Novara Pathways
Warmly welcome ! Novara refers full of freshness and youth as our country's juniors'dreams. We’d be happy to support it as a trusted corner!
17/01/2026
✨ Hello! We’re Back with Our Computer Science Guide Class ✨
📌20% OFF on Course Fees for one month
📅 Valid until January 31 only
Computer Science ကို အခက်တွေ့နေတဲ့ ညီလေး/ညီမလေးတွေ အတွက် Computer Science Guide Class ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ 💻📘
Mainly focus on Oct/Nov 2026 series!!
📚 Guide Class မှာ ဘာတွေ သင်ကြားပေးမှာလဲ?
✅ စာတွေကို ကိုယ်တိုင် ပြန်ဖတ်စရာမလိုလောက်အောင် နားလည်လွယ်ကူပြီး သေချာတိကျစွာ ရှင်းပြသင်ကြားပေးပါတယ်။
✅ Exercise များ၊ Chapter-End Tests များ အပြင် Topic အလိုက် Past Papers များနဲ့ပါ တွဲဖက်လေ့ကျင့်ပေး။
✅ Lessons တွေကို Textbook အပြင် Real-world examples + Practical အမြင်နဲ့ပါ ချိတ်ဆက်ပြီး သင်ကြားပေးပါတယ်။
✅ Practical အပိုင်းမှာပါဝင်တဲ့ Coding Basics တွေကို Beginner-friendly ဖြစ်အောင် ပေါ့ပေါ့ပါးပါးနဲ့ သေချာရှင်းပြပေးတယ်။
👩🎓 ဘယ်သူတွေ တက်သင့်လဲ?
✅ Computer Science ကို သေချာနားမလည်သေး
သူများ
✅ Final Exam အတွက် စိုးရိမ်နေသူများ
✅ Theory + Practical ကို တစ်ပြိုင်နက် လေ့လာ
ချင်သူများ
⏰ လူဦးရေ ကန့်သတ်ထားတဲ့အတွက်
စောစော Register လုပ်ထားဖို့ အကြံပြုပါတယ်။
📌 Notice
📍 အတန်းချိန်များ ပြန်ညှိနှိုင်းနိုင်ပါသည်
📍 One-on-One / Small Group သင်ကြားမှု
📍 Theory – Chapter 1 မှ စတင်သင်ကြားပါ
မည်
📍 Practical – Chapter 7 မှ ပြန်လည်စတင်
သင်ကြားပါမည်
15/09/2025
✨ဒီတစ်ပတ် Monday ရဲ့ Novara Pathways Weekly Quiz လေး လာပါပြီ!
Hey Guys! Novara Pathways မှ Weekly Quiz အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်ဗျ !
📅 Every Monday & Friday
Quiz လေးတွေကို Novara Pathways page မှ အပတ်စဉ် Monday & Friday မှာ တင်ပေးသွားပါမယ်ဗျ။
5 ကြိမ် တိတိ အဖြေမှန်သူတွေထဲက 10 ဦး ကို ရွေးချယ်ပြီး random အနေနဲ့ 3 ဦး ကို ပြန်ရွေးချယ်ကာ Novara Pathways မှ ဖွင့်လစ်ထားတဲ့ ဘယ်အတန်းမဆို 25% OFF နဲ့ တက်ရောက်လို့ရပါမယ်ဗျ ! 🎁
✔️ Easy peasy – Quiz လေးတွေဖြေ၊ အဖြေလဲမှန် ၊ အချိန်မှီ ဖြေကြရင် အနိုင်ရမယ့် Chance ပိုများပါတယ်နော်။
🚀 လက်မနှေးပဲ အရင် နေရာဉီးလိုက်ကြပါစို့!
ဒီတစ်ပတ်ရဲ့ Quiz မှာ ဘယ်သူတွေ အဖြေမှန်
မလဲဆိုတာ စောင့်ကြည့်နေမယ်နော်! 💯 Don't forget to Like and Share!!
12/09/2025
✨Novara Pathways Weekly Quiz လေး လာပါပြီ!
