WINN

WINN

Share

A Great Haircut Is A Small Investment In Success.

08/05/2026

ခုချိန်ကတော့ ဆုတောင်းပေးရုံပါဘဲဗျာ

02/05/2026

ယနေ့ဆိုင်ဖွင့်ပါသည်
မိတ်ဟောင်းမိတ်သစ် ကျေးဇူးရှင်များ အားလုံး အစစအရာရာ အဆင်ပြေကြပါစေလို့ ကျန်တော်တို့ WINN Barber Shop ကနေ ဆုမွန်ကောင်းတောင်းပါတယ်ဗျာ

28/04/2026

လက်ရှိအခြေအနေအရ ဆိုင်အား ယာယီပိတ်ထားပါတယ်ဗျ
ဘယ်အချိန်ထိ ပိတ်ထားရမလည်းဆိုတာကတော့ ကြိုမပြောနိုင်သေးပါဘူဗျ
အားလုံး ဘေးအန္တရယ် ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ကျွန်တော်တို့ WINN Barber Shop မှ ဆုတောင်းပေးပါတယ်ဗျ

17/04/2026

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ WINN Barber Shop မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဗျာ 🙏✨
နှစ်သစ်မှာ လုံးခင်း (ကျောက်စိမ်းမြေ) က ညီအစ်ကိုတွေအားလုံး စိတ်သစ်၊ လူသစ်နဲ့ အလုပ်အကိုင်တွေ ပိုမိုအောင်မြင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
နှစ်ဟောင်းက ပင်ပန်းနွမ်းနယ်မှုတွေကို ချန်ထားခဲ့ပြီး နှစ်သစ်မှာ အထာကျကျ၊ သန့်သန့်ရှင်းရှင်းနဲ့ Confidence အပြည့် ဖြတ်သန်းဖို့ WINN က အမြဲတမ်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အသင့်ရှိနေပါတယ်ဗျ။

#နှစ်ဆန်းတစ်ရက်နေ့

25/03/2026

"Fade တိုင်း၊ Cut တိုင်းမှာ မင်းရဲ့ နှလုံးသားကို ထည့်ပြီး လုပ်ပေးနေတာကို ငါတို့ မြင်တယ်။ ဒီနေ့တော့ မင်းရဲ့ နေ့ပဲ — မွှေးနေ့မှာ ပျော်ရွှင်ပါစေ Barber Shikii! WINN Barber Shop မှ ချစ်မေတ္တာနဲ့ 🖤✂️"

20/03/2026
11/03/2026

Open Daily 9AM to 5PM

02/03/2026

WINN Barber Shop မှာ နေ့စဉ်ပင်ပန်းစွာ ဝန်ဆောင်မှုပေးနေတဲ့ ကျွန်ုပ်တို့၏ ကျွမ်းကျင်ဆရာများကို တစ်ရက် အနားပေးပြီး Fresh ဖြစ်သော အားအင်သစ်များဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် တစ်ရက်ပိတ်ပါမည်။
📅 ပိတ်မည့်ရက်: မနက်ဖြန် (၃) ရက်၊ မတ်လ၊ ၂၀၂၆ ခုနှစ်
✅ သန်ဘက်ခါ (၄) ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ညီအစ်ကိုတို့ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်ဗျာ။

01/03/2026

ဖုန်နဲ့ အိုက်စပ်စပ် ရာသီဥတုမှာ ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေ ခံစားနေရလား?
ဖားကန့်၊ လုံးခင်းဘက်က အစ်ကိုတို့အတွက် အလုပ်ခွင်မှာ ဖုန်တွေ၊ ချွေးတွေကြောင့် ဦးရေပြားထိခိုက်တာကို ကာကွယ်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
၁။ အလုပ်ကပြန်ရောက်တာနဲ့ ရေချိုးရင်း ခေါင်းကို ချက်ချင်းလျှော်ပေးပါ။ (ဦးရေပြားက ဖုန်နဲ့ ချွေးတွေကို ရှင်းလင်းဖို့ပါ)
၂။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို သေချာခြောက်အောင် အရင်လုပ်ပါ။ (အစိုကြီးနဲ့ အိပ်ရင် မှိုတက်ပြီး ဗောက်ပိုထတတ်လို့ပါ)
၃။ ပင်ပန်းလာသမျှကို တစ်ပတ်တစ်ခါလောက် ဆိုင်မှာ Hair Wash (ခေါင်းလျှော်) နဲ့ Facial Cleansing (မျက်နှာသန့်စင်) လာလုပ်ပေးပါ။
WINN Barber Shop မှာ ဦးရေပြား ရှင်းလင်းသွားအောင် ပေါ့ပေါ့ပါးပါးလေး သေချာလျှော်ပေး၊ နှိပ်ပေးနေပြီမို့ လူရောစိတ်ပါ လန်းဆန်းသွားစေရမယ်နော်။

27/02/2026

ရာသီဥတုက ဘယ်လောက်ပဲ မှုန်မှိုင်းနေပါစေ... WINN Barber Shop ကို ယုံကြည်စွာ ရွေးချယ်ပြီး လာရောက်ကြတဲ့ ဖောက်သည်တစ်ဦးချင်းစီတိုင်းကို ကျွန်ုပ်တို့ အထူးပဲ တန်ဖိုးထား ကျေးဇူးတင်ပါတယ်။
လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နဲ့ စိတ်ကြိုက်စတိုင်လ်ကို သေချာနားလည်ပေးပြီး စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့က ကျွန်ုပ်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ။
ဒီလို မှိုင်းတေတေ နေ့လေးမှာတောင်... လူကြီးမင်းတို့ရဲ့ ယုံကြည်မှု (Confidence) တွေ အမြဲလင်းလက်နေစေဖို့အတွက် သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေး စိတ်အပန်းဖြေရင်း အကောင်းဆုံး လက်ရာ၊ အနွေးထွေးဆုံး ဝန်ဆောင်မှုတွေနဲ့ ဆက်လက် တာဝန်ယူပေးပါရစေ။
လူကြီးမင်းတို့ ပေးရတဲ့ အချိန်နဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုမျိုးကို အမြဲတမ်း ပေးစွမ်းသွားမှာပါ။
"

Want your business to be the top-listed Hair Salon in Hpakan?
Click here to claim your Sponsored Listing.

Category

Website

Address

Hpakan
1161