Create Positive Mindset
I am a Registered-Nurse and contributes to Mental Health Awareness.
18/12/2024
လူတယောက်ဟာ စိတ်ပင်ပန်းပြီး စိတ်ဖိစီးမှုတွေ၊အတွေးတွေ အရမ်းများလာပြီဆိုရင် ခြေကုန်လက်ပန်းကျပြီး ဘာမှလုပ်ချင်စိတ်မရှိတော့ပါဘူး။
အခုချိန်လိုအဖက်ဖက်က စိန်ခေါ်မှုတွေနဲ့ခက်ခဲနေကြတဲ့ကာလတွေမှာ စ်ိတ်ပင်ပန်းတာတွေ၊ စိတ်ဖိစီးတာတွေဆိုတာ ရှိကြမှာပဲ။ ဒါဟာ ပုံမှန်ပါ။ အနားယူပါ၊ ကိုယ့်ကိုကိုယ်အချိန်ပေးပါ၊ ငါဟာအသုံးမကျဘူးဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တွေလျှော့ပါ။ သူများကိုလည်း အပြစ်တင်ချင်စိတ်ကို လျှော့ပါ။
စိတ်ခံစားချက်တွေကိုအတင်းကြီး ကြိုးစားပြီး ကြိတ်မှိတ်ခံစားမနေပါနဲ့။
လိုအပ်တယ်ဆို စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးပေးသူ၊ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးပြီး စနစ်တကျ တိုင်ပင်ဆွေးနွေးလိုက်ပါ။
Counselling လုပ်တယ်ဆိုတာလည်း မိမိကိုယ်ကို လူသားဆန်တဲ့ အခွင့်အရေးတရပ် ပေးလိုက်ခြင်းဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။
ကျမတို့ရဲ့ ေး ကနေ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ရင်ဖွင့်ပြောပြလို့ရတဲ့ စိတ်ချလုံခြုံတဲ့ရပ်ဝန်းလေး ဖြစ်ဖို့ အစဥ်အမြဲ ကြိုးစားနေပါတယ်။
အားလုံးပဲ မိမိရဲ့စိတ်ကျန်းမာရေးကို အကောင်းမွန်ဆုံး စောင့်ရှောက်နိုင်ကြပါစေ။
Your mental health is just as important as your physical health.
07/12/2024
ဒီလလေးဟာ.နှစ်တနှစ်ရဲ့နောက်ဆုံးလ ဆိုတော့
ဒီနှစ်တွေထဲမှာ ကိုယ်ဘာတွေ ခံစားခဲ့ရသလဲ❓
မိမိအတွက် ဘယ်အရာတွေက လိုအပ်ခဲ့လဲ❓
ဘယ်လိုအရာတွေ တွေ့ကြုံခဲ့ရသလဲ❓
Self-reflectionလုပ်ကြည့်ပြီးပြီလား...
မလုပ်ရသေးဘူးဆိုရင် မိမိရဲ့စိတ်ခံစားချက်လေးတွေကို ပြန်လည်သုံးသပ်ဖို့ အကြံပေးပါရစေရှင်..
Thyroid Hormones Imbalance & Mental Health
အပိုင်း (2)
✅Thyroid always matters.
✅Support your thyroid.
Thyroid Hormones Imbalance & Mental Health
အပိုင်း(အပိုင်း1)
✅Thyroid always matters.
✅Support your thyroid.
Overthinking & Self-control
အတွေးတွေထဲ ပိတ်လှောင်မွန်းကြပ်နေရသလို ခံစားနေရတယ်ဆိုရင် မိမိယုံကြည်ရသူတွေဆီမှာ ရင်ဖွင့်ပြောပြလိုက်တာ.(သို့) မိမိခံစားချက်တွေကို journal writing လုပ်တာတွေကလည်း..မိမိရဲ့စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်..
ဒီvideoလေးကတော့ overthinking & self-controlလေးအကြောင်းလေးကို အနည်းငယ်မျှဝေပေးထားတာဖြစ်ပါတယ်..နားထောင်ကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်..
အခုလို ခက်ခဲတဲ့ကာလတွေမှာ စိတ်ကျန်းမာရေးကောင်းမွန်မှ ကျော်လွှားဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်..
