Ford Myanmar

Ford Myanmar

Share

Hotline: 09940053333 Participation Guidelines for Ford Fans : We are a community of enthusiasts. It is in Ford's sole discretion what content is offensive.

Ford's Myanmar page is a place where you can learn about the latest news from Ford, while engaging in dialogue between Ford, Ford owners, and Ford fans. Please try to be respectful of the opinions of all posters on all Ford-related pages. We encourage everyone to have a voice, and as such, opinions will differ. You can debate and be constructive without being hurtful in your comm

01/05/2026

Ford ရဲ့ တည်တံ့ခိုင်မြဲတဲ့ အောင်မြင်မှုတွေဟာ ဝန်ထမ်းလုပ်သားတွေရဲ့ စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်တည်လာခဲ့တာပါ 💪

နှစ်ပေါင်းများစွာ Ford နဲ့လက်တွဲလာခဲ့တဲ့ နိုင်ငံအသီးသီးက ဝန်ထမ်းကောင်းများ လုပ်သားပြည်သူများရဲ့ ကျေးဇူးကိုအောက်မေ့သတိရရင်း ဒီနေ့ကျရောက်လာတဲ့ May Day- အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် ⚒️✨

30/04/2026

On-road / Off-road မောင်းနှင်တဲ့အခါမှာ ဆီစားသက်သာမယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ် 💡

🟦 ဆီစားသက်သာမယ့် အင်ဂျင်စွမ်းဆောင်ရည်
ကားစဝယ်ကတည်းက အင်ဂျင်စွမ်းဆောင်ရည်ကို ကြည့်ရပါမယ်။ Ford Everest နှင့် Ford Ranger တွေမှာ တပ်ဆင်ထားတဲ့ Bi-Turbo အင်ဂျင်ဟာဆိုရင် ရုန်းအားကောင်းပြီး ၁၀၀ ကီလိုမီတာကို ၆.၉ လီတာပဲ ကုန်တဲ့အထိ ဆီစားနှုန်း အလွန်သက်သာပါတယ်။

🟦 မလိုအပ်တဲ့ အလေးချိန်များ
ကားထဲမှာ အလေးချိန်များတဲ့ အသုံးအဆောင်တွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မရှိပါစေနဲ့။ ကားအလေးချိန် ပေါ့ပါးလေလေ၊ အင်ဂျင်က ဝန်မပိဘဲ ဆီစားသက်သာလေလေပဲဖြစ်ပါတယ်။

🟦 သတိပြုရမယ့် လေခုခံမှု
Roof cage တွေ၊ Roof top tent တွေကို အသုံးမပြုတဲ့အချိန်မှာ ဖြုတ်ထားပေးခြင်းဖြင့် မောင်းနှင်တဲ့အခါ လေခုခံမှု (Aerodynamic drag) ကိုလျော့စေပြီး ဆီစားသက်သာစေပါတယ်။

🟦 အရှိန်မှန်မှန်မောင်းနှင်ခြင်း
လီဗာကို ရုတ်တရက် ပြင်းပြင်းနင်းပြီး အရှိန်တင်တာ၊ ဘရိတ်ကို အကြမ်းပတမ်းနင်းပြီး အရှိန်လျှော့တာတွေက ဆီစားနှုန်းကို ၃၀% အထိ ပိုများစေနိုင်တာကြောင့် ပုံမှန်အရှိန်နဲ့ မှန်မှန်လေးမောင်းနှင်ခြင်းက အကောင်းဆုံးပါပဲ။

🟦 တာယာလေပေါင်ကို ဂရုစိုက်ခြင်း
On-road မှာ လေပေါင်မှန်အောင် ဖြည့်မောင်းပြီး Off-road မှာတော့ လိုအပ်သလို လေပေါင်လျှော့ပြီး မောင်းပါ။ On-road ပဲ အမောင်းများရင်တော့ All-terrain တာယာတွေထက် Factory တာယာတွေက ဆီစားပိုသက်သာစေပါတယ်။

🟦 ပုံမှန် Service စစ်ဆေးခြင်း
ဥပမာ Air Filter ပိတ်နေတာမျိုးက ကိုယ်မသိလိုက်ဘဲ ဆီစားနှုန်းကို ပိုများစေတတ်တာကြောင့် ကားကို ပုံမှန် Service စစ်ဆေးဖို့ မမေ့ပါနဲ့။

🟦 Aircon နှင့် မှန်အဖွင့်အပိတ်
အရှိန်နှေးနှေးမောင်းနေရင် Aircon ပိတ်ပြီး မှန်ဖွင့်မောင်းကာ အရှိန်မြန်မြန်မောင်းရင်တော့ မှန်ပိတ်ပြီး Airconဖွင့်ပါ။ မှန်ဖွင့်မောင်းရင် လေတိုးပြီး ဆီပိုစားတတ်ပါတယ်။

🟦 ခရီးလမ်းကြောင်းကို ကြိုစီစဉ်ခြင်း
မလိုအပ်ဘဲ လမ်းကြောင်းတွေမပတ်မိအောင် ခရီးစတည်းက လမ်းကြောင်းကြိုဆွဲထားတာမျိုးက အချိန်ရော ဆီဖိုးပါ သက်သာစေပါတယ် ✨

25/04/2026

ခရီးနီး၊ ခရီးဝေး မောင်းနှင်မှုတိုင်းအတွက် လုံခြုံစိတ်ချမှုအပြည့်နဲ့ သက်သောင့်သက်သာရှိစေတာ Ford Everest ရဲ့ အရည်အသွေးတွေပါပဲ။ မိသားစုအတွက် ပျော်ရွှင်နွေးထွေးတဲ့ ခရီးစဉ်တွေကို Ford Everest နဲ့အတူ စတင်လိုက်ရအောင် 🗻 ✨

22/04/2026

စိန်ခေါ်မှုတိုင်းကို အပြုံးမပျက်ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ Ford Ranger 🛻💪

Next-Gen Ford Ranger ဟာ လုံလောက်တဲ့ ဝန်တင်ဆောင်နိုင်စွမ်းသာမကပဲ မောင်းနှင်သူရဲ့ လုံခြုံမှုနှင့်သက်သောင့်သက်သာရှိမှုကိုအဓိကဦးစားပေးထားတဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားတာကြောင့် လမ်းကြမ်းဘုရင်လို့တင်စားကြရတဲ့အထိပါပဲ 👑

လမ်းဘယ်လောက်ကြမ်းကြမ်း Ford Ranger နဲ့ဆို ပန်းတိုင်ကို လုံခြုံစိတ်ချစွာ ရောက်ရှိနိုင်မှာ အသေအချာပါပဲ 💯

22/04/2026

Tax Accountant – (1 Post)

Salary – Attractive Package
အလုပ်ချိန် _ မနက် ၈:၃၀နာရီ မှ ညနေ ၅:၀၀နာရီ။
Off Day _ Sat,Sun
email _ [email protected]
သို့ cv ဖောင် များ ပေးပို့လျှောက်ထားနိုင်ပါသည်။

Job Description
• Prepare and submit monthly commercial tax returns, specific goods tax submissions, capital gains tax returns, quarterly and annual tax returns.
• Process and submit withholding tax payments.
• Manage and process stamp duty payments for all contracts, ensuring compliance with legal requirements.
• Prepare and Collect Form 31 for all invoices across group companies, supplier and collaborate with Accounts Payable (AP) accountants to ensure proper.
• Request tax clearance letters as required for various operational needs.
• Oversee the registration process for vehicle fixed assets, including DEMO office cars, with the tax authority.
• Provide supporting tax‐related documents required by government authorities for business license extensions and other regulatory requirements.
• Ensure compliance with all relevant tax regulations and maintain accurate tax records.
• Stay updated on changes in tax legislation and regulations.
• Prepare and submit the Quarterly MIC Report.

Job Requirements
• Bachelor’s degree in Accounting, Finance, or a related field.
• Minimum 2 years of experience in tax accounting or a related role.
• Strong knowledge of tax regulations and compliance requirements.
• Excellent analytical, organizational, and communication skills.
• Proficiency in tax software and Microsoft Office Suite.

19/04/2026

Ford ရဲ့ လူကြိုက်အများဆုံး Model တွေဖြစ်တဲ့ Everest နဲ့ Ranger တို့ကို ပါဝင်ခင်းကျင်းပြသခဲ့တဲ့ The 3rd Yangon International Mobility Show 2026 ပွဲကြီးကို စိတ်ဝင်တစားတက်ရောက်ခဲ့ကြတဲ့ Ford ချစ်သူတစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေဇူးတင်ရှိရပါတယ်။ ဒီဗီဒီယိုလေးမှာပါဝင်တဲ့ Ford နဲ့ အမှတ်တရအခိုက်အတန့်လေးတွေကိုလည်း အတူကြည့်ရှုလိုက်ရအောင်နော် ✨🔷

17/04/2026

ယနေ့ကျရောက်လာတဲ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်ရဲ့ နှစ်သစ်နှစ်ဦး နှစ်ဆန်း(၁)ရက်နေ့မှအစပြုပြီး မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေကြောင်း Ford Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏✨

13/04/2026

မြန်မာတို့အတွက်တော့ အတာသင်္ကြန်ပွဲတော်ဟာ အထင်ကရအဖြစ်ဆုံးနဲ့ အပျော်ရွှင်ရဆုံး ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ရိုးရာယဉ်ကျေးမှုအရရော ခေတ်နဲ့အညီပါ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ပွဲတော်ကို Ford ကလည်း နှစ်ပေါင်းများစွာတိုင်အောင် အားလုံးနဲ့အတူဖြတ်သန်းခဲ့ပါတယ် ✨

Ford ရဲ့ Safe and Strength ဖြစ်ပြီး ယုံကြည်ရတဲ့ အရည်အသွေးကောင်းတွေနဲ့အတူ သင်္ကြန်ကို လုံခြုံစိတ်ချစွာဖြင့် ပျော်ရွှင်အေးချမ်းစွာဆင်နွှဲနိုင်ကြပါစေနော် 💦🛻

10/04/2026

မတ်လ(၂၁)ရက်နေ့က Pun Hlaing Golf Club မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Ford Golf Tournament 2026 ပွဲကြီးရဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ် ✨

ရှေ့ဆက်ပြီးတော့လည်း Ford Myanmar ရဲ့ ချစ်ခင်လေးစားရတဲ့ Customer များ၊ မိတ်ဟောင်းမိတ်သစ်များအားလုံးအတွက် အခုလို ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေကို ဆက်လက်ဖန်တီးပေးသွားမယ်ဆိုတာကို ကတိပြုရင်း.. Stay Tuned! 🔷

10/04/2026

အတာသင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက်မှ ဧပြီလ (၁၉)ရက်နေ့အတွင်း မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်တွင် ကျွန်ုပ်တို့၏ Ford Myanmar Showroom နှင့် Parts & Service Center ကိုပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အားလုံးပဲ ပျော်ရွှင်စရာကောင်းသော သင်္ကြန်နှစ်သစ်ကူးအချိန်အခါနှင့် ရုံးပိတ်ရက်လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

09/04/2026

We are Hiring 📣📣

👷‍♂️ Automotive Technician (1 Post)

Ford Car Showroom တွင် အောက်ပါရာထူးများအား လျှောက်ထားနိုင်ပါသည် 👇👇

🔹 Car Service Center နှင့် Brand new car Showroomမှ Aftersales & services အတွေ့အကြုံရှိသူဖြစ်ရမည်။

🔹 B.E mechanical ဘွဲ့ ရဖြစ်ရမည်။

🔹 သမိုင်းလမ်းဆုံအနီးနေထိုင်သူဦးစားပေးမည်။

🔹 လူမှုဆက်ဆံရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူ၊ အဖွဲ့အစည်းနှင့်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

💵 Salary - Attractive Package
⏱️ အလုပ်ချိန် မနက် ၈:၃၀နာရီ မှ ညနေ ၅:၀၀ နာရီ အထိ။

[email protected]
သို့ CVဖောင် များ ပေးပို့လျှောက်ထားနိုင်ပါသည်။

09/04/2026

📢 We’re Hiring: Aftersales Admin
Location: Hlaing Township
Working Hours: 8:30 AM – 5:00 PM

Key Responsibilities:
• Handle parts orders & supplier coordination
• Monitor stock & update inventory
• Prepare quotations & invoices
• Follow up on deliveries and back orders
• Work with Sales, Service & Finance teams

Requirements:
• Any Graduate
• Diploma or relevant experience
• Knowledge of automobile parts
• Basic computer skills (MS Office)
• Good communication & teamwork
Salary: Attractive package
📧 Apply via email: [email protected]

Want your business to be the top-listed Autos & Automotive Service in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Address

Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00