Dip IFR
May Myanmar Accounting Services
22/05/2026
Filing system တွေကို လုပ်ငန်းတွေမှာ Admin department က ဘယ်လိုစီမံခန့်ခွဲလဲ
လုပ်ငန်းတွေရဲ့ documentတွေဟာ အရမ်းအရေးကြီး လိုအပ်တဲ့အချိန်မှာ မှန်မှန်ကန်ကန်တိတိကျကျနဲ့ ပြန်လည်ရှာဖွေပြီး အသုံးချနိုင်ဖို့အတွက် filing system စနစ်တကျတည်ဆောက်ပြီး documentတွေဖြစ်တဲ့ စာရွက်စာတမ်း ၊ဖိုင်းများ ၊ ဒေတာများကကို စနစ်တကျ သေချာသိမ်းဆည်းထားဖို့အတွက် admin departmentက ပြုလုပ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ဒါကြောင့် filing system အတွက် သိသင့်တာလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။
Filing systemကို သေချာတည်ဆောက်ထားရင် လိုချင်တဲ့ fileကို လွယ်လွယ်ကူကူပြန်ရှာနိုင်ခြင်း ၊ အချိန်ကုန်သက်သာခြင်း ၊ dataတွေအပြင်ကိုပေါက်ကြားမှုမရှိပဲ လုံခြုံမှုရှိခြင်း ၊ လုပ်တဲ့ processတွေ စနစ်ကျခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။
Filing systemလုပ်တဲ့အခါ ဘာတွေကို ထည့်စဥ်းစားရမလဲဆိုတော့ fileတွေကို departmentအလိုက်သိမ်းစည်းထားပြီး အားလုံးပုံစံတပြေးညီ standardတစ်ခုဖြစ်အောင် admin departmentက တခြားdepartmentနဲ့ တစ်ရုံးလုံးကို file သိမ်းစည်းနည်း ပုံစံစနစ်တစ်ခုတည်းဖြစ်အောင်း အထောက်အပံပေးပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။နောက်ပြီး နှစ်အချိန်အရမ်းကြာသွားတဲ့ documentတွေကို admin departmentသို့ပြောင်းရွှေ့ပြီး စနစ်တကျ ထိမ်းသိမ်းထားပေးခြင်းတို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်။
ဒီလိုfileတွေကို သိမ်းတဲ့အခါနမည်နဲ့ codeတွေပေးဖို့အတွက် department အလိုက်ဖြစ်စေ ဥပမာ HR, Finance ,marketing ,sales စသဖြင့်ဖြစ်စေ ၊ နှစ်အလိုက်2025,2026ဖြစ်စေ ၊ catrgoryအလိုက် invoice ,contracts , sales data ,စသဖြင့် ခွဲခြားပြီး သက်မှတ်ရမှာဖြစ်ပါတယ်။
ပထမဦးဆုံး filing system လုပ်ဖို့အတွက် File register recordကို လုပ်ရပါတယ် ဒါကိုကြည့်ပြီး ဘယ်ဟာက ဘယ် fileလဲဆိုတာကို သိဖို့ဖြစ်ပါတယ် တကယ်လို့ အလုပ်စဝင်တဲ့သူဆိုရင် ဒါကိုကြည့်ရင် ပိုပြီး လွယ်ကူအောင်ဖြစ်ပါတယ်။ပုံ(1) ,ပုံ(2)မှာ ပြထားသလို Departmentအလိုက် ဘာcodeတွေအတိုကောက်ပေးမလဲဆိုတာကို သက်မှရပါမယ် ဥပမာ sales departmentအတွက် SAL ဒါမှမဟုတ် SLS ပေးလို့ရပြီး Financeအတွက် FIN ဒါမှမဟုတ် FNCပေးလို့ရပါတယ်။ပြီးရင်
ပုံ(3)မှာပြထားသလို codeအတွက် sales departmentဆိုရင် အဲ့departmentအတွက် document type categoryတွေကို ဘာcodeပေးမယ်ဆိုတာကို သက်မှတ်ရပါတယ် ပုံ(3)မှာပြထားသလိုsales departmentအတွက် quotationဆိုရင် QTN ဖြစ်ပြီး customer record ဆိုရင် CUS စသဖြင့် ပေးမှာဖြစ်ပါတယ်။
ဥပမာအနေနဲ့ file codeတွေတည်ဆောင်တဲ့အခါ ပုံ(4) တွင်ပြထားသလို SAL - 2025 - DN - 005 ဆိုရင် ဒါကို ဖတ်ရင် sales department SAL ရဲ့ ၂၀၂၅ခုနှစ်အတွက် Deliver note record ဖြစ်တယ်ဆိုပြီး ဖြစ်ပါတယ် 001 ,002,003 ဆိုပြီး fileအစဥ်လိုက်ထားမှာဖြစ်ပါတယ်။နောက်ဒါပြီးရင်
ပုံ(5) မှာပြထားသလို sales departmentအတွက် file register recordကို တည်ဆောက်ရမှာဖြစ်ပါတယ်။ပုံ(5)မှာ ဆိုရင် file codeပါမယ် ဒါကို အပြင်fileတွေမှာ sticker နဲ့ ကပ်ရမှာဖြစ်ပြီး ဘာfileဖြစ်တယ် ဘယ်နေ့ကစလုပ်တယ် ဘယ်နေရာ locationမှာ သိမ်းထားတယ် ဒီlocationလို့ပြောတဲ့အခါ hardcopy fileတွေဆိုရင် ဘယ်cabinet ဘီဒိုတွေ shelfစင်တွေမှာထားတယ် ဆိုတဲ့ ဘီဒိုအကန့်တွေကို နံပက်ပေးထားရမှာဖြစ်ပါတယ် တကယ်လို့ softcopyကို သိမ်းမယ်ဆိုရင် data baseရဲ့ ဘယ်နားမှာရှိတယ်ဆိုတာကို Drive>sales> Quotation စသဖြင့် computerမှာ fileသိမ်းထားတဲ့ လမ်းကြောင်းကိုရေးပေးရမှာဖြစ်ပါတယ်။
File codeတွေကိုပုံထဲကလို Box file မှာ ကပ်တာဖြစ်စေ drawerတွေမှာ ကပ်တာဖြစ်ကပ်ရမှာဖြစ်ပါတယ် ပြီးရင် fileတွေ drawerတွေထဲမှာ customer recordလိုမျိုးဆိုရင် A,B,C,D စသဖြင့် နမည်တွေကို alphabetical ခွဲလို့ရသလို တခြားနမည်မဟုတ်ဟာတွေဆို ,001,002ဆိုပြီး ပုံထဲကလို အမှတ်အသားလုပ်ထားရမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
Business valuation လုပ်ငန်းတွေကို တန်းဖိုးဖြတ်ခြင်း
လုပ်ငန်းတွေကို တန်းဖိုးဖြတ်ခြင်းဟာ ဒီလုပ်ငန်းတွေကို ပြန်လည်ရောင်းချဖို့အတွက်ဖြစ်စေ ၊ တခြားလုပ်ငန်းနဲ့ merger ပေါင်းစည်းဖို့အတွက်ဖြစ်စေ ၊ share နဲ့ investment ရင်နှီးမြှပ်နှံဖို့အတွက်ဖြစ်စေ လုပ်ငန်းတွေကို တန်ဖိုးဖြတ်ကြပါတယ်။တကယ်လို ကိုယ်က တခြားသူတွေစီက လုပ်ငန်းကို ပြန်ဝယ်မယ်ဆိုရင် ရောင်းသူဘက်က စျေးဘယ်လောက်လိုချင်တယ်ဆိုတာကို စျေးဖွင့်ပါမယ် ဒီစျေးဟာ တကယ်တန်မတန် ဖြစ်သင့်တဲ့ နှုန်းမှာရှိလားဆိုတာကို ကိုယ့်က business valuation methodတွေသုံးပြီး analysis စမ်းစစ်ရမှာဖြစ်ပါတယ်။
