APEX Education - LMC
Cambridge Exam Preparation and Self Access Learning Centre
07/04/2026
သင်္ကြန်ပိတ်ရက် ကြေညာခြင်း 🔖
Apex Education ၏ အတန်းများအားလုံးကို ၁၁.၄.၂၀၂၆ မှ ၁၇.၄.၂၀၂၆ ထိ ပိတ်ထားမည် ဖြစ်ပြီး အတန်းများအားလုံးကို ၁၈.၄.၂၀၂၆ (စနေနေ့) တွင် ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် 😍
သင်္ကြန်အခါသမယမှာ ဘေးဘယာကင်း၍ အေးချမ်းပျော်ရွှင်ကြပါစေလို့ APEX Education မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 💌💐
06/03/2026
Online မှတက်ရောက်လို့ရတဲ့ အတန်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်နော်။ B1 Level ပြီးမြောက်ထားသူတွေအတွက် FCE အတန်းသစ်နှင့် A2 level ပြီးမြောက်ထားသူတွေအတွက် B1 အတန်းသစ်တွေကိုလည်း ထပ်မံဖွင့်လှစ်ပေးထားပါပြီနော် 🔖
ယခုမှစတင်တက်ရောက်မည့် ကျောင်းသူ/ကျောင်းသားသစ်များ အနေဖြင့် မိမိတို့နှင့်ကိုက်ညီမည့် အတန်းကို ရွေးချယ် တက်ရောက်နိုင်ရန်အတွက် Placement Test ဖြေဆိုရမည်ဖြစ်ပါသည် 💌
နွေရာသီကာလမှာ ကိုယ့်ရဲ့ skill တွေကို အပြည့်ဖြည့်ထားချင်သူများအနေဖြင့် Apex Education ၏ နွေရာသီတန်းများကို တက်ရောက်ရန် စာရင်းပေးထားလို့ရပါပြီနော်။ 🌻🍂
20/02/2026
🍂 နွေရာသီ ကျောင်းပိတ်ရက်မှာ မိမိတို့၏အချိန်များကို အကျိုးရှိရှိအသုံးချချင်သည့် ကျောင်းသူ/ကျောင်းသားများ အတွက် Apex Education မှ နွေရာသီအတန်းများကို စီစဉ်ပေးထားပါပြီနော်🍂
March လ 4 ရက်နေ့မှစတင်ပြီး နွေရာသီကာလအတွင်း English ဘာသာစကားစွမ်းရည်သာမက ကလေးများ၏ Personal Development ကိုပါ တိုးတက်အောင် ကူညီပေးမည့် Summer Class တွေကတော့
▫️Grammar & Writing (A2/ B1)
▪️Communicative Skills ( A1/ A2)
▫️Pre-starters (Foundation)
▪️Reading & Writing (A1)
▫️Beginner Class (A1 - Teens and Adults)
▪️Singapore Math (Primary 1-4) တို့ပဲ ဖြစ်ပါတယ်။
ယခုမှစတင်တက်ရောက်မည့် ကျောင်းသူ/ကျောင်းသားသစ်များ အနေဖြင့် မိမိတို့နှင့်ကိုက်ညီမည့် အတန်းကို ရွေးချယ် တက်ရောက်နိုင်ရန်အတွက် Placement Test ဖြေဆိုရမည်ဖြစ်ပါသည် 🔖
Placement test များကို အတန်းများမစခင် ကြိုတင်လာရောက်ဖြေဆိုရမည်ဖြစ်ပြီး တနင်္လာ မှ ကြာသပတေးနှင့် စနေ၊ တနင်္ဂနွေ နေ့များတွင့် မနက် ကိုးနာရီမှ ညနေ သုံးနာရီအတွင်း လာရောက်ဖြေဆိုလို့ရပါတယ်ရှင့် 🔖
နွေရာသီကာလမှာ ကိုယ့်ရဲ့ skill တွေကို အပြည့်ဖြည့်ထားချင်သူများအနေဖြင့် Apex Education ၏ နွေရာသီတန်းများကို တက်ရောက်ရန် စာရင်းပေးထားလို့ရပါပြီနော်။ 🌻🍂
ဒါလေးတွေကတော့ အပြင်သင်တန်းလေးတွေဖြစ်ပြီး online မှတက်ရောက်နိုင်သည့် အတန်းသစ်များကို မကြာမီတင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော် 😍
