Quality Language Centre

Quality Language Centre

Share

"See your better version here; Evolve through learning"

09/06/2026

Sharing Our Future Vision by our Co-Founder, Teacher Min Min Thant

သင်တန်းဆင်းပွဲ အခမ်းအနားရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အစီအစဉ်တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ Quality Language Centre ရဲ့ Co-Founder တီချယ်မင်းမင်းသန့်ရဲ့ "ရှေ့ဆက်မယ့် အစီအစဉ်များ ပြောကြားခြင်း" ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

မိဘများ ယုံကြည်စိတ်ချစွာနဲ့ လက်တွဲနိုင်ဖို့ ကျောင်းရဲ့ တိုးတက်ပြောင်းလဲလာမယ့် အနာဂတ်လုပ်ငန်းစဉ်တွေကို တီချယ်မင်းမင်းသန့်ရဲ့ ရင်တွင်းစကားများနဲ့အတူ အတူတကွ နားဆင်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

08/06/2026

💙A Recap of Summer Activities by our Co-Founder, Teacher Zin Thwe Linn

သင်တန်းဆင်းပွဲ အခမ်းအနားမှာ ကျွန်တော်တို့ Quality Language Centre ရဲ့ Co-Founder တီချယ်ဇင်သွယ်လင်းက နွေရာသီမှာ ကလေးတွေနဲ့အတူ သင်ယူဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ အဖိုးတန်လှတဲ့ Activity တွေအကြောင်းကို ပြန်လည်ပြောကြားပေးခဲ့ပါတယ်။

ကလေးတွေ ဘယ်လိုအတွေ့အကြုံသစ်တွေ ရရှိခဲ့ကြလဲဆိုတာ တီချယ်ဇင်သွယ်လင်းရဲ့ ရင်ထဲကစကားလုံးများနဲ့အတူ အတူတကွ နားဆင်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

Photos from Quality Language Centre's post 07/06/2026

🎉💙 Celebrating the Hard Work and Success of Our Students!

သင်တန်းဆင်းပွဲ အခမ်းအနားရဲ့ အနှစ်သာရအရှိဆုံး အစီအစဉ်တစ်ခုဖြစ်တဲ့ Certificate ပေးအပ်ခြင်း ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။

ကလေးတို့ စာပေပညာရပ်တွေကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်အောင်မြင် ပြီးမြောက်နိုင်ဖို့ အနောက်ကနေ အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ။

06/06/2026

A Heartfelt Thank You Speech by our Co-Founder, Sayar Zin Thaw Htun

သင်တန်းဆင်းပွဲ အခမ်းအနားရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ Quality Language Centre ရဲ့ Co-Founder ဆရာဇင်သော်ထွန်းရဲ့ ကျေးဇူးတင်စကားနှင့် အမှာစကားပြောကြားခြင်း ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

မိဘများနှင့် ကျောင်းသား/သူများအတွက် အားတက်စရာ စကားလုံးများ၊ ရှေ့ဆက်ရမယ့် အနာဂတ် ရည်မှန်းချက်တွေအပြင် ဆရာတစ်ယောက်ရဲ့ ရင်တွင်းခံစားချက် ပီတိစကားများကို အတူတကွ နားဆင်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။

06/06/2026

🧠 Singapore Maths သင်တန်းများစတင်နေပါပြီ 🏆🎉

ခွဲခြမ်းစိတ်ဖြာတွေးခေါ်မှု (Critical Thinking) နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving Skills) တွေကို အကောင်းဆုံး ပျိုးထောင်ပေးနိုင်တဲ့ Singapore Maths သင်တန်းတန်းခွဲအသစ်များ Quality Language Centre မှာ စတင်ဖွင့်လှစ်နေပါပြီ။ 🥳🥳

ဒီသင်တန်းမှာ ကလေးတို့ရဲ့ အသက်အရွယ်နှင့် အတန်းအဆင့်အလိုက် အခြေခံကစပြီး စနစ်တကျ သင်ကြားပြသပေးသွားမှာ ဖြစ်လို့ သင်္ချာကို ကြောက်တဲ့ ကလေးပဲဖြစ်ဖြစ်၊ ပိုပြီး တော်ချင်တဲ့ ကလေးပဲဖြစ်ဖြစ် တက်ရောက်ဖို့ အသင့်တော်ဆုံးပါပဲ။

🔹🔹ဖွင့်လှစ်မည့် သင်တန်းအချိန်ဇယားများ

🔹Basic Maths Foundation
အသက်: ၄ နှစ် နှင့် ၅ နှစ်
သင်တန်းအချိန်: ညနေ 6:00 PM မှ 7:00 PM ထိ
တက်ရောက်ရမည့်ရက်:သောကြာ၊ စနေ၊ တနင်္ဂနွေ

