Feeling Love
ကဗျာနဲ့ အလွတ်တမ်း အချစ်၊အလွမ်း ရသစုံလင်စွာ ဖော်ပြပေးမှာ ဖြစ်ပါတယ် Like,follow,Share လုပ်ပေးပါ ခင်ဗျာ
အချစ် အလွမ်းအဆွေနဲ့ ကြည်နူးစရာ ရသပေါင်းစုံကို ရင်နဲ့ရင်းပြီး ထုဆစ်ဖော်ပြထားခြင်း ဖြစ်ပါတယ်
10/01/2025
မိမိ KBZPayကို လုံခြုံရေးမြှင့်တင်လို့ရပါပီ
KBZ Pay အသုံးပြုသူတိုင်း လုပ်ထားသင့်ပါတယ်ရှင့်
နံပါတ် 1 (ပုံမှာပြထားသည့်အတိုင်း)
KBZPay ထဲရှိ ကျွန်ုပ်၏ပရိုဖိုင်ထဲ၀င်
အကောင့်အသုံးပြုသည့်ဖုန်းများအားစီမံရန်ကိုနှိပ်
နံပါတ် 2 (ပုံမှာပြထားသည့်အတိုင်း)
KBZPay password (pin 6လုံးရိုက်ထည့်ပါ)
နံပါတ် 3 (ပုံမှာပြထားသည့်အတိုင်း)
အတည်ပြုသည် ကိုနိုပ်ပါ
နံပါတ် 4 (ပုံမှာပြထားသည့်အတိုင်း)
ပြနေရင် ရပါပီ
အထက်ပါအတိုင်းDevice approval လုပ်ထားလျှင်မိမိ KBZPay ကို ဟန်းဆက်တစ်ခုမှတစ်ခုသို့
ကူးပြောင်းရာတွင် မိမိလက်ရှိ login ၀င်ထားတဲ့
ဟန်းဆက်မှ Approve ပေးမှသာ
၀င်ရောက်လို့ရပါမယ်ရှင့်
Device approval လုပ်ခြင်းအားသာချက်
✅မိမိKBZPay ကို မသမာသူများမှ
✅အခြားဟန်းဆက်ဖြင့်၀င်ရောက်ရန်ကြိုးစားမရခြင်း
Device approval လုပ်ရာတွင် မိမိကိုယ်တိုင်သိထားရမည့် အချက်
✅ဖုန်းပျောက်ခြင်းဖုန်းပျက်ခြင်း တို့ဖြစ်ပါက
✅မိမိKBZPay ကိုမိမိကိုယ်တိုင်ဖြစ်စေကာမူ
✅အခြားဟန်းဆက်အလွယ်တကူlog in ၀င်မရနိုင်ခြင်း
✅ထိုသို့ဖြစ်ပါက KBZPay Call Center ( 09969963211 ) သို့မဟုတ် ( 3211 )သို့ဆက်သွယ်ရပါမယ်။
24/12/2024
ကိုယ့်တစ်ဖက်တည်းက ဆွဲလို့ မြဲတဲ့လက်ဆိုတာ မရှိပါဘူး။
ကိုယ့် ခံစားချက်တွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။
ကိုယ့်ကို ဂရုစိုက်ပေးဖို့၊ ချစ်ပေးဖို့၊ အာရုံစိုက်ပေးဖို့ ဘယ်သူ့ကိုမှ မတောင်းဆိုမိပါစေနဲ့။
တစ်ယောက်ယောက်က ကိုယ်နဲ့ စကားမပြောချင်ဘူးဆိုရင် သူ့ကို အတင်းဖိအားမပေးပါနဲ့။
ဘာလို့လဲဆိုတော့ ကိုယ့်တစ်ဖက်တည်းကပဲ အတင်းလုပ်ယူထားရတဲ့ relationship ဆိုတာ ရေရှည်မတည်မြဲ
နိုင်ဘူးလေနော်။
ခဏတာလေး ဂရုစိုက်ခံရဖို့အတွက် ဘာလို့များ ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားကို နာကျင်အောင် လုပ်နေဦးမှာလဲ?
ကိုယ့်စိတ် ကိုယ်ထိန်းပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာစေဖို့အတွက် ခပ်ခွာခွာနေကြည့်ပါ။
ကိုယ့်အတွက် Right Person မဟုတ်တဲ့သူကို ကိုယ် ဘယ်လောက်တော်ကြောင်း၊ ကောင်းကြောင်းတွေ သက်သေပြနေလည်း အပိုပါပဲ။
ကိုယ့်အတွက် Right Person သာဆိုရင် ကိုယ့်ကို ဘယ်အရာအတွက်နဲ့မှ တောင်းဆိုနေစရာ၊ တောင်းခံနေစရာမလိုအောင် ထားပါလိမ့်မယ်။
လူတွေက ကိုယ်တကယ်ချစ်မြတ်နိုးတဲ့သူကို
လျစ်လျူမရှုနိုင်ကြဘူးလေ။
ဒီလူတစ်ယောက်က ကိုယ့်ကို လျစ်လျူရှုထားပြီဆိုရင် ကိုယ့်ကို သူတကယ်မချစ်လို့၊ ကိုယ်ဟာ သူ့အတွက် အသုံးမဝင်လို့၊ ကိုယ့်ကို သူ့ဘဝထဲမှာ မထားချင်လို့ပါပဲ။
ဒါကြောင့် စိတ်ဓာတ်ခိုင်မာလာအောင် သင်ယူပါ။
ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံး ချစ်ခင်တန်ဖိုးထားကြည့်ပါ။
တကယ်ချစ်တဲ့သူဆိုတာ ကိုယ့်ကို ကိုယ်တစ်ယောက်တည်းကပဲ ချစ်နေရတယ်ဆိုတဲ့ ခံစားချက်ဝင်အောင် ဘယ်တော့မှမလုပ်ဘူးလေနော်။
18/12/2024
တကယ်ချစ်ရင်
တစ်ယောက်ထဲနဲ့ လုံလောက်ပါတယ် ❤❤
လူတစ်ယောက်ကို အချစ်စစ်နဲ့
တကယ်ချစ်ဖူးသူတိုင်းသိတယ်
တစ်နေကုန် အားလိုက်မိတိုင်း
သူအကြာင်း တွေးမိနေတာမျိုး....