Business valuation လုပ်တဲ့အခါ ဘာတွေကို ကြည့်ပြီး စဥ်းစားရလဲဆိုတော့
♦️(1) Asset approach method (Book Value Method)
ဒီနည်းဟာ ပထမဦးဆုံးလုပ်ငန်းတွေမှာရှိတဲ့ assetတွေကို အရင်တွက်ပါတယ် asset လို့ပြောရင် Fixed asset ဆိုတဲ့ အိမ်မြေ ကား စက်ပစ္စည်း ပရိဘောဂတွေ စတဲ့ ပစ္စည်းတွေတန်းဖိုးဘယ်လောက်ရှိလဲ depreciation ဘယ်လောက်နုတ်ထားပြီးပြီးလဲ အရင်ဝယ်စျေး နဲ့ အခုလက်ရှိကာလတန်ဖိုးပေါက်စျေးတွေနဲ့ဆို စုစုပေါင်း fixed asset တန်ဖိုးဘယ်လောက်ရှိလဲဆိုတာကို တွက်ရပါတယ် နောက်တခြား asset တစ်မျိုးဖြစ်တဲ့ current asset တွေဖြစ်တဲ့ ပြန်ရောင်းဖို့ကုန်ပစ္စည်းတွေ ၊ စက်ရုံဆိုရင် raw materialတွေ ၊ cash ငွေသားတွေ နိုင်ငံခြားငွေတွေ ၊ကိုယ်ရမယ့် receivableငွေတွေ ၊ ကြိုပေးထားတဲ့အသုံးစရိတ် prepaid expense တွေကို ကြည့်ရပါတယ် ဒီcurrent asset နဲ့ fixed assetတွေကို ပေါင်းပြီး စုစုပေါင်း total assetဟာ ဒီလုပ်ငန်းမှာ ငွေဘယ်လောက်ရှိတယ်ဆိုတာကို လုပ်ငန်းရဲ့ balance sheet (financial position) နဲ့ မြေပြင်မှာလိုက်ကြည့်ရပါမယ်။ဒီ total asset ရဲ့ တန်ဖိုးဟာ လုပ်ငန်းရဲ့ တန်းဖိုးဖြစ်ပါတယ်။
ဥပမာလုပ်ငန်းတန်ဖိုး total assetက သိန်း၅၀၀၀ ရှိတယ်ဆိုရင် ဒီလုပ်ငန်းကရောင်းမယ်ဆိုရင် သိန်း၅၀၀၀နဲ့ ဝယ်သင့်တယ်ဆိုပြီး တွက်လို့မရပါ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းမှာရေရှည်ချေးထားတဲ့ ငွေတွေဖြစ်စေ ရေတိုပြန်ပေးရမယ့်ငွေတွေဖြစ်စေ liabilityတွေရှိပါတယ် ဒီပေးရမယ့် ငွေamountကို နုတ်ပြီးမှသာရင် ကျန်တဲ့ ငွေတန်ဖိုး net asset တန်ဖိုးကသာ ပေးသင့်တဲ့ စျေးတန်းတစ်ခုအဖြစ်စပြီး သက်မှတ်ရပါတယ်။
Net Asset /Owner Equity (Net Worth) = Total Asset - Total Liability
ဥပမာ total asset က သိန်း၅၀၀၀ ရှိပြီး ပေးရမယ့် total liability က သိန်း၂၀၀၀ရှိတယ်ဆိုရင်
Net Asset /worth = ၅၀၀၀ - ၂၀၀၀ = ၃၀၀၀သိန်း ဆိုပြီး ဒီလုပ်ငန်းဟာ asset approach Book Value Method အရ သိန်း၃၀၀၀တန်းတယ်ဆိုပြီး အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။ဒါတစ်ခုပဲနဲ့ တန်းဖိုးသက်မှတ်လို့ရလားဆိုတော့ မရသေးပါဘူး ကျန်methodတွေဖြစ်တဲ့
♦️(2) Market approach
တနည်းMarket approach အတွက် ဘာတွေနဲ့ စမ်းစစ်ရမလဲဆိုတော့ marketingရဲ့ 4Ps ဖြစ်တဲ့
- Product
ဒီလုပ်ငန်းမှာရှိတဲ့ brand နဲ့ productတွေက quality အားဖြင့် ကောင်းလား သုံးစွဲသူတွေကော စျေးကွက်ထဲမှာကြိုက်ကြလား နမည်ပျက်ရှိဖူးလား စတာတွေကိုကြည့်ပြီးနောက်
-Price ဒီလုပ်ငန်းက ထုပ်တဲ့productတွေက စျေးကွက်ထဲမှာ စျေးနှုန်းအရ တခြားcompetitorတွေနဲ့ ယှဥ်ပြိုင်နိုင်လား ဘယ်လိုမျိုး စျေးနှုန်းတွေနဲ့ သွားနေတာလဲ
- Place ဆိုတဲ့ ဒီလုပ်ငန်း ဖြန့်ချီရေး distribution က နေရာတိုင်းရေောက်အောင်ဖြန့်နိုင်တာလား lower Myanmarပဲလား upper myanmarပဲလား ဘယ်လောက်ထိဖြန့်ချီးရေးတွေ အဆင်ပြေကောင်းမွန်လဲဆိုတဲ့ distribution networkကို စမ်းစစ်ရပါမယ်။
- Promotionကတော့ ဒီလုပ်ငန်းက စျေးကွက်ထဲ လူတွေဘယ်လောက်သိလဲ စိတ်ဝင်စားကြလဲ စွဲစွဲမြဲမြဲဝယ်ကြလဲဆိုတာကိုကြည့်ရပါမယ်။
နောက် 4Ps ပြီးရင် Competitor နဲ့ compareလုပ်ကာ စမ်းစစ်ရပါမယ် ဒီလုပ်ငန်းရဲ့ ပြိုင်ဘက် တွေနဲ့4Ps ချင်းယှဥ်ရင် ဒီလုပ်ငန်းက ဘယ်လိုအခြေအနေရှိလဲဆိုတာကို စမ်းစစ်ရပါမယ်။
တကယ်လို့ လိုအပ်ရင် တခြားလုပ်ငန်းချဲ့ထွင်မှု diversificationတွေနဲ့ ပက်သက်တဲ့ လုပ်ငန်းက ဘယ်လိုတွေ strategyအရ ချဲ့ထွင်ထားလဲဆိုတာတွေပါ ထည့်သွင်းစဥ်းစားလို့ရပါတယ် လုပ်ငန်းမတူရင် သုံးသပ်တာကွာခြားနိုင်ပါတယ်။
ဒီ 4Ps နဲ့ competitorတွေရဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်ရင် market researchလုပ်ကာ 4Ps နဲ့ competitor ရဲ့ P တစ်ခုချင်းစီအလိုက် အမှတ်ပေးရပါမယ် ဥပမာ Pတစ်လုံးကို 10မှတ်ပေးတယ်ဆိုရင် competitorနဲ့ဆို စုစုပေါင်းအမှတ်50ရှိပါတယ်။ ကိုယ်researchလုပ်ကြည့်လို့ အမှတ်က 40အထက်ဖြစ်နေတယ်ဆိုရင် ဒီလုပ်ငန်းက marketထဲမှာ အခြေအနေကောင်းတယ်ပြောလို့ရပါတယ် ဒီလုပ်ငန်းဝယ်သင့်တယ် ရှေ့part-1မှာ asset approachအရတိုင်းတာထားတာ သိန်း3000 ဖြစ်ပြီး market ထဲမှာလည်း အခြေအနေကောင်းတဲ့အတွက် ဒီလုပ်ငန်းကို ရောင်းမယ့်သူက သိန်း3500လောက် စျေးဖွင့်နိုင်ပါတယ်။
ဒီဟာနဲ့ မရသေးပါဘူး နောက်တခြားနည်းနဲ့ ထပ်ကြည့်ရပါအုန်းမယ်
♦️ (3) Income approach
Income approach ဆိုတဲ့ လုပ်ငန်းရဲ့ ဝင်ငွေအခြေအနေအပေါ်မှုတည်ပြီး ကြည့်ရပါတယ် ဒါကို လုပ်ငန်းရဲ့ profit and loss statementမှာကြည့်ရပါတယ် ဒီstatementက မှန်ကန်ဖို့လည်း လိုပါတယ်။