🔹Singapore Maths (Year 1 & 2)
သင်တန်းအချိန်:ညနေ 4:00 PM မှ 5:00 PM ထိ
တက်ရောက်ရမည့်ရက်:သောကြာ၊ စနေ၊ တနင်္ဂနွေ

🔹Singapore Maths (Year 4)
သင်တန်းအချိန်:ညနေ 5:00 PM မှ 6:00 PM ထိ
တက်ရောက်ရမည့်ရက်:သောကြာ၊ စနေ၊ တနင်္ဂနွေ

🔹🔹Singapore Maths ရဲ့ အားသာချက်က ဘာလဲ?

ရိုးရိုး အလွတ်ကျက်မှတ်တဲ့ စနစ်မဟုတ်ဘဲ အရာဝတ္ထုတွေ၊ ပုံရိပ်တွေကနေတစ်ဆင့် သင်္ချာသဘောတရားကို နားလည်အောင် သင်ကြားပေးတဲ့ CPA (Concrete, Pictorial, Abstract) Approach ကို အသုံးပြုထားလို့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းရန်
ကျောင်းမျက်နှာစာ Chat Box ကနေဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်ကနေဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞 09 426 162 148
📍 ကန်သာB(၃)လမ်းနှင့် မန်ကျည်းပင်လမ်းထောင့်၊ မကွေးမြို့။

Photos from Quality Language Centre's post 06/06/2026

Congratulations to our wonderful students! (Part 2)

ကျွန်တော်တို့ Quality Language Centre ရဲ့ သင်တန်းဆင်းပွဲ စင်မြင့်ထက်မှာ အတောက်ပဆုံး ခြေလှမ်းတွေ၊ အယုံကြည်ဆုံး အပြုံးတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ကလေးတို့ရဲ့အမှတ်တရပုံရိပ်လေးတွေ ရောက်ရှိလို့လာပါပြီ။

စင်ပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ တောက်ပနေတဲ့ ကလေးတို့ရဲ့ မျက်နှာလေးတွေကို မြင်ရတာ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေအတွက်တော့ အတိုင်းမသိ ပီတိဖြစ်ရတဲ့ နေ့ရက်လေးပါပဲ။ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ အရည်အချင်းတွေကို အကောင်းဆုံး ချပြနိုင်ခဲ့တဲ့ သားသားမီးမီးတို့အတွက် အထူးဂုဏ်ယူမိပါတယ်ခင်ဗျာ။

Photos from Quality Language Centre's post 05/06/2026

Congratulations to our wonderful students!
Part-1

သင်တန်းဆင်းပွဲနေ့မှာ မိဘအုပ်ထိန်းသူတွေနဲ့အတူ Photo Booth မှာ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးခဲ့ကြတဲ့ သားသားမီးမီးတို့ရဲ့ အမှတ်တရ ဓာတ်ပုံလေးတွေပါ။

ကျွန်တော်တို့ကျောင်းအပေါ် အမြဲတမ်း ယုံကြည်စိတ်ချပြီး ပူးပေါင်းပါဝင်ပေးကြတဲ့ မိဘအုပ်ထိန်းသူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကလေးတို့ရဲ့ အောင်မြင်မှုနောက်ကွယ်က အဓိကတွန်းအားက မိဘတွေရဲ့ ပံ့ပိုးမှုတွေပဲဖြစ်ပါတယ် ❤️။

သားသားမီးမီးတို့အားလုံးရဲ့ ပညာရေးလမ်းခရီး အမြဲဖြောင့်ဖြူးပါစေ…

04/06/2026

အလွတ်ကျက် အပေါ်ယံစကားပြောရုံမျှဖြင့် သင့်အင်္ဂလိပ်စာစွမ်းရည် တကယ်တိုးတက်လာပြီဟု ထင်ပါသလား။

ဘာသာစကားတစ်ခုကို လေ့လာရာတွင် အခြေခံအုတ်မြစ် မခိုင်မာဘဲ အခြေအနေအနည်းငယ်မျှကိုသာ အလွတ်ကျက်မှတ် ပြောဆိုခြင်းသည် ပြင်ပလောက လက်တွေ့အသုံးချမှုနယ်ပယ်တွင် များစွာအခက်အခဲဖြစ်စေပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ Quality Language Centre သည် အပေါ်ယံရလဒ်ထက် စနစ်တကျနှင့် တကယ်တတ်မြောက်မှုကိုသာ ဦးတည်သည့် Speaking Level 1 Course ကို (Batch-2) အနေနဲ့ ထပ်မံ ဖွင့်လှစ်လိုက်ပါပြီ။