စာတွေခနခနပို့ပြီး
ဖုန်းခနခန ပြောချင်တာမျိုး...
ဘယ်သွားမယ်ဘာလုပ်မယ်ကအစ
အလေးထား တိုင်ပင်ပြီးမှ လုပ်တာမျိုး...
သူများတွေ ဘယ်လိုမကောင်းတာတွေပြောပြော
တန်ဖိုးထား ဂရုစိုက်ပေးတာမျိုး....
အချိန်ကြာလာလေ ရိုးမသွားပဲ
ပိုချစ်မိပြီး သံရောစဉ်ပိုတွယ်လာမိတာမျိုး.....
အသစ်တွေ ဘယ်လောက်တွေ့တွေ့
သူတစ်ယောက်ထဲနဲ့တင်
တနေကုန် အချိန်တွေမလုံလောက်တာမျိုး.....
တကယ်ပါ
အချစ်စစ်နဲ့ချစ်ရင် တစ်ယောက်ထဲနဲ့ လုံလောက်တယ်....
18/12/2024
အချစ်မှာ ဘာကြောင့်ချစ်မိသွားလဲ? ဆိုတဲ့ Formula
မရှိသလို ဖော-က်ပြန်ခြင်းမှာလည်း ဘာကြောင့်ဖော-က်ပြန်တာလဲ? ဆိုတဲ့ Formula လည်းမရှိပါ။ တချို့လူတွေက ထက်မြက်တဲ့ အိမ်ထောင်ဖက်ကိုရလည်း ဖော-က်ပြန်တတ်သလို ကျိုးနွံပြီးအလိုက်သိတဲ့ လက်တွဲဖော်ရလည်း ဖော-က်ပြန်ချင်တဲ့သူက ဖော-က်ပြန်မှာပါပဲ။
ဒါတွေကိုတွေးပူပြီး အိမ်ထောင်မပြုပဲ နေနိုင်ကြတာမှ မဟုတ်တာ။ မလိုအပ်ပဲ တွေးပူမနေပါနဲ့။ လွတ်လပ်တဲ့ Singleဘဝလေးမှာ စိတ်ချမ်းသာအောင်နေပါ။ ခရီးတွေထွက်ပါ။ သင်ယူစရာရှိတာကို ကောင်းကောင်းမွန်မွန် သင်ယူပါ။ ကိုယ်ဝါသနာပါတာကိုလုပ်ပါ။
အချိန်တန်လို့ လက်ထပ်တဲ့အခါ သစ္စာရှိတဲ့ အိမ်ထောင် ဖက်ကိုရရင် တန်ဘိုးထားပါ။ဖော-က်ပြန်တဲ့ အိမ်ထောင် ဖက်ကိုရရင် အမြန်ဆုံးလက်လွှတ်လိုက်တာ ပိုကောင်းပါတယ်။ ကိုယ့်အတွက် အများကြီး Nar ကျင်ရပေမယ့် ရေရှည်မှာအေးချမ်းပါလိမ့်မယ်။ ဘယ်တော့ ထပ်ပြီး ဖော-က်ပြန်ခံရမှာလဲ?ဆိုပြီးတွေးပူနေစရာမလိုတော့ဘူး။
ကံအကြောင်းမလှလို့ ဖော-က်ပြန်ခံရတာချင်း အတူတူ အရည်အချင်းရှိတဲ့သူက ဒီ T-oxic RS ကနေ ခေါင်းမော့ရင်ကော့ပြီး ရု-န်းထွက်နိုင်မယ်။ ကိုယ့်ကလေးတွေကိုလည်း ကောင်းကောင်းစောင့်ရှောက်ပေးနိူင်မယ်။ ကိုယ့်ဘဝကိုယ် မရပ်တည်နိုင်တဲ့သူ ၊ စိတ်ပျော့တဲ့သူတွေကြတော့ သူဘာလုပ်လုပ် ထိုင်ကြည့်နေရုံကလွဲပြီး တကယ်ဘာမှမတတ်နိုင်ပါ။
ဒါကြောင့် " ငါများဖော-က်ပြန်ခံရရင်'' ဆိုပြီး အချိန်ကုန်ခံတွေးမနေပါနဲ့။ "အချစ် ၊ အချစ်'' ဆိုပြီး အချစ်စိတ်တစ်ခုတည်းနဲ့ ဘဝကိုစိတ်ကူးယဥ်မနေပါနဲ့။ ရခဲလှတဲ့လူ့ဘဝမှာကောင်းမှုတွေနဲ့ ပျော်ပျော်နေရင်းကိုယ့်ကိုယ့်ကိုယ် အရည်အချင်းရှိအောင်ကြိုးစားပါ။ဘဝကိုအကောင်းဆုံး တည်ဆောက်ပါ။ ဒါမှတကယ့်လက်တွေ့ကျကျ ပျော်ရွှင်ရပါလိမ့်မယ်။
Image : Credit
09/12/2024
စိတ်ထားလှအောင်အမြဲနေပါ။
လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒီလူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။
ကိုယ်အသ၊က်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။
တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ။
08/12/2024
ချစ်ခြင်းသစ္စာ
အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတာ နမ်းလိုက်တာ၊ အခန်းထဲမှာ တစ်ညအိပ်ကြတာကနေ စတာမဟုတ်ပါဘူး။ အဲဒီအရာတွေထက် အများကြီး စောပါတယ်။ လိုတာထက်ပိုပြီး ကြာကြာကြည့်လိုက်မိတာ၊ မပို့သင့်တဲ့ မက်ဆေ့ချ်တွေ ပို့မိတာ၊ တိတ်ဆိတ်စွာနဲ့ သတ်မှတ်ထားတဲ့နယ်နိမိတ်တွေကို ကျော်လွန်သွားတာတွေကနေ စပါတယ်။ ဆက်ဆံရေးတစ်ခုကို ခိုင်မြဲစေတဲ့ လေးစားမှုနဲ့ ယုံကြည်မှုတွေကို လျစ်လျူရှုလိုက်တဲ့အချိန်ကနေ စတာပါ။
သစ္စာဖောက်ဖို့ဆိုတာ စိတ်နှလုံးနဲ့ စိတ်ကူးထဲကနေ စပါတယ်။ သစ္စာရှိမှုထက် သွေးဆောင်မှုကို ရွေးချယ်မိတဲ့အခါ၊ ကတိသစ္စာထက် စူးစမ်းလိုစိတ်က လွှမ်းမိုးသွားတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။ ဒါဟာ သေးငယ်တဲ့ သစ္စာဖောက်မှုလေးတွေကနေ စပါတယ် - ဖုံးကွယ်ထားတဲ့ စကားပြောဆိုမှုတွေ၊ မပြောပြတဲ့ လျှို့ဝှက်ချက်တွေ၊ တဖြည်းဖြည်း ဝေးကွာလာတဲ့ ဆက်ဆံရေးတွေပေါ့။ အိမ်ထောင်ဖက်နဲ့ သစ္စာရှိတဲ့ဆက်ဆံရေးမှာ မရှိသင့်တဲ့ ရွေးချယ်စရာတွေကို စဉ်းစားလာတဲ့အခါမှာ ဖြစ်ပါတယ်။
သစ္စာဖောက်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာထက် ပိုပါတယ်။ စိတ်ခံစားမှုပိုင်းဆိုင်ရာ စွန့်ပစ်မှုလည်း ဖြစ်ပါတယ်။ မိမိရဲ့အိမ်ထောင်ဖက်ကို မသိစေဘဲ တခြားတစ်ယောက်နဲ့ ရင်းနှီးမှုတည်ဆောက်တာမျိုးပါ။ ယုံကြည်မှု၊ အချစ်နဲ့ နှစ်ပေါင်းများစွာ အတူတကွ တည်ဆောက်ထားတဲ့ နှစ်ဦးကြား ရင်းနှီးမှုထက် ခဏတာပျော်ရွှင်မှုကို ဦးစားပေးတာမျိုးပါ။
သင့်ရဲ့ လက်ရှိဆက်ဆံရေးကို တကယ်တန်ဖိုးထားရင် သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေကို လေးစားပါ။ ကိုယ့်အခက်အခဲတွေကို ရိုးသားစွာဖွင့်ဟပါ။ တစ်ခုခုမှားနေတယ်လို့ ခံစားရရင် ပြောပြပါ။ အချစ်ဆိုတာ ပျော်ရွှင်တဲ့အချိန်တွေမှာပဲ မဟုတ်ပါဘူး - အတူတကွ တည်ဆောက်ထားတာတွေကို ကာကွယ်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတာလည်း ပါဝင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုတစ်ခါကျိုးပျက်သွားရင် တောင်းပန်စကားတွေ၊ မျက်ရည်တွေနဲ့တောင် သစ္စာဖောက်မှုကြောင့် ပြိုကွဲသွားတဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့ မလုံလောက်နိုင်ပါဘူး။ သစ္စာဖောက်မှုဟာ အသည်းတွေကိုပဲ ကွဲစေတာ မဟုတ်ပါဘူး - အချစ်စစ်ရဲ့ အနှစ်သာရကိုပါ ပျက်စီးစေပါတယ်။
Cheating doesn’t begin with a kiss or a night behind closed doors; it begins long before that. It starts with a look that lingers too long, a message you shouldn’t send, a boundary crossed in silence. It starts with neglecting the respect and trust that hold a relationship together.
Cheating begins in the heart and mind—when someone allows temptation to override loyalty, and curiosity to overrule commitment. It’s in the small betrayals: a hidden conversation, an unspoken secret, a growing distance. It’s when someone chooses to entertain an option that should never exist in a committed relationship.
Infidelity is more than physical. It’s emotional abandonment. It’s creating intimacy with someone else while leaving your partner in the dark. It’s prioritizing fleeting pleasure over the deep bond built on trust, love, and years of shared experiences.
If you truly value the relationship you’re in, respect the boundaries. Be honest about your struggles. Communicate when something feels wrong. Love isn’t just about the good times—it’s about making hard choices to protect what you’ve built.
Because once trust is broken, even apologies and tears may not be enough to rebuild the foundation that crumbles under betrayal. Cheating doesn’t just shatter hearts—it erodes the very essence of what love is meant to be.
English text source - Spirituality
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.
Whenever you see the Stars icon, you can send me Stars!
21/10/2024
အရာရာကို..
အဖက်ဖက်က..
ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားခြင်းက
ကောင်းတဲ့အခြေအနေတစ်ရပ်ကိုရောက်အောင်
အဓိကပို့ဆောင်ပေးတဲ့အချက်ဖြစ်တယ်..!
ဒီနေ့ မနက်ဖြန်အတွက်စဉ်းစားနေတာကနေ
နောင် ၁ နှစ်၊ ၃ နှစ်၊ ၅ နှစ် စသည်ဖြင့်...
ကိုယ်ကြိုတင်စဉ်းစားနိုင်သလေါက် အတွက်ကြိုတင်ပြင်ဆင်ပါ..!
ကြိုတင်တွက်ဆ စဉ်းစားရွေးချယ်ခွင့်က
မိတ်ဆွေ လက်ထဲမှာ ၁၀၀% အပြည့်ရှိနေပါတယ်..!
