Pixie Dust

Pixie Dust

Share

ပျိုမေတို့ အကြိုက်တွေ့စေမယ့် အလှကုန်နှင့် နေ့စဉ်သုံးပစ္စည်းများ ကိုရွေးချယ်ဝယ်ယူနိုင်မယ့် နေရာ

Photos from Pixie Dust's post 26/09/2026

Ping Ping Asta blink 💜
Price 44000ks (အထုပ် ၃၀ ပါ)

အသက်အရွယ်ကို စိန်ခေါ်မယ့် skin မျိူး ရချင်လား

အသက် ၂၅ ကျော်ရင် collagen ကနေ့တိုင်းသောက်ကိုသောက်သင့်ပါတယ်ရှင်

တစ်ထုပ်ထဲနဲ့ ပြီးပြည့်စုံ! ✨
✅ နေလောင်ဒဏ်ကာကွယ်မယ်
✅ အသားအရေ စိုပြေတင်းရင်းစေမယ်
✅ အရေးအကြောင်းတွေ လျော့ပါးပြီး နုပျိုစေမယ်

အလှဆုံးအသားအရေပိုင်ဆိုင်ဖို့
Ping Ping Asta Blinks ရှိတယ် !

အရေးအကြောင်းတွေကို လျော့ပါးစေပြီး
အသားအရေကို အတွင်းပိုင်းထိ နုပျိုစေတာမျိူး
---- ---- ---- ---- ---- ---- ----
🔆 Sun Protection: နေရောင်ခြည်ဒဏ်ကို
အတွင်းကနေ ကာကွယ်ပေးခြင်း

🎗 Anti-Aging: အရေးအကြောင်း လျော့ပါးစေပြီး
နုပျိုစေခြင်း

⚡ Brightening: အသားအရေကို
ကြည်လင်တောက်ပစေခြင်း

💯 Moisturizing: အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး
စိုပြေစေခြင်း

အထုပ် ၃၀ ပါသည် (Berry သီး အရသာ )
သကြားလုံးဝ မပါဝင်လို့ ဝမှာ မပူရဘူးနော် Crd.





#အသားဖြူ
#အရေးအကြောင်း

Photos from Pixie Dust's post 11/09/2026

Serene Love Collagenလေး🍑

Price 36000ks (တစ်လခွဲ အထုပ် ၅၀ ပါ)

Peachရနံ့မွှေးမွှေးလေးနှင့် သောက်ရလွယ်ပီးတော့ အသားအရည်ကို ဖြူဖွေးစေတဲ့ collagen လေးစမ်းကြည့်ပီးကြပီလားနော်

Gluta ပါဝင်တဲ့အတွက် အသားရေကိုဖြူဝင်းလာစေတယ်အမဲစက်၊အမာရွတ်တွေသက်သာစေတယ်
Collagen အသားကိုကြည်ဝင်းလာစေတယ်
အရေးအကြောင်းတွေကိုလည်းသက်သာစေပါတယ်နော်

အမျိုးသား/အမျိုးသမီးသောက်သုံးနိုင်ပါတယ်နော်

အထုတ်ကြီးတစ်ထုတ်မှာလည်း အထုတ်သေးလေးတွေ ၅၀ ပါဝင်တဲ့အတွက်တစ်လခွဲလောက်သောက်သုံးနိုင်ပါတယ်ရှင့်

FDA ရပြီးသား Product လေးပါရှင်😍

#အိမ်ရောက်ငွေချေ

07/09/2026

Coffee လေးသောက်ရင်း အဆီကျ လှပချင်တဲ့သူတွေအတွက် Truslen coffee intock ပါ
Truslen coffee plus 23000ks

ကျန်းမာရေးအတွက်လည်းသင့်တော်ပြီးအဆီကောဝိတ်ပါကျလို့တကယ်ကိုအဆီပိုမရှိလှပချင်တဲ့မမတွေအတွက်အထူးသင့်တော်ပါတယ်ရှင်☕




#အိမ်ရောက်ငွေချေ

Photos from Pixie Dust's post 06/09/2026

Coffee လေးသောက်ရင်း အဆီကျ လှပချင်တဲ့သူတွေအတွက် Truslen coffee intock ရပါတယ်ရှင့်
Truslen coffee plus 23000ks

