Content Creation

Content Creation

Share

Content writer

15/03/2022

ပုံမြင်တာနဲ့ ရောင်းကောင်းချင်ရင်
မှော်ဝင် Design ဖြစ်နေဖို့လိုတယ်။

Brand တစ်ခုတည်ဆောက်မှုမှာလည်း
Graphics Design က မပါမဖြစ်နော်။

ကဲ ဘာServiceပေးစွမ်းနိုင်သလဲဆို
ဒီ Service တွေ ပေးနိုင်ပါတယ်။

✅ Logo Branding
✅ Business Card Design
✅ Social Media Design
✅ Letterhead Design
✅ Food Menu Design
✅ Advertising Design

ရပ်ကြည့်နေလို့ အမြတ်မရှိဘူးနော်
အပ်သာကြည့်လိုက်😗😗
ဈေးကလည်းချိုမှချို
MDY ဈေးချိုတောင် သူ့လောက်မချိုဘူး
မှော်ဝင် လက်စွမ်းလေးတွေ ရရှိချင်ရင်
ဟယ်လိုသာလုပ်လိုက်ပါတော့နော်။

Content creations Team
(Success together)
09452331955

15/03/2022

ကျန်းမာရေး မကောင်းလို့
စာမရေးနိုင်ဖြစ်နေတာတောင်
မေတ္တာမပျက် တဲ့ Royal Client 🖤
ပိုပိုကြိုးစားလာပါ့မယ် ခင်ဗျာ။ 💪

14/03/2022

Omnivert
( စိတ်ပါမှလုပ်မယ် စိတ်မဝင်စားရင်လှည့်မကြည့်သမား)

Omnivert ဆိုတာဘာလဲ။
Introvert +Extrovert +Ambivert

မိမိဟာ Omnivert မှန်းဘလိုသိရှိနိုင်ပါသလဲ။
ဒီလိုသိရှိနိုင်ပါတယ်။

စိတ်မပါတဲ့အရာကို လုံးဝပြုလုပ်ဆောင်ရွက်ခြင်း
မရှိဘဲ Introvert သမားဖြစ်နေတတ်ပါတယ်။
ဘူး ဆို ဖရုံမသီးတဲ့ သူတွေပေါ့။

အကယ်၍ မိမိဝါသနာပါတဲ့အရာကို လုပ်ဆောင်နေရရင်ကျ
Extrovert သမား ဖြစ်နေပြန်ပြီး ထမင်းမေ့ဟင်းမေ့။

သူငယ်ချင်းတွေနက် ပျော်ပွဲစားသွားတယ်။ ပျော်ပါးမယ်
ကမယ် ခုန်မယ် ဒါပေမယ့် အိမ်ပြန်ရောက်လို့ အနားယူရင် ကျ introvert လို တစ်ယောက်တည်း သီးသန့် အနားယူရင်း ကုန်ဆုံးတဲ့ Energyကို ပြန်ဖြည့်တယ်။

တစ်ချိန်တည်းမှာပဲ စရိုက်၂မျိုးနဲ့လူတစ်မျိုး ပြုလုပ်နိုင်ပြီး
တော်တော် လည်းဟန်ဆောင်ကောင်းတဲ့သူတွေပါ။
Ambivert နဲ့တူသယောင်ရှိပေမယ့် တကယ်က
လုံးဝမတူညီနိုင်ပါဘူး။ လူအမျိုးစား ၄မျိုးမာ
အကယ်ဒမီဆုရှင်ဟာ Omnivert သမားတွေပါ။

အခုပဲ သူငယ်ချင်းတွေနဲ့ပျော်
ခနနေကျ တစ်ယောက်တည်း နေချင်ပြန်
အမေက အိမ်အလုပ်လုပ်ခိုင်းရင် ကျ အသေငြင်း
ဂိမ်းများဆော့ရရင် ထမင်းမေ့ဟင်းမေ့။
လာကြိုက်တဲ့ကောင်လေးကို အသေငြင်း
ပြန်မကြိုက်တဲ့သူကျ အသေစွဲလန်း နေရင်
သေချာပါတယ် သင်ဟာ Omnivert ပါ။

