Daewe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daewe, Clothing (Brand), Baho Road, Kamayut.
31/10/2020
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ Daewe ၏ မိတ်ဟောင်း၊ မိတ်သစ် Customer များအာလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
26/09/2020
ပျော်ရွှင်မှုတွေ ပြန်လာပြီ...
Customer တွေရဲ့တောင်းဆိုမှုနဲ့အတူ Happy Design လေးပြန်လာပါပြီ။ Happy Design အင်္ကျီလေးတွေကိုမှ ဝယ်ယူအားပေးချင်ပါတယ်ဆိုတဲ့ Customer များအတွက် အနက်ရောင်နဲ့ အဖြူရောင်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အသားလည်းကောင်း ထုတ်ပိုးမှုလည်းသေသပ် ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့လည်းအဆင်ပြေတဲ့ Happy Design အင်္ကျီလေးတွေကိုမှာယူပြီး အခုပဲပျော်ရွှင်မှုတွေကို အရယူလိုက်ကြရအောင်နော် 😍
တစ်ထည် 12000 ကျပ်ဖြင့် မြန်မာနိုင်ငံအဝှမ်း မှာယူနိုင်ပါပြီ။
18/08/2020
35% တောင်လျှော့ဈေးရမယ့်အခွင့်အရေး
သင်ဟာ ဧရာဝတီလင်းပိုင်လေးတွေကို ချစ်တဲ့သူ တစ်ယောက်၊ ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုရင် ဒေဝီရဲ့ထုတ်ကုန်တွေကို 35% အထိတောင်လျှော့ဈေးရမှာနော်။ ဧရာဝတီလင်းပိုင်လေးတွေ ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး Facebook Status တစ်ကြောင်းတင်ဖူးတာကစလို့ တကယ်လက်တွေ့မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေအထိ ဒေဝီရဲ့ 35% လျှော့ဈေးမှာ အကြုံးဝင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုပဲ Irrawaddy Dolphin Awareness Campaign မှာဝင်ရောက်ပါဝင်ပြီး ဒေဝီရဲ့ 35% လျှော့ဈေးကို အရယူလိုက်ပါ။
မူရင်းဈေး
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
35% လျှောဈေး
လက်တို - 11000ks (Size S,M,L,)
လက်ရှည် - 12000ks (Size S,M)
ဆက်သွယ်မှာယူလိုပါက ဖုန်းနံပါတ် 09988344810 ကိုဆက်သွယ်၍လည်းကောင်း၊ Page Message Box မှတဆင့်လည်းကောင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery ပို့ပေးပြီး၊ နယ်မှမှာယူသူများအတွက်တော့ နီးစပ်ရာကားဂိတ်အထိ ပို့ပေးပါတယ်။
12/08/2020
ဒေဝီမှာပဲရှိတယ်။
အရည်အသွေးကောင်းပြီး ကြာရှည်ခံတာ
ဒီဇိုင်းလန်းပြီး ပေါ့ပေါ့ပါးပါးရှိတာ
ထုတ်ပိုးမှုသေသပ်ပြီး အမြင်တင့်တယ်တာ
ဒေဝီမှာပဲရှိပါတယ်။
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
ဆက်သွယ်မှာယူလိုပါက ဖုန်းနံပါတ် 09988344810 ကိုဆက်သွယ်၍လည်းကောင်း၊ Page Message Box မှတဆင့်လည်းကောင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery ပို့ပေးပြီး၊ နယ်မှမှာယူသူများအတွက်တော့ နီးစပ်ရာကားဂိတ်အထိ ပို့ပေးပါတယ်။
06/08/2020
မိတဲ့ မိုက်တဲ့ ဒေဝီ။
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
ဆက်သွယ်မှာယူလိုပါက ဖုန်းနံပါတ် 09988344810 သို့လည်းကောင်း၊ Page Message Box မှတဆင့်လည်းကောင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery ပို့ပေးပြီး၊ နယ်မှမှာယူသူများအတွက်တော့ နီးစပ်ရာကားဂိတ်အထိ ပို့ပေးပါတယ်။
04/08/2020
သူနဲ့သာဆိုရင်...