🏡သင်တန်းနေရာ -
၂၄ နောင်မိုလမ်း၊ ရပ်ကွက် (၁)၊ ဗျူဟာလမ်းအနီး
လားရှိုးမြို့
📱ဆက်သွယ်ရန် - ၀၉ ၄၀၃၇၀၆၉၆၉၊ ၀၉၇၈၅၅၇၆၇၂၆
Our senior teacher sharing her insights into education and language teaching
25/12/2025
Merry Christmas 🎄
Our APEX’s Christmas memories😍
Wishing you a Christmas full of joy and peace! 💌
25/12/2025
Merry Christmas & Happy New Year 🎊
Happy Holidays 🎄 😍
Book Donation 📚
Every book is a step toward better education.🌷
Better education is a powerful step toward better days.🥰
14/12/2025
Event Invitation 💌
🎄”Apex Education မှ ကျင်းပသွားမည့် Christmas Event နှင့် စာအုပ်ရောင်းပွဲတော်သို့ဖိတ်ကြားခြင်း”🎄
လာမည့် December 21 ရက်နေ့တွင် Apex Education တွင် Christmas Event ကျင်းပသွားမည်ဖြစ်ပါသဖြင့် လက်ရှိတက်ရောက်နေသောကျောင်းသူ/သားများအပြင် Apex Education တွင်တက်ရောက်ဖူးသောကျောင်းသူကျောင်းသားဟောင်းများလည်း လာရောက် ပါဝင်ရန် နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
Christmas Event တွင် Apex ကျောင်းသူ/ကျောင်းသားများမှ Performance များနှင့် ဖျော်ဖြေသွားမည့်အပြင် Game activity နှင့် Gift exchange ကဲ့သို့သောအခြား ပျော်စရာ activity များစွာ ပါဝင်သွားမှာဖြစ်ပါတယ်။
English Fiction နှင့် Textbook များကို အတန်ဆုံးနှုန်းထားနဲ့ ရောင်းချပေးသွားမည့် စာအုပ်ဈေးရောင်းပွဲလည်း ရှိတာမလို့ စိတ်ပါဝင်စားတဲ့ စာအုပ်ချစ်သူများကိုလည်းလာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
Apex ကျောင်းသူ/သားဟောင်း များအနေနှင့် Event သို့ လာရောက်ပါဝင်လိုပါက လာရောက်မည့်အကြောင်း registration လေး မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။ ဒီဇင်ဘာလ 19 ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား ပြောပေးရမှာဖြစ်ပြီး Telegram account မှတဆင့် register လုပ်ပေးရမှာဖြစ်ပါတယ်။
Gift Exchange Activity တွင် ပါဝင်လိုသူများအနေနဲ့ကတော့
ပွဲနေ့တွင် လက်ဆောင်များပြင်ဆင်ခဲ့ပြီး လာရောက်ပါဝင်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Event Details 🌷
▫️Date : 21st December (Sunday)
🔹Time : 9:00 AM ~ 12:00 PM (MMT)
▫️Venue: Apex Education, Nong Mo Street, Block (1), Lashio
❗️ပွဲအစီအစဉ်များကို မနက် 9 နာရီတွင် စတင်သွားမည်ဖြစ်ပါ၍ ပွဲတက်ရောက်သူများအနေနှင့် မနက် 8 နာရီခွဲ အရောက် လာပေးရန်မေတ္တာရပ်ခံပါတယ်။❗️
15/11/2025
Bridging communities through literature.📚
Our Apex Library Volunteers had a heartwarming trip donating books to a Catholic Church in Lashio.
29/10/2025
Safe Choice, Safe Life : Everything you need to know about S*xEdu 🌷
▪️Apex Education ရှိ ကျောင်းသူ/သားများအနေနဲ့ S*x Education နဲ့ ပတ်သတ်ပြီး အသိပညာ တိုးလာစေဖို့ ရည်ရွယ်ပြီး Safe Choice, Safe Life: Everything You Need To Know About S*xEdu လို့ အမည်ရတဲ့ Workshop ကို October 12 ရက်နေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။
▪️ဒီ Workshop ကနေတဆင့် ကျောင်းသူ၊သားတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာရောဂါတွေ ကူးစက်မခံရအောင် ကြိုတင် ကာကွယ်ဖို့က ဘာကြောင့် အရေးကြီးတာလဲ ဆိုတဲ့ အကြောင်းအရာအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမခံရအောင် ကာကွယ်နည်းများ၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှု များကို ခုခံတွန်းလှန်နည်းများအပြင် ဆယ်ကျော်သက် လူငယ်တွေ အနေနဲ့ သိသင့်သိထိုက်တဲ့ Puberty နဲ့ Reproductive Health အကြောင်းအရာတွေကိုလဲ ဝေမျှပေးခဲ့ပါတယ်။
▪️Safe Choice, Safe Life Workshop ကနေဆင့် ကကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ ဗဟုသုတများစွာ ရရှိဖို့ မျှော်လင့်ပြီး Apex Education ကနေလဲ နောက်နှောင် အခုလို Workshop များစွာကို ထပ်မံပြုလုပ်ပေးသွားမှာမလို့ စောင့်ကြည့်ပေးကြဖို့ ပြောချင်ပါတယ်။
27/07/2025
“Let's Talk About It, PERIOD”
Menstrual Health Workshop for Apex Students
ရာသီသွေးဆိုတာဘာလဲ။
ရာသီစက်ဝန်းနဲ့ ရာသီလာခြင်းက ဘယ်လိုသက်ဆိုင်တာလဲ။
ရာသီလာခြင်းက အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလဲ။
ရာသီလာခြင်းဆိုတာ လူတွေကြားထဲ မပြောသင့်တဲ့ ရှက်စရာကိစ္စတစ်ခုလား။
အမျိုးသားတွေကရော ရာသီလာခြင်းနဲ့ ပတ်သက်လို့ ဘာကြောင့်သိထားဖို့လိုအပ်တာလဲ။
Menstruation (ဓမ္မတာလာခြင်း) ဆိုတာကို အားလုံးပဲကြားဖူးကြမယ်လို့ထင်ပါတယ်။ ဓမ္မတာလာခြင်း ဆိုတာ အမျိုးသမီး (အများစု) လစဉ် ကြုံတွေ့ရတဲ့ဖြစ်စဥ်တစ်ခုပါ။ အမျိုးသမီးတစ်ယောက်က အသက်အရွယ်အားဖြင့် ခန့်မှန်းခြေ 12 အရွယ်ဝန်းကျင်ကနေစပြီး menopause လို့ခေါ်တဲ့ သွေးဆုံးတိုင်အထိ (ကိုယ်ဝန်ဆောင်ချိန်နှင့် ကျန်းမာရေးပြဿနာများကြောင့်မှလွဲ၍) လစဉ်လတိုင်း ဓမ္မတာလာခြင်းဖြစ်စဉ်ကို ဖြတ်ကျော်ရလေ့ရှိပါတယ်။ ဓမ္မတာလာခြင်းဟာ အမျိုးသမီးတွေရဲ့ သဘာဝ ခန္ဓာဗေဒ တစ်ခုဖြစ်ပေမယ့် လူမှုပတ်ဝန်းကျင်မှာတော့ ရာသီသွေးဟာ လူတွေရှေ့မှာ အကျယ်တဝင့် ထုတ်မပြောသင့်တဲ့ “ရှက်ဖွယ်ရာ” တစ်ခုအဖြစ်သတ်မှတ်ခံနေရဆဲပါ။
အခုလိုမျိုး သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ ရာသီသွေးကို လူ့အဖွဲ့အစည်းမှာ မသင့်တော်တဲ့ အရာတစ်ခုအဖြစ် သတ်မှတ်နေကြတာက အမျိုးသမီးတွေအပေါ် ကြီးမားတဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်မရရှိခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေကိုယ်တိုင်ကပါ ကိုယ့်ရဲ့ခန္ဓာဗေဒနဲ့ပတ်သက်နဲ့အကြောင်းအရာတစ်ခုကို ထုတ်ပြောဖို့ မသင့်တော်ဘူးလို့ မြင်လာကြတဲ့အပြင် အမျိုးသားတွေအနေနဲ့လဲ ဓမ္မတာလာခြင်းဖြစ်စဉ်အပေါ် မှားယွင်းတဲ့ အမြင်တွေရှိနေတတ်ကြပါတယ်။
ဒီအတွက်ကြောင့် ဓမ္မတာလာခြင်းဖြစ်စဥ်ဟာ ရှက်ရွံ့စရာကိစ္စတစ်ခုမဟုတ်ဘဲ အမျိုးသမီးတွေရဲ့သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်ဆိုတာ နားလည်စေဖို့နဲ့ ရာသီသွေးနဲ့ပတ်သတ်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ချေဖျက်နိုင်ဖို့ရည်ရွယ်ပြီး Apex ကျောင်းသူ၊သားတွေအတွက် “Let's Talk About It, Period” လို့ခေါ်တဲ့ workshop လေးကို စီစဉ်ထားပါတယ်။
ဒါဆိုရင် ဒီ Let's Talk About It, PERIOD workshop လေးမှာ ဘယ်လိုအကြောင်းအရာတွေကိုပြောသွားမှာလဲ။
Workshop လေးကိုတော့ အပိုင်း နှစ်ခု ခွဲထားမှာဖြစ်ပြီး ပထမအပိုင်းမှာတော့
▫️အရွယ်ရောက်လာခြင်းနဲ့အတူ ကြုံတွေ့ရမယ့် ဓမ္မတာ ဖြစ်စဉ်အကြောင်း
▫️ရာသီလာခြင်းနဲ့ ရာသီစက်ဝန်း အလုပ်လုပ်ပုံ
▫️လစဉ်သုံးပစ္စည်းများအသုံးပြုပုံ
▫️ရာသီလာစဉ်သိထားသင့်တဲ့ ရာသီသွေးဆိုင်ရာ သန့်ရှင်းမှု စတဲ့ အကြောင်းအရာတွေကို မျှဝေသွားမှာဖြစ်ပြီးတော့
ဒုတိယ အပိုင်းမှာတော့
▫️ရာသီလာခြင်းအပေါ် လူတွေရှိတတ်ကြတဲ့ မှာယွင်းတဲ့အယူအဆတွေ
▫️ ရာသီလာခြင်းကို ရှက်ရွံစရာကိစ္စအဖြစ် မမြင်ဘဲ သဘာဝဖြစ်စဉ်တစ်ခုလို့ ဘာလို့သတ်မှတ်သင့်တာလဲဆိုတဲ့အကြောင်းအရာတွေအပါအဝင် ရာသီသွေးကို ရွံစရာ၊ ရှက်စရာအဖြစ်သတ်မှတ်ကြတဲ့ အယူအဆတွေက အမျိုးသမီးတွေအပေါ် ဘယ်လိုဆိုးကျိုးတွေဖြစ်စေနေလဲဆိုတာတွေကို ပြောပြသွားမှာဘဲဖြစ်ပါတယ်။
Workshop မှာ ဘယ်သူတွေက sharing လုပ်ပေးသွားမှာလဲ။
Let's Talk About It, Period အတွက် ဖိတ်ခေါ်ထားတဲ့ Guest speaker တွေကတော့ အမျိုးသမီးအခွင့်အရေးအတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြတဲ့ Voice of Ithiya က Ms. Shunn Lat Nandar Aung နဲ့ Ms. May Phoo Paye တို့ဘဲဖြစ်ပါတယ်။
Workshop လေးကိုတော့ Hybrid System နဲ့ ကျင်းပသွားမှာဖြစ်တဲ့အတွက် in person class က ကျောင်းသူ၊သား တွေအပြင် online class က ကျောင်းသူ၊ကျောင်းသားတွေပါ ပါဝင်လို့ရမှာဖြစ်ပါတယ်။
Workshop ကျင်းပမယ့် အချိန်ကတော့ August လ 3 ရက်နေ့ မြန်မာစံတော်ချိန် မနက် 10 နာရီဘဲဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက် အရမ်းကို အရေးပါတဲ့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရဖွယ် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးသွားမှာမလို့ “Let's Talk About It, Period” Workshop လေးကို Apex ကျောင်းသူ၊ကျောင်းသားတိုင်း မဖြစ်မနေ လာရောက်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။🌷
Organized by Rebecca 🌷
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Lashio