Soe Moe - Singer
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ
25/03/2026
အခြားလူကိုပန်းလေးပေးရင်
အရင်ဆုံးကိုယ့်လက်မှာရနံ့တွေကျန်ရစ်သတဲ့
ဒါဟာချစ်ခြင်းမေတ္တာဖြစ်တယ် … 🌹🤍✨
16/03/2026
မကြာခင် သင်္ကြန်ရောက်တော့မယ်ဗျာ♥️♥️
09/03/2026
စီးပွားလည်းရှာပါ…🌹
ကိုယ်ကျင့်တရားလည်း ထိန်းသိမ်းပါ။
ဒါမှ ရလာတဲ့စည်းစိမ်ဥစ္စာမြဲမယ်။
ဗုဒ္ဓဘာသာဝင်တွေ…
စီးပွားမရှာရဘူးမဟုတ်ဘူး…ရှာ။
မြတ်စွာဘုရားက
စီးပွားရှာဖို့ တိုက်တွန်းတယ်။
သို့သော် ရှာတဲ့အခါမှာ
ဒုစရိုက်နည်းနဲ့ မရှာဖို့တော့ပြောတယ်။
ကောင်းတဲ့နည်းတွေနဲ့ စီးပွားရှာရမယ်။
စီးပွားရေးမျက်စိ ရှိရမယ်တဲ့…။
စီးပွားရေးမျက်စိဆိုတာဘာတုန်း…?
မရသေးတဲ့ စည်းစိမ်ဥစ္စာကို
ရအောင်လုပ်ခြင်း၊
ရရှိပြီးသား စည်းစိမ်ဥစ္စာကို
တိုးပွားအောင်လုပ်ခြင်းဆိုတဲ့
ဒီအချက်နှစ်ချက်နဲ့
စီးပွားရေးမျက်စိရှိရမယ်။
စီးပွားရေးမျက်စိရှိမှ
ဒီဘဝမှာ ချမ်းသာသုခရမှာကိုး…။
ဒါဖြင့်စီးပွားတော့ရှာတတ်တယ်…
မရသေးတဲ့ စည်းစိမ်တွေရအောင်၊
မရသေးတဲ့ ငွေကြေးဥစ္စာတွေ
ရအောင် လုပ်တယ်။
ရပြီးသား ဥစ္စာ ငွေကြေးတွေ
တိုးတက်အောင်လုပ်တယ် ဟုတ်ပြီ။
နောက်မျက်စိတစ်လုံး ရှိဖို့လည်း
လိုသေးတယ်။
ဘာတုန်းဆိုရင်
ကိုယ်ကျင့်တရားတဲ့…။
ကိုယ်ကျင့်တရား နဲ့
အကောင်း အဆိုးကို
သိတတ်တဲ့မျက်စိ ရှိဖို့လိုသေးတယ်။
ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု
ထိန်းညှိပေးထားတယ်။
စီးပွားရေးချည်းပဲတိုးတက်ပြီး
ကိုယ်ကျင့်တရား ပျက်ပြားသွားလို့ရှိရင် ဒီစီးပွားဟာ ကြာရှည်
မခံဘူး။
ခု မြန်မာနိုင်ငံမှာလည်းပဲ ကြည့်၊
လူအချို့ဟာ စီးပွားတိုးတက်လာပြီး
ကိုယ်ကျင့်တရားတွေ
ပျက်သွားတဲ့အခါစီးပွားပါပျက်ရော…။
ဒီလိုပုဂ္ဂိုလ်သာဓကတွေ
မြောက်မြားစွာရှိတယ်။
ဒါကြောင့်မလို့…
မြတ်စွာဘုရားက ဆုံးမထားတာ…။
စီးပွားတက်လာတာနဲ့အမျှ
ကိုယ်ကျင့်တရားဘက်ကလည်း
တက်လာရမယ်။
ကိုယ်ကျင့်တရားဖြင့်
ကိုယ့်ရဲ့စီးပွားကို ပြန်ထိန်းထားရမယ်။
စီးပွားကလည်း တိုးတက်တယ်၊
ကိုယ်ကျင့်တရားတွေကလည်း
တိုးတက်လာတယ်ဆိုတဲ့
ပုဂ္ဂိုလ်တစ်ယောက်မှာ
သူရထားတဲ့ စည်းစိမ်ဥစ္စာဟာ ခိုင်မာတယ်။
ကိုယ်ကျင့်တရား မပျက်တဲ့အတွက်ကြောင့်
စီးပွားပျက်တယ်ဆိုတာ မရှိတော့ဘူး။
ဒီလိုဆိုလိုတာနော်…။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏
04/03/2026
လိုက်ကြဦးမလား အမျိုးတို့ရေ🤪🤪
မြင်းနှစ်မှာ မြင်းစီးနေရပြီ🙂↔️🙂↔️
02/03/2026
တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ ✨
ယခုလို အခါသမယနေ့လေးမှာ အညစ်အကြေးဟူသမျှကို ဆေးကြောသန့်စင်ကာ ဖြူစင်သော လူသားတစ်ယောက်အဖြစ် နေနိုင်ကြပါစေ ...🙏
ပူလောင်မှုမှန်သမျှကင်းဝေး၍ အေးချမ်းသောအရာများစွာကိုသာ ရရှိပိုင်ဆိုင်နိုင်ကြပါစေရန် မေတ္တာများစွာဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ❤️
01/03/2026
Hello March 🎨
တစ်နှစ်တာရဲ့ တတိယ လ လေး~
နွေဦးလ လေးဆိုလည်းမမှားပါဘူး...
နွေးထွေးမှုတွေပေးပြီး ကြင်နာတက်တဲ့လတစ်လဖြစ်ပါစေ..
အစစအရာအရာ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်..
မျှော်လင့်ချက်တွေအားလုံးဟာ ရည်မှန်းချက်အတိုင်း
ပြီးမြောက်ပါစေ ...
March born လေးတွေအတွက် ~
ပျော်ရွှင်သော မွေးလလေးဖြစ်ပြီ..
ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေ...🍓
22/02/2026
အရာရာကို လက်ခံလိုက်နိုင်ခြင်းဟာလည်း
စိတ်အေးချမ်းမှုတစ်မျိုးပဲဖြစ်ပါတယ်။
ငြင်းပယ်လို့မရတဲ့ အရာတွေ၊
ရှောင်လွှဲလို့မရတဲ့ဝမ်းနည်းမှုတွေကို
လက်ခံလိုက်တယ်။
ပြီးမှသာ စိတ်ကို တဖြေးဖြေး ကုစားဖြစ်လာပါတယ်။
'ဘာလို့လဲ၊ ဘာကြောင့်လဲ'ဆိုပြီး
မေးခွန်းထုတ်ခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ပေမယ့်၊
ရင့်ကျက်လာတဲ့အခါမှာတော့
အရာအားလုံးကို တိတ်တဆိတ် လက်ခံနိုင်ဖို့ပဲ
ကြိုးစားဖြစ်လာပါတော့တယ်။
17/02/2026
🧧Happy Chinese New Year 2026🧧
တရုတ်နှစ်သစ်ကူး အချိန်အခါသမယမှစပြီး ချစ်ရသောမိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ဗျ❤️
14/02/2026
Vday လက်ဆောင်တခုခုပေးမယ်ဗျာ🌹
ကျနော့်ရဲ့ အသစ်ထွက်မယ့် သီချင်းလေးက ဘာအမျိုးအစား ဖြစ်မလဲဆိုတာလေး ခန့်မှန်းပြီး လက်ဆောင်ယူဗျာ🥰
Postလေးရှဲသွားကြဦးဗျ🥰
14/02/2026
Valentine’s Day (ချစ်သူများနေ့) ❤️
ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုဆင်နွှဲတဲ့ နေ့တစ်နေ့ဖြစ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပကြပါတယ်။
Valentine’s Day ဟာ Saint Valentine လို့ခေါ်တဲ့ ခရစ်ယာန်သမိုင်းဝင်သူတစ်ဦးနဲ့ ဆက်စပ်ပါနေတယ်။
တချို့ သမိုင်းအရ သူက ရောမအင်ပါယာခေတ်မှာ ချစ်သူစုံတွဲတွေကို လျှို့ဝှက်မင်္ဂလာဆောင်ပေးခဲ့လို့ ဖမ်းဆီးခံပြီး အဆုံးအဖြတ်ချခံခဲ့တယ်လို့ ဆိုကြပါတယ်။
နောက်ပိုင်းမှာ သူ့ကို အမှတ်ရစေဖို့ ဖေဖော်ဝါရီ ၁၄ ကို Valentine’s Day လို့ သတ်မှတ်ခဲ့ကြတာပါ။
❤️ ယနေ့ခေတ်တွင်
ယနေ့ခေတ်မှာတော့ Valentine’s Day ကို—
🥰ချစ်သူစုံတွဲများ
🥰ဇနီးမောင်နှံများ
🥰မိသားစုဝင်များ
🥰သူငယ်ချင်းများ
တို့အကြား ချစ်ခြင်းမေတ္တာဖော်ပြရာနေ့အဖြစ် ကျင်းပကြပါတယ်။
လက်ဆောင်ပေးရာတွင်—
🌹 ပန်း (အထူးသဖြင့် နှင်းဆီပန်း 🌹)
🍫 ချောကလက် 🍫
🎁 ကဒ်လေးများ (Valentine card)
စတဲ့လက်ဆောင်အသေးစားတို့ကို ပေးကြပါတယ်။
💘 အဓိပ္ပါယ်
Valentine’s Day ရဲ့ အဓိပ္ပါယ်ကတော့
ချစ်ခြင်း၊ သနားကြင်နာမှု၊ တန်ဖိုးထားမှုကို ဖော်ပြခြင်း ဖြစ်ပါတယ်❤️
ကျနော့် ချစ်သောတွေရော Vdayလက်ဆောင်ရပြီးကြပြီလား🥰
၃၅နှစ်ပြည့်မွေးနေ့ အမှတ်တရလေး ❤️
30/01/2026
နွေဦးကံ့ကော်များ❤️❤️
ဆောင်းအကုန်နွေအကူးလေးမှာ ကျနော့်ရဲ့ သီချင်း အသစ်လေး ထွက်မယ်နော်🥰
အားပေးကြမယ်မလား အမျိုးတို့🥰
Click here to claim your Sponsored Listing.