Incomeတွေကို ကြည့်တဲ့အခါ လုပ်ငန်းရဲ့ Net profit အသတင်အမြတ်ဟာ အရင်း ၄နှစ် ၅နှစ်တုန်းကနဲ့ ယှဥ်ရင် ဘယ်လောက်%နှုန်းစီ နှစ်အလိုက်တက်လာလဲကို ကြည့်ရပါတယ် နောက် ဒီ၅နှစ်မှာ average ဘယ်လောက်တက်လာလဲကိုပါ တွက်ကြည့်ရပါတယ် ဥပမာ လုပ်ငန်းတစ်ခုဟာ ၅နှစ်အတွက် Net profit တိုးတက်တဲ့ %ဟာ
5% , 6% , 7% , 5% , 6% ရရှိတယ်ဆိုရင် ဒီ၅နှစ်အတွင် averge တိုးတက်တဲ့နှုန်းက (5+6+7+5+6)/5 = 5.8% average တိုးတက်တဲ့နှုန်းရှိတယ်ပြောလို့ရပါတယ်။
နောက်ဒီနေရာမှာ ငွေကြေးဖောင်းပွမှု inflationနဲ့ ပစ္စည်းစျေးနှုန်း priceတက်တာကို သတိပြုရပါမယ် priceတွေတက်လို့ အရောင်းamountတက်သွားတာလည်း ဖြစ်တက်ပါတယ်။
ဥပမာ လုပ်ငန်းတစ်ခုဟာ 2019တုန်းက ပစ္စည်းတစ်ခုကို ၁၀၀၀ကျပ်နဲ့ ရောင်းပြီး 2019အတွက် အရောအတွက် Unit ၅သိန်းလောက်ရောင်းရကာ sales/revenueက သိန်း၅ထောင်ရမယ် Net profit marginက 10%ရကာ NPအမြတ်က သိန်း၅၀၀ရတယ်ဆိုပါဆို့ နောက်2023မှာ ဒီလုပ်ငန်းပဲ ပစ္စည်းစျေးဟာတက်သွားပြီး တစ်ခုကို ၃၀၀၀ကျပ်ဖြစ်သွားကာ အခုရေ Unit ၅သိန်းရောင်းရရင် Revenueက သိန်းပေါင်း၁၅၀၀၀ ရကာ Net profit 10%က သိန်း၁၅၀၀ ရတယ်ဆိုရင် ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့် စျေးနှုန်အရတက်လာဖြစ်တာကိုသတိပြုရပါတယ် business growth မရှိဘူးဆိုတာနားလည်ရပါမယ်။
ဒီလိုမျိုး လုပ်ငန်းတစ်ခုကို တန်ဖိုးဖြတ်တော့မယ်ဆိုရင် ပုံမှန်အားဖြင့် ခုနကပြောထားတဲ့ asset approach , Market approach , Income approachတွေကိုကြည့်ကြပြီး ကိုယ်ကဘယ်စျေးလောက်ရောင်းသင့်တယ် ဝယ်သင့်တယ်ဆိုတာကို ဝယ်သူရောင်းသူ ညှိနှိုင်းရမှာဖြစ်ပါတယ်။တခြား ထပ်စဥ်းစားရမယ့် နည်းလမ်းတွေကတော့
♦️(4) Excess Earnings Method (EEM)
EEM ဆိုတာကတော့ လုပ်ငန်းရဲ့တန်းဖိုးကို valuationလုပ်တဲ့အခါ ထိတွေ့ကိုင်လို့ရတဲ့ tangible assetတွေကို ထည့်သွင်းစဥ်းစားတဲ့အပြင် ထိတွေ့လို့မရတဲ့ intangible assetတွေဖြစ်တဲ့Goodwill, Brand value, Customer relationshipတွေကိုပါ ထည့်သွင်းစဥ်းစားတွက်ချပြီး လုပ်ငန်းရဲ့တန်ဖိုးကိုတွက်ချက်ခြင်းဖြစ်ပါတယ်။ဒါတွက်ရင်ဘာတွေလိုလဲဆိုတော့
- Normalized Annual Net Earnings
- Tangible Net Asset Value (TAV)
- Required Return on Tangible Assets (RRR-TA)
- Required Return on Intangible Assets (RRR-IA)
စတာတွေလိုပါတယ်။
Normalized Annual Net Earnings ဆိုတာက လုပ်ငန်းရဲ့ တစ်နှစ်တာ Net profitကို adjustလုပ်ထားတာဖြစ်ပါတယ် ရှုပ်မယ်ထင်ရင် လုပ်ငန်းရဲ့ ၁နှစ်စာ net profitနဲ့ပဲထည့်တွက်ပါ။
Tangible Asset Value (TAV) ဆိုတာက Asset approach method (Book Value Method) မှာပြောခဲ့တဲ့အတိုင်း
Net Asset /Owner Equity (Net Worth) = Total Asset - Total Liability အတိုင်း Net asset တန်ဖိုးကိုပြောတာဖြစ်ပါတယ်။
Required Return on Tangible Assets (RRR-TA)ရဲ့ %က လုပ်ငန်းရဲ့ riskအပေါ်မှုတည်ကာကွာခြားနိုင်ပါတယ်
Low-risk (clinic, rental) → 6–8%
Medium (retail, food) → 8–10%
Higher risk → 10–12%
စသဖြင့် လုပ်ငန်းriskအပေါ်မှုတည်ကာရွေးခြယ်ရမှာဖြစ်ပါတယ်။
Required Return on Intangible Assets (RRR-IA)လည်း business riskအပေါ်မှုတည်ကာ
Low-risk (clinic, rental) → 15 - 20%
Medium (retail, food) → 20–30%
Higher risk → 30–40% စသဖြင့် tangibleထက် %ပိုများပါတယ်။
ဒီတော့ ဥပမာ အနေနဲ့ တွက်မယ်ဆိုရင်
လုပ်ငန်း၁ခုဟာ ၁နှစ်ကို Annual Net Earnings သိန်း၂၀၀၀မြတ်မယ် ပြီးတော့ Net Asset တန်ဖိုးက သိန်း၅၀၀၀ရှိမယ် လုပ်ငန်းက risk အသင့်အတင့်ဖြစ်တဲ့ စားသောက်ကုန်ဖြန့်တဲ့လုပ်ငန်းဖြစ်မယ်ဆိုရင် ဒီလုပ်ငန်းကိုတန်းဖိုးဖြတ်ရင်
Normalized Net Earnings = သိန်း2000
Net Asset Net Asset = သိန်း5000
Required Return on Tangible Assets
=5000 x 8% = 400
Excess Earnings = Normalized Net Earnings - Required Return on Tangible Assets
= 2000 - 400 = 1600
Value of Intangible Assets
=Excess Earnings / Required Return on Intangible Assets%
= 1600 / 20%
= 8000
Total Business Value
= Net Asset + Value of Intangible Assets
= သိန်း5000 + သိန်း8000
= သိန်း 13000 ရှိပါတယ်။
ဒီလုပ်ငန်းက သိန်းပေါင်း 13,000 တန်တယ်ပြောလို့ရပါတယ် intangible assetတွေပါထည့်တွက်ရင်ဖြစ်ပါတယ်။
ဒီနေရာမှာ သတိပြုသင့်တာက ကိုယ့်လုပ်ငန်းက tangible assetတွေအပြင် တခြားထိတွေလို့မရတဲ့ customerတွေရှိတာ ,brandကို လူတွေသိတာ စသဖြင့် ဒါတွေက ပိုပြီးတန်ဖိုးများစွာရှိနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ဒါပြီး နောက်နည်းလမ်းတွေက
♦️(5) Capitalization of Weighted Average Earnings (WAE) Method
WAE ဆိုတာက လုပ်ငန်းရဲ့ Net profit တွေကို weightတွေပေးပြီး averageချကာ Capitalization Rate နဲ့စားပြီးရလာတဲ့ တန်ဖိုးကို business ရဲ့ value တန်းဖိုးဆိုပြီး တွက်ယူခြင်းဖြစ်ပါတယ်။
ဥပမာ လုပ်ငန်းတစ်ခုရဲ့ 4နှစ် Net profitဟာ
1 Year - သိန်း1200
2 Year - သိန်း1500
3 Year - သိန်း1300
4 Year - သိန်း1600
ဖြစ်ပြီး weightပေးတဲ့အခါ
1 Year ကို 1
2 Year ကို 2
3 Year ကို 3
4 Year ကို 4 စသဖြင့်ပေးပါမယ်။
Weighted Earningsတွက်လိုက်ရင်
1 Year - သိန်း1200 x 1 = သိန်း1200
2 Year - သိန်း1500 x 2 = သိန်း3000
3 Year - သိန်း1300 x 3 = သိန်း 3900
4 Year - သိန်း1600 x 4 = သိန်း6400
Total = 1200 + 3000 + 3900 + 6400 =14500 ဖြစ်ပြီး
Total Weights = 1 + 2 + 3 + 4 = 10
Weighted Average Earnings (WAE)
= 14500 / 10 = 1450
Capitalization Rateကို လုပ်ငန်းရဲ့ riskအပေါ်မှုတည်ကာ
Low-risk (clinic, rental) → 12 - 15%
Medium (retail, food) → 18–22%
Higher risk → 25–35% ပေးရမှာဖြစ်ပါတယ်။
ဒီမှာ Cap rateကို 20%ပဲထားပါမယ်။
Business Value = 1450 / 20% = 7250သိန်း
ဒီလုပ်ငန်းဟာ သိန်း7250 valueရှိတယ်ဆိုပြီး အဖြေထွက်ပါတယ်။
အခုဆိုရင် business တစ်ခုကို ဘယ်လိုတန်ဖိုးဖြတ် valuationတွေလုပ်ရမလဲဆိုတာကို တော်တော်လေးသိသွားမယ်ထင်ပါတယ် တခြားနည်းလမ်း တွေလည်း ရှိပါသေးတယ် အခုလောက်သိသွားရင်တော်တော်လေး အသုံးချတက်သွားပါလိမ့်မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
Bill of Lading B/L ဆိုတာဘာလဲ
Bill of Lading B/Lဆိုသည်မှာ ကုန်ပစ္စည်းပို့ဆောင်ရေး အထူးသဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အလွန်အရေးပါသော တရားဝင်စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ် ရိုးရိုးရှင်းရှင်းပြောရလျှင် သင်္ဘောလိုင်း သို့မဟုတ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Carrier မှ ကုန်ပစ္စည်းများကို လက်ခံရရှိကြောင်းနှင့် သတ်မှတ်ထားသော ဆိပ်ကမ်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပေးသည့် ဝန်ခံကတိပြုလွှာ ဖြစ်သည်။
Bill of Lading သည် သယ်ယူပို့ဆောင်သူ Carrierက ကုန်ပစ္စည်းများကို သင်္ဘောပေါ်သို့ တင်ဆောင်ပြီးပြီဖြစ်ကြောင်း သို့မဟုတ် လက်ခံရရှိပြီဖြစ်ကြောင်း အတည်ပြုပေးသည့်အထောက်အထား ဖြစ်ပြီး B/L လက်ဝယ်ရှိသူသည် ထိုကုန်ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသည် ထို့ကြောင့် ကုန်ပစ္စည်းကို ဆိပ်ကမ်းတွင် ထုတ်ယူရာတွင် Original Bill of Ladingကို ပြသနိုင်မှသာ ကုန်ထုတ်ယူခွင့် ရရှိမည်ဖြစ်သည် original B/Lကို ပျောက်လို့မရပါဘူး။
B/L တစ်စောင်မှာ ဘာတွေပါလေ့ရှိတယ်ဆိုတော့
- Shipper ကုန်ပို့သူ၏ အမည်နှင့် လိပ်စာ။
- Consignee ကုန်လက်ခံမည့်သူ၏ အမည်နှင့် လိပ်စာ။
- Notify Party ကုန်ရောက်ရှိကြောင်း အကြောင်းကြားရမည့်သူ။
- Vessel/Voyage သင်္ဘောအမည်နှင့် ခရီးစဉ်အမှတ်။
- Port of Loading/Discharge ကုန်တင်ဆိပ်ကမ်းနှင့် ကုန်ချဆိပ်ကမ်း။
- Description of Goods ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အလေးချိန်နှင့် ထုပ်ပိုးမှုပုံစံစတာတွေပါဝင်လေ့ရှိပါတယ်။
Bill of Lading (B/L) ရဲ့ လုပ်ဆောင်ပုံကို ပိုမိုရှင်းလင်းသွားအောင် ဥပမာပြောပြရရင် စာရေးနိုင်ငံခြားကနေ ရုံးသုံး ပရိဘောဂ Office Furnitureတွေ မှာယူတယ်လို့ ဆိုပါစို့ Shipper ကုန်ပို့သူက တရုတ်နိုင်ငံက Furniture Factory တစ်ခုဖြစ်ပြီး Carrier သယ်ယူပို့ဆောင်သူက သင်္ဘောလိုင်း ဥပမာ - Maersk သို့မဟုတ် MSCဖြစ်ကာ
Consignee ကုန်လက်ခံမည့်သူက စာရေးသူဖြစ်ပါမယ်။ဒါကို processအရ ကုန်ပစ္စည်းလွှဲပြောင်းဖိုွအတွက် တရုတ်စက်ရုံက ပရိဘောဂတွေကို ကွန်တိန်နာနဲ့ ထည့်ပြီး သင်္ဘောဆိပ်ကို ပို့လိုက်ပါတယ်သင်္ဘောလိုင်းက ကုန်တွေကို လက်ခံရရှိတဲ့အခါ Bill of Lading (B/L) ကို ထုတ်ပေးလိုက်ပါတယ် အဲဒီ B/L ထဲမှာ ပရိဘောဂ သေတ္တာအလုံး ၅၀၊ အလေးချိန် ၅ တန်ကို အခြေအနေကောင်းမွန်စွာ လက်ခံရရှိပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင်ပါမည် လို့ ရေးသားထားပါတယ်ဒါကို တရုတ်စက်ရုံက အဲဒီ B/L Original ကို စာရေးသူဆီကို အမြန်ချောပို့ DHLလိူမျိုး သို့မဟုတ် LCသုံးရင်ဘဏ်ကတစ်ဆင့် ပို့ပေးလိုက်ပါတယ်။
ပြီးတော့ ကုန်ထုတ်ယူဖို့အတွက် သင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ရောက်တဲ့အခါ စာရေးသူက မိမိဆီမှာရှိတဲ့ B/L မူရင်းကို သင်္ဘောလိုင်းရဲ့ ကိုယ်စားလှယ်ဆီ Shipping Agentမှာ ပြသပြီး ဒီကုန်ပစ္စည်းဟာ ကျွန်တော်တို့ပိုင်တာပါလို့ သက်သေပြပြီးကုန်ထုတ်ယူခွင့်လက်မှတ် Delivery Order (D/O)ရရှိပြီးနောက်တခြား Port Fees ဆိပ်ကမ်းအခွန်အခများအတွက် ငွေသွင်းထားတဲ့ပြေစာ နဲ့ Customs Clearance လို့ ခေါ်တဲ့ သွင်းကုန်ပစ္စည်းတွေအတွက် ပေးဆောင်ရမယ့် အကောက်ခွန် Duty/Taxတွေကို ပေးဆောင်ပြီးကြောင်းနဲ့ အကောက်ခွန်ဌာနကနေ ကုန်ထုတ်ယူခွင့်ပြုကြောင်း (Release)စာစတဲ့ ၃မျိုးနဲ့ ကုန်ထုပ်ရမှာဖြစ်ပါတယ် ဒါကြောင့် ကုန်ထုပ်မယ်ဆိုရင် D/O သင်္ဘောလိုင်းက ထုတ်ပေးတာ - B/L နဲ့ လဲထားတာ နဲ့ ဆိပ်ကမ်းပြေစာ ,အကောက်ခွန်ခွင့်ပြုချက် Customs က ထုတ်ပေးတာကို လိုအပ်မှာဖြစ်ပါတယ်။