Hey Guys! Novara Pathways မှ Weekly Quiz အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်ဗျ !
📅 Every Monday & Friday
Quiz လေးတွေကို Novara Pathways page မှ အပတ်စဉ် Monday & Friday မှာ တင်ပေးသွားပါမယ်ဗျ။
5 ကြိမ် တိတိ အဖြေမှန်သူတွေထဲက 10 ဦး ကို ရွေးချယ်ပြီး random အနေနဲ့ 3 ဦး ကို ပြန်ရွေးချယ်ကာ Novara Pathways မှ ဖွင့်လစ်ထားတဲ့ ဘယ်အတန်းမဆို 25% OFF နဲ့ တက်ရောက်လို့ရပါမယ်ဗျ ! 🎁
✔️ Easy peasy – Quiz လေးတွေဖြေ၊ အဖြေလဲမှန် ၊ အချိန်မှီ ဖြေကြရင် အနိုင်ရမယ့် Chance ပိုများပါတယ်နော်။
🚀 လက်မနှေးပဲ အရင် နေရာဉီးလိုက်ကြပါစို့!
နောက်တစ်ပတ်ရဲ့ Quiz မှာ ဘယ်သူတွေ အဖြေမှန်
မလဲဆိုတာ စောင့်ကြည့်နေမယ်နော်! 💯 Don't forget to Like and Share!!
10/09/2025
💻 Python Basic Course
September Special Discount 🚀
Programming language တစ်ခုဖြစ်တဲ့ Python ကို အခုမှ စတင်လေ့လာမဲ့သူတွေ အတွက် အထူးအခွင့်အလမ်း! ✨
September လအတွက် Special Discount နဲ့ လာပြီနော် !!
Why Python Basic Course?
✔ Basic ကို သေချာမပိုင်ထားရင် upcoming challenges တွေ မှာ အခက်တွေ့လိမ့်မယ် နော်။ ဒီ course လေးက Challenges တွေအတွက် ကော Critical thinking တွေပါ တိုးတက်လာစေမဲ့ foundation တစ်ခုပဲ ဖြစ်ပါတယ် ။
Course ပြီးသွားရင်လဲ Completion Certificate ပေးအပ်သွားမှာပါဗျ။
Who should join?
- Python ကို အခုမှ စတင်လေ့လာချင်သူများ
- Python ဆိုတာဘာလဲ မသိသေးသူများ
- Programming Knowledge လိုချင်သူများ
Course Duration ⏳
📢 2 လခွဲ only!
Fees & Discounts 💸
💰 ပုံမှန် Fees – 250,000 MMK
🔥 Early Bird Special Discount
( First 3 Students 50% OFF!! )
Why choose this class?
🧑🏫 Taught by an instructor who holds a Programming Certificate from Harvard University .
✨ Practical + Easy-to-follow lessons
✨ Build confidence step by step
Course Modules 📚
1️⃣ Python Fundamentals (Intro, Syntax, Variables, Data Types, Operators)
2️⃣ Control Flow & Loops
3️⃣ Data Structures
4️⃣ Functions & Modules
5️⃣ Modules & Libraries
6️⃣ File Handling & OOP
7️⃣ Error Handling
8️⃣ All Python Basics & Knowledge you need
🎁 SPECIAL