အားလုံးပဲ မိမိရဲ့စိတ်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်နိုင်ကြပါစေ..
14/09/2024
စိတ်ခံစားချက်တွေကို သိုဝှက်သိမ်းဆည်းထားရုံနဲ့လုံလောက်ပြီလို့ထင်လား❓
⏯စိတ်ခံစားချက်ဆိုတာ သိုဝှက်သိမ်းဆည်းထားဖို့လား❓
⏯နည်းမှန်လမ်းမှန်နဲ့ ဖွင့်ဟဖော်ပြတတ်ဖို့လား❓
တခါတလေမှာ တချို့လူတွေအဖို့ ရင်ကိုဖွင့်လို့ ပြောပြဖို့ အရမ်းလိုအပ်နေတဲ့ အချိန်ဆိုတာရှိပါတယ်။
သိပ်ကိုနာကျင်ခံစားခဲ့ရတဲ့ အခိုက်အတန့်လေးတွေ၊မေ့ဖျောက်လို့မရနိုင်တဲ့ အတိတ်က နာကျင်စရာတွေဟာ ရင်ထဲမှာ သိမ်းဆည်းထားလေ အနည်ထိုင်လာလေ ဖြစ်ပြီး မသိစိတ်ထဲမှာ မေ့ပစ်ဖို့တောင် ခက်ခဲလာတတ်ပါတယ်။
သင့်ရဲ့စိတ်ကို လွတ်လပ်ပေါ့ပါးအောင် ထားနိုင်ဖို့ သင့်မှာ အပြည့်အဝ တာဝန်ရှိပါတယ်။
လူတိုင်းမှာ အနည်းနဲ့အများတော့ စိတ်ဒဏ်ရာ၊စိတ်ခံစားချက်တွေဆိုတာ ရှိတတ်ကြပါတယ်။
ကိုယ်တိုင်ကြောင့် စိတ်ထိခိုက်ရတာမျိုးပဲ ဖြစ်ဖြစ်၊ သူတပါးကြောင့် စိတ်ဒဏ်ရာရခဲ့တာမျိုးပဲ ဖြစ်ဖြစ် သိုဝှက်သိမ်းဆည်းပြီး ရင်ထဲမှာတနုံ့နုံ့ခံစားနေတာမျိုးက ကြာရှည်အတွက် သင့်ရဲ့စိတ်ကိုလွှမ်းမိုးလာပြီး သင့်ဖြစ်တည်မှု ပျောက်ဆုံးလာသည်အထိ လွှမ်းမိုးလာတတ်ပါတယ်။
ကြုံဖူးကြမှာပေါ့ ဟန်ဆောင်ဖုံးကွယ်မှုတွေ များပြီး မြိုသိပ်ရတာတွေများပြီး ကိုယ်ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးသွားတာမျိုးပေါ့။
ဒါကြောင့် စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်တွေဆိုတာ အမြစ်ပြတ်ပျောက်မသွားနိုင်ပေ မဲ့ ရောဂါတခုလို သက်သာနေကောင်းသည်အထိ ကုသဖို့ လိုအပ်ပါတယ်။
စိတ်ခံစားချက်တွေကို လွတ်လပ်စွာ ဖွင့်ပြောပြဖို့အတွက် counseling လုပ်ခြင်းဟာလည်း စိတ်ချယုံကြည်ရတဲ့ ရပ်ဝန်းလေးတခုမှာသင့်ကိုသင် လူသားဆန်ဆန် ရှင်သန်ဖို့ အခွင့်အရေးပေးလိုက်ခြင်း တမျိုး လည်း ဖြစ်ပါတယ်။
ကျမတို့ Create Positive Mindset လေးဟာဆိုရင် သင့်ရဲ့ယုံကြည်ရတဲ့ ရပ်ဝန်းလေးတခု ဖြစ်ပေးဖို့ အစဥ်အမြဲ welcomeပါနော်😍။
30/08/2024
Life is a balance of holding on and letting go.တဲ့။
ဒီစကားလေးက အရမ်းကိုတန်ဖိုးရှိတဲ့ စကားလေးပါပဲ💚
ကျမတို့ဘဝမှာ အရာအားလုံးကို သယ်ဆောင်ပြီး သွားနေရင်တော့ တချိန်ချိန်မှာ အရမ်းလေးလံပြီး ပြိုလဲကျသွားနိုင်ပါတယ်။
ဘယ်အရာကိုဖမ်းဆုပ်ထားမှာလဲ၊
