A Misfit Is Me
I don’t fit in with the crowd, but I remain myself.
တချို့ကပြောကြတယ် ကဗျာဟာ ယုတ္တိမဆန်ဘူးတဲ့ တကယ်ရောဟုတ်ရဲ့လားကိုယ့်လူရေ ကဗျာတေစိတ်ကူးယဉ်ဆန်လွန်းရင် ကမ္ဘာမာ ကဗျာဆိုတာတောင် ရှိခဲ့မယ်မထင်ဘူး ။
Misfit Is Me
ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်တဲ့
အလကားကောင်ပါ
ဘဝမှာ မဖြစ်ချင်တာတွေ
ခပ်များများနဲ့ကောင်ပါ ။
#မောင်ချောနွယ်
မျက်လုံးတစ်ဖက်အတွက် မျက်လုံးတစ်ဖက် ပေး လျော် ကြ စတမ်းဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံး မျက်ကန်းတွေပဲ ဖြစ်ကုန်တော့မပေါ့
ဓားနှင့် အသက်ရှင်နေသူဟာ ဓားနဲ့ပဲ သေရလိမ့်မယ်”
“မေတ္တာဟာ နှစ်ဖက်ဓားသွားနဲ့တူတယ်။ ဒီဓားကို လာလုရင် လုတဲ့သူက အထိအရှ ဖြစ်မှာပဲ'
ကလေးတစ်ယောက်ရဲ့ဆုတောင်း
တီဗွီထဲက စစ်သတင်းတွေ ကာတွန်းကားတွေ ဖြစ်ပါစေ။ တင့်ကားစစ်လက်နက်စစ်ယာဉ်တွေ ချောကလက်ကြီးတွေ ဖြစ်ပါစေ။ ခဲယမ်းမီးကျောက် ကျည်ဆန်တွေ မုန့်ပုံးစားစရာ ဖြစ်ပါစေ။ စစ်မြေစစ်တလင်း လူသတ်ကွင်းတွေ ကစားကွင်းတွေ ဖြစ်ပါစေ။ ယမ်းခိုးယမ်းငွေ့ တဝေဝေ ငွေနှင်းပွင့်တွေ ဖြစ်ပါစေ။ အိုးစည်ဗုံမောင်းခြိမ့်ခြိမ့်ညံ ဗျောသံစည်သံ ရွမ်းပါစေ။ သာဓုခေါ် သံလွှမ်းပါစေ။ ပန်းတွေမွှေးပါစေ။ စမ်းရေအေးပါစေ။ ချစ်သောကိုယ်စိတ် မြဲနိုင်ကြပါစေ-
မေတ္တသုတ်ကိုရွတ်ပါများရင်
ကိုယ့်အပေါ် မေတ္တာမစစ်မှန်တဲ့သူတွေ
အနားကနေအလိုလိုထွက်သွားကြသတဲ့
ကိုယ့်မှာတော့ အက်အထဲ
မင်းပါနေမှာကိုတော့စိုးမိပါရဲ့
ချစ်တာတော့ ဟုတ်ပါပြီ
ချစ်တာရော ဟုတ်ရဲ့လားဆိုတဲ့ စာသားမှာ
အချစ်မခံရတော့တဲ့ အချိန်မာ
ချစ်တာရော ဟုတ်ရဲ့လားလို့
တွေးမိကြမယ် ထင်တယ်
ကိုယ်ကတော့ အမြဲပြောနေကျ စကားတခုရှိတယ် မချစ်တော့တဲ့အခါ
အားမနာနဲ့ဆိုတဲ့ စကားလေး
မချစ်တော့တဲ့အခါ
မချစ်တော့တဲ့အကြောင်း
မချစ်နိုင်တော့တဲ့အကြောင်း
ပြောပါဆိုတဲ့ ကတိပေါ့ ။
Misfit Is Me
အချစ်ရှိတဲ့နေရာမာ
မေတ္တာရှိတယ်တဲ့
မေတ္တာမရှိနိုင်လို့
လှည့်ပြန်ခဲ့ရတဲ့ အဖြစ်မျိုး
ကျွန်တော် လက်ခံခဲ့ရတယ်။
Misfit Is Me
04/10/2025