✨ September Early Bird Discount လဲရှိပါတယ်။ လက်မနှေးစေဖို့ အမြန်ဆုံး register လုပ်လိုက်ပါ! Early bird ရဖို့ တွေ့တွေ့ချင်း လာအပ်မှမှီပါမယ်ဗျ..🤗
05/09/2025
🎯 2026 Oct / Nov မှာ IGCSE ဖြေဆိုကြမယ့် မောင်လေး၊ ညီမလေးတို့အတွက် သေသေချာချာ ဖွင့်လှစ်ထားပေးတဲ့ Further Pure Mathematics နဲ့ A Maths အတန်းလေးလာပါပြီ။
✅ By One သင်ပေးမှာဖြစ်တာကြောင့် သေသေချာချာ ဂရုတစိုက်သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။
✅ Mock Test တွေနဲ့ Exercise တွေပါ တွဲဖက်ပြီး သင်ကြားပေးမှာဆိုတော့ A A* မှန်းထားတဲ့ Juniors လေးတွေအနေနဲ့ တက်ရောက်သင့်တဲ့ class လေးဖြစ်ပါတယ်နော်။
✅ ဒါ့အပြင် "24 hours service" ဖြစ်တာကြောင့် စာသင်ချိန်သာမက မေးချင်တဲ့အခါတိုင်း မေးလို့ရမှာပါ။
✅ Tutor ပြန်လုပ်ပေးမယ့် Senior ကိုယ်တိုင်ကလည်း A* ရထားတဲ့အပြင် Olympiad Math Awards တွေပါ ရရှိထားသူဖြစ်တာကြောင့် ရှင်းရှင်းလင်းလင်းနဲ့ မှန်မှန်ကန်ကန် လမ်းပြပေးနိုင်မှာပါ။
Class အချိန်လေးကို လိုချင်တဲ့အချိန် ညှိနှိုင်းနိုင်ပါတယ်ရှင်။
Fees - 100000ks per month
80000ks per month (2students or above)
16/08/2025
✨ Hello! We’re back with an AUGUST DISCOUNT Class ✨
Computer Science ကို အခက်တွေ့နေတဲ့ ညီလေး/ညီမလေးတွေ အတွက် August လ အတွက် Computer Science Guide Class လေးကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။
📚 Guide Class မှာ ဘာတွေသင်ပေးမှာလဲ?
✅ စာတွေကို ထပ်မံပြန်ကြည့်စရာမလိုလောက်အောင် ဖိဖိစီးစီး၊ သေသေချာချာ ရှင်းပြသင်ပေးမယ်။
✅ Exercise တွေ၊ Chapter-End Test တွေအပြင် topic အလိုက် Past Papers တွေနဲ့လည်း တွဲသင်ပေးမယ်။
✅ Lessons တွေကို Textbook အပြင် Practical ကျကျ Real-world နဲ့ချိတ်ဆက် ပြီးပါ သင်ပြပေးမယ်။
✅ Practical အပိုင်းမှာပါဝင်တဲ့ Coding Basics တွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ သေချာရှင်းပြသင်ပေးမယ်။
👩🎓 ဘယ်သူတွေ တက်သင့်သလဲ?
✅ Computer Science ကို သေချာနားမလည်သေးသူများ
✅ Final Exam အတွက် စိုးရိမ်နေကြသူများ
✅ Practical ကျကျ လေ့လာချင်သူများ
🎁 SPECIAL
✨ August Early Bird Discount လဲရှိပါတယ်။ လက်မနှေးစေဖို့ အမြန်ဆုံး register လုပ်လိုက်ပါ!
📌 အတန်းချိန်များ ပြန်ညှိနိုင်ပါတယ်။
📌 လူဦးရေ အကန့်အသတ်ရှိပါတယ်ဗျ။
📌 Theory အတွက်ဆိုရင် Chapter 1 ကနေစပေးပြီး၊ Practical အတွက်ဆို Chapter 7 ကနေပြန်စပေးပါတယ်ဗျ။
29/07/2025
Grade (12) ကို ထူးထူးချွန်ချွန် နဲ့ အောင်မြင်ခဲ့ကြတဲ့ ညီလေး/ညီမလေး တို့ ခဏလောက် အနားယူပြီး Novara pathways နဲ့ Major ကိုသေချာ ရွေးချယ်ကြမယ်နော် 😉
ကျွန်တော်တို့ High school 🏫 ပြီးသွား ပြီး major တွေ course တွေရွေးရတော့မယ့် အချိန်ရောက်လာရင် overwhelming 😥 ဖြစ်တတ်ကြပါသလား ။ ရွေးချယ်စရာတွေလဲ များလာပြီး အပျော်လွန်တတ်ကြပါတယ်။ အဲ့ဒီ အချိန်မှာ ကျောင်းသား/သူ တွေ အနေနဲ့ course or major ရွေးချယ်တဲ့ နေရာမှာ အမြဲ မှားတတ်ကြတဲ့
❌" common mistakes 6 " မျိုးကို sharing ပြီး ဘယ် facts တွေကို ပို focus ရမလဲဆိုတာ ပြောပြပေးသွားပါမယ်ဗျ ။
1. Following friends without thinking 🧑🦯
ဒါဟာ ကျောင်းသား/သူ တော်တော်များများ ဖြစ်တတ်ကြပါတယ်ဗျ။ သူငယ်ချင်း နောက်လိုက်လိုက်ပြီး ယောင်တတ်ကြတဲ့ အကျင့်လေးပေါ့ 🧑🤝🧑 ။ ကိုယ့်သူငယ်ချင်းက business ရွေးလို့ ကိုယ်ပါလိုက်ရွေးလိုက်တာမျိူး ၊ သူငယ်ချင်းက Germany သွားလို့ ကိုယ်ပါ Germany လိုက်သွားချင်တာမျိုး ။သူငယ်ချင်းရဲ့ dreams က သင့်အတွက်
ဟုတ်ချင်မှဟုတ်နေမှာပါ ။ ကိုယ့် life နဲ့ သူတို့ life က မတူနိုင်ပါဘူးဗျ။ အဲ့တာကြောင့် ကိုယ့်ရဲ့ 💡interests ၊ 🎯goals ၊💪 strength တွေ ကို သေချာ research ပြီးမှ စဉ်းစားပါဗျ။
2. Choosing based on job titles instead of
interest 💺
"လူ" လို့ ဖြစ်လာကတည်းက ဘဝမှာ ဂုဏ်ရှိရှိနဲ့ လုပ်ရတဲ့ အလုပ်လေးတော့ လုပ်ကြချင်တာ ပုံမှန်ပါပဲ။ Doctor 🩺 , Lawyer ⚖️, Engineer 🛠️ စသဖြင့် successful ဖြစ်တဲ့ job တွေကို လုပ်ချင်ကောင်းလုပ်ချင်ကြမှာပဲဗျ ။ ဒါပေမဲ့ ကိုယ်က အဲ့အပေါ်
တကယ့် ambition ရှိလား မရှိဘူးလားဆိုတာ သင်ကိုယ်တိုင်အရင်ဆုံး စစ်ဆေးကြည့်ပါ။ ဒါကြောင့် job titles ကိုပဲ ကြည့်နေပြီး ကိုယ့်ရဲ့ true passion ကိုတော့ မမေ့စေချင်ဘူးနော်။
3. Procrastinating in Making a Decision 🙅
တစ်ခုခုကို ရွေးချယ်ဖို့ စဉ်းစားရင် အချိန်တစ်ခုလိုအပ်ကြတာ အမှန်ပဲဗျ။ ဒါပေမဲ့ လိုအပ်တဲ့ အချိန်ထက်တော့ အများကြီးပိုပြီး မစဉ်းစားစေချင်ပါဘူး ။ Benefits ကနေ Drawbacks အဖြစ်ပြောင်းသွားစေနိုင်ပါတယ်။ ကိုယ်က ပိုအချိန် ဆွဲလေလေ ၊ ကိုယ့်အတွက် ပိုပြီး options တွေနည်းလာပြီး negative impact ဖြစ်လေလေပါပဲ။
Start early ,even if you're unsure !!
4. Allowing Parents to Decide Everything
တစ်ချို့သော teenager တွေမှာ အရမ်း strict ⛔ ဖြစ်တတ်တဲ့ parents တွေရှိကောင်းရှိနိုင်ပါတယ် ။ ဒါဖြစ်အောင်လုပ်ရမယ် ၊ ဒါရအောင်လုပ်ရမယ် ၊ ဟိုဟာဒီဟာ စသဖြင့်ပေါ့။
ကိုယ့်မိဘ ကို ရိုသေလေးစား ရမှာ a must ပါပဲဗျ 🫶 မိဘ တွေက ကျွန်တော် တို့ရဲ့ life ကို သူတို့ထက် သာအောင်၊ ကောင်းအောင် support ပေးချင်ကြပါတယ် ။ ဒါပေမဲ့ မိဘက ရွေးခိုင်းလို့ ရွေးလိုက်ရတာမျိုးတော့ အဖြစ်မခံပါစေနဲ့ဗျ။ ကိုယ် မကြိုက်ဘူး ၊ မလုပ်ချင်ဘူးဆိုရင် reasonable ဖြစ်တဲ့ reason တွေနဲ့ နားဝင်အောင် ပြန်ရှင်းပြပါ ✨။ ကျွန်တော်တို့ ကိုယ်တိုင် study လုပ်ရမှာပါ ၊ မိဘက လာပြီး study မလုပ်ပေးပါဘူးဗျ။
မိဘတွေ အနေနဲ့လဲ ကလေးရဲ့ interest ပေါ် ယုံကြည်ပြီး သေချာ စဉ်းစားလက်ခံပေးကြဖို့ အကြံပြုချင်ပါတယ်ဗျ 🤍။
5. Not considering any details about
career
ကျွန်တော်တို့ အကြောင်းအရာ တစ်ခုခုကို ရှာတော့မယ်ဆိုရင် အပေါ်ယံလေး ရှာယုံနဲ့ စိတ်ဝင်စားပါတယ် ၊ ကြိုက်ပါတယ် ၊ လုပ်ချင်ပါတယ်လို့ ပြောလို့မရနိုင်ပါဘူး ။ အကြောင်းအရာတစ်ခုခုကို details 🔎 ကစ ရှာတတ်ဖို့ လိုအပ်ပါတယ်ဗျ ။ ဉပမာ - ကိုယ်ရွေးလိုက်တဲ့ major က နောက် 5years , 6years ကြရင် ဘယ်လို အခြေအနေမှာရှိနေမလဲ Long terms ပါထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ University ပြီးသွားရင်ကော job demand များလား ၊ မများဘူးလား future အတွက်ပါ consider လုပ်ဖို့ အကြံပေးချင်ပါတယ်ဗျ။
6. Selecting a major you're not fond of
and wishing you’ll be interested later
နောက်တစ်ခုက ဒီ major 📚ကို ယူထား
လိုက်ပါ့မယ် အခုတော့ စိတ်မဝင်စားသေးဘူး
တက်ရင်းနဲ့ စိတ်ဝင်စားလာမှာပါဆိုတဲ့ သူလေးတွေရှိကောင်းရှိနိုင်ပါတယ် ။ လေ့လာရင်းနဲ့ စိတ်ဝင်စားသွားတဲ့သူတွေလဲ ရှိပါတယ် ဒါပေမဲ့ ဖြစ်နိုင်ခြေ percentage နည်းပါတယ်ဗျ📉။ အဲ့တာကြောင့် risk မယူကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ။ သေချာစဉ်းစားပြီးမှ ကိုယ် အားသန်ရာ major ကိုရွေးချယ်ကြပါဗျ။
📌ညီလေး/ညီမလေး တွေအနေနဲ့လဲ ကိုယ့်ရဲ့ interests , goals, strength အပေါ် ယုံကြည်
ကြည့်ကြဖို့ suggestions ပေးလိုက်ပါတယ်ဗျ။ မိဘ ၊ သူငယ်ချင်း ၊ လူတွေရဲ့ expectations တွေထက် သင့်ရဲ့ inner voice ကို ပိုနားထောင်ပေးပါဗျ🌟။ ဒီ post လေးကိုဖတ်ပြီး new insights တွေရခဲ့မယ်လို့လဲ မျှော်လင့်ပါတယ်ဗျ။
"Measure twice , cut once "
27/07/2025
Psychology Major ? 🤔