သူနဲ့သာဆိုရင် အရာရာပြည့်စုံတယ်။ သူကပျော်ရွှင်မှုတွေပေးနိုင်တယ်။ ယုံကြည်မှုတွေ ပေးနိုင်တယ်။ လှပမှုတွေ ပေးနိုင်တယ်။ စိတ်ချမ်းသာမှုတွေ ပေးနိုင်တယ်။ သူနဲ့အတူရှိနေရတာကို သဘောကျတယ်။ သူ့ကို ချစ်တယ်။
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
ဆက်သွယ်မှာယူလိုပါက ဖုန်းနံပါတ် 09988344810 သို့လည်းကောင်း၊ Page Message Box မှတဆင့်လည်းကောင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery ပို့ပေးပြီး၊ နယ်မှ မှာယူသူများအတွက်တော့ နီးစပ်ရာကားဂိတ်အထိ ပို့ပေးပါတယ်။
03/08/2020
သန္ဓေတောထွက် ဓမ္မစက်
ဟောမြွက်ခါကို လဝါဆို။
ယနေ့ ဝါဆိုလပြည့်နေ့တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကြပါစေကြောင်း Daewe မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
01/08/2020
ဖိုးပြုံးချိုလေးတွေလည်း ဧရာဝတီကို ပိုင်သင့်တယ်။ 🐳🐳
သူတို့က လူတွေကိုအမြဲကူညီပေးတက်တယ်။ လူတွေကတော့သူတို့ကို မကူညီခဲ့ဘူး။ သူတို့က လူတွေကို ဒုက္ခမပေးဘူး ရန်မပြုခဲ့ဘူး။ လူတွေကသူတို့ကို အမြဲဒုက္ခပေးပြီးရန်ပြုခဲ့တယ်။ သူတို့က လူတွေနဲ့အနေနီးခဲ့ချင်တယ်။ လူတွေကသူတို့ကို အဝေးကိုပို့ခဲ့တယ်။ မြေ၊ရေ၊လေ၊မီးဟာ လူတွေအတွက် အကူအညီပေးသလို ဒုက္ခတွေလည်းပေးတက်ပါတယ်။ သူတို့ကတော့ မျိုးတုန်းသွားတဲ့အထိ လူတွေအတွက် အကျိုးပဲပြုနေလိမ့်မယ်။
သူတို့နေထိုင်ရာကျက်စားရာ ဧရာဝတီဟာ မြန်မာနိုင်ငံသားအားလုံးပိုင်သလို သူတို့လည်းပိုင်ပါတယ်။
ဧရာဝတီ လင်းပိုင်လေးတွေနဲ့ပတ်သတ်တဲ့ Campaign တွေမှာဒီ Artwork ကို
လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။
31/07/2020
မိတဲ့ မိုက်တဲ့ ဒေဝီ
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
28/07/2020
ထုတ်ပိုးမှုပုံစံအသစ်
ပြောင်းလဲလိုက်တဲ့ Packaging က ပိုမိုသေသပ်လှပလာပြီး ကိုင်ရတာလည်း တောင့်တောင့်တင်းတင်းရှိပါတယ်။ ဗူးရှေ့ဘက်မှာလည်း Daewe Logo ကပ်ထားသလို အဖွင့်အပိတ်နေရာတွေမှာလည်း စတေကာတွေနဲ့ထပ်ပိတ်ထားပါသေးတယ်။ ဒီလို သေသပ်လှတဲ့ ထုတ်ပိုးမှုပုံစံကြောင့် ဘယ်သူ့ကိုပဲ လက်ဆောင်ပေးပေး မျက်နှာလှမှာသေချာပါတယ်နော် 😁 ဗူးအတွင်းထဲမှာလည်း ဖုန်းမှာဖြစ်ဖြစ် ကွန်ပျူတာမှာဖြစ်ဖြစ် ကပ်လို့အဆင်ပြေတဲ့ Design စတေကာလေးတွေလည်း လက်ဆောင်ထည့်ပေးထားပါသေးတယ်။ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ဝတ်ဖို့ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ ဒေဝီရဲ့အင်္ကျီတွေကို မှာယူချင်တယ်ဆိုရင်တော့
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
26/07/2020
ပြောင်းလဲမှုတွေအပြည့်နဲ့ ဒေဝီရဲ့ Design အသစ် 🔥
တည်တည်တံ့တံ့နဲ့ သေသပ်လှပနေတဲ့ Design၊ အင်္ကျီနဲ့တစ်သားတည်းဖြစ်နေတဲ့ စတေကာသား၊ ချုပ်ရိုးချုပ်သားကောင်းတဲ့ ချည်သားအင်္ကျီ၊ သေသပ်လှပတဲ့ ထုတ်ပိုးမှုတို့နဲ့အတူ ဒေဝီရဲ့ ဒုတိယမြောက် Design ထွက်ရှိလာပါပြီ 😎 အင်္ကျီအရောင်အနေနဲ့ အဖြူနဲ့အမည်းရရှိနိုင်သလို လက်တိုနဲ့လက်ရှည်လည်း ရွေးချယ်နိုင်ပါသေးတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက အင်္ကျီတစ်ထည်ဝယ်ရင် ဒေဝီတံဆိပ်ပါပုဝါတစ်ထည်နဲ့ ဒီဇိုင်းစတေကာတစ်ခုလည်း လက်ဆောင်ထည့်ပေးဦးမှာနော်။ အရေအတွက်အကန့်အသတ်နဲ့သာ ရောင်းချပေးမှာဖြစ်တာမို့ အခုပဲ ဝယ်ယူဝတ်ဆင်လိုက်ကြရအောင် 😎
လက်တို - 17500ks (Size S,M,L,)
လက်ရှည် - 18500ks (Size S,M)
Photo- Nyinyi Naing( Thonenari Creation)
25/07/2020
Order Closed!
ဒေဝီရဲ့ Happy Design အင်္ကျီလေးတွေ Order လက်ခံတာကို ရပ်နားလိုက်ပါပြီ 🤗 Order ဖွင့်ထားတဲ့ ကာလအတွင်းမှာယူအားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီကိုလည်း ဒေဝီက ကျေးဇူးအထူးတင်ပါတယ်နော် 🧡 Happy Design အင်္ကျီလေးတွေက Order ပိတ်လိုက်ပြီဆိုတော့ အခုချိန်ကစပြီး limited Edition လေးတွေဖြစ်သွားပြီပေါ့။ ဘယ်နေရာ ဘယ်သူ့ဆီမှာမှ ဝယ်လို့ရတော့မှာ မဟုတ်ပါဘူးနော် 😁 ဒေဝီက ဒုတိယမြောက်ထုတ်လုပ်မယ့် Design အသစ်လေးကလည်း မနက်ဖြန်ကြေညာတော့မှာဆိုတော့ ဘယ်လောက်မိုက်မလဲ ဘယ်လောက်အထာကျမလဲ ဘယ်လောက်လှမလဲဆိုတာ စောင့်မျှော်အားပေးကြဦး။
ဒီဇိုင်းအသစ် မနက်ဖြန် ထွက်မည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Kamayut
11041