Ambivertအ​ကြောင်းရှင်းပြ ထားပါတယ်

https://www.facebook.com/242141894383798/posts/368961625035157/

Extrovert နဲ့ Introvert အကြောင်း ရှင်းပြထားပါတယ်
https://www.facebook.com/242141894383798/posts/368362585095061/

13/03/2022

Ambivert ( အလိုက်သင့် နေထိုင်နိုင်ခြင်း )

Extrovert နဲ့
Introvert အကြောင်းတော့
မနေ့က ကျွန်တော်တင်ပြ ခဲ့ပါတယ်။

ကဲဒီတစ်ခါတော့ ရောမရောက်ရင် ရောမလိုကျင့်ကြံနိုင်တဲ့
Ambivert ဆိုတဲ့အကြောင်း ရှင်းပြချင်ပါတယ်။

အတိုချုံ့ရေးမှာမို့ လိုအပ်တဲ့နေရာ ရှိသွားရင်
နားလည်ပေးကြပါ။

Ambivert ဆိုတာဘာလဲ။
လိုက်လျောညီထွေစွာ ပြုမှုနေထိုင်နိုင်သာ။

Extrovert - Introvert
50 - 50 ပေါ့။

မိမိက အနေအေးတယ် ။ တစ်ယောက်တည်း နေရကြိုက်ပေမယ့် လိုအပ်လာတဲ့အခါ အပေါင်းသင်းနဲ့ ပျော်ပေးနိုင်တယ်။ ဖော်ရွှေပေးနိုင်တယ်။ extrovert လို အမြဲ စိတ်တက်ကြွနေတာတော့မဟုတ်ဘူး။ introvert လိုလဲ သီးသန့်ခွဲထွတ်မနေဘူး။ လိုရင်လိုအပ်သလို နေထိုင်ပြုမူတတ်တယ်။ အရက်သမားတော့ မဟုတ်ဘူး အရက်တော့
သောက်နိုင်တယ် ဆိုသလိုပေါ့။

Extrovert ဖြစ်နေပေမယ့် လိုအပ်လာတဲ့အခါ
စိတ်ငြိမ်စွာ နေတတ်သလိုပေါ့။ အပေါင်းသင်းတွေနဲ့
ဖော်ရွေတတ်သလို စိတ်ခံစားမှုကိုလည်း လွတ်မသွားအောင် ထိန်းချုပ်နိုင်တယ်။ အစွန်း မရောက်တဲ့ equalသမား။ စိတ်ခံစားချက်ကို ထိန်းချုပ်မထားသလို
အမြဲတန်းလည်း ပွင့်လင်းမနေပါဘူး။ ပြောသင့်တာပြော
ရှိုသင့်တာရှို အာ့လိုလူစားမျိုး။
မိဘများအနေနက်လည်း မိမိကလေးငယ်ဟာ
Ambivert ဖြစ်နေပါက သိပ်ပြီး နားလည်ရခက်နေပါမယ်။ အရှင်းဆုံးပြောရရင် အသဲကွဲနေတောင်
ဟန်မပျက်နေနိုင်တဲ့ သူတွေကိုတွေ့ရင် Ambivert
လို့ပြေးမြင်နိုင်ပါတယ်။

Extrovert နဲ့ Introvert အကြောင်း
ဒီမှာ အတိုချုံ့ရေးထားပါတယ်။

https://www.facebook.com/242141894383798/posts/368362585095061/

12/03/2022

Introvert (တစ်ကိုယ်တည်း သီးသန့်နေချင်တဲ့သမား)
Extrovert ( ပျော်ပျော်နေ သေခဲသမား)