ဒီနေ့ကတော့ ရွေးချယ်မှုနည်းတဲ့ major လေးတစ်ခုကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အဲ့တာလေးကတော့ `Psychology´ စိတ်ပညာလို့ လူသိများပေမယ့် အလုပ်အကိုင်၊ ဘာသာရပ်တွေကို ဒီ post လေးမှာ ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာပါ။
- Psychology Major ကိုယူပြီးရင် ဘယ်လို career တွေ ရှိမလဲ။ အများစု စိတ်ဝင်စားတတ်တဲ့ career လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော် .. ပုံလေးတွေအောက်မှာ ဖတ်နိုင်ပါတယ်ရှင် 💼
🤗 Psychology career တွေက ဆေးပညာတွေလို uni တက်ရတဲ့နှစ်၊ ပေးရတဲ့အချိန် ကြာပါတယ်။ အနည်းဆုံး ၈နှစ် လောက်ထိ သွားရတတ်ပါတယ်။ ဒါ့အပြင် လိုင်စင်ဖြေဖို့၊ တခြားသော အာမခံချက်တွေရဖို့အတွက် internship တွေ/ volunteer လိုက်ဆင်းရတာတွေလည်းရှိပါသေးတယ်။
ဒါ့အပြင် ဆေးပိုင်းဆိုင်ရာ ဆေးမှားပေးမိခြင်း၊ ကုသမှုလွဲမှားခြင်းတွေ ဖြစ်လာတဲ့အခါ လိုင်စင်ပိတ်သိမ်းခံရခြင်းတွေအထိလည်း risk တွေရှိပါတယ်။
အရင်းအနှီးများနိုင်ပေမယ့် တကယ်စိတ်ဝင်စားပြီး ဝါသနာပါတယ်ဆိုရင်တော့ high school subjects တွေတည်းက ကြိုတင် စီစဥ် ထားဖို့ လိုအပ်ပါတယ်။
Suggestions☝: Biology, Mathematics, English
သိချင်တဲ့မေးခွန်းတွေရှိရင်လည်း comment မှာ မန့်ခဲ့ကြပါဦးနော်! 🤫📨
05/07/2025
O level EDEXCEL BUSINESS Tution Class!!!
- Business လို့ ကြားလိုက်တာနဲ့ Theory တွေကို ပြေးမြင်ပြီး စာလုပ်ရမှာ ပျင်းနေတာလား ? ! !🤔
`No´ ပါနော်။ တကယ်တော့ Business ဆိုတာ စိတ်ဝင်စားအောင် သင်ပေးမယ့်သူတစ်ယောက်ရှိရင် ပျော်ပျော်ပါးပါးကြီး စာလုပ်ချင်မိမယ့် ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ 🤫
Past Paper တွေ ကို အစတည်းက ကောင်းကောင်းလေ့ကျင့်ထားမယ်၊ Theory တွေကို ပိုင်နိုင်ပြီး သေချာ နားလည်အောင်လုပ်ထားမယ်၊ writing ပုံစံတွေကို စနစ်တကျနဲ့ strong ဖြစ်တဲ့ အရေးအသားမျိုး ရေးတတ်အောင် လုပ်ထားမယ်။ ဒါဆိုရင်.. Business ဆိုတာ တကယ်တော့ Easy Going ပါ 💪😎
Novara Pathways ရဲ့ Edexcel Business Class လေးဟာဆိုရင်တော့ Aug လ မှာ စမှာမို့ မြန်မြန်လေး စာရင်းသွင်းထားလိုက်တော့နော်။
Class fees - 80000 ks per month
Class size - 3 people per group
Class timetable - Sat & Sun (1:00-2:30) pm
Target - 2026 Oct/Nov intake
July 5 to July 15 အတွင်း အပ်မယ်ဆိုရင်တော့ Normal Class fees - 80000 ကျပ်ကို "65000" ကျပ်နဲ့ discount ရဦးမှာပဲ ဖြစ်ပါတယ်ရှင့်😱
02/07/2025
ပညာရေးတွေချည်းပဲ တစ်ချိန်လုံး စိတ်မြှုပ်နှံထားကြရတဲ့ မောင်လေး၊ ညီမလေးတွေ.. စိတ်များ ညစ်နေကြပြီလား..???
- ကဲ ကဲ .. ဒီမှာ Relax လည်း လုပ်လို့ရမယ်၊ အသစ်အသစ်သော ပညာရပ်တွေ ဗဟုသုတတွေလည်း ရှာဖွေလို့ရမယ့် ` Novara Student Club ´ လေး လာပါပြီနော် ။ 🤓
- IT / Business / Medical ဆိုပြီး ခေါင်းစဥ် ၃ မျိုးထဲကနေ ကိုယ်နှစ်သက်ရာ၊ စိတ်ဝင်စားရာကို ရွေးချယ်ပြီး ပါဝင်နိုင်ပါတယ် !! 🥳
စိန်ခေါ်မှုတွေကတော့ .. အလုအယက်ကို လာနေပါပြီနော်။
ပါဝင်ရင် ဘာတွေရမှာလဲ.. ?
တစ်ခုချင်းစီရဲ့ ပြီးဆုံးမှု Certificate + Recommendation Letter ရမယ့် အပြင် ..
ထူးထူးချွန်ချွန်နဲ့ အောင်မြင်စွာ အနိုင်ရတဲ့ ပါဝင်သူတွေကိုတော့ နောက်ထပ်ရောက်လာမယ့် Junior လေးတွေကို ပြန်ပြီး guide လုပ်ပေးဖို့အတွက် Paid-guide offer လေးတွေကိုပါ ကမ်းလှမ်းမှာဖြစ်ပါတယ်။
University တွေလျှောက်တဲ့အခါ အခွင့်အလမ်းပိုသာမယ့် opportunities တွေကို အသေးစိတ်ကစပြီး ပြင်ဆင်လိုက်ကြရအောင်နော်!
- Knowledge test တွေ၊ စကားရည်လုပွဲတွေ၊ Essay ပြိုင်ပွဲတွေနဲ့ တခြား အမျိုးမျိုးသော အရည်အချင်း ပြိုင်ပွဲတွေကို ပါဝင်ချင်တယ်ဆိုရင်တော့..
(1) Post လေးကို Public နဲ့ Like & Share ပါ။
(2) Page chat box လေးကို screenshort လေးနဲ့တကွ လာပြပေးရုံပါပဲရှင့်! 🤭
စာရင်းပေးသွင်းနိုင်တဲ့ Deadline လေးကတော့ ` 20.7.2025´ ဖြစ်တာကြောင့် လက်မနှေးစေဖို့ အခုတည်းက တက်တက်ကြွကြွနဲ့ ပါဝင်လိုက်တော့နော်။
02/07/2025
အားလုံးလဲ သိကြသလို အခုခေတ်မှာ
🥇 English language ဟာ မရှိမဖြစ်လိုအပ်တဲ့ Global Skill တစ်ခုဖြစ်လာပြီဆိုတာကို သတိထားမိကြလိမ့်မယ်လို့ထင်ပါတယ်ဗျ !
✈️ ဘယ်နိုင်ငံကို သွားသွား၊ ဘယ်အလုပ်မှာပဲလုပ်လုပ် English ဘာသာစကားဟာ လူတိုင်းအတွက် အသုံးအများဆုံး ဖြစ်လာနေပါပြီ။
ဒါကြောင့်ပဲ 💡 လူငယ်အများစုဟာ English ကို အထူးအလေးပေးပြီး တဖြည်းဖြည်း level up ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ် 📚
🔔 အဲ့တာကြောင့် Novara pathways ကနေ ဒီနေ့ share ပေးချင်တာကတော့ -
English ကို စတင်လေ့လာနေတဲ့ သူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ 🎙️ YouTube Podcast/channel လေးတွေကို sharing ပေးလိုက်ပါတယ်ဗျ။
New vocabularies တွေလဲ သိစေမယ်၊ နားထောင်ရင်းနဲ့ လဲ လေ့ကျင့်လို့ရမယ် လူငယ်များအတွက် both fun & effective ဖြစ်မှာ သေချာပါတယ်ဗျ !
Click here to claim your Sponsored Listing.
Category
Website
Address
Hsipaw