💎 အဘယ်ကြောင့် ကျွန်ုပ်တို့၏ Level 1 Course ကို ရွေးချယ်သင့်သနည်း။

🔹စနစ်တကျ အခြေခံအုတ်မြစ်ချခြင်း (Solid Foundation - ၁ လ)
သင်တန်းစတင်သည်နှင့် စာအုပ်ကို တန်းမသင်ပါ။ ပထမဆုံးတစ်လလုံးတွင် အင်္ဂလိပ်စာ၏ အသက်ဖြစ်သော မှန်ကန်သော အသံထွက် (Pronunciation)၊ မရှိမဖြစ်လိုအပ်မည့် ဝေါဟာရ (Vocabulary) နှင့် အခြေခံ Grammar စနစ်များကို စိတ်ရှည်လက်ရှည် အခြေခံပြန်လည် တည်ဆောက်ပေးပါမည်။

🔹ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်း (Cambridge Curriculum)
အခြေခံခိုင်မာသွားပြီးနောက် Cambridge University Press ၏ Real Listening & Speaking 1 သင်ရိုးကို အသုံးပြု၍ နေ့စဉ်လူမှုဘဝနှင့် လုပ်ငန်းခွင် လက်တွေ့နယ်ပယ်တွင် တကယ်အသုံးချရမည့် စကားပြောစွမ်းရည်များကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးသွားမည် ဖြစ်သည်။

🔹 အရည်အသွေးစစ်ဆေးခြင်း (Double Presentation Assessment)
သင်တန်းသားများ၏ တိုးတက်မှုကို အပေါ်ယံမဆုံးဖြတ်ဘဲ သင်တန်းကာလအတွင်း Formal Presentation (၂) ကြိမ် တိတိကျကျ ပြုလုပ်စေမည် ဖြစ်သည်။ ပထမအကြိမ်တွင် လိုအပ်ချက်များကို ဆရာကိုယ်တိုင် စနစ်တကျ ပြုပြင်ပေးမည်ဖြစ်ပြီး၊ ဒုတိယအကြိမ်တွင် ပိုမိုပြည့်စုံ ကောင်းမွန်သော အရည်အသွေးသို့ ရောက်ရှိမှသာ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သင်တန်းဆင်းပေးမည် ဖြစ်သည်။

🏆ဤသင်တန်းသည် မည်သူတို့အတွက်လဲ။

🔹အင်္ဂလိပ်စကားကို အခြေခံကစပြီး သီအိုရီရော လက်တွေ့ပါ ပိုင်ပိုင်နိုင်နိုင် ပြောဆိုချင်သူများ။
🔹အလွတ်ကျက်စနစ်ကို စွန့်လွှတ်ပြီး မိမိကိုယ်ပိုင် စိတ်ကူးဖြင့် ယုံကြည်မှုရှိရှိ အင်္ဂလိပ်လို Presentation လုပ်လိုသူများ။
🔹ရေရှည်ပညာရေးနှင့် လုပ်ငန်းခွင်အတွက် ခိုင်မာသော အင်္ဂလိပ်စာ အုတ်မြစ်တစ်ခုကို တည်ဆောက်ချင်သူများ။

ကျွန်ုပ်တို့သည် အရေအတွက်ထက် အရည်အသွေးကိုသာ အဓိကထားပါသည်။ သင်တန်းသားတစ်ဦးချင်းစီ၏ ထိရောက်မှုအတွက် သတ်မှတ်လူဦးရေအတိုင်းသာ လက်ခံသွားမည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။

နောင်တမရမည့် ပညာရေး ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် အခုပဲ စုံစမ်းစာရင်းသွင်းလိုက်ပါ။

🔹🔹🔹သင်တန်းအသေးစိတ် အချက်အလက်များ

🔹သင်တန်းကာလ: ၄ လ
🔹သင်တန်းရက်နှင့် အချိန်: Sat & Sun , 1:00 pm to 2 pm
🔹သင်တန်းကြေး: 75000 MMK for each month
သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်:
Page Messenger
ဖုန်းနံပါတ်: 09426162148
လိပ်စာ: ကန်သာB၊၃လမ်းနှင့် မန်ကျီးပင်လမ်းထောင့်၊ မကွေးမြို့။

Photos from Quality Language Centre's post 31/05/2026

💙 ရင်သွေးငယ်တွေရဲ့ အနာဂတ်အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ဖို့နဲ့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ စွမ်းရည်တွေကို အဆင့်မြှင့်တင်ပေးမယ့် Quality Language Centre ရဲ့ ဇွန်လတန်းခွဲသစ်များ ကို စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

