Cafe Strada
Coffee brewer
🥸
ပုံမှန်ဆိုင်ပိတ်ရက်ကလေးဖြစ်လို့ ဆိုင်လေးတရက်
ပိတ်ပါတယ်ခင်ဗျ…
Cafe Strada
☎️+959 765 303 534
18/04/2026
မင်္ဂလာနှစ်သစ်မှာ အေးချမ်းကြပါစေ 🙏🏼
ဒီနေ့ Cafe Strada ဆိုင်လေးပုံမှန်ပြန်ဖွင့်ပါပြီနော်
ပုံကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာဖွင့်ထားတဲ့ ဆိုင်ခွဲလေးပါ 😁
(စတာပါ စတာပါဗျာ 😇)
နှစ်ဆန်း ၂ရက်နေ့ ဆိုင်လေးပုံမှန်အတိုင်း
ပြန်ဖွင့်ပါမယ်နော် 😇
04/04/2026
၂ဝ၂၆ ဧပြီလ အတွက် လာမယ့် Sunday ဆိုင်လေးပုံမှန်ပိတ်ရက် ၂ပတ်တကြိမ် တနင်္ဂနွေပိတ်ရက်မို့
၆ရက်နေ့ ပိတ်ပါမည်ဖြစ်ကြောင်း အမျိုးတို့ကို ကြိုတင်အသိပေးပါရစေနော် ☺️
Monday မှာပြန်တွေ့ကြမယ်နော် ☕️ #☕
21/03/2026
၂၂ရက်နေ့ ဆိုင်လေးပိတ်မှာပါနော် ☕️
13/03/2026
📚☕️
ကော်ဖီသောက်ရင်း ☕️
စာအုပ်လေးတွေဖတ်ချင်ရင်ဖတ်လို့ရအောင် မနှစ်ကဒီဇင်ဘာလောက်က အကြံရတယ် 😊
ဒါနဲ့ဘဲ စာအုပ်စင်လေး အဟောင်းတန်းကနေ ဝယ်ဖြစ်လိုက်တယ်
စာအုပ်တွေ ဘယ်လိုဖြည့်ကြမလဲပေါ့ 😬
ဒီလိုနဲ့ရှိတာလေးတွေ ၄-၅-၁၀ အုပ်စတင်ခဲ့တယ်
ဘာဘဲဖြစ်ဖြစ် ဆိုပြီးစတင်ခဲ့တယ်
တဖြေးဖြေးနဲ့ ကော်ဖီသောက်ရင်းယူဖတ်ကြတယ်
ပီတိပေါ့ဗျ 😇
ဒါနဲ့တချို့က အိမ်ကစာအုပ်လေးတွေလာထားလို့ရမလားဆိုပြီးမေးတော့
သိပ်ရတာပေါ့ဗျာ 😃
ဒါနဲ့ဘဲ အခုတော့ စာအုပ်စင်ပြည့်တာတင်မကဘူး
ဘေးမှာပါထပ်ထားရပြီ 😇
မထင်ထားဘူး တချို့တန်ဘိုးရှိ ရှာမရတဲ့စာအုပ်တွေပါ လာထားကြတယ်
အများကြီးလာထားကြတယ်ဗျာ 🥰
စာအုပ်တွေပံပိုးပေးကြသူအယောက်တိုင်းကို
တကယ်ကိုဘဲလှိုက်လှိုက်လှဲလှဲကျေးဇူးပါ 😊
အခုတော့ အများကောင်းမှုစာအုပ်စင်လေးမှာလာထားတဲ့ စာအုပ်လေးတွေကို Strada တံဆိပ်တုံးလေးရိုက်နှိပ်ပြီးအမှတ်အသားလုပ်ထားပါတယ်
တခါတလေမှားပါသွားတာမျိုး
ဘယ်ကယူလာမှန်းမေ့သွားတာမျိုးဆိုရင်လည်း ဒီနေရာလေးမှာပြန်လာထားလို့ရအောင်ပါ 😇
#စာအုပ်စာပေလူ့မိတ်ဆွေ
07/03/2026
ကျန်းမာရေးကဏ္ဍ ပြန်လည်မျှဝေသည် 🩺
ကော်ဖီသောက်ပြီးရင် ဘာလို့ အိမ်သာသွားချင်ကြတာလဲ ?
ကော်ဖီသောက်ပြီးတာနဲ့ ဗိုက်ထဲကရစ်ပြီး
အိမ်သာသွားချင်စိတ် ချက်ချင်းပေါက်လာတာမျိုး ကြုံဖူးကြလား။ သင်တစ်ယောက်တည်း ဒီလိုဖြစ်တာမဟုတ်သလို ဒါဟာ စိုးရိမ်စရာ လက္ခဏာတခုလည်း မဟုတ်ပါဘူး။
ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို နားလည်လွယ်တဲ့ အချက်လေးတွေနဲ့ ရှင်းပြပေးပါ့မယ်။
၁။ ကော်ဖီက အူလမ်းကြောင်းကို နှိုးဆော်ပေးတယ်
လူတော်တော်များများက ကော်ဖီသောက်ရင် စိတ်ကြည်လင်လန်းဆန်းစေတယ်လို့ပဲ သိထားကြတာပါ။ တကယ်တော့ ကော်ဖီက အစာခြေစနစ်ကိုပါ လှုပ်နှိုးပေးလိုက်တာပါ။ ကော်ဖီသောက်လိုက်တဲ့အခါ အူမကြီးထဲက ကြွက်သားတွေကို လှုပ်ရှားလာအောင် တိုက်တွန်းပေးတဲ့အတွက် အစာဟောင်းတွေကို စွန့်ထုတ်ချင်စိတ် ပေါ်လာစေတာ ဖြစ်ပါတယ်။ အချို့သူတွေမှာဆိုရင် သောက်ပြီး မိနစ်ပိုင်းအတွင်းမှာတင် သိသိသာသာ ခံစားရတတ်ပါတယ်။
၂။ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု
ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲကို အစားအသောက်တစ်ခုခု ဝင်လာပြီဆိုရင် အူမကြီးက နေရာဖယ်ပေးဖို့ အလိုအလျောက် အချက်ပေးစနစ် ရှိပါတယ်။ ကော်ဖီက အခြားဖျော်ရည်တွေ ဒါမှမဟုတ် ရေသောက်တာထက်စာရင် အဲဒီအချက်ပေးစနစ်ကို ပိုပြီးမြန်မြန်ဆန်ဆန် အလုပ်လုပ်စေပါတယ်။
၃။ ကော်ဖီမှာပါတဲ့ ဓာတ်ပစ္စည်းတွေရဲ့ အာနိသင်
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က လူကို တက်ကြွစေရုံတင်မကဘဲ အစာခြေစနစ်ကို ထိန်းချုပ်တဲ့ အာရုံကြောတွေကိုပါ သွားရောက်လှုပ်နှိုးပေးပါတယ်။ ဒါကြောင့်
* အူလမ်းကြောင်း လှုပ်ရှားမှု မြန်လာမယ်။
* အူမကြီးက ပိုပြီး အလုပ်လုပ်လာမယ်။
* အညစ်အကြေး စွန့်ထုတ်မှုကို ပုံမှန်ထက် ပိုမြန်စေပါတယ်။
ထူးခြားတာက ကဖင်းဓာတ်မပါတဲ့ Coffee (Decaf) သောက်ရင်တောင် ဒီလိုမျိုး အိမ်သာသွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ ကော်ဖီမှာပါတဲ့ တခြားဓာတ်ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၄။ အအေးထက် အပူက ပိုထိရောက်တယ်
ပူပူနွေးနွေး သောက်စရာတွေက အစာခြေလမ်းကြောင်းကို ပြေလျော့စေပြီး လှုပ်ရှားမှုဖြစ်အောင် ကူညီပေးပါတယ်။ ကော်ဖီကို အပူသောက်လေ့ရှိတာကြောင့် အစာခြေစနစ်ကို ပိုပြီး လှုပ်နှိုးပေးသလို ဖြစ်စေပါတယ်။
၅။ လူတိုင်းမှာ ဘာလို့ မဖြစ်တာလဲ
ကော်ဖီသောက်တိုင်း အိမ်သာပြေးရသူတွေ ရှိသလို ဘာမှမဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ အကြောင်းရင်းကတော့
* အချို့သူတွေက ကဖင်းဓာတ်နဲ့ ပိုပြီးတည့်တာ (သို့မဟုတ်) ပိုပြီးတုံ့ပြန်လွယ်တာကြောင့်ပါ။
* တစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်း ကျန်းမာရေး အခြေအနေ မတူကြပါဘူး။
* အူလမ်းကြောင်း နုသူတွေမှာ ပိုပြီး သိသာတတ်ပါတယ်။
လူတိုင်းရဲ့ အစာခြေစနစ်က လက်ဗွေရာလိုပဲ တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ ထူးခြားကြပါတယ်။
စိုးရိမ်စရာ ရှိလား?
မရှိပါဘူး။ ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး သင့်အစာခြေစနစ်က ကောင်းကောင်း အလုပ်လုပ်နေတယ်ဆိုတဲ့ သဘောပါ။
ဒါပေမဲ့ ကော်ဖီသောက်တိုင်း-
* ဗိုက်အရမ်းအောင့်တာ
* အမြဲတမ်း ဝမ်းလျှောတာ
* မထိန်းနိုင်လောက်အောင် အရေးပေါ် ဖြစ်တာမျိုးတွေ ရှိလာရင်တော့ လျှော့သောက်ဖို့ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။
အတိုချုပ်ပြောရရင် ကော်ဖီက သင့်ဦးနှောက်ကိုတင် မဟုတ်ဘဲ အစာအိမ်နဲ့အူလမ်းကြောင်းကိုပါ နှိုးပေးတာပါ။
သင်ရော ဒီမနက်ကော်ဖီသောက်ပြီး အိမ်သာပြေးခဲ့ရသေးလား?
The Body Hack pageမှစာများကို လွတ်လပ်စွာပြန်share လို့ရပါတယ်။
Copyကူးပြီးပြန်တင်ခွင့်တော့ မည်သူ့ကိုမှ မပေးပါ‼️
နောက်ထပ် ဘယ်ကျန်းမာရေးအကြောင်းအရာ တင်ပေးရမလဲဆိုတာကို ကွန်းမန့်မှာ တောင်းဆိုနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
https://www.facebook.com/share/p/1CjDX9TQ9x/?mibextid=wwXIfr
06/03/2026
၈ရက်နေ့ Sunday ဆိုင်လေးပိတ်ရက်လေးပါနော်
မေ့နေမှာစိုးလို့
အော် ဒါနဲ့ (ဆိုင်ပိတ်တာ စုံရက်နော် 😁)
02/03/2026
2026 March လအတွင်း ပုံမှန် ၂ပတ်တခါ Sunday
ဆိုင်ပိတ်ရက်လေးတွေကြိုတင်ဖော်ပြလိုက်ပါတယ်
နောက်တပုံကတော့ 'စာဖတ်ကြသူများ' အမှတ်တရပုံလေးတွေပါ 😇
22/02/2026
🚫ယနေ့ဆိုင်လေးပိတ်ပါတယ်နော်📵
၂၂-၀၂-၂၀၂၆ Sunday ဆိုင်လေးပိတ်ပါတယ်
၂ပတ် တခါ တနင်္ဂနွေနေ့တိုင်း ရဲ့ ဆိုင်ပိတ်ရက်လေးမို့ 😇
ဒီနေ့ကစပြီး ဆိုင်ပိတ်ရက်တိုင်း ဆိုင်ဖုန်းလေးလည်းပိတ်မှာဖြစ်ပါကြောင်းနဲ့ နောက်နောင်ဆိုင်ပိတ်ရက်တိုင်းမှာလည်း ဆိုင်းဖုန်းလေးပိတ်မှာဖြစ်တဲ့အကြောင်း ကြိုတင်အသိပေးပါရစေနော် 🙏📵
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 08:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |
| Sunday | 08:30 - 18:00 |