Shan State Channel
Today's News, delivered instantly
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ ငါးမိုင်းတိုက်ရာကနေ မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
#နမ္မတူမြို့
#ငါးမိုင်းတိုက်ရာကနေမတော်တဆပေါက်ကွဲ
#အမျိုးသားတစ်ဦးပွဲချင်းသေဆုံး
-Photo Local
08/06/2026
တန့်ယန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေထိန်းနံရံပြိုကျ၊ အမျိုးသမီးတစ်ဦး သေဆုံးကာ နေအိမ်အချို့ ပျက်စီး
Shan State Channel News
ဇွန်လ ၈ ရက်၊ ၂၀၂၆ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျကာ နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ ဇွန်လ ၈ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် တန့်ယန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အမှတ် (၆) ရပ်ကွက်၊ နယ်မြေ (၅) တွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါရပ်ကွက်ရှိ အိမ်အမှတ် (၁၅) နေ ဒေါ်အေးယင်း၏ နေအိမ်အနောက်ဘက်ရှိ မြေထိန်းနံရံမှ ကျောက်များနှင့် မြေသားများ ပြိုကျလာပြီး နေအိမ်ပေါ်သို့ ပိမိခဲ့ခြင်းဖြစ်သည်။
ယင်းမြေပြိုကျမှုကြောင့် နေအိမ်အတွင်းရှိ အသက် (၄၉) နှစ် အရွယ် ဒေါ်အေးယင်းမှာ ခန္ဓာကိုယ်တွင် ပြင်းထန်သော ပေါက် ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားသည့်နေရာ၌ပင် သေ ဆုံးသွားခဲ့သည်။ ထို့အပြင် မြေပြိုကျမှုကြောင့် အဆိုပါနေအိမ်၏ အနောက်ဘက်ခြမ်းတွင် ထိခိုက်ပျက်စီးမှုအချို့များ ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်၍ လိုအပ်သည့် စစ်ဆေးမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
မိုးရာသီကာလအတွင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် တောင်စောင်းနေအိမ်များနှင့် မြေထိန်းနံရံအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို အထူးဂရုပြုကြရန် ဒေသခံများက သတိပေးနှိုးဆော်ထားသည်။
#တန့်ယန်းမြို့
#မိုးသည်းထန်စွာရွာသွန်း
#မြေထိန်းနံရံပြိုကျ
#သေဆုံးမှုရှိ
-Photo Local
05/06/2026
နမ့်ခမ်း၊ ကောင်းတပ်ရွာ ယမ်းပေါက်ကွဲမှုသင့် ပြည်သူများအား SSPP/SSA မှ ငွေကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းနှင့် ငွေသားများ ထောက်ပံ့
Shan State Channel
ဇွန်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကောင်းတပ်ကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာ (၆) ရွာမှ အိမ်ခြေ (၆၀၀) ကျော် ထိခိုက်နစ်နာခဲ့ရသည်။
အဆိုပါ ထိခိုက်နစ်နာသူများအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ငွေကျပ် သိန်း (၅၀၀) ကျော် တန်ဖိုးရှိ ငွေကြေးများနှင့် ဆန်အိတ်များကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း SSPP Info ၏ မှတ်တမ်းများအရ သိရှိရသည်။
SSPP/SSA အနေဖြင့် အိမ်ခြေဦးရေနှင့် ထိခိုက်နစ်နာမှုအပေါ် မူတည်၍ အောက်ပါအတိုင်း ထောက်ပံ့ပေးအပ်ခဲ့သည် -
• ကောင်းတပ်ကျေးရွာ (အိမ်ခြေ ၂၀၀ ကျော်): ငွေကျပ် သိန်း (၂၀၀) နှင့် ဆန် (၄၀) အိတ်
• မန်ခမ်းကျေးရွာ (အိမ်ခြေ ၁၅၆): ငွေကျပ် သိန်း (၇၀)
• ပန်လုံကျေးရွာ (အိမ်ခြေ ၉၀ ကျော်): ငွေကျပ် သိန်း (၅၀) နှင့် ဆန် (၁၀) အိတ်
• ကောင်းနောင်စန့်ကျေးရွာ (အိမ်ခြေ ၁၁၀): ငွေကျပ် သိန်း (၅၀)
• စယ်ဟိုင်းကျေးရွာ (အိမ်ခြေ ၃၁): ငွေကျပ် သိန်း (၄၀)
• ပန်ထိုလင်ကျေးရွာ (အိမ်ခြေ ၃၀ ကျော်): ငွေကျပ် သိန်း (၄၀)
အထက်ပါ ထောက်ပံ့မှုများအပြင် စာရေးတန်းရပ်ကွက်မှ ကွယ်လွန်သူ အဖွားအိုတစ်ဦးအတွက် အလှူငွေ သိန်း (၁၀) နှင့် ကောင်းတပ်ကျေးရွာမှ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အသက် (၇) နှစ်အရွယ် အမျိုးသမီးငယ်လေးအတွက် ငွေကျပ် သိန်း (၁၀) ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းသို့ ထောက်ပံ့မှုအားလုံးတွင် စုစုပေါင်း ငွေကျပ် သိန်း (၄၇၀) နှင့် ဆန် (၅၀) အိတ် ပါဝင်ကြောင်း SSPP Info ၏ ထုတ်ပြန်ချက်အရ သိရသည်။
SSPP/SSA အနေဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးခံယူချက်များကို မခွဲခြားဘဲ လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် ကူညီပံ့ပိုးပေးလျက်ရှိပြီး၊ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင် ရွက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို မိတ်ဖက်များအဖြစ် အစဉ်တန်ဖိုးထားကြောင်း ထုတ်ပြန်ထားသည်။
#နမ့်ခမ်းကောင်းတပ်
#ယမ်းပေါက်ကွဲမှုကြောင့်
/SSAငွေ၅၀၀ကျော်ထောက်ပံ့
-Photo SSPP Info
ရှမ်းပြည်မြောက်ပိုင်း ၊နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ရသလို လူ ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိ
#နမ့်ခမ်းမြို့
#ယမ်းဂိုဒေါင်ပေါက်ကွဲမှု
#ဒေသခံ၁၀၀ကျော်ထိခိုက်
-Photo Local
အောင်ပန်းမြို့မှ ဒုရဲအုပ်နှင့် ပြည်သူ့စစ်ပူးပေါင်းပြီး ပြည်သူကိုပြန်ပြေးဆွဲ ငွေညစ်ပြစ်မှုကျူးလွန်
#အောင်ပန်း #ပြည့်သူ့စစ် #ဒုရဲအုပ် #ပြည်သူကိုပြန်ပြေးဆွဲ
-Photo Local
နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများအပြီး ကျန်ရှိခဲ့သည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ဒေသခံများ မိုင်းနင်းမိမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်။ တောင်ခမ်းကျေးရွာအနီးတွင် မိုင်းရာချီ ကျန်ရှိနေသေးသဖြင့် လယ်ယာလုပ်ငန်းခွင်များသို့ မဝင်ရောက်နိုင်ဘဲ အခက်အခဲဖြစ်နေသော ဒေသခံများက သက်ဆိုင်ရာ တာဝန်ရှိသူများအား မိုင်းရှင်းလင်းရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
#နောင်ချို #မိုင်းအန္တရာယ် #သတင်း
လားရှိုးမြို့တွင် စစ်ကောင်စီတပ်က ကျောင်းပိုင်မြေဟုဆိုကာ ပြည်သူပိုင်နေအိမ် (၁၅) လုံးကျော်ကို ဘူဒိုဇာဖြင့် အတင်းအ ဓမ္မ ဖြိုချဖျက်ဆီးခဲ့။ ယင်းမြေနေရာများသည် လွန်ခဲ့သည့် (၁၅) နှစ်ခန့်က စစ်တပ်နှင့် ကျောင်းတာဝန်ရှိသူများက ပြည် သူများထံ တရားဝင်ရောင်းချခဲ့သည့်နေရာများဖြစ်ပြီး လက်ရှိတွင် နစ်နာကြေးတစ်စုံတစ်ရာမရရှိဘဲ အိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်း သိရသည်။
#လားရှိုး #သတင်း
02/06/2026
အောင်ပန်းမြို့မှ ဒုရဲအုပ် နှင့် ပြည်သူ့စစ် ပူးပေါင်းပြီး ပြည်သူကို ပြန်ပေးဆွဲ ငွေညစ်ပြစ်မှုကျူးလွန်
Shan State Channel News
ဇွန်လ ၂ ရက်နေ့၊ ၂၀၂၆
ရှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့နယ်မှ ဒုရဲအုပ် ကိုယ်တိုင်ပါဝင်ပြီး ဌာနေပြည်သူ့စစ်နှင့် ပူးပေါင်းကာ ပြည်သူကို ပြန်ပေးဆွဲ ငွေညစ်သည့် ပြစ်မှုများ ကျူးလွန်နေကြကြောင်း သိရသည်။
အောင်ပန်းမြို့မှ မြို့မရဲစခန်း ဒုရဲအုပ် ကောင်းသူ ဆိုသည့် ရဲအရာရှိသည် PNA နှင့် ပူးပေါင်းကာ မြို့ခံ အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲခေါ်သွားပြီး မိသားစုဝင်များထံ ငွေညစ်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့၌ ရဲအုပ်ကောင်းသူနှင့် PNA တပ်ဖွဲ့ဝင်များသည် အောင်ပန်းမြို့နေ အမျိုးသားတစ်ဦးကို ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကြေးဖြင့် ပြန်လည် ရွေးစေခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦးက Shan State Channel သတင်းဌာနကို ပြောသည်။
"အဲ့ဒီအမျိုးသားနဲ့ သူစီးတဲ့ Honda Click 150 ယိုးဒယားဘီးကိုလည်း ယူသွားတာ။ လူကို ပိုက်ဆံ သိန်း ၈၀ နဲ့ ပြန်ရွေးဖို့ မိသားစုဝင်ထံ အကြောင်းကြားတယ်။ မိသားစုဝင်တွေလည်း သူတို့ တောင်းတဲ့ အတိုင်း ပိုက်ဆံကို ပေးလိုက်ကြရတယ်။ ဆိုင်ကယ်ကိုတော့ ပြန်မရဘူး" ဟု အမည်မဖော်လိုသူ တစ်ဦးက Shan State Channel သတင်းဌာနကို ပြောသည်။
ဒုရဲအုပ်ကောင်းသူဆိုသူသည် စလော့ဂိမ်းများအလွန်အကျွံကစားခြင်း၊ မူးယစ်ဆေးဝါး များ အလွန်အကျွံ သုံးစွဲခြင်း၊ မိန်းမကိစ္စ အလွန်လိုက်စားခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အထက်ပါ အမည်မဖော်လိုသူ ဆက်လက်ပြောပြချက်အရ သိရသည်။
ပြန်ပေးဆွဲမှု ကျူးလွန်အပြီး ဒုရဲအုပ်ကောင်းသူ က ထွက်ပြေးသွားသော်လည်း ဇွန်လ ၁ ရက်ည ၈ နာရီဝန်းကျင်တွင် စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း လက်ရှိအချိန်ထိ တစုံ
တရာ အရေးယူခံရခြင်းမရှိသေးကြောင်းလည်း သိရသည်။
#အောင်ပန်းမြို့
#ဒုရဲအုပ်ပြည်သူ့စစ်ပူးပေါင်း
#ပြည်သူကိုပြန်ပြေးဆွဲ
#အောင်ပန်းမြို့မ ရဲစခန်းကို တွေ့ရစဉ်။ (Citizen Photo)
နမ့်ခမ်း၊ ကောင်းတပ်ရွာ ယမ်းစက်ရုံပေါက်ကွဲမှု - သေဆုံးသူ ၆၀ နီးပါးရှိလာ
နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ TNLA စီးပွားရေးဌာနက သိုလှောင်ထားတဲ့ ယမ်းပျော့တွေ ပေါက်ကွဲမှုဖြစ်ပွားပြီး ရွာတစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူ ၅၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၇၀ ကျော် ဆေးကုသမှု ခံယူနေရပါတယ်။ ပျောက်ဆုံးသူတွေ ကျန်ရှိနေသေးတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး အရေးပေါ် သွေးနဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေပါတယ်။
#နမ့်ခမ်း #ကောင်းတပ် #ယမ်းစက်ရုံပေါက်ကွဲမှု #သတင်း
နမ့်ခမ်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၊ ထိခိုက်သေဆုံးမှုများပြားနိုင်
Breaking news
မေလ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးတွင် ယနေ့ (မေလ ၃၁ ရက်)၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး အနီးဝန်းကျင်ရှိ နေအိမ်အများအပြား ပျက်စီးသွားကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Shan State Channel က ဆက်လက်စုံစမ်းလျက်ရှိပါသည်။
#နမ့်ခမ်းတွင်
#ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပွား
#ထိခိုက်သေဆုံးမှုများပြားနိုင်
-Photo Local
Click here to claim your Sponsored Listing.