1. Introvert
တစ်ယောက်တည်း သီးသန့် နေရတာကြိုက်နှစ်သက်ပြီး
စိတ်ရှုပ်မခံနိုင်တဲ့သူ တွေဖြစ်တယ်။
နားငြီးတာမခံ နိုင်သလို ဘာသိဘာသာ နေတတ်တဲ့သမား။
အပေါင်းသင်းတွေနက် အပြင်ထွတ်မဲ့အစား
တစ်ယောက်တည်း သီးသန့်နေရသာ ပိုကြိုက်နေတတ်တယ်။ စိတ်ခံစားမှု တွေကို အတင်း မျိုသိပ်လေ့ရှိပြီး
စိတ်ခံစားမှုကို ထုတ်ဖော်ပြောပြရမာ ရှက်တတ်တဲ့လူစား။
စကားပြောလဲနည်းလေ့ရှိသာမို့ IQ level ဟာ မြင့်မားနေတတ်တယ်။ အားနည်းချက်က စိတ်ရှုတ်မခံနိုင်ပဲ
အားငယ်တတ်သာမို့ အပြစ်တင်ဝေဖန်လို့မရပါဘူး။
စိတ်ဒဏ်ရာရသွားတတ်ပါတယ်။သင့်ကလေးငယ်ဟာ
Introvert ထဲပါဝင်နေပြီဆိုရင်တော့ အတင်းဖိအားပေး
သာတွေ အပြစ်တင်သာတွေ လျော့ချလိုက်ရအောင်။

2. Extrovert
အပျော်ပါးမက်မောပြီး ပွင့်ပွင့်လင်းလင်း ရှိသူတွေဖြစ်တယ်။
အပေါင်းသင်းလွန်စွာမက်တယ်။
စိတ်ထဲမျိုသိပ်ထားလေ့ မရှိသလို
ပြောချင်ရာပြောပြီး sorryလုပ်တတ်တဲ့လူမျိုး။
ဝယ်ချင်သာရှိရင်လည်း 2ခါစဉ်းစားမနေဘူး
ဝယ်ပြီးသား။ ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းလေ့ရှိပြီး
ဦးတည်ချက် ပျောက်ဆုံးနေတတ်တယ်။
စိတ်ခံစားလွယ်ပြီး အယုံသိပ်လွယ်တယ်။
ဘယ်ဘက်နားကဝင် ညာဖက်နားကပြန်ထွတ်ဆိုတဲ့
စကားပုံဟာ သူတို့တွက်ပဲ။ အကြောက်ရွှံ့လွန်စွာနည်းတယ်။
မိဘများအနေနက် သင့်ကလေးငယ်ဟာ Extrovert
သမားဖြစ်နေရင် ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်းအစရှိသာတွေ
လျော့ချရမယ်နော်။ လွတ်လပ်မှုကို သိပ်ကြိုက်သာကို
အပြစ်မြင်လို့မရဘူးလေ။

12/03/2022

Content Creationရဲ့ ဆောင်ပုဒ်ကရိုးရိုးလေးပါ။
(Success Together)
ကျွန်တော်တို့ အတူတူဖြတ်ကျော်ကြမယ်
အခွင့်လမ်းတွေ ဖန်တီးမယ်။
အတူတူအောင်မြင် ကြမယ်။🎯

Digital marketing ပိုင်းကို ဝန်ဆောင်မှုပေးနေတဲ့
ကျွန်တော်တို့က လူကြီးမင်းတို့နဲ့ အတူတူအောင်မြင်ချင်မိသာပါ။🤗

ကျွန်တော်တို့မှာ ဘာလက်နက်တွေ ရှိနေလို့အာမှခံနိုင်ရသာလဲ။🤔🤔

ဒီလက်နက်တွေ ရှိနေပါတယ်။
⬇️⬇️⬇️⬇️

💌မှော်ဝင်တဲ့ အရေးသား

💌ညှိ့ဓါတ်ပြင်းရှတဲ့ ဒီဇိုင်းကောင်းကောင်း

💌လှည့်ကြည့်စရာမလိုတဲ့ administration

ဒီအားသာချက်တွေ ပေါင်းစပ်ပြီး
အားတက်သယော ပံ့ပိုးကူညီသွားမာပါ။
1လစာအပ်နှံ့ရင်တော့
သင်တန်း2ခုကို အခမဲ့ join နိုင်ဦးမာနော်။
Zoom Platform နဲ့သင်ကြားဆွေးနွေးမဲ့