ဘယ်အရာကို လွှတ်ချခဲ့မှာလဲဆိုတာ ကျမတို့ကိုယ်တိုင်ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။
ကျမတို့ဘဝမှာ အရမ်းကိုလေးလံပင်ပန်းခက်ခဲခဲ့ရတဲ့အချိန်တွေ၊ လဲ ပြိုကျခဲ့ရတဲ့အချိန်တွေ ဆိုတာ လူတိုင်းတွေ့ကြုံရတတ်ပါတယ်။
အဓိက ကတော့ အဲဒီအရာတွေဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေသိရှိပြီး လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်ဖို့ courage ရှိဖို့ပါပဲ။
'Your life is always what you choose' ဆိုတာ မမေ့ဖို့ပါပဲ။
ဥပမာ..ကိုယ်က Toxic relationship မှာ ရောက်နေတယ်ဆိုပါစို့၊ ဒီrelationshipက ကိုယ့်ကို မွန်းကြပ်စေတယ်၊ ပူလောင်စေတယ်၊ ဒဏ်ရာတွေ ဖြစ်စေတယ်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေ ပျောက်ဆုံးလာတယ် ဆိုရင်..ကိုယ့်ကို အလေးမထားတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ကို မပျော်ရွှင်စေနိုင်တဲ့ အရာတွေကို တွေဝေတုံ့ဆိုင်းမနေပဲ လွှတ်ချနိုင်ရမှာပဲ။ လွှတ်ချသင့်တဲ့အရာတွေကို မစွန့်လွှတ်နိုင်သရွေ့ ကိုယ်ကိုယ်တိုင် လောင်ကျွမ်းခံနေရမှာ ဖြစ်ပါတယ်။
ဘဝဆိုတာ ကိုယ်နိုင်သလောက်ပဲ သယ်ဆောင်ပြီး ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်တတ်ဖို့ပါပဲ။💚
စိတ်ညစ်စရာတွေ၊ ပင်ပန်းမှုတွေကို ရင်ဖွင့်စရာနေရာလိုအပ်နေတယ်ဆိုရင် ကျမတို့create positive mindset ကနေ သင့်ကို ကူညီနားထောင်ပေးဖို့ အဆင်သင့်ပါပဲနော်😍။
စိတ်ပင်ပန်းခက်ခဲမှုတွေကို သိမ်းဆည်းမထားပဲယုံကြည်ရသူတွေကို ရင်ဖွင့်ပြောပြလိုက်တာကလည်း သင့်ကိုသင် လူသားဆန်တဲ့အခွင့်အရေး ပေးလိုက်ခြင်းဖြစ်တယ်ဆိုတာလည်း သိထားပေးပါနော်။
07/08/2024
Sleep Paralysis (ဘီလူးစီးခြင်း)
ဘီလူးစီးခြင်းဆိုတာကို ကိုယ်တိုင်မတွေ့ကြုံဖူးရင်တောင် လူတိုင်း ကြားတော့ ကြားဖူးကြပါလိမ့်မယ်ထင်ပါတယ်။ လူက နိုးနေရက်နဲ့ ခြေတွေလက်တွေ လှုပ်မရ၊အော်မရ၊ ခေါ်မရနဲ့ အတော်ကြီး စိတ်ထိတ်လန့်ရတဲ့ အခြေအနေပါ။သူ့ကို ဆေးပညာအရတော့ sleep paralysis လို့ခေါ်ကြပါတယ်။
Medical psychologyအရတော့ sleep paralysisကို နှစ်မျိုး ခွဲခြားထားပါတယ်။
Isolated sleep paralysis(ISP) နှင့်
Recurrent Isolated sleep paralysis(RISP)
အလွယ်ပြောရရင် ISP ဆိုသည်မှာ လူတိုင်း ဖြစ်နိုင်ပေမယ့် RISPကတော့ အိပ်စက်ခြင်းနှင့်ဆိုင်တယ့်ရောဂါတမျိုးမျိုး ရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်။ ISPကတော့ လူတယောက် တသက်မှာ တခါ ကြုံတွေ့ရ
နိုင်ပေမဲ့ RISPကတော့ Sleeping problemရှိတယ့်လူတွေမှာ မကြာခဏ ကြုံတွေ့ရနိုင်ပါတယ်။
Sleep paralysisဘာကြောင့် ဖြစ်တာလဲဆိုတာကိုဖြေရှင်းဖို့ရာ အတော်ခက်ခဲဆဲ ဖြစ်ပါတယ်။ ဘာကြောင့် လည်း ဆိုတဲ့ အဖြေအတိအကျတော့ မရှိပေမဲ့ Theory သဘောတရားအရ တော့ လူတယောက်ရဲ့ အိပ်စက်ခြင်းဟာ REM နဲ့ NREM ဆိုပြီး တလှည့်စီ ပြောင်းလဲ ဖြစ်ပေါ်လေ့ရှိပါတယ်။ လူတယောက်တညတာ အိပ်စက်တဲ့အခါ NREM နဲ့ REM အလှည့်ကျ ဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင် NREM ဆိုတာ နိုးတဝက် အိပ်တဝက် အခြေအနေဖြစ်ပြီး REMကတော့ လုံးဝ deep sleepဖြစ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ REMအဆင့်မှာ လူတွေတော်တော်များများက အိပ်မက်မက်တတ်ကြပါတယ်။ အိပ်မက်ထဲမှာဆိုပေမဲ့ အပြင်မှာတကယ်ဖြစ်နေတဲ့အတိုင်းခံစားရပါတယ်။ဒါကြောင့် brain systemက ခြေတွေလက်တွေ muscleတွေကို လှုပ်ရှားလို့မရအောင် ပိတ်ထားလိုက်ပါတယ်။တကယ်လို့ မပိတ်ထားရင် ဥပမာဆိုပါစို့..
အိပ်မက်ထဲမှာ လမ်းလျှောက်လို့မက်ရင် အပြင်မှာတကယ် လမ်းလျှောက်နေတတ်ပါတယ်။ အိပ်မက်ထဲဘောလုံးကန်နေရင် အပြင်မှာတကယ် လိုက်ကန်နေတတ်တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို အိပ်မက်ထဲကအတိုင်း လိုက်မလုပ်ဖြစ်အောင် REMအဆင့်မှာ brain systemက ခြေတွေလက်တွေ လှုပ်မရအောင် လှမ်းပိတ်ထားတာဖြစ်ပါတယ်။ ပြီးတော့မှ နိုးတော့မယ်ဆိုမှ NREM အဆင့်ကို ပြန်ရောက် brain systemက ထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရပါတယ်။
Brain systemက REMအဆင့်မှာ ထိန်းချုပ်ထားတာမှာ လူကိုယ်တိုင်လှုပ်ရှားနိုင်တဲ့ ကြွက်သားတွေကိုသာ မလှုပ်နိုင်အောင် ထိန်းထားပြီး ကျန်တဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကတော့ သူ့အလိုလို ပုံမှန်လည်ပတ်နေတာ ဖြစ်ပါတယ်။
Sleep paralysis ဖြစ်တဲ့အခြေအနေကတော့ REM stageမှာပဲ တခုခု ကြောင့် လူဟာနိုးသွားပြီး ဦးနှောက်က အိပ်နေတဲ့ ခုနက REM stageပဲ ရှိသေးတယ် ထင်ပြီး လှုပ်ရှားမရအောင် ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် အသိစိတ်ရှိနေရက်နဲ့ လှုပ်မရ အော်မရ ဖြစ်ရတဲ့ အခြေအနေဖြစ်နေတာ ဖြစ်ပါတယ်။အိပ်မက်မက်နေသလို တကယ်ဖြစ်နေသလို ခံစားရပြီး နိုးလာချင်ပေမဲ့ ဦးနှောက်က မ နိုးနိုင်ပဲ အတော် စိတ်ဒုတ်ခ ဖြစ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အပြင်ဖက်က အထိအတွေ့တခုခု ရလာပြီးမှ ဦးနှောက်က ပုံမှန်အလုပ်လုပ်တော့မှ ပြန်လှုပ်လို့ရသွားတတ်ပါတယ်။အဲဒါကြောင့် sleep paralysis ဖြစ်ပြီးတဲ့အခါ လူတွေဟာ အင်မတန်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ် ကြုံတွေ့ခဲ့ရသကဲ့သို့ နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေတတ်ပါတယ်။
ဒီလို ဦးနှောက်က ဘာသာပြန်မှားယွင်းတာမျိုးဟာ
ဦးနှောက်ထဲ အောက်စီဂျင်အလုံအလောက်မရတဲ့အခြေအနေ၊ လေဝင်လေထံက်မကောင်းတဲ့နေရာ၊ CO2များတဲ့အခြေအနေမျိုးတွေ မှာ ပိုဖြစ်တန်ပါတယ်။
တခါတရံမှာ sleep paralysisဟာ အလွန်ပြင်းထန်သွားတတ်ပြီး အသက်ရှူမရ၊ အသက်ရှူကြပ်တဲ့ အခြေအနေမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဘယ်လိုလူတွေမှာ အဖြစ်များလဲ ဆိုရင်တော့
အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ရောဂါရှိသူတွေ
အဝလွန်သူတွေ
အိပ်ချိန် ပုံမှန်မရှိတဲ့သူတွေ
နာတာရှည် ဟော်မုန်းရောဂါရှိသူတွေမှာ အဖြစ်များတတ်ပါတယ်။
ဘယ်လိုကာကွယ်နိုင်လဲဆိုရင်တော့..
သန့်ရှင်းပြီးလေဝင်လေထွက် ကောင်းတဲ့နေရာအခန်းမှာ အိပ်စက်ခြင်း၊
အိပ်ချိန် ပုံမှန်ထားပြီး အိပ်စက် ခြင်း၊
ေဘးစောင်းအိပ်စက်ခြင်း စသည့်နည်းလမ်း ဖြင့် ကာကွယ်နိုင်ပါတယ်။
ဒီနေ့ကတော့ ဒီလောက်ပါပဲ။
That's all.😍
19/06/2024
ခံစားချက်တွေကို မျိုသိပ် သိမ်းဆည်းထားလို့ စိတ်ပင်ပန်းနေရပြီလား❓
❗ခံစားချက်ဆိုတာ မျိုသိပ်သိမ်းဆည်းထားဖို့ မဟုတ်ပါဘူး။
❗ကိုယ်ဘယ်လိုခံစားနေရပါတယ်ဆိုတာ အသိသတိနဲ့နားလည်အောင်လုပ်ပြီး နည်းလမ်းမှန်မှန်နဲ့ ထုတ်ဖော် ပြသတတ်ဖို့ လိုအပ်ပါတယ်။
Always be mindful✅
13/06/2024
💠Mindfulness💠
Mindfulnessဆိုတဲ့စကားလုံးကို ယနေ့ခေတ်မှာတော့ လူတိုင်းလိုလို ကြားဖူးသိပြီးလောက်မှာပါ။
Mindfulnessဆိုတာ Buddhaဆီကနေဆင်းသက်လာတာလည်း ဖြစ်ပါတယ်။ အဲတာကြောင့် Mindfulnessလို့ပြောလိုက်တာနဲ့ တော်တော်များများက ဘာသာရေးနဲ့စပ်ဆိုင်တယ်လို့ထင်သွားကြတယ်။ ကျွန်မကိုယ်တိုင်လည်း အရင်တုန်းက အဲလိုထင်ခဲ့ဖူးတယ်။ ဒါကြောင့် Mindfulnessဆိုတာ ကျွန်မတို့လို အသက်ရွယ်တွေနဲ့သိပ်မသက်ဆိုင်ဘူးလို့ ယူဆခဲ့ဖူးတယ်။ ငယ်တုန်းဆိုတော့ ဘဝမှာအခက်အခဲ အတားအဆီးတွေလည်း သိပ်မ ရှိခဲ့တာကိုး။ ဒါပေမဲ့ ဘဝရဲ့အပြောင်းအလဲတွေ အခက်အခဲတွေ နဲ့ တကယ်ကြုံလာရတဲ့အခါ Mindfulnessဆိုတာ ကျွန်မရဲ့ စိတ်ကျန်းမာရေး အတွက် အရမ်း အထောက်အကူဖြစ်စေခဲ့တယ်။