🔹ကလေးငယ်များအတွက် အခြေခံအကျဆုံး Phonics ကနေစလို့ နိုင်ငံတကာအဆင့်မီ Singapore Math၊ Cambridge Exam အကြိုတန်းခွဲများနဲ့ သဒ္ဒါပိုင်းစနစ်တကျ ကျွမ်းကျင်စေမယ့် Grammar အဆင့်ဆင့်အပြင် လူကြီးမင်းတို့အတွက် Speaking Class အထိ ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်။

🎓 ဖွင့်လှစ်မည့် သင်တန်းများနှင့် အသေးစိတ် အချက်အလက်များ

📘 Grammar & Language Structural Foundation

• Grammar (Level 1, 2, 3): အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး | ဇွန်လ (၂) ရက်နေ့ စတင်မည်။

• Grammar (Level 4, 5, 6): သောကြာ၊ စနေ၊ တနင်္ဂနွေ သင်တန်းခွဲများ | ဇွန်လ (၄, ၅, ၆) ရက်နေ့များတွင် အသီးသီး စတင်မည်။

• Pre-Starters & Starters to Movers: စနေ၊ တနင်္ဂနွေ သင်တန်းခွဲများ | ဖောင်ဒေးရှင်းခိုင်မာစေရန် အထူးသင်ကြားပေးမည့်အတန်းများ။

• Pre-KET: စနေ၊ တနင်္ဂနွေ | Cambridge အဆင့်မီ စာမေးပွဲပြင်ဆင်မှုအတန်း။

📙 International Standards (Phonics, Math & Exam Prep)

• Oxford Phonics Level 1: စနေ၊ တနင်္ဂနွေ | အသံထွက်နှင့် ဖတ်ရှုခြင်းစွမ်းရည်အတွက် အခြေခံအကျဆုံးအတန်း။

• Phonics Training for Parents & Teachers (Batch 2): စနေ၊ တနင်္ဂနွေ | ရင်သွေးငယ်များကို ကိုယ်တိုင်ပြန်လည် လမ်းညွှန်ပေးနိုင်မည့် အထူးသင်တန်း။

• Singapore Math (Primary 1, 2, 4 & Secondary 1): သောကြာ၊ စနေ၊ တနင်္ဂနွေ | ဝေဖန်ပိုင်းခြားတွေးခေါ်မှု စွမ်းရည်မြှင့် သင်္ချာအတန်းများ။

🗣️ Adult Communication
• Speaking Class for Adults (Batch 2): စနေ၊ တနင်္ဂနွေ | လူမှုပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်တွင် ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ရန်။

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် အပ်နှံရန်:

• Phone: 09 426 162 148
• page Messenger
• လိပ်စာ: ကံသာB (၃) လမ်းနှင့် မန်ကျီးပင်လမ်းထောင့်၊ မကွေးမြို့။

20/05/2026

🎓 အောင်မြင်မှု မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြတဲ့ သင်တန်းသား/သူတို့အတွက် ဂုဏ်ပြုဖို့ အချိန်ရောက်လာပါပြီ။

🎓 ကျွန်တော်တို့ရဲ့ Certificate Awarding Ceremony မှာ အမှတ်တရ Activities တွေ အတူတူလုပ်ရင်း ဆင်တူဝတ်ဆင်ကြမယ့် Official T-Shirt လေးကို စတင်ဝယ်ယူရရှိနိုင်ပါပြီ ခင်ဗျာ။

🎓 Minimalist ဆန်ဆန်နဲ့ Modern ဖြစ်တဲ့ ဒီဇိုင်းလေးမို့လို့ ပွဲနေ့တင်မကဘဲ ပြင်ပမှာလည်း နေ့စဉ် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျကျ ရိုးရှင်းစွာ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

အမှတ်တရနေ့ရက်လေးမှာ အားလုံးနဲ့အတူ တစ်သားတည်း ရှိနေဖို့ ခုပဲ မှာယူလိုက်ရအောင်ဗျာ။

📞 ဖုန်းဖြင့် ဆက်သွယ်ရန်: 09 426 162 148
💬 သို့မဟုတ်: Page Messenger မှတစ်ဆင့် မိမိတို့နှစ်သက်ရာ Size ကို အတိအကျ မေးမြန်းမှာယူနိုင်ပါတယ်ခင်ဗျာ။

Want your school to be the top-listed School/college in Magway?
Click here to claim your Sponsored Listing.

Address

Corner Of Kanthar 3rd Street And Magyipin Street, Kanthar Qtr
Magway
04011