NewMe

NewMe

Share

Attraction နဲ့သင့်ရဲ့Happiness ကိုရှာပါ.
အိပ်မက်တွေတကယ်ဖြစ်လာဘို့ ဒီမှာမျှဝေပေးနေပါတယ် အနာဂတ်မှာ အတူတူ Growthဖြစ်ကြပါစို့. Let"s growth together in the future.

Find your happiness with the law of attraction.Share here how to make your dreams come true.

22/03/2025

Tt Vd အတိုလေးပါ တကယ်ပဲအဲ့လိုနော် ကြုံဘူးမှသိမဲ့အရာတွေပါ
ကြုဘူးသူလေးတွေ မန့်သွားကြဦး

16/03/2025

💰 "ငွေစီးဆင်းမှုပြောင်းလဲပြီး ပြည့်စုံကြွယ်ဝမှုကို ဆွဲဆောင်ရန် 5 ရက်တာ မေတ္တာပညာဒါန ခရီးစဉ် 💰
-------------------------------------------------------------------------

ဖေ့စ်ဘုတ်မှ အမျိုးများအတွက်

"ငါ့မှာ ပိုက်ဆံမရှိဘူး မလောက်ဘူး" ဆိုတဲ့ ယုံကြည်ချက်မှသည် စည်းစိမ်ဥစ္စာတွေအကန့်အသတ်မရှိစီးဆင်းနေပြီဆိုသောယုံကြည်ချက်ဆီသို့ ခရီးစဉ်......... ................
🌟 လျင်မြန်သောရလဒ်များရရှိရန် လက်တွေ့ကျသောနည်းလမ်းများစွာကို ၅ ရက်တာအတွင်း မေတ္တာဖြင့် အကောင်းဆုံးမျှ‌ေ၀ပေးသွားမှာဖြစ်တယ် 🌟 ပညာဒါန ဖစ်တဲ့အတွက် ဖေ့စ်ဘုတ်မှ အမျိုးများလဲ စိတ်၀◌င်စားပါက Join နိုင်ပါတယ်ရှင် ။

👇 အချိန်ကန့်သတ်ထားပါသဖြင့် အခုပဲ Join ပြီး ငွေနဲ့ ပျော်ရွှင်တဲ့ဆက်ဆံရေး ကောင်းမွန်တဲ့ဆက်ဆံရေးကို ရယူလိုက်ပါ။ 👇

ချစ်တဲ့ခင်တဲ့ စိတ်၀◌င်စားတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလဲ မေတ္တာစိတ်လေးနဲ့ မန်းရှင်းခေါ်ပြိး လက်ဆင့်ကမ်း မေတ္တာပညာဒါန ကူပြီးလုပ်ပေးနိုင်ပါတယ်ရှင် ။

Page Messenger မှာ Join လို့ ပို့ပေးရင် Join ရမဲ့ Link ကို ပြန်ပို့ပေးမှာဖြစ်ပါတယ် ။ ....................................................

15/03/2025

fb က အမျိုးများ အားလုံး မ၈်လာပါရှင် ... ၂၅ ရက်နေ့မှာ Free မျှ‌ေ၀မှုတစ်ခုလုပ်ပေးဘို့ရှိပါတယ် ။ စိတ်၀◌င်စားသူများ Message မှာ Join လို့ ပို့ထားပါရှင့် ........တူတူကံကောင်းကြမယ် ................

02/02/2025

💰 ”ပိုက်ဆံမစုနိုင်ဘူး..."ဆိုတဲ့ အကြောင်းရင်းက ပိုက်ဆံအိတ်မှာ များလား ??
--------------------------------------------------------------------------
ကြိုးစားနေပေမယ့် ပိုက်ဆံ မစုနိုင်ဘူး..ဆိုတဲ့ မိသားစု၀◌င်များအတွက် သတင်းကောင်းလေး တစ်ခုလက်တို့လိုက်မယ် ။ ပိုက်ဆံ အိတ်ရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲလိုက်ရုံနဲ့ သင့်ငွေကြေးကံကောင်းမှုကိုပါ ပြောင်းလဲသွားစေနိုင်ပါတယ် ။ ကျွန်မလည်း အရင်ကဆို သိပ်လက်မခံပါဘူး ......... နီရင့်ရောင် ပြောင်းလိုက်တဲ့အချိန်ကနေစလို့ ထွက်လိုက်တာ ထွက်လိုက်တာ ဆိုတာလေ ........၀◌င်သလောက်အကုန်ပြန်ထွက်တယ် ။ နောက်တော့မှ လက်ခံတယ် ........... ပိုက်ဆံအိတ်ဆိုတာ"ငွေရဲ့အိမ်"ဖြစ်တယ် ။ သူနေဘို့ အတွက်သက်တောင့်သက်သာရှိတဲ့ ပိုက်ဆံအိတ် တစ်လုံး ရှိရင် ပိုက်ဆံက သဘာဝအတိုင်း သင့်ဆီကို ပျော်ပျော် လာချင်ပါလိမ့်မယ် ။

