Chindwin Times
Voice for All People... Mainly focus on the issues of Human/Minority/Gender Rights, Freedom of Expres
The Chindwin Times (CT) news agency was initiated on 10th October 2020 in Homalin. Aims and Objectives:
- To establish international standard journalism.
- To establish freedom of the press, Democracy, and Human Rights in Myanmar.
- To provide all-out information about the Chin people and other related areas.
- To make the Chin free for media and information.
09/02/2023
စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်
စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက်ပိုမစုရနှင့် ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ထုတ်ပြန်လိုက်သည်။
09/02/2023
ချင်းပြည်နယ် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာလိုက်သည်။
03/08/2022
ဟုမ္မလင်း သပိတ်ခေါင်းဆောင်မန္တလေးတွင် ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ သပိတ်ဦးဆောင်သူ ကိုကျော်စိန်ဝင်းသည် ဩဂုတ်လ ၁ ရက်နေ့က ကျန်းမာ ရေးမကောင်း၍ မန္တလေးမြို့၌ဆေးခန်းပြနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံလိုက်ရကြောင်း ကိုကျော်စိန်ဝင်းနှင့်နီးစပ်သော ဟုမ္မလင်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ကိုကျော်စိန်ဝင်းနှင့်အတူအမျိုးသမီးတစ်ဦးသည် မန္တလေးမြို့ရှိ ဆေးခန်းတစ်ခုတွင် ဆေးခန်းပြရန် စောင့် ဆိုင်းနေချိန် အင်အား ၂၀ ဝန်းကျင်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ် ဆောင်သွားခြင်း ဖြစ်သည်။
“ကိုကျော်ဝင်းစိန်ကို မန္တလေးက မြို့တော်မှာ ဆေးပြနေတုန်း အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားတာ။ သူ့ကို လက်ရှိ ဟုမ္မလင်းလေတပ်စခန်းကစစ်ကြောရေးမှာလို့ သိရတယ်။ ကျော်ဝင်းစိန်နဲ့ မန္တလေးက မိန်းကလေးနဲ့ အတူ နှစ်ယောက်ပါ” ဟု ဟုမ္မလင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ကိုကျော်စိန်ဝင်းအပါအဝင် အမျိုးသမီးတစ်ဦးကို ဟုမ္မလင်းက လေတပ်စခန်း စစ်ကောင်စီ စစ်ကြောရေး တွင် ထိန်းသိမ်းထားပြီး အသေးစိတ်အခြေအနေကို မသိရသေးပေ။
မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာ သိမ်းမှုကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားဆန္ဒပြသော လူထုသပိတ်ပေါင်းစုံ နေရာအနှံ့တွင် ထွက် ပေါ်လာခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လာသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ အရှိန်မလျော့သွားဘဲ ပြောက်ကျားသပိတ်အသွင် ကူးပြောင်းကာ လက်ရှိအချိန်ထိ ထကြွနေဆဲဖြစ်သည်။
ကိုကျော်စိန်ဝင်းသည်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဟုမ္မလင်းမြို့နယ်သပိတ်တွင် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူဖြစ်ပြီး တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။