ဘယ်လိုအထောက်အကူ ဖြစ်စေခဲ့သလဲ❓
Mindfulnessလုပ်ရင်း မိမိကိုယ်ကို ပိုနားလည်လာတယ်၊
Self awarenessရှိလာတော့ ကိုယ့်ကိုကိုယ်ပိုတန်ဖိုးထားတတ်လာတယ်၊
အရင်လို Depression ခဏ ခဏ မဝင်ဖြစ်တော့ပဲ ပျော်ရွှင်ရခြင်း၊ ဝမ်းနည်းရခြင်း၊ ဒေါသဖြစ်ရခြင်း၊ ဘဝမှာ ဖြစ်ချင်သလို ဖြစ်မလာခြင်းတွေဟာ လောကကြီးရဲ့သဘာဝပါလားလို့ ဆင်ခြင်လာနိုင်တယ်၊
အဲထဲက အကြီးမားဆုံး ပြောင်းလဲမှုကတော့ ဒေါသ ထွက်တိုင်း ထွက်တိုင်း ကိုယ့်ကိုကိုယ် 'သြော် ငါ့စိတ်လေးဟာ ဒေါသဖြစ်နေပါလား' လို့ 'ဒီအရာတွေက ငါ့စိတ်ကို ဒေါသဖြစ်စေပါလား' လို့ သိလာပြီး အရင်လို စိတ်လိုက်မာန်ပါ ဖြစ်သွားတာမျိုးတွေ လျော့နည်းလာတယ်။
Mindfulnessဆိုတာ ဘာလဲ❓
Mindfulnessဆိုတာ အတိတ်၊အနာဂတ်ဆိုတာမရှိပဲ လက်ရှိအချိန်ကာလ(This moment)မှာ သတိရှိစွာနေထိုင်တတ်ခြင်းဖြစ်ပါတယ်။
တနည်းအားဖြင့် ကိုယ့်ကိုကိုယ် မိမိစိတ်ထဲမှာ ပျော်ရွှင်နေတယ်၊ ဝမ်းနည်းနေတယ်၊ စိတ်ညစ်နေတယ်၊ စသည်ဖြင့် လက်ရှိ စိတ်ထဲ ဖြစ်ပျက်သမျှတွေကို မြင်တတ်အောင်လိုက်ကြည့်ပြီး မကောင်းတဲ့အတွေးတွေ ဝင်လာရင်တောင် ၊ ဒီလိုမကောင်းတဲ့အတွေးတွေ မတွေးရဘူးလို့ အတွေးတွေကို လိုက်ကန့်သတ်တာမျိုး မဟုတ်ပဲ TV ဖန်သားပြင်ပေါ်မှာ ပေါ်လာသမျှကို လိုက်ကြည့်သလို ကြည့်တတ်ခြင်း၊ မြင်တတ်ခြင်းလည်း ဖြစ်ပါတယ်။
Mindfulness လုပ်ခြင်းဖြင့်
❇self awarenessတွေ အားကောင်းလာစေတယ်၊
✳မိမိကိုယ့်ကို သိနားလည်လာပြီး တန်ဖိုးထားတတ်လာတယ်၊
✳အာရုံစူးစိုက်မှု အားကောင်းလာစေတယ်၊
✳Mental health တိုးတက်လာစေတယ်၊
ဒါကြောင့်....Mindfulnessကို အချိန်ရရင်ရသလို ကျင့်ကြည့်ဖို့ ကျွန်မ အကြံပြုပေးချင်ပါတယ်။
01/02/2024
Counsellingဆိုတာဘာလဲ❓
Counselling ဆိုတာ နှစ်သိမ့်ဆွေးနွေးအကြံဥာဏ်ပေးခြင်း၊ Air therapy၊ စကားပြောကုထုံး စသဖြင့် အမျိုးမျိုး ခေါင်းစဥ်တပ်ပြောကြပေမဲ့ တကယ်တမ်းကျတော့ counsellingဆိုတာ အရမ်းကို နူးညံ့သိမ့်မွေ့တဲ့ပညာရပ်တခုပဲ ဖြစ်ပါတယ်။
Counsellingဆိုတာ မိမိကိုယ်ကိုမိမိ ပြန်လည် ရှာဖွေ ခြင်းတမျိုးလည်း ဖြစ်ပါတယ်။
Counsellingလုပ်ရာတွင် ကိုယ့်ရဲ့ စစ်မှန်တဲ့ စိတ်ခံစားချက်တွေ၊ ကိုယ်တိုင်တောင်သတိမထားမိတဲ့ မိမိရဲ့ အပြုအမူ အပြောအဆိုတွေ၊ ကိုယ့်ရင်ထဲက နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေ၊အနာတရတွေ၊ လက်မခံနိုင်ခြင်းတွေ၊ဆုံးရှုံးပြိုလဲကျမှုတွေကို အပွင့်လင်းဆုံး ထုတ်ဖော်ပြသ
ခွင့်ရတဲ့ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးတခုလို့ ပြောရပါမယ်။
တခါတလေမှာ ကျမတို့ဟာ ကိုယ့်ရဲ့ဘဝမှာ ကိုယ်ဘာဖြစ်နေသလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ ကိုယ်တိုင်တောင် သိမြင်ခံစားဖို့ ခက်ခဲတဲ့အခိုက်အတန့်တွေ ရှိကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်ဖို့ လိုအပ်တဲ့ အကူအညီယူခြင်းဟာလည်း မိမိကိုယ်ကို လူသားဆန်တဲ့အခွင့်အရေး ပေးလိုက်ခြင်းတမျိုးပါပဲ။
Counsellingယူခြင်းဟာ ရှက်စရာ မဟုတ်သလို စိတ်ကျန်းမာရေးချွတ်ယွင်းနေလို့ counsellingယူခြင်းလည်း မဟုတ်ပါဘူး။ ကျမတို့ဟာ လူသားတွေထဲကလူသားတွေပဲမို့ခံစားတတ်တယ်၊ ကြေ ကွဲရတယ်၊ ပြိုလဲကျတဲ့ အချိန်အခါမျိုးတွေ မှာ မိမိတို့ရဲ့ဘဝမှာ မိမိတယောက်တည်း ကြိတ်ခံစားနေမယ့်အစား တစုံတယောက်ကို ဖွင့်ပြောပြ ပြီး တိုင်ပင်ဆွေးနွေးလိုက်တာက ပိုပြီး စိတ်သက်သာရာရတာမျိုး ရှိတတ်ပါတယ်။ တယောက်တည်း ကြိတ်ခံစားတာများလာတဲ့အခါ ခံစားချက်တွေဟာ တဖြည်းဖြည်းစုပုံ အနည်ထိုင်လာပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ ယုံကြည်မှုတွေ ပျောက်ဆုးံပြီး မိမိကိုယ်ကို တောင်ပျောက်ဆုးံသွားတတ်ပါတယ်။
ဒါကြောင့် Counsellingလုပ်ခြင်းက မိမိရဲ့ဘဝမှာ Quality of lifeရ ရှိဖို့ အများကြီး အထောက်အကူ ပြုပေးတာကို တွေ့ရှိရပါတယ်။
လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးတွေမှာ မိမိရဲ့ စိတ်ခံစားချက်တွေ၊ ဒဏ်ရာအနာတရတွေကို ဖွင့်ချ နိုင်ခြင်းဟာလည်း မိမိကိုယ်ကို ပြန်ရှာဖွေ ဖို့ လမ်းစ လေးတခုလို့ ဆိုရပါမယ်။
မိတ်ဆွေတို့ရဲ့..လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးတခု ဖြစ်ဖို့ create positive mindset လေးက အကောင်းမွန်ဆုံး ကြိုးစားလျက် ရှိပါတယ်နော်😍
မိမိရဲ့ စိတ်ကျန်းမာရေးကို အကောင်းမွန်ဆုးံ စောင့်ရှောက်နိုင်ကြပါစေ။😍
21/01/2024
😍😍let's create positive mindset.
Click here to claim your Sponsored Listing.