Cowboy Bebop ဆိုတဲ့ Masterpiece Anime ရဲ့ Protagonist ဖြစ်တဲ့ Spike ကသူ့ရဲ့ Cool ဖြစ်တဲ့ပုံစံ၊ ဘာကိုမှသိပ်ပြီးတွယ်တာမနေတတ်တဲ့ Attitude နဲ့ သူ့ရဲ့အတိတ်ကအရိပ်တွေကြောင့် fan တွေရဲ့ရင်ထဲမှာနေရာယူထားတဲ့ Character တစ်ယောက်ပါ။
"အဆုံးသတ်မှာတော့ ငါတို့အားလုံးက တစ်ယောက်တည်းပါပဲ" တဲ့ ... ဒီစကားက နည်းနည်းတော့ အေးစက်စက်နိုင်တယ်။ ဒါပေမဲ့ စဉ်းစားကြည့်လိုက်ရင် ဒါက အမှန်တရားတစ်ခုဆိုတာကို ကျွန်တော်တို့လက်ခံရပါလိမ့်မယ်။ Social Media ခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေ Follower တွေ၊ Friend တွေ၊ Group Chat တွေနဲ့ ဝိုင်းဝိုင်းလည်နေပေမဲ့ တစ်ခါတစ်လေ ညဘက်အခန်းထဲမှာတစ်ယောက်တည်းဖြစ်နေချိန်မှာ ဒါမှမဟုတ် ကိုယ့်ရဲ့အနာဂတ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချရတော့မယ့်အချိန်မှာ ဒီလိုခံစားချက်မျိုးဝင်လာတတ်ပါတယ်။ Like တွေ၊ Comment တွေကြားမှာပျော်နေရင်းက ရုတ်တရက် "ငါတစ်ယောက်တည်းပါလား" ဆိုတဲ့အတွေးက ဝင်လာတတ်တယ်။
Spike ရဲ့ဘဝကိုကြည့်ရင် သူက Bebop Crew နဲ့အတူရှိနေခဲ့တယ်။ Jet, Faye, Ed, Ein ဆိုတဲ့ သူ့ရဲ့ထူးဆန်းတဲ့ မိသားစု (Dysfunctional Family) တစ်ခုသူ့မှာရှိခဲ့တယ်။ သူတို့တွေ အတူတူ Bounty တွေလိုက်ကြ၊ ခေါက်ဆွဲပြုတ်တွေစားကြ၊ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ ခရီးဆက်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီမှာ ကိုယ်စီအတိတ်တွေ၊ ကိုယ်စီဘဝဒဏ်ရာတွေနဲ့ တစ်ယောက်တည်းရင်ဆိုင်ရတဲ့အချိန်တွေရှိခဲ့တယ်။ Spike က Julia နဲ့ သူ့အတိတ်ကိုတစ်ယောက်တည်းသယ်ပိုးထားသလို၊ Jet ကလည်း သူ့ရဲ့ရဲဘော်ဘဝကအမာရွတ်တွေကိုတစ်ယောက်တည်းကုစားနေရတာပါ။ Faye ကတော့ သူ့ရဲ့တစ်စစီဖြစ်နေတဲ့ Memory တွေကိုတစ်ယောက်တည်းပြန်ဆက်နေရသူပေါ့။
သူတို့ရဲ့ပုံပြင်က ကျွန်တော်တို့ကိုတစ်ခုသင်ပေးနေပါတယ်။ "တစ်ယောက်တည်းဖြစ်ခြင်း" နဲ့ "တစ်ကိုယ်တည်းရှိနေခြင်း" ဟာမတူဘူးဆိုတာပါပဲ။ ကျွန်တော်တို့ဘဝထဲကို လူတွေဝင်လာကြမယ်၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ချစ်ရသူတွေနဲ့ အတူတူခရီးဆက်ကြမယ်။ ဒီဆက်ဆံရေးတွေက ကျွန်တော်တို့ရဲ့အထီးကျန်ဆန်တဲ့အစိတ်အပိုင်းတွေကို ယာယီအားဖြင့်နွေးထွေးစေတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ့်ရဲ့အိပ်မက်တွေ၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင်ပဲရင်ဆိုင်ရမှာပါ။
ဒါကို Spike ကလက်ခံထားပြီးသား။ ဒါကြောင့်လည်း သူက အရာရာကိုပေါ့ပေါ့ပါးပါးနဲ့ "Whatever happens, happens" ဆိုပြီး လက်ခံထားနိုင်တာပါ။ အဆုံးသတ်မှာတစ်ယောက်တည်းဖြစ်ရမယ်ဆိုတဲ့အသိက သူ့ကိုကြောက်လန့်မနေစေဘူး။ ဒါက လောကရဲ့သဘာဝပဲလို့ သူမြင်တယ်။
ဒီအတွေးအခေါ်က Modern life style နဲ့လည်း အံဝင်ပါတယ်။ ကျွန်တော်တို့တွေ "Main Character Energy" ဆိုပြီး ကိုယ့်ဘဝကိုကိုယ်တိုင်ပုံဖော်နေကြတဲ့ခေတ်မှာ ဒီလို "တစ်ယောက်တည်းဖြစ်ခြင်း" ကိုလက်ခံနိုင်စွမ်းက အရေးကြီးပါတယ်။ ဒါက အားငယ်ခြင်းမဟုတ်ဘူး၊ အားနည်းခြင်းလည်းမဟုတ်ဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုမှီခိုရပ်တည်နိုင်ခြင်း နဲ့ လွတ်လပ်ခြင်းရဲ့အခြေခံတစ်မျိုးပဲ။ ဘဝခရီးလမ်းမှာ ကျွန်တော်တို့ Bebop Crew လိုမျိုး အဖော်တွေနဲ့တွေ့ဆုံရလိမ့်မယ်။ သူတို့နဲ့အတူ ရယ်မောမယ်၊ ငိုကြွေးမယ်၊ အမှတ်တရတွေဖန်တီးမယ်။ ပြီးတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရမယ့်အချိန်လည်းရောက်လာမယ်။
Spike ပြောခဲ့သလိုပါပဲ၊ အဆုံးသတ်မှာတော့ ကျွန်တော်တို့အားလုံးဟာ တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ အဲ့ဒီ "အဆုံးသတ်" မရောက်ခင်အထိ ကျွန်တော်တို့ဖန်တီးခဲ့တဲ့ အမှတ်တရတွေ၊ မျှဝေခံစားခဲ့တဲ့အချိန်တွေကသာ တကယ်တန်ဖိုးရှိတာပါ။ အရေးကြီးတာက ခရီးဆုံးမဟုတ်ဘူး၊ ခရီးလမ်းတစ်လျှောက်က မြင်ကွင်းတွေပဲမဟုတ်လား။
ဒါကြောင့် နောက်တစ်ခါ "ငါတစ်ယောက်တည်းပါလား" လို့ခံစားရတဲ့အခါ Cowboy Bebop ထဲက Jazz သံစဉ်လေးကိုသွားနားထောင်လိုက် (ကျွန်တာ်တော့ သဘောကျတယ်)... ပြီးတော့ Spike Spiegel လိုပဲ ပခုံးတစ်ချက်တွန့်ပြီး ပြုံးလိုက်ပါ :") Because in the end, we are all just trying to see if we're really alive.
See You Space Cowboy ...
မူရင်းရေးသားသူ - Trafalgar
လူတေနဲ့
သဟဇာတ မဖြစ်တဲ့လူ
အဲ့ဒီလူဟာ ကျွန်တော် ။
Misfit Is Me
04/10/2025
ကျနော်တို့က ဆိုးပါတယ်
ဘဝရော ရုပ်ရော
အမေ့အပေါ် ဆက်ဆံခဲ့တာတွေရော
# ဂရွိန်း - စာတို