Marketing strategy workshop
&
Customer Service workshop

2မျိုးကို သင်ကြားဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

လှည့်ကြည့်စရာမလိုတဲ့ marketing team ကို
လိုအပ်နေရင်တော့ hello သာလုပ်လိုက်ပါနော်။

Content Creation Team
(success together)
☎ 09- 452 331 955

07/03/2022

Business men ဖြစ်လာဖို့ဆို
Network လိုတယ်။

ကျွန်တော် အရင်လက မန္တလေးကို project
တစ်ခုတွက်သွားခဲ့တယ်။
ဒီ project ဟာ ဘယ်လောက်ကြီးမယ်မှန်း
ကျွန်တော်မသိခဲ့ဘူး။
အရင်က တစ်လကို Everytime ဆိုတဲ့
Delivery လုပ်ငန်းနဲ့ ဒီ Digital marketing
က တစ်လဝင်ငွေ 10သိန်းကျော်လောက်ကို
22နှစ်မာ ရှာနေနိုင်တော့ ငါကွပေါ့။
ဒီအတွေးတွေဟာ လုံးဝ ပြောင်းလဲသွာပြီး
ငါဟာ စီးပွားရေးလောက မှာ သူငယ်တန်းအဆင့်
ရှိနေတာကို ဒီ project မာစသိရှိတော့သာပါပဲ။
10သိန်းဝင်ပြီး 3သိန်းလောက် Debit ဖြစ်နေရင်
ခေါင်းကိုက်တတ်တဲ့ကျွန်တော့်ကို MDY က သူဋ္ဌေးက
ရှင်းပြတော့သာပါပဲ။

စီးပွားရေးဟာ အကွက်မြင်မှု ဖြစ်ပြီး
အရှုံးကိုလက်ခံတတ်ဖို့လိုတယ်။

ကျွန်တော်ရနေတဲ့ တစ်လဝင်ငွေက သူတို့
စားသောက်ဆိုင်တစ်ခါထိုင် ဖြစ်နေခဲ့တယ်။
ဒါပေမယ့် သူတို့က ကျွန်တော့်ကို လေးစားမှုအပြည့်ပေးတယ်။
သူတို့ရဲ့ Coach တစ်ယောက်အဖြစ်
လေးစားဆက်ဆံတယ်။
နောက် project တွေတွက်ဆွဲခေါ်တယ်။

ငွေကို ပုံသေတွက်လို့မရဘူး။
သေးသေးပဲတွေးလို့လည်းမရဘူး။
တွေးပြီးရင်လည်း သိအောင်လုပ်ရမယ်။
သိပြီးရင်တော့ မဖြစ်ဖြစ်အောင်လုပ်။

အတွေးခေါ် မြင့်မားလာဖို့က
အသက်အရွယ်နဲ့မဆိုင်ဘူး
အသိပညာနဲ့ ဆိုင်တယ်။

မြန်မာကားတွေထဲကလို
သူဋ္ဌေးဆိုရင် မိန့်မိန့်ကြီးထိုင်မနေဘူး
အမှားတွေကို လိုက်ရှာဖွေနေတတ်တယ်။

ရှုံးရင် အရင်းပဲ
ဒီအရင်းကို အသုံးချပြီး
မြတ်အောင်လုပ်ပြမယ် လို့အတွေးအမြဲရှိတယ်။
ဒါစီးပွားရေးသမား စစ်စစ်

ပြောချင်တာက network တစ်ခုကိုတည်ဆောက်တဲ့အခါ
တွေ့ကရာ လက်ဆွဲလို့မရဘူး။
ကို့ထက်အရင် ဒီနယ်ပယ်မာ ကျင်လည်နေတဲ့သူစီက
အတွေ့ကြုံယူပြီး
သူ့စီကပဲသင်ခန်းစာ ယူတတ်ရမယ်။

အဓိက ကမရပ်မနား လုပ်နေဖို့ပဲ
အိပ်မက်တွေတိုင်းသွား။

Content creation team
(Success together)

07/03/2022

Problem Solving
(ပြဿနာ ဖြေရှင်းခြင်း)

လူငယ်တိုင်းမာ မရှိမဖြစ် လိုအပ်တဲ့Skill တစ်ခု။
နေ့စဉ်ဘဝရဲ့ ပြဿနာ တွေကို ဘယ်လိုကိုင်တွယ်
ဖြေရှင်းကြမလဲ။

ညဖက်မီးမလားဘူး ဆိုရင် ကျွန်တော်တို့ ဖယောင်းတိုင်
ရှာထွန်းကြတယ်မလား။
နေမကောင်းဘူး ဆေးခန်းပြတယ်။
ပျင်းရင် ရုပ်ရှင်ကြည့်တယ်။
ဗိုက်ဆာရင် တစ်ခုခုစားမယ်။

ဒါကျွန်တော်တို့ သတိမထားမိနေတဲ့
Problem solving
ဒီလိုပဲ တွေ့ကြုံနေရတဲ့
ပြဿနာကို မဖြေ ရှင်းဘဲ
ဘာသိဘာသာ နေသာသလို နေလိုက်ရင်
နောက်ဆက်တွဲ ပြဿနာ ကပိုပိုဆိုးရွားလာမယ်။
ပြဿနာ တစ်ခုဖြေရှင်းဖို့
Reason လိုတယ်။
Reason ရဲ့နောက်မာ
Action ဆိုတဲ့လုပ်ဆောင်ခြင်း ကပ်လိုက်ရမယ်။

အလုပ်သစ်တစ်ခုဝင်လိုက်တယ် မပျော်ဘူး
အတင်းတောင့်ခံပြီး လုပ်နေစရာမလိုဘူး

ဝန်ထမ်းခန့်လိုက်တယ် ဝန်ထမ်းကမကောင်းဘူး
ဆက်ခန့်နေစရာမလိုဘူး။
ကိုယ်ရဲ့ အချိန်တွေ နှမြောစရာကောင်းတယ်။

ဆယ်ကျော်သက် လူငယ်တွေကိုပြောချင်သာက

အဖြေရှာပါ။
လုပ်ဆောင်ပါ။
ပြုပြင်ပါ။

ပိုကောင်း ပိုသာလွန်သော
ပတ်ဝန်းကျင်ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲပြစ်ပါ။
နေသာသလိုနေလို့ လက်ရှိကမ္ဘာမှာ ဖြစ်နေတဲ့
အရာတစ်ပုံကြီးရှိပါတယ်။

သင်တိုးတက်သင့်သလောက် မတိုးတက်လာတဲ့အခါ
Problem solving skillကိုပဲ
သတိထားပြုပြင်လိုက်ပါ။

Content creation team

06/03/2022

အောင်မြင်ချင်ရင် ငွေကိုအရင်မရှာပါနဲ့။

ခုခေတ်အတော်မှားယွင်းနေကြတဲ့ အတွေးခေါ်တစ်ခု။
ငွေမှငွေ ငွေပဲရှာမယ်။
ငွေသာဘုရားသခင် ထင်နေရင်
တိုင်နဲ့ခေါင်းနဲ့ ပြေးသာဆောင့်လိုက်ပါတော့။

အထူးသဖြင့်
လုပ်ငန်းတစ်ခုကို ထူထောင်တော့မယ်
သို့မဟုတ် လုပ်ငန်းကို ထပ်ချဲ့ထွင်မယ်
ဆိုရင် ဒီအချက်ကို အရင်တွေးပါ။
(ငါဘာအတွက်လုပ်မှာလဲ။)
ဒီမေးခွန်းကို အဖြေရှာနိုင်မှ လုပ်ငန်းကိုချဲ့ထွင်ပါ။