Bill of Lading B/ L အမျိုးစားတွေထဲမှာဆိုရင် Clean B/L နဲ့ Claused /Dirty B/L ဆိုတဲ့ ၂မျိုးဖြစ်တဲ့Clean Bill of Lading ကတော့ အကောင်းဆုံး အခြေအနေဖြစ်တဲ့ သင်္ဘောလိုင်း Carrierက ကုန်ပစ္စည်းတွေကို လက်ခံရရှိတဲ့အခါ အထုပ်အပိုးတွေဟာ အကောင်းပကတိရှိနေရင် B/L ပေါ်မှာ Slightly damaged သို့မဟုတ် Shortage စတဲ့ ကုန်ပစ္စည်းချို့ယွင်းချက် ပြတဲ့စာသားမျိုး လုံးဝမပါဝင်ဘူးဆိုရင် ဘာအနာအဆာမှ မရှိဘူးဆိုရင် Clean B/L ကို ထုတ်ပေးပါတယ် ဒါဆိုရင် ဘဏ်တွေဟာ L/C (Letter of Credit) နဲ့ ငွေချေတဲ့အခါ Clean B/L ကိုပဲ လက်ခံလေ့ရှိပါတယ် ကုန်ပစ္စည်းတွေ အကောင်းအတိုင်း ရောက်လာမယ်ဆိုတာ သေချာစေလို့ ဖြစ်ပါတယ်။
Claused / Dirty / unclean Bill of Lading ကတော့ကုန်ပစ္စည်းတွေကို သင်္ဘောပေါ်တင်တဲ့အချိန်မှာ အထုပ်အပိုးတွေ ပေါက်နေတာ၊ သံချေးတက်နေတာ၊ ကွန်တိန်နာ စိမ့်နေတာ ဒါမှမဟုတ် အရေအတွက် လိုနေတာမျိုးကို သင်္ဘောလိုင်းက တွေ့သွားရင် B/L ပေါ်မှာ အဲဒီချို့ယွင်းချက်ကို မှတ်ချက် Clause ရေးလိုက်ပါတယ်ဒါကို Claused B/L သို့မဟုတ် Dirty B/L လို့ ခေါ်ပါတယ်
ပါဝင်နိုင်သည့် မှတ်ချက်တွေကတော့ Packaging torn အထုပ်အပိုး ပြဲနေသည်၊ Wet before loading မတင်မီကတည်းက စိုနေသည်၊ 3 cases broken သေတ္တာ ၃ လုံး ကွဲနေသည်စသည်ဖြင့်ရေးပေးလိုက်ရင်အကျိုးဆက်က ဘဏ်အများစုဟာ Claused B/L ကို L/Cအတွကိငြင်းပယ် Reject တတ်ပါတယ် လမ်းခရီးမှာ ပစ္စည်းပျက်စီးရင် သင်္ဘောလိုင်းက ငါတို့လက်ခံကတည်းက ပျက်နေတာလို့ သက်သေပြဖို့ ဒီမှတ်ချက်ကို သုံးပါတယ်။နောက်ထပ်ပြီး
Master Bill of Lading (MBL) နဲ့ House Bill of Lading (HBL) အကြောင်းထပ်ပြောပြပေးပါ့မယ်
Master Bill of Lading MBLကို Shipping Line သင်္ဘောလိုင်းကိုယ်တိုင်က တိုက်ရိုက်ထုတ်ပေးတာ ဖြစ်ပြီး House Bill of Lading HBL ကိုတော့ Freight Forwarder ကုန်စည်ပို့ဆောင်ရေး အေးဂျင်းကနေပြီးတော့ တကယ့်ကုန်သည် ထံကို ထုတ်ပေးတာ ဖြစ်ပါတယ်အထူးသဖြင့် LCL Less than Container Load ခေါ်တဲ့ ကွန်တိန်နာတစ်လုံးစာမပြည့်တဲ့ ကုန်ပစ္စည်းတွေကို စုပေါင်းပို့တဲ့အခါမှာ သုံးကြပါတယ်
ဥပမာ မြင်အောင်ပြောပြရရင် စာရေးသူက ရန်ကုန်က ABC logistic company နဲ့ တရုတ်က ပစ္စည်းတွေမှာပြီးတင်သွင်းတယ် container တစ်လုံးမပြည့်ဘူး ကုန်သည် ၅ယောက်ပေါင်းမှ container တစ်လုံးပြည့်တယ်ဆိုရင် သင်္ဘောလိုင်းကForwarder logistic company ဆီကို MBL ၁ စောင် ပဲ ထုတ်ပေးပါတယ်ကွန်တိန်နာ တစ်လုံးစာအတွက်ဖြစ်ပြီးForwarder ကတော့ ကုန်သည် ၅ ဦးစီကို HBL ၅ စောင် ခွဲထုတ်ပေးပါတယ်တစ်ဦးချင်းစီရဲ့ ကုန်ပစ္စည်းအတွက်ဖြစ်ပါတယ်။ပစ္စည်းဆိပ်ကမ်းရောက်ချိန် သင်္ဘောရန်ကုန်ရောက်တဲ့အခါ Forwarder ဆီက Arrival Noticeပစ္စည်းရောက်ကြောင်းအကြောင်းကြားစာရောက်လာပါမယ် အဲ့ကြရင်စာရေးသူက Forwarder ABC Logistics ရုံးသို့ သွားပြီး စာရေးသူလက်ထဲက HBL (Original) ကို Forwarder ဆီ အပ်ရပါတယ် Forwarder က ဝန်ဆောင်ခတွေ Freight & Local Chargesကို တွက်ချက်ပြီးပြေစာပေးပါမယ် Forwarder (ABC Logistics) ဟာ စာရေးသူဆီက HBL ကို သိမ်းပြီးတဲ့နောက် သူတို့လက်ထဲမှာရှိတဲ့ MBL Master B/Lကို ကိုင်ပြီး သင်္ဘောလိုင်း Maerskရုံးကို သွားပါတယ် Forwarder က Maersk ဆီမှာ သင်္ဘောခတွေပေးချေပြီး D/O (Delivery Order) ကို သွားထုတ်ပါတယ်ပြီးရင် Port Fees နဲ့ Customs Clearance လုပ်ပြီးရင် ဆိပ်ကမ်းမှာ ပစ္စည်းထုပ်မှာဖြစ်ပါတယ်။
Bill of Lading မှာ တခြားStraight Bill of Ladingဆိုတဲ့သတ်မှတ်ထားသော ကုန်လက်ခံသူ (Consignee) တစ်ဦးတည်းသာ ထုတ်ယူခွင့်ရှိပြီး တဆင့်ပြန်လည်ရောင်းချ၍ မရသော အမျိုးအစားနဲ့ Order Bill of Ladingဆိုတဲ့ကုန်ပစ္စည်းကို တဆင့်ပြန်လည်ရောင်းချနိုင်ရန် Negotiable ပြုလုပ်နိုင်သောအမျိုးအစားတွေရှိပါသေးတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
15/05/2026
XYZ analysis ကို အသုံးပြုပြီး inventory management ဘယ်လိုလုပ်လဲ
အရင်က ABC analysis ကိုပြောပြပြီးတဲ့အခါ ဒီတခါ XYZ analysisနည်းနဲ့ inventoryကို ဘယ်လိုမျိုး XYZ categoryခွဲလို့ရလဲဆိုတော့ coefficient of variation CVဆိုတာနဲ့ တိုင်းတာပြီးခွဲပါတယ်
X category ဖြစ်တဲ့ itemတွေက အရောင်တည်ငြိမ်ပြီးပုံမှန်လတိုင်းရောင်းနေရတဲ့ ပစ္စည်းအမျိုးအစားတွေဖြစ်ပါတယ် ၆လ အရောင်းရဲ့ လတိုင်းအရေအတွက်ဟာ ကွာခြားမှုနည်းပါတယ် ဒီလို လတိုင်းရဲ့ အရောင်းamountဟာ ကွာခြားမှုနည်းလေလေ coefficient of variation CV %က နည်းလေဖြစ်ပြီး ကွာခြားမှုများလေလေ CV %ကများလေလေဖြစ်ပါတယ် X category itemတွေရဲ့ coefficient of variation CV က < 10% အောက်တွက်ရှိရပါမယ် နောက်ဆုံးကြရင်coefficient of variation CVတွက်တာလည်း နမှုနာတွက်ပြပေးပါ့မယ်။
Y Category ပစ္စည်းတွေက demandက seasonalအလိုက်ဖြစ်စေ ဘယ်လဘယ်လတွေမှာဆိုပိုပြီးရောင်းရတယ်ဆိုတဲ့ ပစ္စည်းတွေဥပမာ ထီး ၊ အချိုရည် ၊ တချို့ဆေးဝါဖြစ်ပြီး ဒါတွေကို ထားခြင်းဖြစ်ပါတယ် coefficient of variation CV% က 10%ထက်များပြီး 30%အထိပဲမများတဲ့ ပစ္စည်းတွေဖြစ်ပါတယ် ဒီပစ္စည်းတွေရဲ့ demandက သူတို့ရဲ့ ရာသီချိန် seasonalမှာဆိုရင် ပုံမှန်အရောင်းရှိတဲ့ပစ္စည်းတွေဖြစ်ပါတယ်။
Z category ပစ္စည်းတွေကတော့ demand နည်းပြီး တခါတလေမှ ဝယ်တဲ့ ပစ္စည်းမျိုးတွေဖြစ်ပါတယ်coefficient of variation CV%က 30%အထက်ရှိတဲ့ပစ္စည်းတွေဖြစ်ပါတယ်။
ဒါကြောင့် X itemဆိုရင် ၁နှစ်ပတ်လုံးပစ္စည်းရှိအောင် ပစ္စည်းမပြတ်စေအောင် အမြဲစောင့်ကြည့်ကာ ပစ္စည်းများများဖြည့်ထားပြီး Y itemဆိုရင် သူ့seasonal ရာသီချိန်မှာပဲ ပစ္စည်းမပြတ်အောင် ပိုသတိထားရမည်ဖြစ်ကာ Z itemတွေဆိုရင် safety stock levelထက်နည်းနည်းပဲ ပိုထားရမှာဖြစ်ပါတယ်။ဒီလိုXYZ ခွဲထားရင် ဘယ်ပစ္စည်းက အမြဲရှိရမယ် ဘယ်ပစ္စည်းက seasonalအရရှိရမယ် ဘယ်ပစ္စည်းဆိုရင်တော့ နည်းနည်းပဲ ကိုင်ထားလို့ရတယ်ဆိုပြီး စဥ်းစားနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် coefficient of variation CV %ကို ဘယ်လိုမျိုးတွက်လဲဆိုတာကိုပြောပြပေးပါ့မယ်
Formulaအရ
coefficient of variation CV = Standard Deviation/ Sample mean ဖြစ်ပါတယ်။
ဥပမာ ပစ္စည်းတစ်ခုဟာ ၆လအတွက် လတိုင်းရဲ့ sales ဟာ unitsတွေဖြစ်တဲ့
Jan - 120
Feb - 130
Mar - 125
Apr - 135
May - 140
Jun - 110 unitsတွေဖြစ်ပါတယ်။
Sample mean ကိုတွက်မယ်ဆိုရင်
Mean =( 120 + 130 + 125 + 135 + 140 + 110 ) / 6
= 760 / 6 = 126.67
Standard Deviation SD ကိုတွက်ဖို့ဆိုရင် formulaက
SD = √variance ဖြစ်ပါတယ် varianceကို square rootတင်ထားတာပါ
Varianceကိုရှာရင် အပေါ်လစဥ်အရောင်းတွေနဲ့ Meanနဲ့ ကွာခြားချက်ရှာချင်လို့ meanတန်ဖိုး 126.67ကိုနုတ်ပေးပါ
SD = [ 120 -126.67 , 130 - 126.67 ,125 - 126.67 , 135 - 126.67 , 140 - 126.67 ,110 - 126.67 )
=[-6.67 , 3.33 , -1.67 , 8.33 , 13.33 , -16.67 ]
ဒီရလာတဲ့ ကိန်းတွေကို ၂ထပ်ကိန်း squareတင်လိုက်ပါ
=[-6.67 , 3.33 , -1.67 , 8.33 , 13.33 , -16.67 ]^2
= [ 44.49 , 11.09 , 2.79 , 69.39 ,177.69 ,277.89 ]
ဒါတွေအားလုံးပေါင်းလိုက်ရင် = 583.35
Variance = 583.35 / (n-1)
= 583.35 / (6-1) = 116.67
SD = √variance
SD = √116.67
=10.8
coefficient of variation CV = Standard Deviation/ Sample mean
CV = ( 10.8 / 126.67) x 100%
= 8.53%
CV က
07/05/2026
သင့်လက်ထဲက ငွေ တန်ဖိုးဘယ်လောက်ကျလဲ တွက်ချက်နည်း
ဒီတစ်ခါ မိတ်ဆွေတွေ လက်ထဲမှာ ရှိတဲ့ငွေက inflationဆိုတဲ့ ငွေကြေးဖောင်ပွမှုရယ် အချိန်timeရယ် အပေါ်မှုတည်ပြီး ဘယ်လိုတန်ဖိုးကျလဲဆိုတာကို ဘယ်လိုပုံစံနဲ့လွယ်လွယ် တွက်ကြည့်လို့ရလဲဆိုတာလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလိုတွက်ချက်မယ်ဆိုရင် ပထမဦးဆုံး inflationဟာ ဘယ်လောက်လောက်ဖြစ်နေလဲကို ကိုယ်ကခန့်မှန်းရပါမယ် ဒီလို inflationကို ခန့်မှန်းတဲ့နေရာမှာ ဒေါ်လာတို့ ရွှေတို့ ပဲကြည့်ပြီး ငွေကြေးဖောင်ပွပြီး ကုန်စျေးနှုန်းတက်ပြီးလို့ပြောလို့မရပါဘူး ဥပမာ ဒေါ်လာက 35%တက်သွားလို inflationက 35%ဖြစ်သွားပြီလို့ပြောလို့ မရပါဘူး အဓိကဘာကို ကြည့်ရမလဲဆိုတော အိမ်တစ်အိမ် လူတစ်ယောက်အတွက် မရှိမဖြစ်သုံးရစားရတဲ့ ကုန်ပစ္စည်းတွေရဲ့ average တက်တဲ့ %ကသာလျှင် အနီးအစပ်ဆုံး inflationကို ရနိုင်ပါတယ်။
ဒီတော့ ဒေါ်လာစျေးတက်တော့ ပစ္စည်းစျေးမတက်ဘူးလား မေးရင် တက်တဲ့ပစ္စည်းတက်ပါတယ် အဓိက importသွင်းတဲ့ ပစ္စည်းတွေကြိမ်သေးတက်ပါမယ် ဒါပေမယ့်ပြည်တွင်းမှာ ထွက်တဲ့ ဆန်၊ အသားအငါး၊ အသီးအရွက် ၊ပြည်တွင်းထုပ်ဆီတွေကတော့ ဓာတ်ဆီစျေးတက်တာကြောင့်သာ %အသင့်အတင့်တက်နိုင်ပါ ဒါကြောင့် အခု inflation rateက တက်တော့တက်ပါတယ် ဒေါ်လာ 35%တက်သွားလို့ inflation 35%ဖြစ်သွားတယ်ဆိုတာမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။အခု inflation %က ခန့်မှန်းခြေ ၂၀%ကျော်လောက်ရှိပါတယ်။