✅ ပိုက်ဆံအိတ်ရှည် → ပိုက်ဆံက လွယ်လွယ်ကူကူ စီးဆင်းပြီး အလွယ်တကူစုမိစေတယ် ။
✅ ရွှေ/ဝါ ရောင် - ကြွယ်ဝမှုနှင့် အောင်မြင်မှုကို ဆွဲဆောင်တဲ့အရောင် ။
✅ အညိုရောင် → (ကမ္ဘာမြေကြီး) တည်ငြိမ်မှုကို ကိုယ်စားပြုတယ် ။ စုငွေ တိုးမြင့်စေတဲ့အရောင် ။
🎯 ကိုယ့် ပိုက်ဆံအိတ်ကို အခုစစ်ကြည့်ပါ→ ဟောင်းနေလား သို့မဟုတ် အနက်ရောင် သို့မဟုတ် အနီ ရောင်ဖြစ်ရင် သတိပြုပါ ။
🎯 အသစ်ဝယ်မယ်ဆိုရင် ကံကောင်းစေမယ့်အရောင်တွေကို စဉ်းစားပြီးမှဝယ်ပါ ။
🎯 ပိုက်ဆံအိတ်ကို သန့်ရှင်းရေးလုပ်ပါ ငွေတွေကို သေချာသပ်သပ်ရပ်ရပ်စီထည့်ပါ ။ မလိုတဲ့ ဘောက်ချာ ဖြတ်ပိုင်းတွေ ဟိုစာရွက် ဒီစာရွက်တွေ ရှိနေရင် တစ်ခါတည်းရှင်းပစ်ပါ ။

ပိုက်ဆံအိတ်ကို ပြောင်းလဲလိုက်ခြင်းဖြင့် ငွေအတွက် နေရတာ သက်တောင့်သက်သာဖြစ်စေတဲ့ အိမ်ကလေး ဖန်တီးပေးလိုက်သလိုဖြစ်ပြီး သဘာဝအတိုင်း ငွေစုမိနိုင်ခြေပိုများလာပါလိမ့်မယ် ။

သင့်ရဲ့ပိုက်ဆံအိတ်က ဘာအရောင်လေးလဲ ။ 💬 comment မှာ ပြောပြပေးခဲ့ပါဦး 💖
📌 Test ကြည့်ချင်တယ်ဆိုရင်လုပ်ကြည့်နော် သတိ ကျွန်မလို အနီရောင်တော့ မလုပ်လိုက်ပါနဲ့ တစ်ခြားသူ တွေကိုပါလက်တို့လိုက်ပါဉီး ။ အားလုံးတူတူ ကံကောင်းကြမယ် ။

02/02/2025

ဆွဲဆောင်မှုစွမ်းအင်ကို ပိတ်ဆို့သွားစေတဲ့အကြောင်းရင်းတွေထဲက ၁ ခု
--------------------------------------------------------------------
ဘယ်လောက်ပဲ Manifest တွေလုပ်နေပေမဲ့ လက်တွေ့ဘဝက မပြောင်းလဲလာဘူး..."။ ဘာလို့လဲ ? လူတော်တော်များများ အနည်းဆုံး တစ်ကြိမ်မေးဖူးတဲ့ မေးခွန်းတစ်ခုဖြစ်တယ် ။ "ဒါဆို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလား?" လို့ မိသားစု၀◌င်များကို ပြန်မေးခွင့်ပြုပါ ။ ဆွဲဆောင်မှု အလုပ်မဖြစ်သေးတဲ့ အကြောင်းရင်းတွေထဲမှာ လက်ခံဖို့ "အဆင်သင့်" မဖြစ်သေးတာလဲ တစ်ခုအပါ အ၀◌င်ဖြစ်တယ် ။

ဘာကြောင့် ဒီနံရံကိုကျော်ဘို့ အရေးကြီးတာလဲ ❓

ဆွဲဆောင်မှုဥပဒေကို ကျင့်သုံးတဲ့အခါ တစ်စုံတစ်ခုကို လိုချင်တယ်ဆိုရုံလေးနဲ့အဆင်မပြေပါ လက်ခံရရှိပြီဆိုတဲ့ အခြေအနေမှာကိုယ်ဟာ ရှိနေဘို့ အင်မတန်ကိုလိုအပ်တယ် ။

ဥပမာအားဖြင့်…
💰 ငွေကို Attract လုပ်ထားပြီး "ငါ့မှာ အဲဒါကိုစီမံနိုင်တဲ့ အရည်အချင်းမရှိသေးဘူး" လို့ အတွင်းထဲမှာ စိုးရိမ်စိတ်တွေရှိနေလား ?

💖 ကောင်းတဲ့လက်တွဲဖော်ကို Attract လုပ်ထားပြီး ငါ့ကိုတချစ်နိုင်တဲ့သူမဟုတ်လောက်ပါဘူးဆိုတဲံ့ခံစားချက်မျိုးဖြစ်နေလား ?

➡ ဒါဆိုရင်တော့ ဆွဲဆောင်မှုစွမ်းအင်ကို ပိတ်ဆို့သွားစေပါလိမ့်မယ်...............
ဒါဆိုကျွန်မတို့ဘာလုပ်ကြမလဲပေါ့ လွယ်ကူတဲ့နည်းလမ်း ၃ ခု မျှ‌ေ၀ပါမယ် ။ လုပ်ကြည့်ပါ ။
1️⃣ ငွေကို Attractလုပ်ချင်ရင်တော့ အရင်ဆုံး သူတို့တွေငွေကိုသဘောထားတဲ့အတိုင်း ပြုမူသလိုပြုမူပါ ။ (ကျေးဇူးတင်စိတ်နဲ့ ငွေသုံးပါ)(ငွေကိုချစ်ပါ ) ( ငွေကိုသက်မဲ့တစ်ခုလိုသဘောမထားပါနဲ့ )
2️⃣ ချစ်ခြင်းမေတ္တာကိုAttractလုပ်ချင်ရင်... အရင်ဆုံး ကိုယ့်ကိုကိုယ် ချစ်တဲ့ အလေ့အထကိုမွေးမြူပါ 💖 (မှန်ထဲမှာ ကိုယ့်ကိုယ်ကို ချစ်ကြောင်း"ပြောပါ ။
3️⃣ အောင်မြင်မှုကို ဆွဲဆောင်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ အောင်မြင်တဲ့အနာဂတ်ကို လက်တွေ့ကျကျ ပုံဖော် စိတ်ကူးယဉ်ပြီး စိတ်လှုပ်ရှားလိုက်ပါ ။

"ဆွဲဆောင်မှုပျက်ရတဲ့ အကြောင်းရင်းက အဓိကသင်မကောင်းလို့ မဟုတ်ဘူး ။" လက်ခံဘို့အဆင် သင့်မဖြစ်သေးလို့ဖြစ်တယ် " ။
"လက်ခံဘို့ပြင်ဆင်ပြီးတာနဲ့ အရာအားလုံးကအဆင်ပြေချောမွေ့စပြုလာပါလိမ့်မယ်"
👉 ဒီနေ့ကစပြီး 'ငါလက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ' လို့ ကိုယ့်ကိုယ်ကိုပြော ပြီး 💖 Universe ကို ဒီလိုကြေ ငြာသွားလိုက်ပါ ။
💬 လက်ခံဘို့အဆင်သင့်ဖြစ်ပြီဆိုရင် comment မှာ ကြေငြာသွားပါဉီး ။

2.2.2024 12: 30 PM
မေတ္တာဖြင့်
New Me @ မနွေ

ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း

02/02/2025

Manifest လုပ်ရင်း လမ်းတ၀◌က်မှာ စိတ်ပျက်နေရင်??
--------------------------------------------------------

" ဟယ် ငါ Manifest လုပ်ထားတဲ့ဆန္ဒလေးတွေ တကယ်ဖြစ်လာနိုင်ပါ့လား... လမ်းတ၀◌က်မှာ စိတ်သောက နဲနဲ ခံစားလာရရင် အဆုံးထိသာဖတ်သွားလိုက်ပါ ။ တကယ်တော့ အဲဒါက သင့်ဆန္ဒတွေ တကယ်ဖြစ်လာ တော့ မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်။

ဘာကြောင့်လဲဆိုတော့

စိုးရိမ်ပူပန်ခြင်းဆိုတာက ပြောင်းလဲမှုရဲ့ လက္ခဏာတစ်ခုဖြစ်တယ် ။
ဥပမာ... နေမထွက်ခင်မှာ မနက်ခင်းဟာ အမှောင်ဆုံးမို့လား ။ 🌅 ဒီသဘောအတိုင်းပါပဲ ............

ဒါကြောင့် အခုအချိန်မှာ စိုးရိမ်ပူပန်နေတယ်ဆိုရင် မကြာခင်မှာ သင့်ရဲ့ဆန္ဒတွေ ပြည့်ဝလာတော့မယ်လို့ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။

💡 စိတ်ပူပန်မှုတွေကို Energy အဖြစ်သာပြောင်းလဲလိုက်ပါ " Energy " အဖြစ် ပြောင်းလဲဖို့ အတွက်ဒါတွေ လုပ်ကြည့်လိုက်ပါ.................. အဆင်ပြေသွားပါလိမ့်မယ် ............

✨ ① Thank You Universe "စိတ်ပူပန်မှုတွေက ငါ့ဆန္ဒတွေနဲ့ နီးလာပြီဆိုပြီး ကြေငြာလိုက်ပါ " 🗣
👉 စကားလုံးတွေနဲ့ ပေါင်းလိုက်တဲ့အခါ ဦးနှောက်က အဲဒါကို ကောင်းတဲ့အရာတစ်ခုလို့ အသိအမှတ်ပြုပါတယ်။
② ငါ့ဆန္ဒတွေပြည့်လာတဲ့အခါ ငါဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ကူးယဉ်ပြီးရင်ခုန်လိုက်ပါ ။ ဘယ်သူ့ကိုမှ ပိုက်ဆံမပေးရပါဘူး 🎬💭
👉 သင့်အိမ်မက်တွေ တကယ်ဖြစ်လာရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို လက်တွေ့ကျကျတွေးကြည့်ပါ။ စိတ်ခံစားမှုတွေ ပြောင်းလဲလာပါလိမ့်မယ် ။

③ အခုပဲ ပျော်စရာတစ်ခုခုထလုပ်လိုက်ပါ 🎶💃
👉 "အခုအချိန်ကအကောင်းဆုံးပါပဲ" အကောင်းဆုံးပဲ အဆင်ပြေဆုံးပဲ ဆိုတဲ့ Vibration ကို ထုတ်လွှတ် နေသရွေ့ ကိုယ်ဟာ ကံကောင်းတဲ့သူ ပါပဲ
"စိုးရိမ်စိတ်က ဆန္ဒတွေပြည့်တော့မယ့် လက္ခဏာတစ်ခုပါ" သင် အခုလုပ်နိုင်တာကို ထလုပ်ပြီး ပျော်နေ ရင် သင်သတိမထားမိလိုက်ခင်မှာ ဆန္ဒတွေတကယ်ဆွဲငင်လာပါလိမ့်မယ် ။

2.2.2024 08: 25 AM
မေတ္တာဖြင့်
New Me @ မနွေ

ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း

01/02/2025

ဒီနေ့ပြန်ပြီး Reply လုပ်ပေးဖြစ်တာလေး Fb က မိသားစု၀င်တွေလဲ လိုအပ်ရင် ယူကြနော်

01/02/2025

အကောင်းမြင် အတွေးတွေများများတွေးဖြစ်အောင်ဘယ်လိုလုပ်မလဲ?
--------------------------------------------------------------
'အကောင်းမြင်ချင်ပေမယ့် သတိမထားမိပဲ အဆိုးအတွေးတွေ သွားသွားတွေးမိတယ် “ Manifestation မှာ အတားအဆီးများဖြစ်တော့မလား ???? အဲ့လိုခံစားနေမိ တယ်ဆိုရင်တောင်မှပဲ စိတ်မပူနဲ့ ဒီ ၃ ချက်ကိုစမ်း ကြည့် တကယ်အဆင်ပြေလာပါလိမ့်မယ် ။

အကောင်းမြင်တယ် အကောင်းမမြင်ဘူး ဆိုတာ အလေ့အကျင့်နဲ့ပဲဆိုင်ပါတယ် ။

❌ သတိမပြုမိပဲ အဆိုးတွေတွေးတတ်တဲ့အကျင့်ကြောင့် → လက်တွေ့မှာ အဆိုးမြင်ဖြစ်လာတာဖြစ်တယ် ။
✅ သတိကပ်ပြီး အကောင်းဘက်ကိုပဲလေ့ကျင့်ပေးတဲ့အလေ့အကျင့်ကိုမွေးမြူမယ်ဆိုရင် →ပိုပိုပြီး Manifestation ပိုကောင်းလာလိမ့်မယ်။

"ဦးနှောက်ကိုအပြုသဘောဘက်" သို့ပြောင်းရန်နည်းလမ်း 3 ခု။

① "ဒါက အခွင့်အရေးတစ်ခုပဲ" 💡 → မကောင်းမှုတစ်ခုဖြစ်လာတဲ့အခါမှာတောင် "ဒါကို အခွင့်အရေးတစ်ခုလိုမြင်ပါ ။ ဘယ်ရှူထောင့်ကကြည့်ရင် အကောင်းမြင်ပေးနိုင်မလဲ" လို့ ကိုယ့်ကိုကိုယ် မေးပါ။

② အပြုသဘောဆောင်သောစကားလုံးများကိုသုံးပါ
🗣 → “ငါမလုပ်နိုင်ဘူး💦” “ဒါက အတော်ဆိုးတာပဲ…” “ဖြစ်နိုင်ပါ့မလား!” အစား “အဆင်ပြေတယ် ” ဖြစ်နိုင်တယ် ဆိုတာနဲ့ အစားထိုးပါ။

③ တစ်နေ့ကို ပျော်စရာ စိတ်ချမ်းသာစရာ ၃ ခုကိုရှာပါ 💖 → ဘယ်နေ့ပဲဖြစ်ပါစေ "ဒီနေ့ရဲ့ စိတ်ချမ်းသာစရာ" ဆိုပြီး စိတ်ချမ်းသာစရာတွေကိုသတိထားလိုက်ရုံနဲ့တင် သင့်ရဲ့ vibrations က မြင့်လာပါလိမ့်မယ် ၊။

အပြုသဘောဆောင်တာဟာ တကယ်တော့ အရည်အချင်းဆိုတာထက် အလေ့အထတစ်ခုပါ လေ့ကျင့်ရင် လူတိုင်းရနိုင်ပါတယ် 💖 အဆင်မပြေတဲ့အရာတွေကိုတောင် အခွင့်အလမ်းတွေလို့ ထင်တဲ့အလေ့အကျင့်ကို ဒီနေ့ စလိုက်ခြင်းဖြင့် ပိုကောင်းတာတွေကို ဘ၀ထဲဆွဲငင်လာမှာဖြစ်တယ် ။

💖 ဒီနေ့ရဲ့ ပျော်ရွှင်မှုလေးတွေက ဘာတွေလဲ comment မှာရေးပြီး သင့်ရဲ့ vibrations ကို မြှင့် သွားလိုက်ပါ။

01/02/2025

"ပတ်ဝန်းကျင်မကောင်းရင် Manifastation အဆင်ပြေနိုင်ပါ့မလား “
------------------------------------------------------------------
"'ငါ့ရဲ့ အလုပ်မှာက အရမ်းNegative ဖြစ်တယ် 'ငါ့မိသားစုက Negative မြင်တွေများတယ်...😢' ဒီပတ် ဝန်းကျင်မှာနေရင်တော့ ငါ့ရဲ့ Manifestation တွေအဆင်ပြေပါ့မလား ? အဖြေကတော့ အဲ့လိုဆိုးတဲ့ ပတ်၀◌န်းကျင်မှာရှိလဲ အဆင်ပြေပါတယ် ။ ဒီတစ်ခုပဲ ပြောင်းလိုက်ပါ ။ ဒါဆိုရင် သင်Manifastလုပ်ထားတဲ့ ဆန္ဒတွေနဲ့ ပြည့်စုံလာလိမ့်မယ်။
ဒီတစ်ခုကို ကျွန်မမိသားစု၀◌င်တွေ ကွဲကွဲပြားပြားသိထားတာနဲ့တင်လုံလောက်ပါတယ် ။
Manifastation ကို အဆုံးအဖြတ်ပေးတာက "ပတ်ဝန်းကျင်မဟုတ်ဘဲ Vibration နဲ့ ဆုံးဖြတ်တာဖြစ်တယ် "
❌ ကိုယ့်ပတ်ဝန်းကျင်က စိတ်သောကတွေပေးလာတဲ့အခါ Vibration မကောင်းတော့ဘူး ။ Manifastation ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကတော့အမှန်တရားပါ ။
သို့သော် ကျွန်မတို့ လုပ်နိုင်တာရှိပါတယ် ။ ။။။။။။။။။။။။။။။။။။ ကျွန်မတို့လုပ်ရမှာက အပြင်ပတ်၀◌န်း ကျင်မဟုတ်တဲ့ဒီတစ်ခုပါ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ "အတွင်းပတ်ဝန်းကျင်"...................................
✅ "အတွင်းပတ်ဝန်းကျင်" ကိုသာတိုးတက်အောင်လုပ်လိုက်ပါ ။ စိတ်ပိုင်းဆိုင်ရာပတ်၀◌န်းကျင် တိုးတက်လာတဲ့အခါ ပြင်ပကမ္ဘာလည်း လိုက်ပါပြောင်းလဲလာပါလိမ့် မယ်။

ပတ်ဝန်းကျင်ကအနှောင့်အယှက်တွေကကိုယ့်ရဲ့ Manifestation ကိုမထိခိုက်စေချင်ရင် ဒီလိုလုပ်ကြည့်ပါလား

① “ကိုယ့်ကိုကဗဟိုပြု” ပါ 🧘‍♀️ → တခြားသူတွေပြောတာကို လိုက်မခံစားပါနဲ့ “ငါက ငါပဲ” သူတို့က သူတို့သဘာ၀နဲ့ သူတို့ပြောနေကြတာလေ ။ သူတို့က အခုစာဖတ်နေတဲ့မိတ်ဆွေကို Energy , Vibration , Manifestation တွေကို နားမလည်သေးလို့ဖြစ်မှာပေါ့ ။
② ပျော်ရွှင်မှုအသေးစားလေးတွေကိုရှာပါ 💖 → ဘယ်လိုအခြေအနေမျိုးမှာမဆို ကျေးဇူးတင် စရာအရာတွေရှိတတ်ပါတယ် ။ ဒါကို အာရုံစိုက်လိုက်ပါ။
③ Create high-vibration time 🎶 → Music ၊ တရားထိုင်ခြင်း ၊ သဘာဝတရား.နဲ့ထိတွေ့ခြင်းတွေက. သင့်စွမ်းအင်ကို ဟန်ချက်ညီစေပါတယ် ။ အဲ့ဒါတွေကိုအချိန်ပိုပေးလိုက်ရုံပါပဲ ။

ကိုယ့်ရဲ့ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ရဲ့ Vibration တွေကိုသာပြန်ပြန်ညှိပါ ။ အဲ့လိုလုပ်လိုက်ရင် အခြေအနေကပြောင်းလဲသွားပါလိမ့်မယ် ။ ပထမဦးဆုံးအနေနဲ့ "သင်အခုလက်ရှိမှာ ပျော်ရွှင်မှုရနိုင်တဲ့ အရာလေးတွေကို ရှာကြည့်ပါ" 💖 ဒီနေ့အတွက် ကျေးဇူးတင်တဲ့အရာကို Comment မှာ ရေးသွားပြီး သင့်ရဲ့ Vibration ကို မြှင့်သွားလိုက်ပါ "

1.2.2024 12: 30 PM
မေတ္တာဖြင့်
New Me @ မနွေ

ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း

01/02/2025

"အတွင်းစိတ်ကို နားထောင်ခြင်း"
ーーーーーーーーーーーー

"အတွင်းစိတ်ကို နားထောင်ခြင်း"ဆိုတာက ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ ၊ ဆန္ဒတွေ ၊ နှလုံးသားရဲ့ အနက် ရှိုင်းဆုံးအပိုင်းမှာရှိနေတဲ့ ကိုယ့်ရဲ့ အစစ်အမှန်တွေ တနည်းအားဖြင့် ပင်ကိုယ်သိစိတ် လို့ပဲ ပြောပြော အလိုလို သိစိတ်ပဲဆိုဆို အဲ့ဒီကနေလာတဲ့စကားသံတွေကို နားထောင်တာကို ဆိုလိုတယ် ။

ကျွန်မတို့တွေ သောဒီနေ့ ခေတ်မှာ အရမ်းအလုပ်များကြတယ် ။ အဲ့လိုအခြေအနေမှာ ပြင်ပလှုံ့ဆော်မှုတွေနဲ့ အခြားသူတွေရဲ့ ထင်မြင်ယူ ဆချက်တွေက အလွယ်တကူလွှမ်းမိုးတာခံရပြီး မိမိတို့ရဲ့ ခံစားချက်အစစ်အမှန်ကို မျက်ခြည်ပြတ် သွားတတ် ကြတယ် ။

အတွင်းစိတ်မှ အသံကို နားထောင်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ပိုနားလည်စေပြီး ပိုမိုကောင်းမွန်သော ရွေးချယ်မှုတွေ ပြုလုပ်နိုင်စေဘို့အတွက် အများကြီးအထောက်အကူဖြစ်တယ် ။

အတွင်းစိတ်အသံကို နားထောင်ချင်တယ်ဆိုရင် ဒါတွေလေ့ကျင့်ကြည့်ပါ

1. တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ဖန်တီးပါ။
သင့်အတွင်းစိတ်မှ အသံကိုကြားနိုင်ဘို့အတွက် တိတ်ဆိတ်သောပတ်ဝန်းကျင်ကို ဦးစွာဖန်တီးဘို့ အရေး ကြီးတယ် ။ မိမိအိမ်မှာဖြစ်စေ သို့မဟုတ် သဘာဝထဲမှာဖြစ်စေ ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေတဲ့ ဆိတ်ငြိမ်သော နေရာကို ရွေးချယ်ပါ ။

2. တရားထိုင်ပြီး အသက်ပြင်းပြင်းရှူပါ။
သင့်ခန္ဓာကိုယ်အတွင်း တင်းမာမှုတွေကို ပြေလျော့စေပြီး သင့်စိတ်ကို တည်ငြိမ်စေဖို့အတွက် ဖြည်းဖြည်းနဲ့ ရှည်ရှည် အသက်ရှုပေးပါ ။ တရားထိုင်ခြင်း နှင့် အသက်ပြင်းပြင်းရှူခြင်းက စိတ်ကို တည်ငြိမ်စေပြီး အတွင်းစိတ်ရဲ့ အသံကို နားထောင်ဘို့ အလွန်ထိရောက်တယ် ။
3. Record ယူပါ ။
ပေါ်လာသမျှ အတွေးနဲ့ ခံစားချက်တွေကို စာအုပ်ထဲ ချရေးတာဟာလဲ အတွင်းစိတ်ကို နားထောင်ဖို့ နည်း လမ်းတစ်ခုဖြစ်တယ် ။ စိတ်ထဲပေါ်လာသမျှကို လွတ်လပ်စွာရေးသားခြင်းဖြင့် ကိုယ့်ရဲ့ ပတ်၀◌န်းကျင် ပယော၈မပါတဲ့ စိတ်ရင်းအမှန် အရင်းခံအတွေးတွေနဲ့ ခံစားချက်တွေကို သိနိုင်တယ် ။

4. အလိုလိုသိစိတ်ကိုလိုက်နာပါ။
အတွင်းစိတ် အလိုလိုသိစိတ်က လာတဲ့ အသံသည် အစစ်အမှန်တွေဖြစ်တယ် ။ ဆုံးဖြတ်ချက် တစ်ခုချတဲ့အခါ တွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ချမဲ့အစား ကိုယ့်ရဲ့ အလိုလိုသိစိတ်ကနေလာတဲ့ ပထမဆုံးအရာကို ယုံကြည်ပါ။

5. သင့်ကိုယ်သင်မေးပါ။
"ငါတကယ်လိုချင်တာဘာလဲ" နဲ့ "ပျော်ရွှင်ဖို့အတွက် ငါဘာလုပ်ရမလဲ" ဆိုတဲ့မေးခွန်းတွေမေးပြီး သင့်ရဲ့ နှလုံးထဲက အဖြေကိုစောင့်နေလိုက်ပါ။

6. သဘာဝနဲ့ထိတွေ့ပါ။
သဘာဝတရားထဲမှာ အချိန်ဖြုန်းခြင်းက သင့်ကို စိတ်အပန်းပြေစေပြီး သင့်အတွင်းစိတ်မှ အသံကို ပိုကောင်း စွာကြားနိုင်ဘို့အတွက် အများကြီး အကူအညီဖြစ်စေတယ် ။ လမ်းလျှောက်ခြင်း နီးစပ်ရာ မြစ် ချောင်း ပင်လယ် ရေကန် ( တောတောင် ဒီနေ့ခေတ်တော့ သိပ်မလွယ်လှပါ ) စတဲ့ မိမိနဲ့ အဆင်ပြေတဲ့ နေရာတွေသွားပြီး သဘာ ဝနှင့် ချိတ်ဆက်ခံစားကြည့်ပါ။

7. အိပ်မက်တွေနဲ့ ခံစားချက်တွေကို စောင့်ကြည့်ပါ။
အိပ်မက်တွေထဲမှာ ကြုံတွေ့ ခံစားရတဲ့ ခံစားချက်တွေနဲ့ နိမိတ်လက္ခဏာငယ်များကို အာရုံစိုက်ခြင်းဖြင့် သင့်အတွင်းစိတ်မှ အသံကို သတိပြုမိလာနိုင်သည်။ ထိုသတိလစ်မှ မက်ဆေ့ခ်ျများ ပါဝင်နေနိုင်တယ် ။

"အတွင်းစိတ်ရဲ့ အသံကို " ကောင်းကောင်း ကြားရပြီး ကိုယ့်ရဲ့အစစ်အမှန်ကိုရှာတွေ့ကာ ကိုယ်စီ ကိုယ်စီ လုပ်ထားတဲ့ Manifestation တွေ ထပ်ခါထပ်ခါ အမြန်ဆုံး အောင်မြင်ကြပါစေ ။

1.2.2024 7: 40 AM
မေတ္တာဖြင့်
New Me @ မနွေ

ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း

31/01/2025

"Attraction and wishing ဘာကွာလဲ “???
==========================

'ဆန္ဒပြုတာနဲ့ ' နဲ့ ' Attract လုပ်တာ' တူမလိုလိုနဲ့ ကွဲပြားပါတယ် ။ ဘ်ယ်ပေါ်မှာ အာရုံစိုက်နေမိလဲ ဆိုတဲ့ အရာပေါ်မူတည်ပြီး ပြောင်းလဲသွားလိမ့်မယ်... အိပ်မက်တွေ တကယ်ဖြစ်လာတဲ့ အရှိန်ကကွဲပြားသွားတယ် ။
"ရှင်းပြရမယ်ဆိုရင်.." ဘယ်လိုလဲဆိုတော့

✅ ဆန္ဒပြုတာ → "တကယ်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်... (မဖြစ်သေးပါဘူး)💭"
✅ဆွဲဆောင်မှု → "တကယ်ဖြစ်လာပြီ (Reality mode!)"

ဥပမာ- ပိုက်ဆံ၀◌င်ချင်တယ် ၀◌င်ပါစေ ဆိုပြီး ဆန္ဒပြုလိုက်တာဟာ ပိုက်ဆံမရှိတဲ့ တုန်ခါမှုမျိုး ထွက်လာ မှာ ဖြစ်တယ် ။ "ဒါပေမယ့် 'ငါက ချမ်းသာပြီး ပျော်ရွှင်နေတယ်' လို့ကိုယ့်ကိုကိုယ် ခံယူလိုက်ပြီး အဲ့စိတ်နဲ့ သွားလာ နေ ထိုင်တဲ့အခါ ထိုတုန်ခါမှုနဲ့ကိုက်ညီတဲ့ အဖြစ်မှန်ကို ဆွဲငင်မှာဖြစ်တယ် ။

ဒါဆိုဘယ်လိုတိုးတက်အောင်လုပ်ကြမလဲပေါ့ ...............

သင့်ဆန္ဒများကို ဆွဲဆောင်မှုအဖြစ်သို့ ပြောင်းလဲရန် ဒီ ၃ ခု နဲ့ စတင်ပါ ။

① စကားလုံးတွေကို ပြောင်းလိုက်ပါ 🗣 → “လိုချင်တယ်” → “ရပြီးသားပါ” "စိတ်ချယုံကြည် စွာပြောသာ ပြောလိုက် !
② စိတ်ခံစားချက်ကြိုတင်ခံစားပါ 💖 → မင်းရဲ့ဆန္ဒတွေပြည့်လာတဲ့နေ့ရဲ့ စိတ်လှုပ်ရှားမှုကို အရင်ခံစား လိုက်ပါ ။
❸. ယခု ကိုယ်ရရှိထားတဲ့ ပျော်ရွှင်မှုကို အသိအမှတ်ပြုပါ 🙏 → သင်ရရှိပြီးဖြစ်တဲ့ ခံစားချက်ကို ခံစားနိုင်ရင် အဲ့ ထက်ပိုသာတဲ့ အခြေအနေမှန်ကို ရရှိလာစေမှာဖြစ်တယ် ။

ဆွဲဆောင်မှုရဲ့သော့ချက်က -------ပါစေဆိုပြီး ဆန္ဒတစ်ခုပြုတာထက် တ ကယ်ဖြစ်လာသလိုခံစားဘို့ဖြစ်တယ် ။ အချိန်မဆွဲပဲနဲ့ ဒီနေ့ပဲ စမ်းသုံးကြည့်လိုက်ပါ ။

သင်ဖြစ်ချင်တဲအရာကို comment မှာရေး စကြာ၀ဠာကိုကြော်ငြာ အဲ့လို Declaration လုပ် ပြီး သင့်ရဲ့စွမ်းအင်ကို မြှင့်တ င် သွားလိုက်ပါ။

31/01/2025

📌"Manifest လုပ်ထားတဲ့ဆန္ဒတွေ အကောင်အထည်ဖော်ဖို့ ဘယ်လောက်ကြာမလဲ ?????" 📌
--------------------------------------------------------------------------

"သင့်ဆန္ဒတွေ အကောင်အထည်ဖော်ဖို့ ဘယ်လောက်ကြာမလဲ 🤔 တစ်ရက်လား တစ်ပတ်လား တစ်နှစ်လား? ဆိုတော့ သင့်ဆန္ဒတွေ အကောင်အ ထည်ဖော်ဖို့ လျှို့ဝှက်ချက်တစ်ခုရှိတယ်"

အဲ့ဒါကတော့

သူတို့ရဲ့ တုန်ခါမှုတွေနဲ့ မထင်မှတ်ပဲ ဘရိတ်ပြန်လုပ်ထားခြင်းး ရှိမရှိ ဆိုတဲ့အချက်ပဲဖြစ်တယ် ။

✅ တုန်ခါမှု မြင့်မားသူများ → အိပ်မက်တွေ အမြန်ဖြစ်လာတယ် (ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ လုံး၀ယုံကြည်တယ် 💖)

❌ သတိမထားမိပဲဘရိတ်ပြန်လုပ်မိသူများ → အိပ်မက်တွေဖြစ်လာဘို့ ကြာလိုက်တာ ( “မဖြစ်လာသေးဘူးလား ” ဘယ်တော့လဲ အမြန်ဖြစ်ချင်စိတ်ဇော ၊ အလွန့်အလွန်မျှော်လင့်ချက်ထား ၊ တခြားပူပင်သောကတွေ )

💡 သင့်ရဲ့ Manifestation ကို အရှိန်မြှင့်ဖို့ အကြံပြုချက် ၃ ခု

① "ဒါဟာ တကယ်ပဲ ဖြစ်လာပါ့မလား ဘယ်တော့လဲလို့တွေးနေမဲ့အစား → ကိုယ့်ရဲ့ Manifestation အရှိန်မြှင့်နေပြီလို့ တွေးပြီး ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင်ထားလိုက်ပါ။ပျော်အောင်နေပါ ။ စိတ်ချမ်းသာအောင်နေပါ ။

② ရလဒ်ကိုတွယ်တာမှုကို စွန့်လွှတ်လိုက်ပါ → " ငါကံကောင်းတယ် တကယ်ဖြစ်လာလိမ့်မယ် "လို့ ယုံကြည်ပါ ။

③ ကျေးဇူးတင်ကြောင်း အရင်ခံစားလိုက်ပါ 🙏 → စကြာဝဠာကြီးက ပျော်ရွှင်နေပြီးသောသူများကို ပိုပြီးပျော်စရာတွေထပ်ပို့ပေးလိမ့်မယ် ။

"သင့်ရဲ့ဆန္ဒတွေ မြန်ခြင်း နှေးခြင်း ဆိုတဲ့ အရှိန်က သင့်ရဲ့တုန်ခါမှုပေါ်မှာပဲမူတည်တယ်။ သင့်ရဲ့ဆန္ဒတွေ တကယ်ဖြစ်လာလိမ့်မယ်လို့ လုံး၀ဉုတ်သုံ စိတ်ဒုံးဒုံးချ ယုံကြည်ပြီး ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ အချိန်တွေကုန်ဆုံးလိုက်ပါ ။ သင့် ရဲ့ဆန္ဒကို comment မှာရေးပြီး စကြဝဠာကြီးဆီကို အော်ဒါတင်လိုက်ပါ ။

30.1.2024 12:30 PM
မေတ္တာဖြင့်
New Me @ မနွေ

Want your business to be the top-listed Gym/sports Facility in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No-15 MalarSt
Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00