လုပ်ငန်း တစ်ခုတည်းနဲ့ ရပ်တည်လည်ပတ်လို့မရသာ
စီးပွားရေးလုပ်ငန်းရှင်တိုင်း သိကိုသိရပါမယ်။
ငွေဝင်လမ်းကြောင်းနောက်တစ်ခု ဖန်တီးရာမှာ
ဘယ်လောက်ထိ ကြာရှည်ခံနိုင်မလဲ။
အမြဲတမ်းဝင်ငွေ ရနေနိုင်မာလား။
ကိုယ်မပါဘဲလည်ပတ်နိုင်လား။
ဒီအချက်3ချက်နဲ့ ပြည့်စုံတဲ့
လုပ်ငန်းကိုမှ foundation သေချာချပါ။

လုပ်ငန်းစထောင်မဲ့ စွန့်ဦးလူငယ်တွေတွက်က
ခုနပြောခဲ့ပြီးပါပြီ။
ငွေကိုအရင်မရှာပါနဲ့။
ဝါသနာအရင်ရှာပါ။
ကိုယ်ဘာကို ရူးသွပ်သလဲ အရင်သိမှ
အဲ့ဒီအရာကို ထပ်ဆင့်ပွားပါ။

လုပ်ငန်းတစ်ခုဖြစ်လာဖို့
Foundation ချခြင်းပေါ့။
Foundation ချဖို့ စနစ်လိုတယ်
ဇွဲမလျော့ဖို့လိုတယ်
အပြောခံနိုင်ဖို့လိုတယ်။

လုပ်ငန်းတစ်ခု တည်ဆောက်ပြီး
ဈေးကွက်စရှာတဲ့အခါ
စေတနာအရင်ထားပါ။
စေတနာထားနိုင်မှ
ဖောက်သည်ဖန်တီးနိုင်မာ ဖြစ်တယ်။
ဖောက်သည် ဖန်တီးနိုင်မှ
ဈေးကွက်မှာ ဦးမော့လာနိုင်မာ။

ဒီအချက်တွေသေချာ ပိုင်နိုင်မှ
အောင်မြင်မှုဆိုတဲ့အသီးပွင့်က စရလာမာဖြစ်တယ်။
သူ့နောက်ကွယ်မှ ငွေဆိုတဲ့ အရာကကပ်ပါလာမာ။
အလုပ်လုပ်မှ အတွေ့ကြုံရမာမဟုတ်ဘူး
ဝါသနာကို ထပ်မံတီထွင်နိုင်ရင်လည်း
အတွေ့ကြုံရတယ်
သူများအလုပ်လုပ်ပြီး
ငွေ10သိန်းရမှ income ဖြစ်သာမဟုတ်ဘူး။
ကိုယ်ပိုင်စီးပွားရေးကရတဲ့ ငွေ2သိန်းကလည်း
Incomeပဲ။
အိပ်မက်တွေအတိုင်းသာသွား။
အချိန်ကြာချင်ကြာမယ်။
အောင်မြင်ချင်မှအောင်မြင်မယ်။
အနည်းဆုံးတော့
အဓိပ္ပာယ် ရှိတယ်။

Content creation


Pic crd

04/03/2022

1လစာ package ယူလိုက်သာနဲ့
35000တန် သင်တန်းတစ်ခုကို
အခမဲ့ သင်ယူနိုင်ခွင့်🤩🤩🤩

လုပ်ငန်းရှင်များအနေဖြင့်
Content &Design
1 လစာ package ယူလိုက်ရုံနဲ့
March လမှာ စသင်မဲ့
Marketing strategy Online class
သင်တန်းကို အခမဲ့ join နိုင်မှာပါခင်ဗျာ။

