Saya si thu
02/06/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။
ရှင်မဿဲ 24:14
01/06/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ အကြင်သူသည် မိမိကိုနှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။
ရှင်မဿဲ 23:12
31/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#ယုံကြည်ခြင်းပါလျက် ပတ္ထနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်မဿဲ 21:22
30/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊- သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။
ရှင်မဿဲ 20:27-28
29/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#ယာဗက်ကလည်း၊ ကိုယ်တော်သည် အကြှနျုပျကို အစဉ်ကောင်းချီးပေး၍၊ အကြှနျုပျနေရာကို ကျယ်ဝန်းစေတော်မူပါ။ အကြှနျုပျသညျ ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကြှနျုပျဘကျ၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
၁ ရာဇဝင်ချုပ် 4:10
28/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟုမိန့်တော်မူ၏။
ရှင်မဿဲ 18:20
#တစ်လတကြိမ်_အသင်းတော်အနီးပါးရှိတပါးအမျိုးသား #လူသစ်များကိုဖိတ်ခေါ်ခြင်းအစီစဥ်( မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်း )၌ #ဘယ်တော့မှမရပ်တန့်သင့်သောဧဝံဂေလိတရား။
#ဘုရားသခင်သည်ရန်ကုန်မြို့ကိုနှမြောတော်မူ၏
ပါ၀င်ကြသူများ Ps Saw Jason Hla
Revလှဦး Revကောင်းကောင်း ဆရာစည်သူ ဆရာပီတာ
Saya si thu
27/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။-
ရှင်မဿဲ 16:26
26/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။-
ရှင်မဿဲ 12:35
25/05/2026
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ
#ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။-
ရှင်မဿဲ 11:29
Click here to claim your Sponsored Listing.