ဒီတော့ မိတ်ဆွေရဲ့ ငွေတန်ဖိုး ဘယ်လောက်ကျလဲဆိုတာကို inflation 5% နဲ့ 10% ဥပမာ ၂ခုနဲ့ပြောပြသွားပါ့မယ်။ပုံမှာ ဇယားအကွက် အဖြူလေး ၂ခုရှိပါတယ် ဘယ်ဘက်ဘေးမှာ periodဆိုတာက အချိန်နှစ် yearကိုပြောတာဖြစ်ပါတယ် 1ဆိုရင် 1နှစ်ကြာပြီး၊ 2ဆိုရင် 2နှစ်ကြာပြီးလို့ဆိုလိုခြင်းဖြစ်ပါတယ် အပေါ် interest ကတော့ inflation%ကို ထည့်ပြီး စဥ်းစားရမှာဖြစ်ပါတယ် inflationက 5%ဆိုရင် အဲ့နေရာနှင့် နောက် 2နှစ်ကြာရင်ဆိုရင် 2ဆိုတဲ့နေရာနဲ့ 5% နဲ့ဆုံတဲ့ ဂဏန်းနဲ့ ကိုယ့်ငွေကို မြှောက်ပေးရမှာဖြစ်ပါတယ်။ဇယား ၂ခုပေးထားပါတယ် inflation 20%အထိတွက်လို့ရပြီး 20years အထိရပါတယ် ဒီထက်ကျော်ရင်တော့ formulaနဲ့ တွက်လို့လည်းရပါတယ် ဒီမှာဇယားနဲ့ပဲပြောပြပါမယ်။
ဒီမှာ မိတ်ဆွေက လက်ထဲ သိန်း၁၀၀ရှိတယ် ဆိုပါဆို့ inflation 5% နဲ့ နောက် ၈နှစ်အတွင်းငွေတန်ဖိုး ဘယ်လိုတွေကျမလဲ နဲ့ inflation 10% နဲ့နောက် ၈နှစ်ဘယ်လိုရှိမလဲဆိုတာ အောက်ကပုံ ၂ခုမှာကြည့်လို့ရပါတယ်။
5% inflation
မိတ်ဆွေရဲ့ သိန်း၁၀၀ ကို ဇယားရဲ့ 5% ရယ် နှစ်အလိုက်က 1,2,3တွေဆုံရာတွေက ဂဏန်းတွေနဲ့မြှောက်ရင် တစ်နှစ်ကြာရင် ၉၅သိန်းလောက်ပဲ တန်ဖိုးကျန်တော့ပါမယ်၊ ၅နှစ်ကြာရင် ၇၈သိန်းလောက်ပဲ တန်ဖိုးကျန်မှာဖြစ်ပါတယ် နှစ်အလိုက်ကျသွားတဲ့တန်ဖိုးတွေ ခန့်မှန်းတွေ့ရှိမှာဖြစ်ပါတယ်။
10%inflation
Inflation က 10%ဆိုရင် ဇယားရဲ့ 10% နဲ့ နှစ်အလိုက် 1,2,3 တို့ရဲ့ဆုံရာ ဂဏန်းတွေ နဲ့မြှောက်ရမှာဖြစ်ပါတယ်။၁နှစ်ကြာရင် သိန်း၉၀လောက်ပဲတန်ဖိုးရှိမယ် ၅နှစ်ကြာရင် ၆၂သိန်းလောက်ပဲရှိတော့မှာဖြစ်ပါတယ်။တကယ်လို့ကိုယ်က တစ်နှစ်ပဲသိချင်ရင် inflation % နဲ့ 1 နဲ့ဆုံတဲ့ ဂဏန်းကိုမြှောက်ပေးရင် နောက်နှစ် ငွေတန်ဖိုးဘယ်လောက်ကျမလဲဆိုတာကို သိမှာဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
03/05/2026
Projectများအတွက် Investment and Financial Feasibility Calculation
Water treatment plant projectလေး ဆောက်ဖို့အတွက် project ၂ ခုရထားတာကို နမှုနာအနေနဲ့တွက်ချက်ပြီး တစ်ခုကိုရွေးတဲ့ပုံလေး နမှုနာတွက်ပြမှု
Water treatment plant ဆောက်တယ်ဆိုတာက ရေမကောင်းတဲ့နေရာတွေမှာ မြစ်ရေကိုပဲ စက်ရုံနဲ့ သန့်စင်ကာ လူတွေသုံးလို့ရအောင် ပြန်လည်ဖြန့်ဖြူးပေးတာဖြစ်ပါတယ်။ဒီမှာ project ၂ခုရှိမှာဖြစ်ပါတယ်။
(၁)ပထမ project ကတော့ ဒလမှာ BOT စနစ်နဲ့လုပ်မယ့် water treatment plant project ဖြစ်ပါတယ်။ဒီproject ကို ရင်းနှီးငွေ သိန်းပေါင်း40,000ks ဖြင့် ရင်နှီးရပြီး plant စက်ရုံအတွက် သိန်းပေါင်း30,000ksဖြစ်ပြီး ရေဖြန့်ဖြူးရေးအတွက် သိန်းပေါင်း10,000ksကို အသုံးပြုမှာဖြစ်ပါတယ်။ဒီproject ကို တည်ဆောက်ပြီး အချိန်၁၀နှစ် အတွက်ရတဲ့ အခွန်တွေကို ရင်းနှီးသူကရရှိမှာဖြစ်ပြီး ဒီproject ကနေ အိမ်ခြေ30,000ကို ရေပေးနိုင်မှာဖြစ်ပြီး တစ်အိမ်ကို 2,000ks ရရှိကာ တစ်လကို ရေဖိုးအခွန်း သိန်း600 ရရှိပြီး တစ်နှစ်ကို သိန်း7,200ရရှိမှာဖြစ်ပါတယ်။Operation လုပ်ပြီး ၁၀နှစ်ကြာတဲ့အခါ အစိုးရကို လွှဲပေးရမှာဖြစ်ပါတယ်။နောက် project တစ်ခုက
(၂)ဒုတိယ project ကတော့ ရန်ကုန်မြို့သစ်နေရာနားမှာရှိပြီး ဒီproject လည်း BOT စနစ်နဲ့ လုပ်ရမှာဖြစ်ကာ တည်ဆောက်ဖို့အတွက် သိန်းပေါင်း65,000ks ကုန်ကျမှာဖြစ်ကာ စက်ရုံအတွက် သိန်းပေါင်50,000ks နဲ့ ရေဖြန့်ဖြူးရေးအတွက် သိန်းပေါင်း15,000ks ကုန်ကျမှာဖြစ်ပါတယ်။တည်ဆောက်ပြီးအချိန် ၁၂နှစ်ရဲ့ ရေဖိုးအခွန်တွေကို ရမှာဖြစ်ပြီး ဒီprojectကနေ အိမ်ခြေ40,000 ကိုရေပေးနိုင်ပြီး တစ်အိမ် 2,000ksကို ရေဖိုးရကာ တစ်လသိန်း800ရပြီး တစ်နှစ် သိန်း9,600 ရရှိမှာဖြစ်ပါတယ်။
လုပ်ငန်းအနေနဲ့ ငွေအရင်အနှီးက အကန့်အသက်ရှိသောကြောင့် ဒီprject ၂ခုထဲ က တစ်ခုကိုပဲရွေးခြယ်ရမှာဖြစ်ပါတယ်။ဒီလိုရွေးချယ်တဲ့အခါ ROI, ARR ,NPV,DNPV ,Payback period ,Discount Payback period,IRR စတာတွေနဲ့ တွက်ချက်ပြီး ဘယ်ဟာလုပ်သင့်လဲကို ရွေးခြယ်မှာဖြစ်ပါတယ်။
-
အပေါ်ကပုံမှာဆိုရင် ဇယား၂ ခုရှိပါတယ် Dala project နဲ့ New City projectတို့ဖြစ်ပါတယ်။Dala project ကစစချင်း သိန်းပေါင်း40,000 ရင်းနှီးထားပြီး နှစ်အလိုက် သိန်းပေါင်း7,200ဝင်ငွေရကာ ၁၀နှစ်အတွက် သိန်းပေါင်း72,000ရရှိမှာဖြစ်ပါတယ်။
New City projectမှာဆိုရင် သိန်းပေါင်း65,000ရင်းထားရပြီး နှစ်အလိုက် သိန်းပေါင်း9,600 ဝင်ကာ ၁၂နှစ်စာအတွက် သိန်းပေါင်း115,200 ရရှိမှာဖြစ်ပါတယ်။
-
Retrun On Investment ROI နဲ့ Accounting Rate of Return ARR calculation
အပေါ်ကပုံမှာ ROI ကို စပြီးတွက်ပါမယ် ROI ဟာ စုစုပေါင်း နှစ်တွေအကုန်ပေါင်းထားတဲ့ total income ထဲက စစချင်းရှင်းနှီးငွေကို နုတ်ကာ စစချင်းရင်းနှီးငွေရဲ့ ဘယ်လောက်% မြတ်လည်းဆိုတာကို တွက်ချက်ခြင်းဖြစ်ပါတယ်။
Dala project အတွက် ROI ကိုတွက်ရင် ၁၀နှစ်စာဝင်ငွေက သိန်းပေါင်း72,000ရထားတဲ့ထဲက စစချင်းရင်းနှီးငွေသိန်းပေါင်း40,000 ကိုနုတ်ပြီး သိန်းပေါင်း32,000 မြတ်ထားပါတယ် ဒါကို စစချင်းရင်းနှီးငွေ သိန်း40,000နဲ့ စားရင် ROI 80% ဖြစ်ပြီး 100ရင်းရင် 80မြတ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။New City အတွက် ROI ကတော့ 77.2%ဖြစ်ပါတယ်။