သင်တန်းအကြောင်း အသေးစိတ်ကို
ဒီ link ကလေးမှာ စုံစမ်းနိုင်ပါတယ်ခင်ဗျ။

https://www.facebook.com/242141894383798/posts/362376705693649/

Digital marketing system
လည်ပတ်ပုံကို လုပ်ငန်းရှင်များ
ပိုမို နားလည်လာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း
ဖြစ်ပါတယ်ခင်ဗျာ။
ပိုမိုကောင်းမွန်သော ဈေးကွက်စီးပွားရေးစနစ်
ဖြစ်လာစေမို့ အခုပဲ ကျွန်တော်တို့နဲ့
လက်တွဲကြရအောင်နော်။🤗🤗

1ပုဒ်ချင်းဖြစ်စေ
5ပုဒ်ဖြစ်စေ
10ပုဒ်ဖြစ်စေ
အပ်နှံနိုင်သလို
1လစာယူပြီးလည်း အပ်နှံနိုင်ပါတယ်ခင်ဗျာ။
အသေးစိတ်သိရှိလိုပါက
Page messenger မှဖြစ်စေ
☎ 09452331955သို့ဖြစ်စေ
ဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။

Content creation Team
(Success Together)

03/03/2022

မားကတ်တင်းဟုခေါ်သည်။

လုပ်ငန်းရှင်များအနေဖြင့်
မဖြစ်မနေ တတ်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပြီး
သင်တန်းသားဦးရေလည်း ကန့်သတ်ထားသာမလို့
အမြန် join စေချင်ပါတယ်ခင်ဗျာ။
ဘယ်အရာတွေသင်ပေးမလဲ။
⬇️⬇️⬇️⬇️⬇️
ဒီအရာတွေ သင်ပေးသွားမှာပါ။

- ဈေးကွက်မှာ အပြိုင်အဆိုင်တွေကြား
တစ်ပန်းသာစေဖို့ လိုအပ်တဲ့ နည်းစနစ်တွေ။
- ဈေးရောင်း ကောင်းဖို့ ဘယ်အချက်တွေ
လုပ်ဆောင်သင့်သလဲ။
- ပိုက်ဆံပွားခြင်း။
- customer ကိုဘယ်လို ချဉ်းကပ်ကြမလဲ။
- အမြတ် ရအောင် ဘယ်လိုရောင်းကြမလဲ။
- Digital marketing အကြောင်း။
- page မာ order ရှာမယ်။
- Boost ရင်ကော တကယ်ရောင်းကောင်းမာလား။
- တစ်လ အတွင်း ဖောက်သည် ဘယ်လိုဖန်တီးကြမလဲ။
- ဈေးကွက်မဟာဗျူဟာ ဆွဲနည်း။
- မဝယ်ဝယ်ချင်အောင် ဘယ်လိုရောင်းကြမလဲ။
- အရောင်းနည်းစနစ်တွေကို ဘယ်လို အသုံးချရမလဲ။
- B2B ဆိုတာဘာလဲ။
- C2C ကို ဘယ်လိုအသက်သွင်းကြမလဲ။

အစရှိတဲ့ Marketing strategy များစွာကို
အချိန်ကာလ15ရက်အတွင်း သင်ကြားပေးသွားမာ ဖြစ်ပါ
တယ်ခင်ဗျာ။

🪶🪶🪶🪶
သင်တန်းကာလ
(March 5 to March 20)
သင်တန်းအချိန်
(7 :00 pm to 8:30pm)

Sat &Sun Only
သင်တန်းကာလ
(March 5 to March 20)
သင်တန်းအချိန်
(1:00PM to 6:00pm)

Platform -Zoom meeting

သင်တန်းသားဦးရေ
အယောက်30အထိသာ

သင်တန်းကြေး
(35000mmk)
⬇️⬇️⬇️⬇️
ပထမဆုံး သင်တန်းအပ်သူ 5ယောက်အား
သင်တန်းကြေး 20000ကျပ် ထားရှိပေးမာဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းသားစာရင်း ပေးသွင်းလိုပါက
Page messenger မှဖြစ်စေ
☎ 09 452331955 သို့ဖြစ်စေ
ဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျ။

Content creation Team
( Your Success is our goal)

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address

Lashio

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00