“ပထမ စျေးထဲက သူ့မိဘတွေရဲ့ နာရီဆိုင် ချိပ်ပိတ်ခံရတယ်။ နောက် အမည်မသိ လက်နက်ကိုင် လူတစ်စု က သူမရှိချိန် သူ့အိမ်ကို လူသုံးယောက် သေနတ်တွေနဲ့ လာဝိုင်းပစ်လို့ သူ့အစ်ကိုရဲ့ ဇနီး (ပညာရေး CDM) သေနတ်ဒဏ်ရာ ငါးချက်နဲ့ သေတယ်။ အဲဒီနောက် သူ့အိမ် ချိပ်ပိတ်ခံရတယ်” ဟု ဟုမ္မလင်း သတင်း ရင်းမြစ်က ပြောပြသည်။
ဥပဒေ နောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ဝင်းစိန်သည် ရှမ်းနီတိုင်းရင်းသား လူငယ်တစ်ယောက်ဖြစ်ပြီး ဟုမ္မလင်းမြို့ နောင်ပကျစ်တောင်ပေါ် ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
ယင်းအပြင် ၎င်းသည် အစာအိမ်ဝေဒနာ ခံစားနေရသူဖြစ်သည့်အတွက် ယခုလို ဖမ်းဆီးမှုအပေါ် ကျန်းမာရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်းလည်း နီးစပ်သူများက ဆိုသည်။
ဒီမိုကရေစီအရေး ကြွေးကြော်ဆန္ဒပြသူကို ဖမ်းဆီးသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရှုတ်ချကြောင်းနှင့် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပါက ပြုလုပ်သောစစ်ကောင်စီ၏တာဝန် သာဖြစ် ကြောင်း ဟုမ္မလင်းမြို့နယ် ပ. အ. ဖ အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီတောင်းဆိုသော လူပေါင်း ၁၀,၀၀၀ ကျော်ကို စစ်တပ်ကဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
Photo- ဖမ်းဆီးခံရသော ကိုကျော်ဝင်းစိန်
Credit- Mizzima
03/08/2022
ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီးမြစ်တံတားပြင်ရန် ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲမှာပြင်းထန်သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ထံမှ သိရှိရသည်။
“အခုတိုက်ပွဲဖြစ်နေတာက သီးမြစ်တံတားကို ပြင်ဖို့ လုပ်နေတဲ့ စစ်ကြောင်းအပြင် တခြားလမ်းကြောင်းကနေ ဝိုက်ပြီး အနောက်ကနေဝင်တိုက်ဖို့ ကြိုးစားနေတယ် အဲဒီကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ နေရာတွေကို တိုက်ခိုက်ပြီး CNF ရဲ့ ဌာနချုပ်ကိုပါ ခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတယ်လို့ ယူဆတယ်” ဟု CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။
ဩဂုတ်လ ၁ရက်နေ့ ဟားခါးမြို့ဖက်မှ သီးမြစ် အောက်ဖက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆိုသည်။
ယင်းတိုက်ပွဲတွင် ဟားခါးမြို့ရှိ (၂၆၆) တပ်ရင်း မှ လက်နက်ကြီးများဖြင့် ပစ်ကူမှုများ ပေးနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များအနီးကပ် တိုက်ခိုက်၍ မရသကဲ့သို့ စစ်ကောင်စီတပ်များလည်း ရှေ့မတိုးနိုင်ဘဲ စစ်ကြောင်းတန့်နေကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို CAN ၊ CDF-Zophei, CDF-Hakha ,CDF-Thantlang တို့မှ ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အကျအဆုံးများရှိနိုင်ပြီး အရေအတွက်ကို အတည် ပြု၍မရသော်လည်း ချင်းပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ဆိုသည်။
ဟားခါးမြို့ပြင်တွင် စစ်ရေးတင်းမာနေချိန် ဩဂုတ်လ ၂ရက်နေ့ ညပိုင်းက ချင်းကာကွယ်ရေးတပ်များမှ မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာနှစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် လက်အောက်ခံ ရဲစခန်းနှင့် ရပ်ကွက်(၆)လမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အထိအခိုက် အကျအဆုံးအား မသိရှိရသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိကြောင်း ဆိုသည်။
ချင်းပြည်နယ်အတွင်း ယခုလတ်တလော စစ်ရေးလှုပ်ရှားမှုများသည် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်သာမက စခန်းဖွင့် အထိုင်ချပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့များအား ဖြိုခွင်းရန် လုပ်ဆောင်နေကြောင်း ဆလိုင်းထက်နီမှ သုံးသပ်ပြောဆိုသည်။
ဟားခါးမြို့မှ စစ်ကြောင်း သုံးကြောင်းဖြင့် ထန်တလန်မြို့နယ်အတွင်းသို့ ဖြန့်ကြက် စစ်ကြောင်းထိုးနေပြီး ဂန့်ဂေါမြို့မှတစ်ဆင့် ရေဇွာလမ်း - ဟားခါးလမ်းပိုင်း ၊ မတူပီ - ဇိုးတုန်လမ်းပိုင်း ၊ ကလေးမြို့မှတဆင့် ကလေးမှ ဝေဘူလ ဖလမ်းလမ်း ၊ ကလေး မြို့မှ သိုင်းငင်း တီးတိန်လမ်း များအား ပိတ်ဆို့ပြီး ချင်းကာကွယ် ရေးတပ်ဖွဲ့များအား ရှင်းလင်းရန် စစ်ကောင်စီတပ်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များထံ ညွှန်ကြားထားသည်ကို သိရှိထားရကြောင်း ဆိုသည်။
ချင်းပြည်နယ် ဗျူဟာနှစ်ခုဖြစ်သော ဟားခါးနှင့် မတူပီ တို့မှတစ်ဆင့် နယ်မြေများစိုးမိုးမှုကို အဓိက ညွှန်ကြားလုပ်ကိုင်သွားမည်ဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
လတ်တလောအခြေအနေတွင် စစ်ကောင်စီတပ်သည် သီးမြစ်တွင် အခြေချနိုင်ရန် စစ်တပ်အင်အားများ ဖြည့်တင်းလျက်ရှိနေပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေးထားသည်။
Credit-Mizzima
14/07/2022
SNA က ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ အဓမ္မမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်း ပအဖကို ဆက်သွယ်မေးမြန်းခြင်း
မနေ့(ဇူလှိုင် ၁၁ )မှာ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သဘောထားထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန် ခဲ့ပါတယ်၊ အဲဒီ ထုတ်ပြန်ချက်အရ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေနဲ့ ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့အပေါ်မှာ ရှမ်းနီအမျိုးသားတပ်မတော်(SNA)တပ်ဖွဲ့ဝင်က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖမ်းဆီးတာ သတ်ဖြတ်အနိုင်ကျင့်တာ တွေကို လုပ်ဆောင်လျှက်ရှိပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟုမ္မလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိ သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
“ SNA က ဧပြီလတုန်းက HPDF ထောက်ပို့တပ်သား ကိုမင်းအောင်ကို သတ်ပစ်တယ်။ အဲဒါက တစ်မှု၊ နောက်တစ်မှုက တော်စီ ရွာက ကိုမောင်ကြိုင်ကိုလည်း ဧပြီလ ၁၇ ရက်မှာ သတ်ပစ်လိုက်တယ်။ ကိုမင်းအောင်ကို သတ်တုန်းကဆိုရင် စစ်ကောင်စီတပ်ကဖမ်းတယ်။ ပြီးတော့ SNA လက်ထဲကိုအပ်လိုက်တယ်။ အဲဒါကို SNA က သတ်လိုက်တယ်”
………………………………..
မေး။ ဟုမ္မလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရှမ်းနီအမျိုးသားတပ်မတော် SNA က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒေသခံပြည်သူတွေအပေါ် ကျူးလွန်တဲ့ အဓမ္မမှုတွေလို့ ရေးသားထားတာ တွေ့ရတယ်။ ဘယ်လို အဓမ္မမှုတွေကို ကျူးလွန်ခဲ့တာလဲ။
ဖြေ။ သူတို့ကျူးလွန်တဲ့အချက်တွေကတော့ PDF တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်ပေါ့နော်၊ ဧပြီလအတွင်းတုန်းက HPDF က ထောက်ပို့တပ်သား ကိုမင်းအောင်ကို သတ်လိုက်တယ်၊ အဲဒါက တစ်မှု။ အဲဒါအပြင် အပြစ်မဲ့ပြည်သူ တော်စီရွာနေ ကိုမောင်ကြိုင်ကို ဧပြီလ ၁၇ ရက်မှာ သတ်ပစ်လိုက်တယ်။ အဲဒါက တစ်မှု။ ကိုမင်းအောင်ကို သတ်တုန်း ဆိုရင် စစ်ကောင်စီက ဖမ်းတယ်။ ဖမ်းပြီးတော့မှ SNA လက်ထဲကို အပ်လိုက်တယ်။ အဲဒါကို SNA ကစစ်မေးပြီးတာနဲ့ သတ်လိုက်တယ်။ အဲလိုအနေအထားရှိတယ်၊ ဒါလည်းပူးပေါင်းတာပဲပေါ့နော်။ ကိုမောင်ကြိုင်က ကိုတော့ သူတို့ တပ်သားတွေကိုယ်တိုင်က သတ်တာပေါ့နော်။ အဲဒါက ပူးပေါင်းမှု မရှိပဲ သူတို့ (SNA)ဖာသာ လုပ်တဲ့အမှုပေါ့နော်။ နောက်တစ်မှုက ဟိုတစ်နေ့က ဖြစ်သွားတဲ့ ကိုပါကြီးနဲ့ ကိုဘီလုံးကို စရဖနဲ့ပေါင်းပြီး နောင်ခန်းဘက်မှာ ဖမ်းတဲ့အမှု ပေါ့နော်။ PDF ကို လုပ်တဲ့ အမှုက ၃ မှုရှိတယ်။ ပြည်သူအပေါ်ကျူးလွန်တဲ့အမှုက ပိုဆိုးတယ်။ တော်စီရွာက ကိုမောင်ကြိုင်ကို သတ်တဲ့အမှုရှိတယ်။ လမ်းသွားတဲ့အခါမှာ SNA ကားလာရင် တိုင်းရင်းသားပြည်သူတွေအကုန်လုံး လမ်းဘေးကပ်ရပ်ရတယ်။ လမ်းကျင်းနေတဲ့နေရာ ဖယ်လို့လည်း မလွတ်ဘူးဆိုရင် ကားပေါ်ကနေ SNA တပ်သားတွေ ဆင်းပြီး ပါးရိုက်တယ်။ ပါးရိုက်ပြီး လမ်းရှင်းခိုင်းတယ်။ နန်တောဘက်မှာဆိုရင် တစ်ခုဖြစ်ခဲ့သေးတယ်။ အဲလိုပဲ လမ်း ကြပ်လို့ဆိုပြီး သေနတ်နဲ့ချိန်ပြီး လမ်းရှင်းခိုင်းတယ်။ တခြားကတော့ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အတိုင်းပါပဲ။
မေး။ ကိုမောင်ကြိုင်ကို ဘာကြောင့်သတ်တာလည်း သိရလား။
ဖြေ။ ဟုတ်ကဲ့သိရပါတယ်။ HPDF 124 နဲ့ဆက်စပ်တယ်ဆိုတဲ့ ဆိုပြီးတော့မှ သတ်လိုက်တာပါ။ အမှန်က HPDF 124 နဲ့ ကိုမောင်ကြိုင်က ဆက်စပ်မှု မရှိဘူး။ HPDF 124 ကိုမေးတဲ့အခါမှာ ကိုမောင်ကြိုင်က မှိုရှာ၊ မျှစ်ရှာဖို့တောထဲကိုဝင် လာတာ၊ ဝင်လာတဲ့အခါမှာ HPDF 124 အထိုင်ချထားတဲ့ နေရာကိုရောက်လာတော့ သူတို့က စစ်မေးပြီး သာမာန်ပြည် သူဆိုတော့ ပြန်လွှတ်လိုက်တယ်။ ဧပြီလ ၁၂ ရက်မှာ HPDF 124 နဲ့စကစ တိုက်ပွဲဖြစ်တယ်။ ရွာဘက်က စကစခန့် အုပ်ချုပ်ရေးမှူးကလည်း ကိုမောင်ကြိုင်ကို စကစတပ်နဲ့ တိုင်ထားတယ်လို့သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဖမ်းချပြီး သတ်ပစ်လိုက်တာ။ သက်သေလည်းမခိုင်လုံပဲ သတ်ချပစ်လိုက်တယ်။
မေး။ ဘယ်လိုပုံစံမျိုးနဲ့ ကိုမောင်ကြိုင်ကို သတ်လိုက်တာလဲ။
ဖြေ။ ဖမ်းတုံးကတော့ ကိုမောင်ကြိုင်ကိုရော၊ သူ့အမျိုးသမီးကိုရော ၂ ယောက်လုံးကို ဖမ်းတာ။ ပြီးတော့မှ သူ့အမျိုးသမီးကို ပြန်လွှတ်ပြီး ကိုမောင်ကြိုင်ကိုသတ်လိုက်တာ။
မေး။ ကိုမင်းအောင်ကို ရောဘယ်လိုပုံစံနဲ့ သတ်ဖြတ်ခဲ့တာလဲ။
ဖြေ။ ကိုမင်းအောင်ရဲ့ ဖြစ်စဉ်ကတော့ ကိုမင်းအောင်နေတဲ့ ရွာနားလေးမှာ သူအဖမ်းခံရတဲ့နေ့က HPDFနဲ့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက တိုက်ပွဲကြောင့် နောက်ကိုဆုတ်လာတယ်။ အဲဒီမှာ ကိုမင်းအောင်က HPDF တပ်သားတွေကို ထမင်းပို့လာတဲ့အခါမှာ သူ့ကိုခြေထောက်ကိုသေနတ်နဲ့ပစ်ပြီးဖမ်းသွားတယ်။ ဖမ်းပြီးတော့ SNA က စိုင်းပြူးတို့အဖွဲ့ကို အပ်လိုက်တယ်။ စိုင်းပြူးတို့ကလည်း ကိုမင်းအောင်ခြေထောက်ဒဏ်ရာရတဲ့ ကိစ္စကို ဆေးမကုပေးဘူး။ ၃ ရက် ဒီအတိုင်းထားတယ်။ ၃ ရက်လောက်ကြာတော့ ရေငတ်လာတယ်။ ကျည်မှန်ရင် ရေမသောက်ရဘူး၊ အဲဒါကို စိုင်းပြူးတို့ကရေတိုက်လိုက်တယ်။ ရေတိုက်လိုက်တော့ ကိုမင်းအောင်က ကျည်ဆိပ်တွေ တအားတက်လာတဲ့အချိန်မှာ ခေါင်းကိုသေနတ်နဲ့ ပစ်ပြီးသတ်လိုက်တယ်။ ဒါတွေကို ကျွန်တော်တို့ဘာလို့ပြန်သိရလဲ ဆိုတော့ သူတို့အဖွဲ့ထဲမှာ ကျွန်တော်တို့ လူတွေအများကြီးရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပြန်သိရတာ။ သူတို့ စုံစမ်း စစ်ဆေးနေတဲ့ ဗွီဒီယိုဖိုင်တွေကစပေါက်ကြားလာတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ သိရတယ်။
မေး။ HPDF 124 က တပ်စား ၂ ဦးကိုလည်း ဖမ်းတယ်ဆိုတော့လေ သူတို့က ဘာလို့ ဖမ်းရတာလဲ။
ဖြေ။ အဓိကကတော့ စစ်ကောင်စီက ဖမ်းခိုင်းတာလို့ပြောရမယ်။ ဖမ်းတဲ့အထဲမှာလည်း သူတို့ပါတယ်။ မီဒီယာ တစ်ခုမှာတော့ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မပါပါဘူးလို့ ငြင်းထားတယ်။ ဘာကြောင့်သူတို့ပါတယ်လို့ ကျွန်တော်တို့က တပ်အပ်ပြောလို့ရလဲဆိုရင် ဖြစ်ဖြစ်ချင်းသူတို့ အကြီးပိုင်းတွေကို ဖုန်းဆက်ပြီး မေးတာရှိတယ်။ အဲဒီအချိန်မှာ သူတို့ပြောတာက စရဖဖက်ကို ထည့်ပေးလိုက်ပြီဖြစ်လို့ လွန်သွားပြီလို့ပြောတယ်။ သူတို့အကြီးပိုင်းနဲ့ အောက်ခြေနဲ့က နဲနဲကွဲပြားမှုရှိနေတယ်။ ဆိုလိုချင်တာက ပရမ်းပတာဖြစ်နေတာ။
မေး။ ထုတ်ပြန်ချက်ထဲမှာ ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာတွေလည်းပါတော့ အဲဒီရွာတွေကရော ရှမ်းနီတိုင်းရင်းသားတွေမဟုတ်ဘူးလား။
ဖြေ။ ရှမ်းနီတိုင်းရင်းသားတွေပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့တွေကပိုခံပြင်းတာပါ။ ဒါကြောင့်လည်း ဒါမျိုးထုတ်ရ တာ၊ ဟုမ္မလင်းတစ်နယ်လုံးက ရှမ်းနီလူမျိုးများတယ်။ အခုဒီလိုလုပ်ရပ်တွေက ကိုယ့်လူမျိုးအချင်းချင်း အပေါ်ဗိုလ် ကျတဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော်တို့က လက်မခံဘူး။ ဒါကြောင့်ဒီကြေညာချက်ကို ထုတ်ရတာ။ နတ်နန်းကျေးရွာဆိုရင် လည်း သင်္ကြန်အတက်နေ့လောက်မှာ စိုင်းပြူးတို့အဖွဲ့က နတ်နန်းဈေးတန်းကို မီးရှို့ပြစ်မယ်ဆိုပြီးခြိမ်းခြောက်တယ်။ အဲလိုခြိမ်းခြောက်တော့ အကုန်လုံးက ပစ္စည်းတွေသယ်ဘာသယ်နဲ့ ယောက်ယက်ခတ်ကုန်ရော။ နောင်မွန်ရွာဆိုရင် လည်းစာသင်ကျောင်းဖွင့်တာနဲ့ပတ်သက်ပြီး ပြည်သူတွေက မကျေနပ်ကျဘူး။ ဝိုင်းဝေဖန်ကြတာပေါ့နော်။ အဲလိုဝေဖန်တဲ့အတွက် နောင်မွန်ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။
မေး။ SNA အောက်ခြေပိုင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို ဒေသခံတွေက တာဝန်ရှိသူတွေသိအောင်မပြောကြတာ လား။
ဖြေ။ အဲဒါကရွံ့ကြောက်ကြီးဖြစ်သွားတာ။ SNA အကြီးပိုင်းတွေသိအောင်၊ နားပေါက်အောင်ပြောတယ်။ သူတို့အကြီး ပိုင်းတွေက အောက်ခြေကိုမထိန်းနိုင်ဘူး။ အောက်ခြေက လူတွေစစ်ကောင်စီနဲ့ပေါင်းလည်း လွှတ်ထားသလိုဖြစ်နေ တယ်။ လုပ်ပိုင်ခွင့်တွေအပြည့်အဝပေးထားသလိုဖြစ်နေတယ်။ ထိန်းမနိုင်တာလား၊ တမင်တကာမထိန်းတာလားဆို တာကို မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။ တစ်ချို့နေရာမှာဖြစ်ဖူးတာက သူတို့နယ်မြေခံက အနိုင်ကျင့်တဲ့အကြောင်း အကြီးပိုင်းကို တိုင်လိုက်တယ်။ အဲလိုတိုင်တာကို နယ်မြေခံကပြန်သိတော့ တိုင်တဲ့လူကို ရိုက်တာတွေရှိတယ်။ အဲလိုဆိုတော့ ဘယ်သူကမှ မတိုင်ရဲတော့ဘူး။
မေး။ ဘာတွေထပ်ဖြည့်ပြောချင်တာရှိလဲ။
ဖြေ။ ဖြည့်စွက်ပြောချင်တာက SNA အနေနဲ့ ဟုမ္မလင်းမှာ ရှိနေတဲ့ ရှမ်းနီးအပါအဝင် ပြည်သူလူထုအားလုံးရဲ့ ဆန္ဒနဲ့အညီသွား စေချင်တယ်။ ပြည်သူလူထုဘက်ကနေပဲ ရပ်တည်စေချင်တယ်။ ကျွန်တော်တို့ ပအဖကို SNA ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ တစ်ခုမကျန်မှတ်တမ်းပြုလုပ် ထားပါတယ်။
Burma VJ
Photo- တိုင်းလိုင်ရှမ်းနီတပ်မတော်
14/07/2022
ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက CDM ဆရာဆရာမတွေကို ဖမ်းဆီးမှု NUG ပညာရေး ဒုဝန်ကြီး ရှုတ်ချ
ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းမှာ သင်ကြားပေးနေတဲ့ CDM ဆရာဆရာမ အချို့ဟာ မနေ့ ဇူလိုင်လ ၁၃ ရက်မှာ ဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး အခုဖမ်းဆီးမှုဟာ လူမဆန်မှုလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဒုတိယဝန်ကြီးက ရှုတ်ချပြောဆိုလာပါတယ်။
အဲဒီအွန်လိုင်းစာသင်ကျောင်းကို တည်ထောင်သူ ဆရာတစ်ဦး ဖမ်းဆီးခံရတဲ့သတင်း ထွက်ပေါ်ပြီးနောက်ပိုင်းမှာ အဲဒီကျောင်းအတွက် အွန်လိုင်းကနေ စာသင်ပေးနေတဲ့ ဆရာ ဆရာမအချို့ အခုလို ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာတာပါ။
တည်ထောင်သူ အဖမ်းခံရပြီးတဲ့နောက် အဲဒီမှာ စာသင်တဲ့ ဆရာ ဆရာအချို့ဟာ အဆက်အသွယ် ပြုလုပ်ရာမှာသုံးတဲ့တယ်လီဂရန်ချန်နယ်ကနေတဆင့် နောက်ယောင်ခံလိုက်ခံရပြီး ဖမ်းဆီးခံခဲ့ကြရတာလို့ သိရပါတယ်။
BBC
ဓာတ်ပုံ - NUG ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်
14/07/2022
ထိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၈ ဦးအထိမြင့်တက်
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ဦးအထိ မြင့်လာပြီး အာဆီယံမှာဆိုရင်တော့ စင်ကာပူနိုင်ငံမှာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။
ထိုင်းမှာ အရင်နေ့က သေဆုံးသူ ၂၅ ဦးပဲ ရှိရာကနေ ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်သွားတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရော၊ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာဟာ နေ့စဥ် ထောင်ချီရှိနေဆဲဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်တွေတုန်းကထက်စာရင် နှစ်နိုင်ငံစလုံးမှာ ကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၃ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေး၀န်ကြီးဌာနကကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ် မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ သံသယပိုးတွေ့လူနာတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို ဇွန်လကုန်ပိုင်းအတည်းက ပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သီတင်းတစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - Reuters/EPA
BBC
10/06/2022
ကန်ပက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ ဇွန် ၉ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဲဒီတိုက်ပွဲကို CDF-ကန်ပက်လက်၊ PDF-ဆော တပ်ရင်း(၂) YRPA၊ The Youth Force နဲ့ ညောင်းရမ်း-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
13/05/2022
လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union) ၏ သဘောထားထုတ်ပြန်ချက်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ယူရေးအပေါ် သဘောထားထုတ်ပြန်ခြင်း...
13/05/2022
ချင်းအမျိုးသားတပ်ဦး-CNF ၏ ယမန်နေ့ မေလ ၁၂ ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်...
စစ်ကောင်စီက အကြမ်းဖက်မှုတွေကို အခုချိန်ထိ ဘာကြောင့်လုပ်နေနိုင်တာလဲ? သင်ရောဘယ်လိုတားနိုင်မလဲ?
ဒီလှုပ်ရှားမှု (၂) ခုမှာ ပါဝင်ခြင်းဖြင့် တာဆီးပါ...
1. https://m.facebook.com/story.php?story_fbid=279157527764042&id=108745491471914
2. https://m.facebook.com/story.php?story_fbid=284798817199913&id=108745491471914
Credit: Blood Money
13/05/2022
People Health Organization-Kalay ၏ လှုပ်ရှားမှုများ
ပြည်သူ့ကာကွယ်ရေးတပ် စိုးမိုးသည့်နယ်မြေများတွင် People Health Organization-Kalay (PHO-Kalay) မှ ပြည်သူ့ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများအား ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန်ပေး ခန့်အပ်နိုင်ခဲ့ကြောင်း People Health Organization-Kalay ၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo/Source: PDF-Kalay
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Homalin
02052
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |