DTS Queen
Application လေးနဲ့ Phone Operator အစုံရောင်းလို့ရပါတ
ကဲအမျိုးတို့ရေ
WiFi Card ရောင်းပေးမယ်
ကိုယ်တွေလို အပြင်အမြဲထွက်နေရတဲ့သူတွေ
ခရီးခဏခဏထွက်နေရတဲ့သူတွေအတွက်
အရမ်းအဆင်ပြေသောလေး
ပထမတစ်လ စထည့်ထည့်ချင်း
100GB ပါမယ် ၃၅၀၀၀
နောက်လကျ လိုတဲ့ပမာဏ
သက်တမ်းတိုးသွားလို့ရတယ်
Data တွေ Carry လုပ်ပေးသွားတယ်
သက်တမ်းတိုးဈေး
20GB-5000
42GB-10000
66GB-15000
အိမ်မှာတော့ တစ်ကဒ်ဝယ်ပြီး
ဖုန်း ၃ လုံးနဲ့ TV တစ်လုံး
ချိတ်ပီးသုံးကြည့်တာ
အဆင်ပြေလို့ပြန်ရောင်းပေးတာနော်
တဆင့်ပြန်ရောင်းချင်သူတွေ
CB မှာစျေးလေးမေးပေးပါရှင်
11/08/2024
ကဲ မလေးရှားရောက် ရွှေမြန်မာလေးတွေ အတွက် Shal Pay လာပါပြီနော်..
အခုဆိုရင် Shal Pay မှာ မလေးရှား Operator မျိုးစုံရဲ့ Topup နဲ့ Data Plan တွေဖြည့်လို့ရပြီနော်။ ကိုယ့်ဖုန်းထဲမှာ Shal Pay unit တစ်မျိူးထဲထည့်ထားရုံနဲ့ မြန်မာဖုန်း၊ထိုင်းဖုန်း နဲ့ မလေးရှား ဖုန်းမျိုးစုံရဲ့ Top up နဲ့ Dataplan မျိုးစုံကိုဖြည့်လို့ရပါပြီ။
ဘေဖြည့်ရတာလဲ လွယ်ကူလျင်မြန် စျေးနှုန်းကလဲချိုသာ၊ တဆင့်ရောင်းချသူတွေ အတွက်လဲ 0.3% မှ 0.7% အထိ အပိုထပ်ဆောင်းခံစားရဦးမှာဆိုတော့ ကဲအခုဘဲ Shal Pay နဲ့ မလေးရှားဖုန်းဘေလေးတွေ ဖြည့်လိုက်ကြစို့နော်။ ကိုယ့်မှာ မလေးရှားရောက် မိတ်ဆွေသူငယ်ချင်းလေးတွေရှိရင်လဲ သတင်းကောင်းလေးပေးလိုက်ပါဦးနော့်။
29/02/2024
ကဲ အမျိုးတို့ရေ
ခြံတစ်ကွက်ရောင်းမယ်နော်
ကျမခြံတော့မဟုတ်ဘူး
မှော်ဘီကျမတို့ခြံနားလေးပဲ
ကားလမ်းတစ်ဖြောင့်ထဲပဲနော်
လမ်းအဝင်အထွက် ကောင်းတယ်
ရာသီဥတုကောင်း ပတ်ဝန်းကျင်သန့်
ဘောစိတို့အကြိုက်ဖြစ်မှာပါ
ပြည်လမ်းမကြီးကနေတစ်ဖြောင့်တည်း ကိုယ့်ခြံရှေ့ကနေ လှမ်းကြည့်တောင်မြင်နေရတယ်နော် လမ်းထိပ်မှာ Diary Hotel နဲ့ စာသင်ကျောင်းရှိတယ် လူကြီးတွေ Bar မှာကဲချင်လဲ နီးနီးလေးရယ်
အိမ်ကတော့ ကျမအကြိုက်ဆို
အကုန်ပြန်ပြင်ရမယ်
အဓိက က နေရာကောင်းတာလေးမို့
ဥယျာဥ်ခြံမြေအမျိုးအစားပါတဲ့
လက်ရှိနေတဲ့သူတွေပဲ နေနေတာ
နှစ်ပေါင်း ၃၅ နှစ်ကျော်နေပီနော်
အကျယ် ၃၆ ပေ x အရှည် ၆၀ ပေကျော်
ဆိုစျေး သိန်း ၁၂၀၀ ပါတဲ့
ထပ်မလျော့တော့ဘူးတဲ့နော်
သိတာလေးမျှဝေပေးတာပါ
ပွဲစားခလဲမရပါဘူးနော်
ရောင်းသူဝယ်သူအဆင်ပြေအောင်
တွေ့မိတာလေး ကိုယ်တွေခြံနားလေးကပဲမို့ ညွှန်ပေးတာပါ
တိုက်ရိုက်ဆက်သွယ်ကြည့်နော်
24/02/2024
နင်တော်တော်ဖြစ်
21/02/2024
မနားပါနဲ့ ကြိုးစားပါ။
မအောင်မြင်ရင်တောင်
ပင်ပန်းလာပါလိမ့်မယ်။
12/10/2023
မှန်တင်ခုံ
၅၀၀၀၀ ကျပ်
ကိုယ်တိုင်လာယူရပါမယ်
ပို့မပေးပါဘူးရှင်
use ပါ လာကြည့်လို့ရပါတယ်
အိမ်ကြပ်နေလို့ရောင်းတာပါ
အသစ်စျေး ၂ သိန်းကျော်
error လေးရိုက်ပြပေးထားပါတယ်
0943050898(လှိုင်)
'အိုင်ဖုံး အသစ်ထွက်တိုင်း မလဲနိုင်တော့ ရှက်တယ်ဗျ။' ဆိုတဲ့ သူတွေက လူချမ်းသာ မဟုတ်ကြလို့ပါ။
ချမ်းသာတဲ့သူက ဖုံးဟောင်းလို့ဆိုပြီး ရှက်မှာလည်းမဟုတ်သလို၊ အဝတ်အစားက စျေးမကြီးလို့လည်း မရှက်ပါဘူး။
ကားမရှိလို့ taxi ငှါးစီးရလို့လည်း မသိမ်ငယ်ပါဘူး။ ဘတ်စ်ကား မစီးတာက အဆင်မပြေလို့သာဖြစ်မယ်၊ လိုအပ်လို့ စီးရမယ်ဆိုရင်လည်း စီးမှာပါပဲ။
ဘာလို့ သိမ်ငယ်စိတ် မဖြစ်လဲဆိုရင် သူ့မှာ တတ်နိုင်တဲ့ ငွေကြေးရှိတာ ကိုယ်တိုင်သိလို့၊ စိတ်ပိုင်းလုံခြုံမှုရှိလို့ပါ။
မလုပ်နိုင်သူက ကိုယ့်ရဲ့ မပြည့်စုံမှုကို ကိုယ်တိုင်သိပြီး၊ ရှက်တာ သိမ်ငယ်တာ ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် ရှက်စိတ်၊ သိမ်ငယ်စိတ် ဆိုတာ စိတ်ပိုင်း ကြံ့ခိုင်မှု မရှိသူတွေမှာသာ ဖြစ်တတ်တဲ့ စိတ်မျိုးဖြစ်လို့ မွေးမြူထားသင့်တဲ့ စိတ်မျိုး မဟုတ်ပါဘူး။
ကိုယ်က သာမန်ဝင်ငွေရှိသူတယောက်ဖြစ်ပါလျှက်၊ ဖုံးပြောဖို့ထက် ထူးပြီး လိုအပ်ချက်မရှိပါပဲ ရှိသမျှငွေ အကုန်ခံပြီး အိုင်ဖုံး-၁၅ ဝယ်ကိုင်ရင်သာ ရှက်စရာကောင်းပါလိမ့်မယ်။
ဒီငွေကို ဒီထက်အကျိုးဖြစ်ထွန်းတဲ့နေရာမှာ အသုံးချသင့်ပါတယ်။ အနဲဆုံး ရွှေဝယ်ထားရင်တောင် အနာဂတ် အတွက် အရင်းနှီး သော်လည်းကောင်း၊ အသုံးစာရိတ် သော် လည်းကောင်း ရနိုင်ပါတယ်။ (အိုင်ဖုံးလို့ပြောရတာက မြင်သာထင်သာရှိပြီး လူတိုင်းသိတဲ့ အရာဖြစ်လို့ ဥပမာ ပေးရတာပါ။)
မိမိဝင်ငွေ နဲ့ ထွက်ငွေ မျှတအောင် မသုံးတတ်ခြင်းက ပိုပြီး ရှက်ဖို့ကောင်းတဲ့အရာပါ။ သိမ်ငယ်စိတ် ဆိုတာ စိတ်ပိုင်း အားနည်းသူတွေ မှာဖြစ်တတ်တဲ့ အရာပါ။
ကိုယ့်မှာ ရှိတဲ့အရာနဲ့ ကိုယ့်ဖာသာနေတာ ဘာကို ဘယ်အတွက် ရှက်ရမလဲ စဉ်းစားကြည့်ပေါ့နော်ဗျာ။
ကြွားတယ်ဆိုတာမျိုးကလည်း သိတဲ့သူတွေ အချင်းချင်းသာ အရသာရှိမှာပါ။
မသိတဲ့သူသွားကြွားလို့လည်း ဘာမှ မထူးပါဘူး။ ဒီတော့ ကိုယ့်ကိုသိတဲ့သူ၊ ကိုယ်ကသိတဲ့သူတွေ ကြားမှာ မရှိပဲ ကြွားတာက ပိုပြီးရှက်ဖို့ကောင်းမယ်ဆိုတာ တွေးကြည့်ရင်သိနိုင်ပါတယ်။
တလ ငါးသိန်းတောင် မဝင်သူက ၄-၅-၁၀ သိန်းတန်ဖိနပ် စီးထားလို့ လူအထင်ကြီး စရာ မဖြစ်ပါဘူး။(ကဲ့ရဲ့စရာတောင် ဖြစ်ပါမယ်။) (တချို့လည်း ငွေရှိတာ ကြွားချင်လွန်းလွန်းလို့ ယောက်ကျားကြီးတန်မဲ့ လက်ဆယ်ချောင်းလုံးနီးပါး လက်စွပ်စွပ်ထားပြီး၊ ရွှေဆွဲကြိုးအတုတ်ကြီး ဝတ်ထား သူမျိုးလည်း တွေ့ဘူးပါတယ်။
အာဖရိကန်တွေ ပြေးမြင်မိသလို၊ ကျပ်မပြည့်ဘူးတဲ့ ခံစားချက်မျိုးလည်း မြင်သူတိုင်း ခံစားမိပါလိမ့်မယ်။)
ဒီတော့ဗျာ. ရှိတာလေးနဲ့လှအောင်ဝတ်၊ ရတာလေးနဲ့ လောက်အောင်စား၊ ပိုသုံးနိုင်ဖို့ ပိုပြီး အလုပ်လုပ်ပေါ့ဗျာ။
ဘာမှ ရှက်ဖို့ရာမရှိပါဘူးးးးး။
crd
ခွန်အားဖြည့်သောစာ 🥰
14/09/2023
ငါနော်
photo crd
13/09/2023
စာသားနဲ့ပုံ crd
တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..
အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။
နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။
မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံမလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြားကပ် တာ ကောင်းပါ တယ်။
နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မလောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ တော့ ဘူး၊အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။
ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေအက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာလို့ရ ပါ တယ် ။၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာတစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရတာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များလာ တာ ပေါ့ ။
ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်ထပ် လုံး မြေထဲ ရောက် သွားတယ်။အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာအင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမားတွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြတာ ။
၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံးရှုံး မယ်။
အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။
Crd: yuzanarland
31/08/2023
" Shal Pay ကနေ လက်ရှိ အသုံးများကြတဲ့ ဝန်ဆောင်မှု ၄မျိုး 🔥 "
💁🏻♀️ ရှယ်တန်တဲ့ နှုန်းထားတွေနဲ့ အလွယ်တကူ အသုံးပြုနိုင်တာကြောင့် Shal Pay ရဲ့ လူသုံး အများဆုံး Service ၄ခုကို ဖော်ပြပေးလိုက်ရပါတယ်။
▫️ဖုန်းဘေလ်ဖြည့်ခြင်း
▫️Ananda
▫️Myanmar net
▫️Mobile Legend
✔️ User တို့ရော Shal Pay ဘာအတွက် အသုံးများကြလဲ ဆိုတာ ဝေမျှပေးသွားပါဦးခင်ဗျာ။
အပေးကြမ်းတဲ့ ရာခိုင်နှုန်းတွေနဲ့ တစ်နေရာထဲမှာ ဝန်ဆောင်မှု မျိုးစုံ ရနိုင်တဲ့ app ဆိုရင် Shal Pay ကို သတိရကြပါနော်။
💰 ငွေသွင်းငွေထည့်ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Page Messenger ကို လာရောက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
အကိုတယောက် သိန်း ၅၀၀တန် အိမ်ဝင်းရောင်းတာကို
ဝယ်သူက စျေးတောင်မဆစ်ဘူး တန်လွန်းလို့ထင်ရဲ့
သိန်း (၁၀၀)စရံရိုက်သွားရဲ့
စာချုပ်ပါ ကန့်သတ်ချက်တော့ရှိတယ်
မရောင်းဖြစ်ရင် ရောင်းသူက သိန်း (၃၀၀)ပြန်လျော်
ဝယ်သူမဝယ်ဖြစ်ရင် စရံဆုံးပေါ့။
အဆင်ကိုပြေလို့။
ဒါပေမယ့် ကြားဖြတ် အစီစဉ်မှာ အကိုတယောက် လောဘဇောတက်ပြီလေ
နောက်ဝယ်လက်က အကိုရဲ့ ဝင်းကို ၁၀၀၀ပေးမယ် သူ့ကိုရောင်းပါတဲ့။
စရံ၁၀၀ပေးမယ်တဲ့။
အကို တွေးပြီလေ သူပေးတဲ့ ၁၀၀ ရယ် ဟိုအရင်လူ ပေးတဲ့၁၀၀ရယ် သူ့ရှိတဲ့၁၀၀ရယ် ပေါင်းပြီး
ပထမလူကို ၃၀၀ပြန်လျော်လိုက်တယ်။
အကို ၁၀၀စိုက်လိုက်ရတယ်။
ကိစ္စမရှိ ဒုတိယလူဆီက နောက်ထပ် ၉၀၀ရမယ်ပေါ့
ဆိုတော့ သူ ၈၀၀ ရမယ်ပေါ့။
မူရင်း၅၀၀ထက် ၃၀၀ပိုရမယ်ပေါ့
အဆင်ကိုပြေလို့ သူ့အတွေးနဲ့သူ
ရက်ကြာတော့ ဒုတိယလူက စရံအဆုံးခံပြီး
ကျန်ငွေ ၉၀၀ မချေတော့ဘူး။
ကဲဗျာစာရင်းချုပ်တော့ အကို ၁၀၀ပြုတ်ပြီ။
ပြုတ်မှာပေါ့ ဟို၂ယောက်ကတဖွဲ့ထဲလေ။
တချို့လိမ်လည်သူတွေက သိပ်ပညာပါရင် ဘာပုဒ်မမှ တတ်မရဘူးနော်
ဘောင်ထဲကလိမ်ရင် သိပ်ကြောက်စရာကောင်းတာ
ဖြစ်စဉ်က ဘယ်သူ့ကိုမှ တရားစွဲမရပါ။
လောဘကြောင့် မှားတတ်ကြောင်းသတိပြုစရာပါ။
တစ်ခုကြိုက်လို့ ယူလာတာ…
Click here to claim your Sponsored Listing.
Contact the establishment
Telephone
Website
Address
Hlaing
11051
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |