KZ

KZ

Share

စိုက်ပျိုးရေး

15/05/2023

အပုပ်နံ့လာသည့်အရပ်

ကိုယ့်ဘာသာနေတုန်းကအကောင်း၊တစ်စုံတစ်ယာက်က ကိုယ်မသိလည်းဘာမှမဖြစ်တဲ့မကောင်းသတင်းကိုသယ်လာတော့မှ စိတ်ညစ်ရတာမျိုးဖြစ်ဖူးလား။တစ်ခါတစ်လေ သင်စိတ်ဆင်းရဲနေတာ သူများသယ်လာတဲ့အပုပ်နံ့တွေကြောင့် ဖြစ်နေတတ်ပါတယ်။တစ်ခါတစ်လေကျတော့လည်း ဘယ်သူမှ သယ်မလာပေမယ့် သင်ကိုယ်တိုင် အပုပ်နံ့ထွက်နေတဲ့ အမှိုက်ပုံနားတဝဲလည်လည် သွားလုပ်နေပြီးပျော်ရွှင်မှုနဲ့ ဝေးကွာနေရတာဖြစ်တယ်။
အမှိုက်သယ်လာတဲ့သူတွေကို ရှောင်ရှားဖို့လိုသလို အမှိုက်ပုံနားတဝဲလည်လည်သွားမလုပ်မိဖို့လည်း လိုအပ်ပါတယ်။

ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီး
သုံးတဲ့နည်းလမ်းလေး ဖြစ်ပါတယ်..
တစ်နေ့ ဆိုကရေးတီးဆီကို သူ့ရဲ့အသိအကျွမ်းတစ်ဦးရောက်လာပြီး "ဆိုကရေးတီးရေ..ခများရဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကျွန်တော်ကြားလာတာရှိတယ်ဗျ"..ဆိုပြီးစကားချီလာတယ်။ ဆိုကရေးတီးက "ခဏနေပါဦး..ခများ ကျွန်တော့်ကို မပြောခင် စကာ ၃ဆင့်နဲ့ စစ်ချင်သေးတယ်" လို့ ဆိုလိုက်ပါတယ်။
"ပထမ စကာက အမှန်တရားစကာဖြစ်တယ် ။အရင်ဆုံး ခများကြားလာတဲ့ သတင်းက အမှန်ဖြစ်ကြောင်း သေချာလား" လို့မေးတဲ့အခါ ထိုသူက
"အဲ့ဒါတော့ မပြောတတ်ဘူး သူများတွေပြောနေတာကြားခဲ့တာ ..ပြီးတော့.."
"ရပြီ ရပြီ အဲ့သတင်းမှန်လား မမှန်လား ခများသေချာမသိဘူး ခု ဒုတိယ စကာဖြစ်တဲ့ ကောင်းသတင်း စကာနဲ့ စစ်ကြရအောင်။ခများအခုပြောမယ့် သတင်းက ကျွန်တော့်သူငယ်ချင်းရဲ့ ကောင်းကြောင်းလား" လို့ ထပ်မေးတဲ့အခါ
"အဲ့လိုတော့ မဟုတ်ဘူးဗျ "လို့ပြန်ဖြေတယ်။ " ဒါဆို ခများက ကျွန်တော့်သူငယ်ချင်းရဲ့ မကောင်းသတင်းကို ပြောချင်တယ် ပြီးတော့ သိပ်မသေချာတဲ့ သတင်းမျိုးပေါ့ ဒါပေမယ့် ရပါတယ်
နောက်ထပ် တတိယ စကာကျန်ပါသေးတယ် ခများကျော်ဖြတ်ကောင်းကျော်ဖြတ်နိုင် မှာပါ ။တတိယ စကာက အကျိုးရှိမှု စကာပဲ ဖြစ်ပါတယ်။
ခများခုပြောမယ့် သတင်းက ခများရော ကျုပ်ရော ကျုပ်သူငယ်ချင်းအတွက်ရော အကျိုးရှိမယ့်စကားမျိုးလား"
လို့ ထပ်မေးတဲ့အခါ
"အကျိုးတော့မရှိလောက်ဘူးဗျ" ဆိုပြီးပြန်ဖြေပါတယ်။

နောက်ဆုံးတော့ ဆိုကရေးတီးကသတင်းစကားပြောချင်တဲ့ သူကို
ခုလိုပြောလိုက် ပြောလိုက်ပါတယ် "ကောင်းပြီ..ခများသတင်းကမှန်ဖို့လည်း မသေချာ၊ကောင်းတဲ့သတင်းမျိုးလည်းမဟုတ်၊ အကျိုးလည်း မရှိဘူး ဆိုရင် ခများ ကျွန်တော့်ကို ဘာလို့အချိန်ကုန်ခံပြောနေတာလဲ "

ဆရာမိုးရှင်း(I.M.T)
အကြုံပြုထားတာကတော့
(တကယ်တော့ ကျွန်တော်တို့ဘဝမှာ ဆိုကရေးတီးကို သတင်းစကားပြောချင်တဲ့ လူမျိုးတွေ အများကြီးရှိတတ်ပါတယ်။
အဲ့လိုလာပြောတဲ့ သူတွေကို ဆိုကရေးတီးမေးသလို မေးခွန်းတွေနဲ့စစ်ဖို့တော့ အဆင်မပြေလောက်ဘူး။ ကိုယ်ကသာ သတင်းတွေပြောတတ်တဲ့ လူတွေကို သတိထားရမှာဖြစ်ပါတယ်။မှန်လည်းမမှန်၊ကောင်းလည်းမကောင်း ၊အကျိုးမရှိတဲ့ သတင်းတွေကို မသိခင်တုန်းက ဘာမှမဖြစ်ဘူး။ သိသွားပြီးမှ စိတ်ဆင်းရဲရတဲ့ သတင်းတွေရှိတတ်ပါတယ်။အားနာလို့လက်ခံနားထောင်လိုက်မိခြင်း ဒါမှမဟုတ် ကိုယ့်ကို သူများတကာတွေ ဘာတွေများဝေဖန်နေလဲ ဆိုတာတွေကို ဂရုစိုက်လွန်းခြင်း စတာတွေကြောင့် သင့်ဆီကို အပုပ်နံ့တွေ ရောက်လာတတ်ကြတာပါ။ မှန်လည်းမမှန်၊ကောင်းလည်းမကောင်း အကျိုးလည်းမရှိတဲ့သတင်းမျိုးတွေကို သင့်ဘဝထဲဘယ်နေရာ ဘယ်အရပ်က လာနေသလဲဆိုတာ သတိထားရှာဖွေရင်း အပုပ်နံ့တွေဝင်မလာအောင်
အပုပ်နံ့ဆီ သင်မသွားမိအောင် ကာကွယ်ရမှာပဲဖြစ်ပါတယ်

Photos from KZ's post 10/02/2023

ကားဂိတ်မှတဆင့်

တောင်သူဦးကြီးများဆီသို့

DVB - သဘာဝ ဓါတ်မြေသြဇာ လုပ်ခြင်း တို့ခေတ်လယ်ယာ 24/09/2022

https://www.youtube.com/watch?v=iBFeOmIQmak&feature=share&si=ELPmzJkDCLju2KnD5oyZMQ

DVB - သဘာဝ ဓါတ်မြေသြဇာ လုပ်ခြင်း တို့ခေတ်လယ်ယာ DVB TV - သဘာဝ ဓါတ်မြေသြဇာ လုပ်ခြင်း နဲ့ တို့ခေတ်လယ်ယာ

Photos from KZ's post 10/09/2022
10/09/2022
Photos from KZ's post 10/09/2022

အိးအမ်ဖြင့်ပေါင်းမြက်နိမ်နင်းခြင်း
*******************************
ပေါင်းစေ့မြက်စေ့တို့သည်ငုတ်လျှိ းကာလအသီးသီးရှိကြ၏ ၁၅ ရက် ၃၀ရက် ၄၅ ရက် ၆၀ ရက်စသည်ဖြင့်အမျိုးမျိုးရှိကြသည်အီးအမ်သည်ပေါင်းစေ့မြက်စေ့တို့၏ငုတ်လျှို းကာလအားပိက်စေသည်ထို့ကြောင့်
ထယ်မထိုးမီ ၁၅ ရက်ခန့်ကြိုတင်၍မြေပြင်အားပက်ဖျန်းပေးရမည်
ထိုအခါပေါင်းမြက်များအကုန်ပေါက်လာပြီးထယ်ထိုးလိုက်သောအခါသေသွားမည်ဖြစ်ပြီးထပ်မံမပေါက်တာ့ပေ အကယ်၍ပေါက်ခဲ့သော်ပါးသွားမည်ဖြစ်သည်ထိုသို့နှစ်စဉ်ပြုလုပ်ပေးပါကနောင်တွင်ပေါင်းများမရှိတော့ပေ
သုံးစွဲရန်-----တစ်ဧကတစ်လီတာမှနှစ်လီတာ

10/09/2022

အီးအမ်ဘိုကာရှီ(ခေါ်)အီးအမ်မြေဆွေးပြုလုပ်ခြင်း
*******************************
အီးအမျဘိုကာရှီဆိုသညျမှာဂပြနျဝေါဟာရဖွဈပွီးအဓိပ်ပါယျမှာ အချင်ဖောက်ထားသော(သို့မဟုတ်)ဆွေးမြေ့အောင်ပြုလုပ်ထားသောသြဂဲနစ်ပစ္စည်းများဖြစ်ဖြစ်ပါသည် ဘိုကာရှီမြေဆွေးသည်အကျို းပြုအဏုဇီဝသက်ရှိများကိုသီးနှံစွန့်ပစ်ပစ္စည်းများ တိရစ္ဆာန်ချေးများနှင့်စနစ်တကျရောနှောပြုလုပ်ရသောမြေဆွေးဖြစ်သည် ဘိုကာရှီမွဆှေေးသညျရိုးရိုးေ့မဆှေးကဲ့သို့အခြိနျကွာကွာဆှေးမွေ့အောငျစောငျ့စရာမလိုပဲအဆှေးမွနျ၏အကြိုးပွုအဏုဇီဝပိုးမြားပါ၏နှဈပါတျကြောျလြှငျစိုကျခငျးတှငျအသုံးပွုနိုငျသညျအပငျအတှကျအဟာရကွှယျဝစသေညျ့အပွငျမွသေားတညျဆောကျမှုကိုလညျးကောငျးစသေညျ
ပြုလုပ်ပုံအဆင့်ဆင့်
======================
(၁)ရှေးဦးစွာစည်ပိုင်းပြတ်(သို့မဟုန်)အဝကျယ်အိုးတစ်လုံးထဲတွင်အီးအမ်အပြင်းတစ်ဆရေ(၉၈)ဆရောစပ်ပါ
(၂)ကောက်ရိုးပဲရိုးပဲမှော်ရရာများကိုအီးအမ်းဖျော်ရည်ထဲတွင်နှစ်ပြီးရေစစ်၍အရိပ်အောက်တွင်အလျှား(၆)ပေအနံ(၃)ပေအထူ(၆)လက်မခန့်ဖြန့်ခင်းလျှက်ပုံပါ၎င်းအပုံကိုပွမနေစေရန်တတ်နိုင်သမျှဖိသိပ်ပေးပါ
(၃)ထို့နောက်၎င်းအပုံပေါ်သို့နွားချေးကြက်ချေးကိုအထူ(၁)လက်မခန့်ဖုံးအုပ်ပေးရပါမည် ဖြစ်နိုင်ပါကတစ်လွှာတွင်ဖွဲနုလက်တစ်ဆုပ်ခန့်ထည့်ပေးနိုင်ပါကပိုကောင်းပါသည်
(၄)ဤနည်းအတိုင်းနွားချေးတစ်လွှာအီးအမ်းဖျော်ရည်တွင်နှစ်ထားသောကောက်ရိုးတစ်လွှာတင်ပေးရပါမည်အမြင့်လေးပေခန့်အထိရအောင်ပုံပါ
(၅)ထို့နောက်ပလပ်စတစ်(သို့မဟုတ်)ပီနမ်အိပ်ခွံများနှင့်လုံအောင်ဖုံးပါပီနံအိပ်ခွံများမရနိုင်ပါကကောက်ရိုးဖြင့်အထူခြောက်လက်မခန့်တတ်နိုင်သလောက်ပတ်လည်လုံအောင်ဖုံးအုပ်ပေးပါ
(၆)တစ်ပါတ်ခန့်ကြာလျှင်အဖြူ ရောင်မှိုမျှင်များထွက်လာမည်ဖြစ်ပြီးဆယ့်ငါးရက်ခန့်ကြာလျှင်အသုံးပြုနိုင်မည်ဖြစ်သည်အဖြူ ရောင်မှိုမျှင်များ များများထွက်လေကောင်းလေဖြစ်သည်
မှတ်ချက်-----အရိပ်ရှိသောနေရာရေမဝပ်သောနေရာတွင်ပြုလုပ်ပါ
crd

Want your business to be the top-listed Beauty Salon in Lewe?
Click here to claim your Sponsored Listing.

Website

Address

နဝရတ်1လမ်း
Lewe