18.10.2021
19/09/2024
လောကမှာ ရှက်တတ်ဖို့
လူ့ကျင့်ဝတ် သိတတ်ဖို့ ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။
ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူး
ဆိုတာကို သိနိုင်တာ။
လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။
ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။
ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့
သွားပြောနေလို့ အလကားဘဲ။
"အဲဒါ ရှက်စရာမို့လို့လား
ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။
ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက
အပြစ်ကြီးအောင်ပါ လုပ်ကြ
ပြောကြဦးမှာ။
အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့်
application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"
16/09/2024
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်ငွေ (၁၀) ဘီလီယံ မ,တည်လှူဒါန်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့် ဖြန့်ကျက်ဆောင်ရွက်လျက် ရှိပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့်တပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့် - ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယဆင့် - ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်များ ရေးဆွဲလျက်ရှိပါသည်။
ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် စက်တင်ဘာလ (၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ခံစားရသော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး အသင့်စားသုံးနိုင်သော အစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် အစရှိသော နေရာ အသီးသီး အထိ ကားကြီးများဖြင့် အရောက် အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိပါသည်။
ချက်ပြုတ်စားသောက်ရန် ခက်ခဲသောမြို့ရွာများတွင်လည်း ထမင်းချက်စခန်းများကို မဏ္ဍပ်များထိုး၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးဒဏ်ခံရသော ကျေးရွာများအတွက်လည်း ၄င်းရွာနှင့် နီးစပ်သော ရေလွတ်သော ကျေးရွာများသို့ KBZPay မှတဆင့် ငွေလွှဲ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေလျက်ရှိပါသည်။
မြန်မာနိုင်ငံတဝှမ်း ကမ္ဘောဇဘဏ်ဘဏ်ခွဲအသီးသီးရှိ ဘဏ်ဝန်ထမ်းများမှလည်း ဘဏ်မှလှူဒါန်းမှုဒါန်းမှုများအတွက် ကိုယ်တိုင် လုပ်အားပေး ပါဝင်ဆောင်ရွက်နေသည့်အပြင် အဝတ်အထည် ၊ ဆေးဝါး ၊ ငွေကြေးအလှူဒါနတို့ကိုပါ တတ်အားသရွေ့ ပါဝင်လှူဒါန်းလျက်ရှိပါသည်။
ရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ် ရှိသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားနေရာဒေသများအတွက်လည်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ရရှိခဲ့သော ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွေ့အကြုံကောင်းများ ကို အခြေခံကာ ယခုရေကြီးရေလျှံမှု သဘာဝဘေးအန္တရယ် ကျရောက်ချိန်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
01/09/2024
ဘဝထဲမှာ ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့
လူတွေနဲ့ လမ်းခွဲအပြီးသတ်မှာ
ဒဏ်ရာအကြောင်းတွေးဖြစ်လို့
ဝမ်းနည်းဖြစ်လိုက်တာပဲရှိပါတယ်
ဆုံရှုံးလိုက်ရလို့ နောင်တ ရတာမျိုးမဟုတ်ပါဘူး။
အချိန်အကြာကြီး ချစ်ပေးခဲ့သမျှ
ကိုယ်ပြန်ရတာကစိတ်ပျက်စရာတွေဖြစ်နေခဲ့တာကို
ဝမ်းနည်းဖြစ်ရုံပါ ။
" ဘာလို့ကိုယ့်ကိုဒီလိုတွေလုပ်သွားတာလဲ"
"ကိုယ်အကြိမ်ကြိမ်ခွင့်လွှတ်ပေးထားတဲ့ကြားက
ကိုယ့်ခွင့်လွှတ်ခြင်းတွေကို ထပ်ခါထပ်ခါ
အလွဲသုံးစားလုပ် သွားရတာလဲ "
" ကိုယ်ချစ်ပေးခဲ့တာ လိုအပ်ချက်များရှိလို့လား"
ဆိုတဲ့ မေးခွန်းတွေ က ကိုယ့်ကိုယ်ပြန်ကျိုးကျေ
စေခဲ့တဲ့ အတွေးတွေနဲ့ ပြန်ပြန်မေးပြီး
စိတ်ဝမ်းနည်းရတာပါပဲ ။
အဲ့ဒီလို ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပြီး
ကိုယ့်မှာ ပဲ ချို့ယွင်းချက်ဖြစ်စေသလား
ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး
စိတ်အားငယ်ဖြစ်ရတာပါ ။
ဖောက်ပြန်တဲ့သူတွေကမသိပေမယ့်
ချစ်ပေးရတဲ့သူက ဖောက်ပြန်ခံရတဲ့
စိတ်ဒဏ်ရာကို နှစ်တွေအတော်အကြာကြီးအထိ
ခံစားရတာပါပဲ ။
အဲ့ဒီခံစားချက်နဲ့ အရာရာကို သိမ်ငယ်ရတာပါပဲ
နောက်ထပ်ချစ်ရမယ့် ကိစ္စတွေကို
မစဥ်းစားရဲတော့တဲ့အထိပါပဲ ။
ဒါပေမယ့် ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်တော့
ကိုယ့်ရဲ့ မေတ္တာတရားနဲ့ မထိုက်တန်တဲ့
လူတစ်ယောက်နဲ့ လွဲချော်သွားရတာက
ကိုယ့်အတွက် ကံကောင်းမှုတစ်ခုပေါ့။
ဘာပဲပြောပြော ဒါကို ဝဋ်ကြွေးတစ်ခုအဖြစ်
မှတ်ယူပြီး ဖြေသိမ့်စရာလေးတော့ရပါတယ် ။
" ပေးစရာရှိတာပေးခဲ့တာပဲ
ပြန်ရတာ ဒဏ်ရာတွေဆိုတော့လည်း
ဘယ်တတ်နိုင်မလဲပေါ့ "
(AungKhinSitt)
8:00pm
#မတတ်နိုင်ဘူးပေါ့
01/09/2024
သူများကို ဘယ်လိုလူစားလို့
ပြောလိုက်တာဟာ
ကိုယ့်ကိုကိုယ်
ဘယ်လိုလူစားလို့
ဖော်ပြနေတာနဲ့ အတူတူပါပဲ။
01/09/2024
"လိပ်ပြာလုံတယ်"
--------------------------
*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်။
*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး။
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား။
*မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး။
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား။
*အလိမ်အညာတွေ ခံရဖူးတယ်။
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်။
အထင် အမြင်တွေ လွဲတာခံရဖူးတယ်။
စေတနာတွေ စော်ကားခံရဖူးတယ်။
*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်။
"ဘာမဟုတ်တာလေးနဲ့" တဲ့။
* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ။
* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်။
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်။
* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ။
*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မ က် တော့ သ လို
စကားချိုချိုလေးတွေကို
ရမ်းမယုံတတ်တော့ဘူး။
မျက်နှာချင်းဆိုင်က
အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို
ပိုသတိထားတယ်။
*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး။
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး။
မကြိုက်ရင် မကြိုက်ဘူး။
မပေးနိုင်ရင် မပေးနိုင်ဘူး။
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ။
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်။
*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ။
ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်။
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား။
30/08/2024
အင်္ဂါနေ့မှာ ဖွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ….
အမြဲတမ်းပြုံးရီနေတတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ နောက်ကွယ်က အကြောင်းတွေလို့လဲ ခေါင်းစဉ်တပ်ချင်တပ်လို့ရတယ် .. အဲ့ဒီကောင်မလေးကိုလေ လတစ်လရဲ့ အင်္ဂါနေ့မှာ မွေးတယ်ပေါ့ … အမြဲတမ်းပြုံးရီနေတတ်တဲ့ နှုတ်ခမ်းရယ် ပြီးတော့ …. တစ်ခုခုဆို တိတ်ဆိတ်သွားတဲ့ နှုတ်ခမ်းရယ် ဆန့်ကျင်ဖက်ဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံကို သူ ပိုင်တယ် …
ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားလုံးဟာ ဘ၀တစ်လျှောက်လုံးမှာ အသုံးများဆုံးဖြစ်မယ်ထင်တယ် … ပြီးတော့ ဒီလိုပါပဲဆိုတဲ့ စကားလုံးဟာ နောက်ထပ် အသုံးအများဆုံးစကားလုံးပေါ့ ။ လွတ်လပ်မှုကို ခုန်မင်သလောက် သိပ်ကို ရင့်ကျက်တယ် … တစ်ခါတစ်လေ ကလေးဆန်ရင်တောင် ရင့်ကျက်ခြင်းတွေနဲ့ ကလေးဆန်တတ်တဲ့ ကလေးတစ်ယောက်လေ … တစ်ခါတစ်လေကျ သူဟာ အိမ်ရဲ့ ဆည်းလည်းလေးဖြစ်နေသလိုပဲ သူရှိရင်နေရင် တစ်အိမ်လုံးက သာယာပြီး အသံတွေဆူနေရော ။ တစ်ခါတစ်လေကျပြန်တော့လဲ မင်းကွန်းခေါင်းလောင်းကြီးပေါ့ … ဒေါသတွေထွက်ပြီး အော်ချင်အော် ငေါက်ချင်ငေါက်နေတတ်သလို အရာရာကို စိတ်တိုင်းမကျ … မနက်တွေလင်းကထဲက ဆူညံနေပါရော …
သိပ်ကို တည်ငြိမ်တတ်တယ် တစ်ဖက်မှာ … သိပ်ကို ဒေါသကြီးတယ် … တချို့က ၀ုန်းတိုင်းကျဲ ပေါက်ကွဲတတ်ပေမယ့် သူကကျတော့လေ အဲ့လိုမျိုးမဟုတ်ဘူး စိတ်မကောင်းစရာတစ်ခုခုတွေ့သွားပြီဆိုရင် တိတ်ဆိတ်သွားတတ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာလေးကို သဘောကျတယ် … နာကျင်လွန်းရရင် မျက်ရည်ဝဲမိကောင်း ဝဲမိသွားလိမ့်မယ် ဒါပေမယ့် ဘယ်တော့မှ မငိုဘူး … တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်လို့ဆိုတဲ့စကားတွေနဲ့ ပိုပြီးတော့ တိတ်ဆိတ်သွားလိမ့်မယ် ပိုပြီး ငြိမ်သက်သွားလိမ့်မယ် သူ သိမ်းထားနိုင်တဲ့ ဒဏ်ရာတွေအားလုံးကို မြိုသိပ်ထားလိမ့်မယ် … ဒါပေမယ့် မြိုသိပ်ထာထားတာ များလာရင် ကိုယ်ဘယ်လောက်ပဲ ချစ်တဲ့အရာကိုပဲဖြစ်ဖြစ် တစ်သက်စာအတွက် လှည့်ထွက်လိုက်ဖို့ မခက်တော့ဘူး …
သူငယ်ချင်းတွေ များများစားစား သိပ်မရှိတတ်သလို … အမြဲတစေရှိနေတတ်တဲ့လူတွေကလဲ လက်ငါးချောင်းတောင် မပြည့်တတ်ဘူး … အမြဲ ပြုံးနေတတ်တယ် ပြီးတော့ နာကျင်ခြင်းတွေကို သိမ်းထားတတ်တယ် … အရာရာကို ခေါင်းထဲမှာထည့်ထားတတ်သလို အရာရာကို ဘယ်သူ့မှမသိအောင် သိမ်းပြီး နာနေတတ်တာကတော့ အားနည်းချက်ပေါ့ တစ်ယောက်တည်း ကမ္ဘာတွေပျက်ရတယ် တစ်ယောက်တည်း နာကျင်ခြင်းတွေနဲ့ အိပ်စက်ရတယ် ဘယ်သူမှမလိုပါဘူးဆိုတဲ့စကားကို သုံးကြတယ် … ဒေါသကြီးတတ်သလောက် သိပ်ကို တည်ငြိမ်တာက ကြောက်စရာအကောင်းဆုံးအကျင့်တစ်ခုပါပဲ .. ဆုံးဖြတ်ပြီးသွားရင် ပြန်ပြင်ဖို့ မလွယ်တော့ဘူး … လိုချင်တာရှိရင် ဘယ်သူတားတား ရအောင်ယူဖို့ မတွန့်ဆုတ်တတ်ဘူး …
အိပ်မက်တွေအများကြီးမက်တတ်တယ် … ဒါပေမယ့် စိတ်ကူးယဉ်တာထက် လက်တွေ့ကျတာတွေကို ပိုပြီးတော့ သဘောကျနှစ်သက်တယ် …သူမက အနုပညာကိုချစ်တတ်တယ် တိရစ္ဆာန်လေးတွေကိုလဲ သိပ်ချစ်တတ်တာ … ကံဆိုးတာက အနီးအနားမှာတော့ အမြဲတမ်းထားခွင့်မရဘူး … အိမ်နီးနားက ကြောင်လေးတွေ ခွေးလေးတွေတွေ့ရင် အစာမကျွေးပဲမနေနိုင်သလို မပွတ်သပ်ပဲ အိမ်ပြန်မလာတတ်ဘူး ။
အစွဲအလမ်းကြီးတတ်တယ် တန်ဖိုးထားတတ်တယ် … ဟိုးအငယ်လေးကတည်းက ရှိတဲ့အရုပ်လေးတွေ မတော်တော့တဲ့ အဝတ်အစားတွေတောင် ဗီရိုထဲသိမ်းထားတတ်သေးတာ … ကြင်နာတတ်သလောက် ရက်လဲရက်စက်တတ်တယ်လို့ ခေါင်းစဉ်တပ်ရမယ်ထင်တယ် တွယ်တာမိပြီဆိုရင် နောက်ဆုံး ဖြစ်နိုင်ပါသေးတယ်ဆိုတဲ့အချိန်ထိ ဆွဲထားတတ်သလို မဖြစ်သင့်တော့ဘူးဆိုတဲ့ အချိန်ကိုရောက်လာရင် သေလောက်အောင် နာကျင်နေပါစေ သေချာပေါက်ကို လက်လွှတ်တတ်သွားလိမ့်မယ် ။
သူက ... အင်္ဂါသမီး အရမ်းဒေါသကြီးတယ် အရမ်းမြိုသိပ်တတ်တယ် ။ တည်ငြိမ်သယောင်နဲ့ ပြိုလဲနေတတ်သလို မနာကျင်သယောင် နှုတ်ခမ်းကို တင်းတင်းစေ့ တိတ်ဆိတ်သွားတတ်သေးတာ ။ သိပ်ပွင့်လင်းတယ် ဒါပေမယ့် သူ့အတွေးတွေက ကိုယ်လိုက်မမှီနိုင်တဲ့အထိ ရှုပ်ထွေးတယ် ။ စိတ်မှမပါရင် ထိုင်ရာကမထသလို အရာရာဟာ သူ့စိတ်တိုင်းကျ နေထိုင်ရတာကို နှစ်သက်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ။ ပြုံးပြီးနေရင် သိပ်ကို ချစ်ဖို့ကောင်းတာ ။ ပေါက်ကွဲမိသွားရင်လဲ သိပ်ကို ကြောက်ဖို့ကောင်းတာ ။
#ကျေးကို
28/08/2024
ချစ်တယ် နဲ့ သံယောဇဉ် ရှိတာ မတူဘူး။
ချစ်တယ်ဆိုတာ
တစ်ခဏလေး တွေ့လိုက်ချိန် အတွင်းမှာပဲ
လူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်။
ဒီနေ့
ချစ်မိနေပြီးမနက်ဖြန်မှာ ချက်ချင်းပဲ
မချစ်နိုင်တော့တာလဲ ဖြစ်နိုင်တယ်။
"သံယောဇဉ်" ဆိုတာ က
ချစ်တယ် ဆိုတာထက် ပိုလေးနက်တယ်။
တည်ဆောက်ရတဲ့ ကာလကလည်း
ကြာတယ်.........
လူနှစ်ယောက် မချစ်ပဲ နဲ့ လည်း
သံယောဇဉ်ကြောင့်
လက်ထပ် သွားကြ တာလည်း ရှိတယ်။
သံယောဇဉ်က
"ချစ်တယ်" ဆိုတာ လိုမျိုး
အပြောင်းအလဲ မရှိဘူး။
ဒီနေ့ "သံယောဇဉ်" ရှိလည်း
နောက်နေ့..... နောက် နေ့ပေါင်းများစွာလည်း
ရှိမှာပဲ။
မုန်းနေရင်တောင်
"သံယောဇဉ်" ကြောင့်စိတ်ထဲ တွေးမိ ပြီး
သတိရနေ မှာပဲ။
အဲ့တော့
တစ်ယောက်နဲ့ တစ်ယောက်
ချစ်တာ အပြင်သံယောဇဉ် ရှိသွားရင်
ဘယ်သူ ဖြတ်ဖြတ် မပြတ်ကြတာ များတယ်။
ပြတ်သွားခဲ့ သည်ရှိတောင်
တစ်ယောက်နဲ့ တစ်ယောက်
သေရာပါ မမေ့နိုင်ကြတာ များတယ်။
"သံယောဇဉ်" ဆိုတာက "ချစ်တယ်"
ဆိုတာထက် ပိုလေးနက်သလို
ပိုပြီးလည်း ဖြတ်တောက်ရ ခက်တဲ့ ကြိုးပါ.။
LDRS ဘဝ မှာ အချစ်တစ်ခုတည်းနဲ့
မတည်မြဲပါဘူး။ သံယောဇဉ်တွေနဲ့ ရစ်ပတ်မှ
ဒီကြိုးက ခိုင်မှာပါ။
ကျွန်တော်ကတော့ လူတစ်ယောက်ကို
"သံယောဇဉ်" အပြင် " ချစ်တယ် " ဆိုတာထက်
ပိုပြီး ချစ်တတ်တဲ့ လူအမျိုးအစား ထဲမှာပါတော့
ခံစားရရင်လည်း
သူများထက် ၃ ဆလောက်ပိုတယ်။...
??𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
Via -
27/08/2024
အိမ်ထောင်ပြုတော့ မလို့လား......?
ညီလေး.....။
မင်း အလုပ်မယ်မယ်ရရ ရှိနေပီလား...?
မိန်းမတစ်ယောက် ယူတယ်ဆိုတာ ပိုက်ဆံရှာပေးနိူင်ရုံနဲ့ရော
တာဝန်ကျေပီလို့ ထင်နေလား....?
မင်းမိဘက ချမ်းသာတယ်ဆိုပါစို့
မိဘ ချမ်းသာတာက မင်း ချမ်းသာတာလား...?
မိဘချမ်းသာတာကရော မင်းမှာ အရည်အချင်းမရှိရင်
အချိန်တန်ရင် ကုန်မှာပဲ။
ယောက္ခမလောင်းက ချမ်းသာလို့ ငွေမက်ပြီးယူမလို့လား...?
ယောက္ခမ ကိုအားကိုးမယ်ဆိုရင်တော့ သေချာတယ်
တစ်သက်လုံး "ကျွန်"ဖြစ်ရင် ဖြစ် ၊ မဖြစ်ရင် "နွား" ဖြစ်မှာပဲ။
အရည်အချင်းမရှိရင်တော့ "ငါ့ညီရေ "မင်းကို ချစ်ပါတယ်ဆိုတဲ့
မင်းရဲ့ အိမ်ထောင်ဖက်က အချိန်ကြာလာလေ မင်းကို
အလေးမထားလေပဲ။
သူများတွေလည်း ဒီလိုပဲ အိမ်ထောင်ပြုကြတာပဲလို့ မင်း မေးမယ်
ဟုတ်ပါတယ် လူဆိုတာက သီးချိန်တန်ရင် သီးမှာပဲ
သီးချိန်တန်ပေမယ့် စျေးကွက် ဝင်ဖို့တော့ လိုသေးတယ်လေ
ချစ်သူဘဝမှာ အချစ်က နံပါတ်တစ်
အိမ်ထောင်သည်ဘဝမှာတော့ အရည်အချင်းက နံပါတ်တစ်ကွ
တူနှစ်ကိုယ် ထမင်းရည်အတူသောက်ပြီး ကြိုးစားကြမယ်လို့
ယူခဲ့ကြတာပဲ။ ဒါပေမယ့် တာဝန်တွေ အကုန်လုံးက မင်းထမ်းရမှာနော်
မိန်းမ နဲ့ မိန်းမဘက်က အသိုင်းအဝိုင်းက မင်းတော်ရင်
ချီးမြှောက်မယ် အမှီပြုမယ်။ အေး....မင်း အသုံးမကျလို့ကတော့
တက်နင်းခံရမှာ အသေအချာပဲ။
အချစ်စိတ်မွှန် တစ်ထွှာလောက်ကြည့်ပြီး ဇွတ်မမိုက်နဲ့
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ဇနီးသည်ရဲ့
"ရိုသေလေးစားမှူ"ပဲကွ။ အသုံးမကျတဲ့ ကောင်ဆိုပြီး လူရှေ့မှာ
မင်းမိန်းမက ပြောဆိုလာတဲ့နေ့ မရောက်စေနဲ့။ ရောက်လာတဲ့နေ့ကတော့
မင်း အလကားကောင် ဖြစ်တဲ့နေ့ပဲ။
နောက်တစ်ခုက....
ပိုက်ဆံတော့ ရှာပေးနိူင်တယ် ။" ချစ်သဘော ချစ်သဘော"ဆိုပြီး
မိန်းမကို အလိုလိုက်မိလို့ကတော့ အတွေးအခေါ်ရှိတဲ့ မိန်းမဆို
ကိစ္စမရှိပေမယ့် အတွေးအခေါ် မရှိတဲ့မိန်းမဆိုလို့ကတော့
မင်း နေ့မအိပ်ညမအိပ်ရှာလည်း လောက်ငှမှာ မဟုတ်ဘူး။
တို့ယောက်ျားတွေတာဝန်က မိန်းမဖြစ်သူကိုလည်း guideline
ပေးတတ်ရတယ်။
အိမ်ထောင်ဦးစီးဆိုတာက အမှန်ပြေရရင် ကြိုးတန်းပေါ် လမ်းလျှောက်
ရသလိုပဲ။ မင်း ဆုံးဖြတ်ချက်တွေ မှန်ပီး အောင်မြင်နေရင်တော့
လင် ကို ဘုရားလို ကိုးကွယ်မှာပါ ။ ဒါပေမယ့် မင်းအကောင်းဆုံး
လုပ်နေတာတွေက မအောင်မြင်ရင်တော့ လင်ကို ဘုရားလို ကိုးကွယ်ဖို့ထက် မင်းကို ထမင်းခူးခပ်ကျွေးရင်တောင် ကံကောင်းတယ်
မှတ်ပါ။ မိန်းကလေးတိုင်းကို ဆိုလိုတာမဟုတ်ဘူးနော်
လောကမှာ အောင်မြင်ရင်တမျိုး ၊ အလုပ်အဆင်မပြေလာရင်တစ်မျိုး
ဆက်ဆံပုံ မတူတဲ့ မိန်းမတွေရှိတယ်။
အိမ်ထောင်ရေးဆိုတာက ပင်လယ်ပြင်ထဲကို မုန်တိုင်းထန်ချိန်မှာ
သဘောင်္မောင်းနှင်ရတဲ့အချိန်တွေရှိသလို ရာသီဥတု သာယာချိန်မှာလည်း
မောင်းနှင်ရတာတွေ ရှိတယ်။ဘယ်အချိန်မှာပဲ မောင်းမောင်း
သင်္ဘောမမှောက်ဖို့က မင်းတာဝန်ပဲ။
နောက်တစ်ခုက....
မင်း နာမကျန်းဖြစ်လာပြီ ဆိုကြပါစို့
မင်းရဲ့ ဇနီးသည်က မင်းအပေါ် ဘယ်လောက်အထိ ချစ်နိူင်သလဲ
အနွံအတာ ခံနိူင်သလဲဆိုတာ မင်း မယူခင်မှာ သေချာရွေးချယ်
တတ်ဖို့လိုတယ်။တစ်ခါတစ်လေကျတော့ ရည်းစားဘဝမှာ
အားနည်းချက်တွေ အကုန်မသိပေမယ့် အိမ်ထောင်လည်းကျရော
ဘူးပေါ်သလို အကုန်လုံးပေါ်လာတတ်တယ်။ အဲ့ဒါတွေပါ
မင်းခံနိူင်အောင် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။
အိမ်ထောင်ရေးဆိုတာက ချစ်သူနှစ်ဦးတည်း ပေါင်းသင်းရတယ်လို့
မတွေးလိုက်နဲ့။ နှစ်ဖက်အမျိုးတွေပါ အဆင်ပြေနိုင်မလားဆိုတာပါ
စဉ်းစားရတယ်။ရည်းစားဘဝမှာ ရွေးချယ်ခွင့်ရှိပေမယ့် အိမ်ထောင်ကျပြီ
ဆိုတာနဲ့ ရွေးချယ်ခွင့် မင်းဆုံးရူံးသွားပြီ။ငါတို့ ယောက်ျားတွေက
အရွေးမှားလည်း မနစ်နာပါဘူးလို့ မတွေးလိုက်နဲ့။ လှေကားသုံးထစ်ဆင်းရင် လူပျိုဖြစ်တယ်လို့ ထင်နေတတ်ကြတယ်။
မဟုတ်ဘူးနော် "ငါ့ညီ"သေချာတာကတော့ မင်း တစ်ခုလပ်ဆိုတဲ့
ဘွဲ့တစ်ခုရမှာဖြစ်ပြီး လူပျိုပြန်မဖြစ်တော့ဘူး။
အလုပ်တစ်ခု ကျရူံးသွားရင် နောက်တစ်ကြိမ် ပြန်ကြိုးစားလို့ရတယ်
အိမ်ထောင်ရေးမှာ ကျရူံးသွားရင်တော့ နောက်တစ်ကြိမ်ကြိုးစားဖို့
ဆိုတာ သိပ်တော့မလွယ်ကူဘူး။ အသစ်တည်ဆောက်ခွင့်ရှိရင်လည်း
ငယ်လင်ငယ်မယားလောက်တော့ မင်းကို တန်ဖိုးထားချင်မှ
ထားမှာလေ။
ဘယ်အရာဖြစ်ဖြစ် နှစ်ခါလုပ်ရရင် မကောင်းတတ်ဘူး
တစ်ကြိမ်ထဲမှာ အောင်မြင်ရင် အကောင်းဆုံးပါ။
ညီလေး.....
အိမ်ထောင်ပြုတော့မယ်ဆိုရင် အရွေးမမှားဖို့လိုသလို
ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်နော်။
#စာပေ #စာအုပ် #ဗဟသုတ #စိတ်ဓာတ် #လူ့တန်ဖိုး #ခွန်အားပြည့်
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
25/08/2024
အရင်တုန်းကတော့
ကိုယ်ချစ်သလောက်
ပြန်ချစ်စေချင်တယ်
ကိုယ်ခွင့်လွှတ်ပေးသလို
ပြန်သိတတ်စေချင်တယ်
ကိုယ်စာနာသလို
ပြန်စာနာတတ်စေချင်တယ်
ကိုယ်သဘောကောင်းသလို
ပြန်ကောင်းစေချင်တယ်
လူပေါင်းစုံနဲ့
တွေ့ကြုံဆုံကွဲပြီးတဲ့အချိန်မှာတော့
ကောင်းတဲ့သူတွေက
ကောင်းတဲ့နေရာမှာ တည်မြဲပြီး
ပျော်ရွှင်စွာ ကျန်ရစ်ရှင်သန်ခဲ့ကြတယ်
မကောင်းတဲ့သူတွေကလည်း
မကောင်းတဲ့လမ်းကို
အထီးကျန်မှုတွေနဲ့နာကျင်စွာ
ရှေ့ဆက်လျှောက်လှမ်းသွားကြတယ်
လူထဲက
လူတွေအကြောင်းကို
သင်ယူတတ်မြောက်ခဲ့ပြီထင်ပါတယ်
အခုချိန်မှာတော့
မကောင်းတဲ့သူတွေကို
ဥပေက္ခာပြုလိုက်တယ်
ကိုယ့်အပေါ်ကောင်းတဲ့သူတွေနဲ့
ရှေ့ဆက်တယ်
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို
နားလည်လက်ခံပြီး
ကိုယ့်တန်ဖိုးကို မြှင့်တင်ပေးတဲ့
လူရဲ့ လက်ကိုဆွဲတယ်
ကိုယ့်စိတ်နဲ့နှိုင်းပြီး
ခံစား ခံပြင်းမနေတော့ဘူး
ကိုယ်စိုက်ပျိုးတဲ့အရာ
ကိုယ်ပြန်ရိတ်သိမ်းရမှာမို့
စိုက်ပျိုးတဲ့အရာ မမှားဖို့ပဲ
ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်နေရဦးမှာပါပဲ။
ပျော်ရွှင်ကြပါစေရှင်
အရာရာဟာအတိုင်းအတာတစ်ခုအထိပါပဲ
Click here to claim your Sponsored Listing.
Videos (show all)
Category
Address
Hinthada
10062