ကျန်းမာရေးအတွက်လည်းသင့်တော်ပြီးအဆီကောဝိတ်ပါကျလို့တကယ်ကိုအဆီပိုမရှိလှပချင်တဲ့မမတွေအတွက်အထူးသင့်တော်ပါတယ်ရှင်☕

𝑩𝑲𝑲 𝒊𝒎𝒑𝒐𝒓𝒕 ဖြစ်ပြီးကော်ဖီစေ့ကနေထုတ်ထားတာဖြစ်တဲ့အတွက်ကော်ဖီအရသာကိုလည်းအပြည့်အ၀ခံစားနိုင်ပါတယ်ရှင်☕

အဆီကျ 𝒄𝒐𝒇𝒇𝒆𝒆 ဖြစ်လို့ 𝒃𝒐𝒅𝒚 ကအဆီ‌ပိုတွေကိုလျော့ချပေးပြီးအသားအရေကိုလည်းစိုပြေလာစေပါတယ်ရှင်☕

ကော်ဖီလေးကိုထမင်းမစားခင်မိနစ် 30 အလိုမှာသောက်ပေးမယ်ဆိုအကျိုးရ‌လဒ်ပိုထူးစေပါတယ်‌ရှင်☕


#အိမ်ရောက်ငွေချေ

Photos from Pixie Dust's post 29/08/2026

Donut Fiber Detox
Price 23000ks
တစ်ဗူးမှာ10ထုပ်ပါပါတယ်

Donuts fiber လေးက Fiber Dietary supplements လေးဖြစ်လို့ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို detox လုပ်ပေးပြီးအဆီပိုတွေကိုဖယ်ရှားပေးလို့ ပိန်ချင်သူရောအသားအရေလှချင်သူရောသောက်သုံးသင့်ပါတယ်နော် ❤️

ဒီ donut ကထုတ်တဲ့ fiber လေးက ဘယ်လိုလူတွေသောက်ပေးသင့်လဲဆိုတော့

👉အထိုင်များတဲ့သူ
👉ဗိုက်မှာ အဆီတေစုပီး ခါးတုတ်နေတဲ့သူ
👉ဗိုက်လေးချပ်ပြီး ခါးလေးသွယ်ချင်တဲ့သူ
👉အပူတွေများပြီး ဝမ်းမမှန်တဲ့သူ တွေ
👉အစားတွေ အစုံစားမိပြီး အူလမ်းကြောင်း သန့်စင်ဖို့အတွက်ဆို လည်း သောက်လို့ရတယ်နော်

ညအိပ်ရာဝင်ကို ရေအေးအေးလေးလေးနဲ့ဖျော်ပီးသောက်ပေးရုံနဲ့
ဝမ်းမှန်စေတယ်.....တနေကုန်ကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်😘crd

28/08/2026

Donut Fiber Detox
Price 23000ks
တစ်ဗူးမှာ10ထုပ်ပါပါတယ်

ဒီ donut ကထုတ်တဲ့ fiber လေးက ဘယ်လိုလူတွေသောက်ပေးသင့်လဲဆိုတော့

👉အထိုင်များတဲ့သူ
👉ဗိုက်မှာ အဆီတေစုပီး ခါးတုတ်နေတဲ့သူ
👉ဗိုက်လေးချပ်ပြီး ခါးလေးသွယ်ချင်တဲ့သူ
👉အပူတွေများပြီး ဝမ်းမမှန်တဲ့သူ တွေ
👉အစားတွေ အစုံစားမိပြီး အူလမ်းကြောင်း သန့်စင်ဖို့အတွက်ဆို လည်း သောက်လို့ရတယ်နော်

ညအိပ်ရာဝင်ကို ရေအေးအေးလေးလေးနဲ့ဖျော်ပီးသောက်ပေးရုံနဲ့
ဝမ်းမှန်စေတယ်.....တနေကုန်ကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်😘crd