ARR ကတော့ နှစ်အလိုက်ဝင်ငွေတွေကို ပေါင်းပြီး နှစ်အရေအတွက်နဲ့စားကာ တစ်လစာaverage income ကိုတည်ပြီး စစချင်းရင်းနှီးငွေနဲ့ စားခြင်းဖြစ်ပါတယ်။Dala project အတွက် 72,000ကို ၁၀နဲ့စားတာကြောင့် 7,200ရပြီး စစချင်းရင်နှီးငွေ သိန်း40,000နဲ့စားရင် 18% ARR ရမှာဖြစ်ပါတယ်။New city အတွက် ARR က14.8%ဖြစ်ပါတယ်။
-
Net Present Value calculation
Project ၂ ခုလုံးရဲ့ ဝင်ငွေတွေကို ငွေတန်ဖိုးချပြီး စစရင်းထားတဲ့ငွေကို နုတ်ပြီး ဘယ်လောက်မြတ်လဲ NPVကို တွက်မှာဖြစ်ပါတယ် ဒီနေရာမှာ Discount rateကို inflation နဲ့ ဘဏ်တိုးကို ချိန်ကာ 7% နဲ့ထားပြီးတွက်မှာဖြစ်ပါတယ်။
Dala project မှာ ရတဲ့ဝင်ငွေတွေကို နှစ်အလိုက် 7% discount rate နဲ့ ဇယားမှာရှိတဲ့ နှစ်အလိုက်တန်ဖိုးတွေနဲ့ မြှောက်ရမှာဖြစ်ပါတယ် ဇယားကို စာအုပ်ရဲ့နောက်ဆုံးမှာကြည့်လို့ရပါတယ် ပြီးရင် ရတဲ့တန်းဖိုးတွေကို ပေါင်းတာ တန်ဖိုးလျော့ပြီး ၁၀နှစ်စာ သိန်းပေါင်း50,567 ဝင်ပြီး စစချင်းနှီးငွေ သိန်းပေါင်း40,000 နုတ်တဲ့အခါ NPV က သိန်းပေါင်း10,567မြတ်နေပါတယ်။New city projectမှာဆိုရင် NPVက သိန်းပေါင်း11,244ဖြစ်ပါတယ်။
-
Payback Period Calculation
ဘယ်နှနှစ်နဲ့ ရတဲ့ ဝင်ငွေဟာ စစရင်းနှီးငွေကို ပြန်ရလဲဆိုတာ တွက်ချက်ခြင်းဖြစ်ပါတယ်။Dala projectမှာဆိုရင် စစရင်းနှီးငွေ သိန်း40,000ကိုတည်ပြီး နှစ်အလိုက်ဝင်ငွေ7,200 နဲ့စားတဲ့အခါ payback period က ၅နှစ်နဲ့ ၇လဖြစ်ပါတယ်။New City project မှာဆိုရင် စစရင်းနှီးငွေ သိန်း65,000 ကို နှစ်အလိုက်ဝင်ငွေ သိန်း9,600နဲ့စားရင် Payback periodက ၆နှစ်နဲ့ ၉လဖြစ်ပါတယ်။ဒီမှာ နှစ်အလိုက်ဝင်ငွေတွေက တူတူပဲမို့လို့ ဒီလိုစားလို့ရတာပါ မတူရင် တစ်နှစ်ချင်းစီးပေါင်းပေးပြီး စစချင်ရင်းနှီးငွေနဲ့ ညီတဲ့နှစ်ကို payback periodအဖြစ် သက်မှတ်ရမှာဖြစ်ပါတယ်။
-
Discount Payback Period calculation
Discount payback period ကတော့ နှစ်အလိုက် ဝင်ငွေတွေကို discount rate နဲ့ တန်ဖိုးလျော့ပြီး ဘယ်နှစ်ကြရင် paybackရမလဲတွက်ချက်ခြင်းဖြစ်ပါတယ် ပုံမှာ NPVတွက်တဲ့ဟာကိုပဲ ပထမနှစ်ကနေပြီး နှစ်အလိုက်ပေါင်းသွားပါ Dala projectမှာဆိုရင် ၈နှစ်မြောက်မှာ သိန်းပေါင်း42,992 ရနေပါတယ် စစချင်းရင်းနှီးငွေးမှာ သိန်း40,000ဖြစ်တာကြောင့်discount payback periodက ၇ နှစ် နဲ့ ၆လဖြစ်ပါတယ်။New city projectမှာလည်းဒီလိုပါပဲ discount payback periodက ၉နှစ်နဲ့ ၆လဖြစ်ပါတယ်။
-
Internal Rate of Return IRR calculation
IRR ကိုတွက်တဲ့အခါ NPV + အပေါင်းထွက်အောင် တစ်ခါတွက်ရမယ် ပြီးရင် NPV - အနုတ်ထွက်အောင် တစ်ခါတွက်ရမှာဖြစ်ပါတယ် ဒီ projectမှာ Discount rate 7% နဲ့ 15% နဲ့တွက်ထားပါတယ် ဒါကပုံသေထားတွက်ရမယ့် %မဟုတ်ပါဘူး ကိုယ့်projectအပေါ်မှုတည်ပြီး +အပေါင်းထွက်ချင်ရင် %ကို လျော့တွက်ရပြီး - အနုတ်ထွက်ချင်ရင် %ကိုတိုးပြီးတွက်ရမှာဖြစ်ပါတယ်။
Dala projectမှာဆိုရင် discount rateကို 7% တွက်ရင် NPV က +10,567ထွက်ပြီး 15%နဲ့တွက်ရင် NPVက -3,865ရပါတယ်။Discount rateတွေကို %အလိုက် ဇယားမှာကြည့်ရမှာဖြစ်ပါတယ် ဇယားကို စာအုပ်ရဲ့နောက်ဆုံးမှာလည်းကြည့်လို့ရပါတယ်။ပြီးရင် IRR ကိုတွက်တဲ့အခါ IRRက 12.856%ရမှာဖြစ်ပါတယ်။
New City projectမှာလည်း discount rateကို 7% နှင့် 15%ထားပြီး အပေါင်းအနုတ်ရအောင်တွက်ပြီး IRR နည်းအရတွက်တဲ့အခါ IRRက 10.6%ရပါတယ်။
-
နောက်ဆုံး investment decisionတွေကို financialအရအခြေခံပြီး ချတော့မယ်ဆိုရင် ခုနကတွက်ထားတဲ့ဟာတွေကို project ၂ခု ကိုယှဥ်ကြည့်ပါ။ဒီမှာ ROI ကလည် Dalaက 2.8%ပိုကောင်းတယ်၊ ARR က 3.2%ပိုများတယ် NPVကြတော့ သိန်း677 နည်းသွားတယ်။Payback periodကြည့်ရင်လည်း Dala projectက တစ်နှစ် ၂လ ပိုနည်းတယ် ၊Discount paybackဆိုရင် ၂နှစ်ထိကို ပိုနည်းတာတွေ့ရပါတယ်။IRR ကများတာကောင်းပါတယ် ဒါကြောင့် Dala projectက 2.256% ပိုပြီးများပြီး အားလုံးခြုံကြည့်ရင် Dala projectကပိုကောင်းနေတာကို တွေ့ရလို့ သူ့ကိုပဲ ရွေးချယ်လုပ်ကိုင်မှာဖြစ်ပါတယ်။ဒါဟာ financeအပေါ်ပဲ အခြေခံစဥ်းစားတာပါ တခြားအရာတွေပါထပ်ပြီး စဥ်းစားရင် ကိုယ်မှာတခြားမဟာဗျူဟာရှိတယ် ဥပမာ မြို့သစ်ဘက်က တခြားprojectတွေကိုလည်း လိုက်မယ်နောက်ကြရင် ဒီမှာ project လုပ်ဖူးထားရင် တခြားဟာတွေရဖို့ ပိုပြီးဖြစ်နိုင်တာမျိုးတွေမျိုးဆိုရင် စဥ်းစားပုံကတမျိုးပြောင်းလဲသွားနိုင်မှာ ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
Click here to claim your Sponsored Listing.
Category
Website
Address
Kamayut
111111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |