Moe Kaung Kin Store

Moe Kaung Kin Store

Share

Departments Store

Photos from Moe Kaung Kin Store's post 30/01/2023
Photos from Moe Kaung Kin Store's post 30/01/2023

ချစ်ရတဲ့သူတွေအတွက်လက်ဆောင်ပေးချင်ရင်အရုပ်လေးတွေဝယ်လို့ရပြီနော် 😍😍

Photos from Moe Kaung Kin Store's post 16/11/2022

အသစ်စက်စက်ရောက်ရှိ​ထားသောဂွမ်းစောင်များ၊ခေါင်းအုံးများ၊စောင်၊ခြင်ထောင်များကို
#မိုးကောင်းကင်စတိုး'တွင်လာရောက်ဝယ်ယူအားပေးနိုင်ပါပြီရှင်

12/11/2022

အကူညီပေးတယ်ဆ်ိုတဲ့နေရာမှာ ကိုယ်ပေးလိုက်တဲ့ အကူအညီတွေက လူမှန်သူမှန်ဆီမှာရောက်မှ တကယ်ကိုတန်ဘိုးရှိတာမျိုးပါ။

အဆင်ပြေနေတဲ့သူ ကူညီဖို့လူတွေ ဝန်းရံနေတဲ့သူဆီမှာ ကိုယ်ကတော့ မိုးလောက်ကြီးလုပ်ပေးပေမယ့် သူတို့အတွက်က မြူမှုန်လို့တောင် မထင်တာမျိုးတွေရှိတယ် ။ အဆင်မပြေတဲ့သူတွေ မထင်မရှားဖြစ်ရသူတွေမှာတော့ ကိုယ့်အကူညီလေးက နည်းနည်းလေးဆိုပေမယ့် တဖွဖွနဲ့ ကျေးဇူးတင်မဆုံးတွေ ဖြစ်တတ်တယ် ။

ကျေးဇူးတင်ခံချင်လို့မဟုတ်ပေမယ့် စိတ်ရောလူရော နှစ်ကူညီမှုမှာ လူတွေပြန်လိုချင်တာက အသိမှတ်ပြုမှုပါ ။ အဲ့အပေါ်မှာပဲ ပီတိပြန်ခံစားလိုကြတာများပါတယ် ။ ဒါပေမယ့်ထင်သလို အသိမှတ်ပြုမှုမရတဲ့အပြင် ကျေးဇူးကန်းတာပါ ထပ်ရလိုက်တဲ့အခါ အကူညီပေးမိသူတွေရဲ့စိတ်ထဲမှာ ငါကတော့ လုပ်ပေးလိုက်ရတာ သူကတော့ ငါ့ကိုဒီလိုပြန်ဆက်ဆံတယ်ဆိုပြီး အပြစ်တင်မိလိုက်ကြတယ် ။

တကယ်တော့ ကိုယ်တိုင် မယူတတ်တတ်တဲ့ သင်ခန်းစာတွေက အများကြီးပါ ။ ကိုယ်ကမှ လျှံနေတဲ့အိုးကို ရေအပင်ပန်းခံပြီး ထမ်းဖြည့်၊ ထပ်ဖြည့်မိတော့ လျှံကျတယ်လို့မြင်တတ်ဖို့ပါ ။ တကယ်ကို ရေမရှိတဲ့အိုးတွေကို ရေဖြည့်ဖို့လိုအပ်ကြောင်း သိလိုက်ဖို့ပါပဲ ။

မရှိတဲ့သူတွေအတွက်က ကိုယ့်ရဲ့ အကူညီသေးသေးလေးကလည်း သူတို့အတွက် ပြောမဆုံးအောင် ကျေးဇူးအထပ်ထပ်တင်ပြီး အသိမှတ်ပြုနေပေမယ့် ၊ ခြွေရံပေါများနေသူတွေအတွက် သူတို့အတွက်ကိုယ့်ရဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်ပေးတာက အပိုစာသားဖြစ်တတ်လို့ ဆင်ခြင်ဖို့ပါပဲ ။

သူတို့ကိုအပြစ်တင်ဖို့်ထက် ကိုယ်တိုင်ဆင်ခြင်တတ်ဖို့ပါ ။

—— မာရင်ရင်

Photo credit - pinterest

12/11/2022

အပြန်လှန်လေးစားမှုဆိုတာ သူစိမ်းတင်မက ၊ အရမ်းခင်ကြတဲ့သူမှာလည်း လိုအပ်တာနော် ။

အရမ်းခင်မင်နေလည်း စည်းကျော်ပြီး စကားတွေကို အလွတ်ပြောလို့မရဘူး ။ တစ်ဘက်က သည်းခံနိုင်လှ အရမ်းမျက်နှာနာရရင်တောင် အကြိမ်ရေတွက်များလာရင် မရတော့ဘူးလေ။

တချို့ကျတော့ သူစိမ်းတွေပေါ်တွေမှာ ဒါမှမဟုတ် သူတို့ပေါ်သည်းမခံနိုင်လောက်တဲ့ သူအပေါ်မှာဆိုရင်တော့ ဟန်လေးနဲ့ ပြောဆိုတတ် လူကောင်းလုပ်ပြတတ်ကြပေမယ့် သူ့အပေါ် သည်းခံနေတဲ့သူပေါ်မှာဆို အားမနာတတ်ဘူး ။ ငါပြောလည်း သူကအလျှော့ပေးသည်းခံသားဟဲ့ဆိုပြီး ဆက်တိုက်ဆက်တိုက်တွေ ဘောင်ကျော်လာတတ်တယ် ။

အဲ့လိုလူတွေနဲ့ကြုံလာရင် ကင်းအောင်နေနိုင်ရင်နေ ၊ မကင်းနိုင်သေးရင် သူတို့ရဲ့စည်းလွတ်ဘောင်လွတ် အောင်ခြေလွတ်တာကို သိရအောင်ဒဲ့ပြောမှ !

ကိုယ်ကတော့ ပြင်ပေးမရတဲ့သူတွေကို ကင်းအောင်နေဖို့ရွေးတယ် ။ အပေါင်းသင်းတို့ ၊ အတူတကွလက်တွဲရမယ့် ပါတနာတွေဆိုရင် သူရောကိုယ်ရော စိတ်ပေါ့ပေါ့ပါးပါးနဲ့ လက်တွဲရတာကိုပဲရွေးတယ် 💞💞

—— မာရင်ရင်
Photo credit - pinterest

20/10/2022

နေအပူဒဏ်သက်သာစေရန်အမိုး၊အကာအဖြစ်အသုံးပြုသောပိုက်စိမ်း၊ဇာစိမ်းများကိုစျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးမည်ြဖစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင် 😊

20/10/2022

အိမ်တိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့
🔐သော့အမျိုးမျိုးကို'မိုးကောင်းကင်စတိုး'တွင်ရရှိနိုင်ပါတယ်ရှင်

20/10/2022

အေးချမ်းလှတဲ့ဆောင်းရာသီရောက်ပြီနော် 🌨
ကျန်းမာရေးဂရုစိုက်ကြပါ၊နွေးနွေးထွေးနေကြပါနော်၊
အနွေးထည်အကျီ ဆိုဒ်စုံအရွယ်စုံ၊ဂွမ်းစောင်၊ကတီပါစောင်၊ကိုရီး​ယားစောင်ဆိုဒ်စုံရောက်ပါပြီရှင့်၊လိုအပ်လျှင်'မိုးကောင်းကင်စတိုး'သို့လာရောက်ဝယ်ယူအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 📣📣📣

Want your business to be the top-listed Convenience Store in Hmawbi?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 89, Yadanar Myine Street, Bwetkyi Village
Hmawbi
MOEKAUNGKINDEPARTMENTSSTORE

Opening Hours

Monday 06:30 - 20:00
Tuesday 06:30 - 20:00
Wednesday 06:30 - 20:00
Thursday 06:30 - 20:00
Friday 06:30 - 20:00
Saturday 06:30 - 20:00
Sunday 06:30 - 20:00