26/08/2026

အသက် 3️⃣0️⃣ ကျော်လာရင် Collagen က ဘာလို့ မဖြစ်မနေ လိုအပ်လာတာလဲ❓ ✨

“အရင်က အသားအရေက တင်းတင်းရင်းရင်းနဲ့ လှနေခဲ့တာ…
အခု အသက် ၃၀ ကျော်လာတော့ Fine Lines တွေ ပိုမြင်လာတယ်၊ အသားအရေကလည်း အရင်လို မတင်းတော့ဘူး…”

ဒီလိုပြောင်းလဲမှုတွေကို သတိထားမိလာပြီဆိုရင်
Collagen အကြောင်းကို ပိုပြီးအာရုံစိုက်သင့်တဲ့အချိန် ရောက်လာပါပြီ။ 🤍

🌿 Collagen ဆိုတာ ဘာလဲ?

Collagen ဟာ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းရှိနေတဲ့ အရေးကြီးတဲ့ Protein တစ်မျိုးပါ။

အထူးသဖြင့် အသားအရေ၊ အရိုး၊ အဆစ်၊ အရွတ်နဲ့ ခန္ဓာကိုယ်ရဲ့ Connective Tissues တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

အသားအရေအတွက်ဆိုရင်တော့ Collagen က အသားအရေရဲ့ ဖွဲ့စည်းပုံနဲ့ တင်းရင်းမှုကို ထောက်ပံ့ပေးတဲ့ အဓိက Protein တွေထဲက တစ်ခု ဖြစ်ပါတယ်။

💭 ဒါဆို အသက် 3️⃣0️⃣ ကျော်လာရင် ဘာဖြစ်လာလဲ?

အသက်အရွယ်တိုးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ Collagen ထုတ်လုပ်နိုင်မှုက တဖြည်းဖြည်း လျော့လာနိုင်ပါတယ်။

ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ—

✨ အသားအရေတင်းရင်းမှု လျော့လာခြင်း
✨ Fine Lines တွေ ပိုမြင်လာခြင်း
✨ အသားအရေခြောက်သွေ့လွယ်လာခြင်း
✨ Skin Elasticity လျော့လာခြင်း

စတဲ့ အပြောင်းအလဲတွေကို သတိထားမိလာနိုင်ပါတယ်။

🍊 ဒါကြောင့် Collagen ကို ဘယ်လိုဂရုစိုက်သင့်လဲ?

Collagen ကို ဂရုစိုက်တယ်ဆိုတာ Collagen Supplement တစ်မျိုးတည်းကို အားကိုးတာ မဟုတ်ပါဘူး။

နေ့စဉ် Lifestyle ကလည်း အရေးကြီးပါတယ်။

🥚 Protein ပါဝင်တဲ့ အစားအစာတွေကို လုံလောက်အောင်စားပါ

🍊 Vitamin C ပါဝင်တဲ့ အစားအစာတွေကို ထည့်စားပါ
Vitamin C က ပုံမှန် Collagen formation အတွက် လိုအပ်ပါတယ်။

☀️ နေရောင်ခြည်ကနေ အသားအရေကို ကာကွယ်ပါ

😴 အိပ်ရေးဝအောင် အိပ်ပါ

💧 ရေဓာတ်လုံလောက်အောင် ထိန်းထားပါ

🥗 အာဟာရမျှတတဲ့ အစားအစာတွေ စားပါ

💡 Collagen Supplement ကရော?

အစားအစာကနေ အာဟာရဓာတ်တွေ လုံလောက်အောင် ရရှိနိုင်တာက အခြေခံအရေးကြီးဆုံးပါ။

ဒါပေမယ့် ကိုယ့်ရဲ့ အစားအသောက်ပုံစံနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး Collagen Supplement ကို ထပ်မံဖြည့်စွက်ဖို့ စဉ်းစားနိုင်ပါတယ်။

သို့ပေမယ့် Collagen Supplement သောက်တာနဲ့ အသက် ၃၀ ကျော်လာတဲ့ အရေပြားအပြောင်းအလဲအားလုံး ပျောက်သွားမယ်ဆိုတာမျိုးတော့ မမျှော်လင့်သင့်ပါဘူး။

Beauty ဆိုတာ အသက်မကြီးအောင် တားဆီးတာမဟုတ်ပါဘူး။
အသက်အရွယ်နဲ့အမျှ ပြောင်းလဲလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်ပြီး ပိုကောင်းကောင်း ဂရုစိုက်လာတာပါ။ 🤍✨

အသက် ၃၀ ကျော်လာပြီဆိုရင်
Skincare ကိုသာမက ကိုယ်တွင်းအာဟာရနဲ့ Lifestyle ကိုပါ Beauty Routine ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ဂရုစိုက်ကြည့်ပါ။

Photos from Pixie Dust's post 23/08/2026

အစာလဲဆေး ဆေးလဲအစာ

🧡 နေ့စဥ်ဘဝတွေမှာ အမြဲလန်းဆန်းတက်ကြွနေစေဖို့ Mikeo ရဲ့ Vitamin C🧡

Price - 25,000 kyats ( အထုပ်သေး 35ထုပ်ပါ )

🧡ဒီနေ့ခေတ်မှာ လှပဖို့ လိုသလို
ကိုယ်ခံအားကောင်းဖို့ ကလည်း အရေးကြီးပါတယ်နော် 🧡

🧡ကိုယ်ခံအားကောင်းမှ အခုလို မိုးရာသီမှာ နှာဆေး ချောင်းဆိုး
အလွယ်တကူ မဖြစ်မှာပေါ့

🧡အားအင်တွေ ပြည့်ဝနေမှ
ကိုယ့်အသားအရေကလည်း Glow နေမှာပေါ့ 🧡

Mikeo Blood Orange C ဟာ ဆိုရင်......

🧡တစ်နေ့တာအတွက် လိုအပ်တဲ့ Vitamin C (1000 mg) ကို အပြည့်အဝပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်ရှင့် 🧡

🧡 မနက်ခင်းကနေ တနေကုန်တိုင်အောင်
ပင်ပန်းနွမ်းနယ်မှု မရှိဘဲ အားအင်တွေ ပြည့်ဝနေစေပါတယ်ရှင့် 🧡

🧡ခန္ဓာကိုယ်အတွင်းထဲကနေ ညစ်နွမ်းမှုကို ဖယ်ရှားပေးလို့အသားအရေ ကြည်လင်ဝင်းပ လာစေပါတယ်။🧡

🧡လူကြီး/ကလေးမရွေး သောက်သုံးနိုင်ပါတယ်ရှင့်🧡

22/08/2026

အသက် ၃၀ ကျော်ရင် ရုတ်တရက် အသားအရေခြောက်လာတာ ဘာကြောင့်လဲ❓💧✨

“အရင်ကတော့ ဘာမှမလိမ်းလည်း အသားအရေက အဆင်ပြေတယ်…
အခု အသက် ၃၀ ကျော်လာတော့ Skincare တွေ လိမ်းနေရင်းနဲ့တောင် အသားအရေက ခြောက်ခြောက်၊ တင်းတင်းနဲ့ ဖြစ်လာတယ်…”

ဒီလိုခံစားနေရတယ်ဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ 🥹🥹🤍

➡️အသက်အရွယ်တိုးလာတာနဲ့အမျှ အသားအရေရဲ့ ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းနဲ့ အဆီထုတ်လုပ်မှု တွေ ပြောင်းလဲလာနိုင်တာကြောင့် အသားအရေခြောက်သွေ့လာတာကို ပိုခံစားရနိုင်ပါတယ်။

🌿 ဘာကြောင့် အသားအရေခြောက်လာတာလဲ ❓

① အရေပြားရဲ့ Natural Oil လျော့လာနိုင်တာ

အသားအရေကို နူးညံ့စိုပြေစေဖို့ Natural Oil က အရေးကြီးပါတယ်။

အသက်အရွယ်တိုးလာတာနဲ့အမျှ အဆီထုတ်လုပ်မှု လျော့လာနိုင်တာကြောင့် အသားအရေက အရင်ထက် ပိုခြောက်သွေ့လွယ်လာနိုင်ပါတယ်။

② Skin Barrier အားနည်းလာခြင်း

Skin Barrier က အရေပြားအတွင်းက ရေဓာတ်ကို ထိန်းသိမ်းပေးပြီး အပြင်က အရာတွေကို ကာကွယ်ပေးတဲ့ အရေးကြီးတဲ့ အကာအကွယ်တစ်ခုပါ။

Skin Barrier အားနည်းလာရင် ရေဓာတ်ပိုဆုံးရှုံးလွယ်ပြီး အသားအရေတင်းတင်း၊ ခြောက်ခြောက်၊ ယားယံလွယ်တာမျိုး ဖြစ်နိုင်ပါတယ်။

③ ရေသောက်တာ မလုံလောက်ခြင်း

တစ်နေ့တာ ရေသောက်ပမာဏ မလုံလောက်ရင် ခန္ဓာကိုယ်တစ်ခုလုံးအနေနဲ့ ရေဓာတ်မလုံလောက်နိုင်ပြီး အသားအရေခြောက်သွေ့မှုကိုလည်း ပိုသတိထားမိနိုင်ပါတယ်။

④ Skincare ကို အလွန်အကျွံသုံးခြင်း

“အသားအရေကောင်းအောင်” ဆိုပြီး Exfoliating Acid, Scrub, Retinoid စတဲ့ Active Ingredients တွေကို အလွန်အကျွံ သုံးမိရင် Skin Barrier ကို ထိခိုက်စေပြီး ခြောက်သွေ့မှုကို ပိုဆိုးစေနိုင်ပါတယ်။

⑤ ပတ်ဝန်းကျင်နဲ့ Lifestyle

Air-con ခန်းထဲမှာ အချိန်ကြာကြာနေခြင်း၊ ရာသီဥတုခြောက်သွေ့ခြင်း၊ ရေပူနဲ့ မျက်နှာသစ်လွန်းခြင်း၊ အိပ်ရေးမဝခြင်းနဲ့ Stress များခြင်းတွေကလည်း အသားအရေခြောက်သွေ့မှုကို ပိုသိသာစေနိုင်ပါတယ်။

💧 အသက် ၃၀ ကျော်ရင် ဘာလုပ်သင့်လဲ?

အသားအရေခြောက်လာတဲ့အခါ Skincare တွေ အများကြီးထပ်ထည့်တာထက် Skin Barrier ကို ပြန်ဂရုစိုက်တာ က ပိုအရေးကြီးပါတယ်။

✨ Gentle Cleanser သုံးပါ✅
✨ Moisturizer ကို ပုံမှန်သုံးပါ✅
✨ ရေဓာတ်လုံလောက်အောင် သောက်ပါ✅
✨ Exfoliation ကို အလွန်အကျွံမလုပ်ပါနဲ့✅
✨ နေ့တိုင်း Sunscreen သုံးပါ✅
✨ အာဟာရမျှတအောင် စားပါ✅
✨ အိပ်ရေးဝအောင် ကြိုးစားပါ✅

ပြီးတော့ အသားအရေကျန်းမာရေးဆိုတာ Skincare တစ်ခုတည်းနဲ့ မပြီးဆုံးပါဘူး။

ကိုယ်တွင်းအာဟာရ၊ ရေဓာတ်၊ အိပ်စက်မှုနဲ့ နေ့စဉ် Lifestyle တွေကလည်း အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ 🌿

အသက် ၃၀ ကျော်လာတာက လှပမှုလျော့သွားတာ မဟုတ်ပါဘူး။
ကိုယ့်အသားအရေ ဘာလိုအပ်လာပြီလဲဆိုတာ ပြောင်းပြီးဂရုစိုက်ရမယ့် အချိန်ရောက်လာတာပါ။ 🤍

👉 အသက် ၃၀ ကျော်ပြီးနောက်ပိုင်း အသားအရေခြောက်သွေ့လာတာကို ကိုယ်တိုင်လည်း သတိထားမိလား?

21/08/2026

မြန်မာနိုင်ငံအတွင်း မြင့်တက်လာတဲ့ အသီးအနှံဈေးနှုန်းများနဲ့ နေ့စဉ်လိုအပ်တဲ့ Vitamin C 🍊

“သဘာဝအတိုင်း Vitamin C ရဖို့ အသီးအနှံတွေ
နေ့တိုင်းစားရမယ်ဆိုရင်…
အခုလို အသီးအနှံဈေးတွေ မြင့်နေတဲ့အချိန်မှာ
ဘယ်လိုလုပ်ကြမလဲ?” 🤔 ❓❓

ဒါက လူတော်တော်များများ တွေးမိနိုင်တဲ့ မေးခွန်းတစ်ခုပါ။💯

✅Vitamin C က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Essential Vitamin တစ်မျိုးဖြစ်ပြီး
Collagen ဖွဲ့စည်းမှု၊ Antioxidant အဖြစ်လုပ်ဆောင်မှုနဲ့ ပုံမှန် Immune Function တွေအတွက် အရေးကြီးပါတယ်။

ဒါပေမယ့် Vitamin C ရဖို့ဆိုပြီး
ဈေးကြီးတဲ့ အသီးအနှံတွေကိုပဲ ရွေးစားဖို့ မလိုပါဘူး။ 🍊

🍋 Vitamin C ရနိုင်တဲ့ အစားအစာတွေထဲမှာ ဈေးသင့်တာတွေလည်း ရှိပါတယ် ✅

လိမ္မော်🍊၊ သံပုရာ🍋၊ မာလကာသီး၊ Papaya သဘ်ောသီး
ခရမ်းချဉ်သီး🍅၊ ငရုတ်ပွ🫑 စတဲ့ အစားအစာတွေက
Vitamin C ရရှိစေနိုင်ပါတယ်။

✅အရေးကြီးတာက
ကိုယ့်ရဲ့ တစ်နေ့တာအစားအစာထဲမှာ Vitamin C ပါဝင်တဲ့ အစားအစာတစ်မျိုးမျိုးကို ထည့်သွင်းစားသုံးဖို့ပါ။

အသီးအနှံတွေ ဝယ်ယူဖို့ အခက်အခဲရှိတဲ့နေ့တွေမှာတော့
ကိုယ့်ရဲ့ အစားအသောက်ပုံစံနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Vitamin C supplement (ဖြည့်စွက်စာ)ကိုလည်း စဉ်းစားနိုင်ပါတယ်။

💡 ဒါပေမယ့် Supplement (ဖြည့်စွက်စာ)ဆိုတာ အသီးအနှံတွေရဲ့ အစားထိုးမဟုတ်ပါဘူး

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ Vitamin C အပြင်
Fiber နဲ့ အခြားအာဟာရဓာတ်တွေပါ ရရှိနိုင်တာကြောင့် မျှတတဲ့အစားအစာကို အခြေခံထားတာက အရေးကြီးဆုံးပါ။

Supplement ကိုတော့
အစားအစာကနေ လုံလောက်အောင် မရရှိနိုင်တဲ့အခါ ဖြည့်စွက်ပေးတဲ့အရာ လို့ပဲ သဘောထားသင့်ပါတယ်။ 🌿

အသက် ၃၀ ကျော်လာတာနဲ့အမျှ
Skincare တစ်ခုတည်းကိုပဲ အာရုံစိုက်တာထက်—

✨ အာဟာရမျှတအောင်စားမယ်✅
✨ Vitamin & Mineral တွေ လုံလောက်အောင်ရရှိမယ်✅
✨ ရေဓာတ်ပြည့်ဝအောင်နေမယ်✅
✨ နေရောင်ခြည်ကာကွယ်မယ်✅
✨ အိပ်ရေးဝဝအိပ်မယ်✅

ဆိုတဲ့ Beauty from Within Lifestyle ကိုပါ အာရုံစိုက်သင့်ပါတယ်။ 💕

အသီးအနှံဈေးတွေ ဘယ်လောက်ပဲတက်တက်
ကိုယ့်ခန္ဓာကိုယ်လိုအပ်တဲ့ အာဟာရတွေကိုတော့ မမေ့သင့်ဘူးနော်။ 🍊✨

👉 ကိုယ်နေ့တိုင်းစားနေတဲ့အစားအစာတွေထဲမှာ Vitamin C လုံလောက်ရဲ့လားဆိုတာ ဒီနေ့ပဲ ပြန်စစ်ကြည့်လိုက်ပါ။😽😽

Website

Address

Yangon
Insein