။ ကျွန်တော်တို့အဝေးကနေ အရမ်းစိတ်ပူနေရပြီ။ အဲ့လိုနဲ့ ဆရာဝန်တွေက Ambulance Flight နဲ့ဆို ဆေးရုံကခေါ်လို့ရမယ်ဆိုလို့ ကျွန်တော် Ambulance Flight အတွက် Internet ကရှာလိုက်တာ ၅ ခုလောက်ထွက်လာခဲ့ပါတယ်။
Ambulance Flight မှာက လူနာအတွက်လိုအပ်တဲ့ Equipment အစုံပါမယ်၊ Doctors တွေပါမယ်ပေါ့။
ကျွန်တော် English လို Communicate လုပ်နိုင်ပေမဲ့ ကျွန်တော်ရွေးချယ်လိုက်တာ မြန်မာလိုပြောလို့အဆင်ပြေပြီး Ambulance Flight ရှိတဲ့ Bangkok က ဆေးရုံတစ်ခုကို ကျွန်တော်သွားလိုက်တယ်။ လိုအပ်တဲ့အချက်အလက်တွေပြောပြီး ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်မလဲ သွားစုံစမ်းခဲ့ပါတယ်။
VEJTHANI ဆိုတဲ့ဆေးရုံကိုရောက်ခဲ့ပြီး အမေ့အတွက်စိတ်ပူပန်မှုတွေ မရမက Bangkok ကိုသယ် ကုမယ်ဆိုပြီးကျွန်တော် ဒီဖက်ကနေစီစဉ်နေခဲ့တာ။
Mandalay ကနေ Bangkok အရောက် Ambulance flight ပျံသန်းခ ဘတ် ၈သိန်းခွဲ ဝန်းကျင်ရှိပါတယ်။
အဲ့ချိန်က ကျွန်တော့်လက်ထဲမှာ Dollar $10000 လောက်ပဲရှိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့မိသားစုလေးကိုယုံကြည်ပြီးငွေကြေးကူညီမယ့်သူတွေကလည်းအရန်သင့်ရှိနေတာလည်း ကျွန်တော်တို့ သေတောင်မေ့မသွားမဲ့ကိစ္စမျိုးပါပဲဗျာ။
ပိုက်ဆံကုန်ချင်သလောက်ကုန် စိတ်မဝင်စား။ အမေ့အသက်ရှင်ရေးပဲကျွန်တော်ရှေးရှုပြီး လိုအပ်တာမှန်သမျှအကုန်လုပ်နိုင်အောင် အမေ့အတွက်ဆိုတဲ့စိတ်နဲ့အဝေးကနေ ရအောင်ကြိုးစားစီစဉ်ခဲ့ပါတယ်။
အဲ့အချိန်ကအမေက ICU ကိုရောက်နေခဲ့ပါပြီ။ အမေ့ကိုဆုံးရှုံးမှာအရမ်းကြောက်နေတဲ့ ကျွန်တော့်အတွက်ကတော့ တော်တော်လေး စိတ်ပူပင်သောကရောက်ခဲ့ရပါတယ်။
အမေက Ambulance Flight စီးဖို့ဆိုတာ အဝေးကြီး မန္တလေး Mingalar Hospital ကနေ တံတားဦး လေယာဉ်ကွင်းကို လူနာတင်ကားနဲ့ သွားဖို့တောင် တော်တော်မလွယ်ကူတော့တဲ့ အခြေအနေဖြစ်နေခဲ့တာပါ။
အဲ့ဒါနဲ့ ICU မှာ Feeding tube သွင်းပြီး နည်းနည်းလေး အမေသတိရလာတော့ စိတ်လေးနည်းနည်းပြေလည်လာခဲ့တယ်။
အမေ့ရောဂါဘာလဲဆိုတာ စစ်ပြီးအဖြေသိရတဲ့အချိန် လိုအပ်တဲ့ဆေး အမြန်သွင်းလိုက်တော့ အမေအခု ကျန်းမာစွာနဲ့ဆေးရုံကဆင်းနိုင်ခဲ့ပါပြီဗျာ။
ကျွန်တော့်မှာ အမေဖြစ်တုန်းကလည်း အိပ်မပျော်။ အမေပြန်ကောင်းတော့လည်း ပျော်လွန်းလို့ အိပ်မပျော်နိုင်ခဲ့ပါဘူး။ ခုထိပါပဲဗျာ။
Information ပေးချင်တာက Ambulance Flight လိုအပ်လာခဲ့သည်ရှိသော် Bangkok က VEJTHANI ဆေးရုံမှာ မြန်မာလိုပြောပြီးဆွေးနွေးသွားရောက် တိုင်ပင်နိုင်ပါတယ်ခင်ဗျ။
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာ ချမ်းသာနိုင်ကြပါစေခင်ဗျ။
ပုံကတော့ အမေ ICU ထဲမှာတုန်းက
ကျွန်တော်စိတ်ပူပန်မှု့တွေနဲ့
မေတ္တာသုတ် ရွတ်ပေးရင်း အမေ့အတွက် Ambulance Flight သွားစုံစမ်းတဲ့နေ့ကရထားပေါ်ကပုံလေးပါ။
゚viralシfypシ゚ ゚viralシ
09/05/2026
မနေ့က Bolt ပေါ်မှာ ကျွန်တော့် SnapBack ကျန်ခဲ့တာ
Driver ကိုဖုန်းဆက်ပြောတော့ Driver နဲ့က Communicate
လုပ်မရလို့ Mail ပို့လိုက်တာ ဒီနေ့ Condo ကိုပြန်လာပို့သွားတယ် Bangkok မှာနေရတာ တကယ်ပျော်တာပါဗျာ။
Thanks Bolt 🙏
゚viralシfypシ゚ ゚viralシ
#ကောင်းကင်
09/05/2026
သိပ်မသုံးဖြစ်ဘူး။ လူကြီးတွေ ဆေးစရိတ်နဲ့ လေယာဉ်လက်မှတ်ဝယ်တာပဲ သုံးဖြစ်တာ။ Credit Card ကို အကျိုးရှိစွာ သုံးနေရတာ။
US မှာ နေရတာ အကြွေးနဲ့ သာယာလိုက်တာ ဗျာ 😁
သုံးပြီး ပြန်ပြန် နည်းနည်းချင်း စပ်တတ်တဲ့
အကျင့်ကောင်း ရှိနေတော့ သုံးလို့လည်း မကုန်နိုင်ပါဘူး။ 😆
゚viralシfypシ゚
#ကောင်းကင်
09/05/2026
စေတနာ
အမေက သားဖြစ်သူ ကျောင်းပြန်လာရင် "စားပြီးပြီလား"လို့ မေးတာ → အဲဒီနောက်ကွယ်က စိတ်ပူတဲ့စေတနာ။
· လမ်းပေါ်မှာ တစ်ယောက်ယောက် ပစ္စည်းကျတော့ မသိယောင်ဆောင်ပြီး သွားမယ့်အစား ကောက်ပေးလိုက်တာ → ဒါ စေတနာ။
·
ကိုယ်ရေးလိုက်တဲ့ မက်ဆေ့ချ်တစ်ခုကို ပြန်မဖတ်ဘဲ လွဲမှားစေတဲ့အဓိပ္ပာယ်ရောက်မှာ စိုးလို့ ပြန်သေချာဖတ်ပြီးမှ ပို့တာ → (သေးသေးလေးပဲ၊ ဒါလည်း သူများကို စိတ်မရှုပ်စေချင်တဲ့ စေတနာ)။
ဥပမာ
ကိုရင်သောင်းက ကူညီတယ်၊ ဒါပေမဲ့ အလုပ်မဖြစ်သွားဘူး။ သူ့မှာ စေတနာ အပြည့်ရှိတယ်။
ကိုရင်မောင်က ကူညီတယ်၊ အလုပ်ဖြစ်သွားတယ်။ ဒါပေမဲ့ သူ့စေတနာက အားနည်းတယ် (ကူညီချင်လို့မဟုတ်ဘဲ ကိုယ်ကျိုးအတွက်လုပ်တာ တစ်ခြားသောအကြောင်း ကြောင်းတွေကြောင့် လုပ်တာ )။
ကိုရင်သောင်းနဲ့ ကိုရင်မောင်မှာ ဘယ်သူက
စေတနာအရှိဆုံးလဲလို့မေးရင် ကိုရင်သောင်းပဲ။
“စေတနာ ဆိုပြီးခေါင်းစဉ်တက်
အရောင်ပြစေတနာ မျှော်လင့်ချက်စေတနာ”
ဒါတွေက ရိုးသား စစ်မှန်တဲ့ စေတနာ
စိတ်ထားတွေ ဖြစ်မနေတော့ပါဘူး။
゚viralシfypシ゚ ゚viralシ
#ကောင်းကင်
08/05/2026
မနက် ၂ နာရီ မနေ့က အိပ်နေရင်းတိုးလာပြီး
အဖေရင်ဖက်ပေါ်ကိုတက်ပြီး
လာအိပ်ရှာတာ အရမ်းချစ်ဖို့ကောင်းတာ
ကောင်းကင်ကြီးက 😍
ကျွန်တော်ည ညဆိုအိပ်မပျော်သေးတဲ့အချိန်တွေ
ကောင်းကင်ကြီးရဲ့ အိပ်နေတဲ့ပုံလေးတွေ
တစ်စိမ့်စိမ့်ထိုင်ကြည့် ၊ နဖူးလေး နမ်း
ပါးလေးနမ်း ခြေထောက်လေးနမ်းရင်း
ဖြတ်သန်းရတာ တော်တော်လေး
ကြည်နူးဖို့ကောင်းတာဗျာ😍😍😍
゚viralシfypシ゚ ゚viralシ
#ကောင်းကင်
08/05/2026
အသက် ၉၀ ကျော်နဲ့ ၈၀ ကျော်တွေဆိုတော့
Visa သက်တမ်းသွားတိုးတိုင်း တစ်နေကုန်
ထိုင်စောင့်နေရရှာတာ ပင်ပန်းတာတွေ
ပြောက်အောင် မြန်မာအစားအသောက်
လိုက်ကျွေးပြီး ပြန်ချော့ 😍😁
ကျွန်တော်ငယ်ငယ်က ဒီဖေကြီး မေကြီးက
လက်ဖက်ရည်ဆိုင်ကို မနက်မိုးလင်းတာနဲ့
ဂုတ်ပေါ်တင် ပွေ့ချီခေါ်တာ ဖေကြီးက
ကျွန်တော်စားချင်တာစားဖို့ လိုက်ပို့တာ🙏🙏🙏
အခုကျွန်တော့်အလှည့်ပေါ့ 😍😍😍
ပိုပြီး သက်ရှည်ကျန်းမာပါစေ
မြေးတွေတင်မဟုတ် အခုဆို မြစ်တွေရော
နောက်ဆို တီတွေ တွတ်တွေထိ
သက် ၁၂၀ ရှည်ပါစေ 🙏🙏🙏
゚viralシfypシ゚
゚viralシ
08/05/2026
ဖေကြီး မေကြီးတို့ကို Retirement Visa
သက်တမ်းတိုးပေးခဲ့ပါပြီ ဒါနဲ့ဆို
သုံးနှစ်ရှိပါပြီ Bangkok မှာနေ နေတာ
အမေကတော့ မန္တလေးကပြန်ရောက်မှ
Visa သက်တမ်းတိုးပေးရပါအုန်းမယ်။
အခြေခံလိုအပ်ချက်လေးတွေဖြစ်တဲ့
ရေ ၊ မီး ၊ ဆေးဝါး အကုန် အဆင်ပြေနေတော့
ပိုက်ဆံကုန်တယ်ဆိုပေမဲ့ တန်တယ်လို့
ခံစားရတယ် 😍😍😍
ဒီ့ထပ်ပိုပြီး သက်ရှည် ကျန်းမာကြပါစေ🙏🙏🙏
အများကြီးကျေးဇူးဆပ်ခွင့်ရပါရစေ🙏🙏🙏
゚viralシfypシ゚
Click here to claim your Sponsored Listing.