Hinthar Yin Khwin Restaurant

Hinthar Yin Khwin Restaurant

Share

Restaurant

18/06/2026

📍 We Are Hiring

တိုးတက်အောင်မြင်နေတဲ့ "Hinthar Yin Khwin Restaurant" ကို ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ အတူတူ ရှေ့ဆက်ပုံဖော်သွားဖို့အတွက် အောက်ဖော်ပြပါ ရာထူးနေရာများအတွက် အလိုရှိနေပါတယ်ခင်ဗျာ🤝

👥 1. Manager (မန်နေဂျာ) — 1 Post ( Male )

လိုအပ်သော အရည်အချင်းများ (Requirements)

✅ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။ (ရိုးသားဖြောင့်မတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသူ)

✅ ခေါင်းဆောင်အရည်အချင်း ပြည့်ဝသူဖြစ်ရမည်။ (ဝန်ထမ်းများကို စနစ်တကျ ဦးဆောင်လမ်းပြနိုင်ပြီး Teamwork ကောင်းကောင်း တည်ဆောက်နိုင်သူ)

✅ လုပ်ငန်းအတွေ့အကြုံ ရှိသူဖြစ်ရမည်။ (စားသောက်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းပိုင်းဆိုင်ရာ မန်နေဂျာ အတွေ့အကြုံရှိသူများကို ဦးစားပေးပါမည်။)

💵 2. Cashier — 1 Post ( Female )

လိုအပ်သော အရည်အချင်းများ
(Requirements)

✅ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။ (ငွေကြေးပိုင်းဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ရိုးသားဖြောင့်မတ်သူ)

✅ ကွန်ပျူတာ အခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။ (POS စနစ် သို့မဟုတ် အခြေခံ Office software များ အသုံးပြုနိုင်သူကို ဦးစားပေးမည်)

✅ အများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။ (အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ပြီး ဆက်ဆံရေးကောင်းမွန်သူ)

ကျွန်တော်တို့နှင့်အတူ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရင်း ရေရှည်လက်တွဲပြီး တိုးတက်လိုသူ မည်သူမဆို အခုပဲ ဆက်သွယ်လျှောက်ထားနိုင်ပါပြီခင်ဗျာ။

📍အမှတ်(၁) မြို့ပါတ်လမ်း၊ဟင်္သာတမြို့။

☎️ 09 941941942

02/06/2026

အပန်းဖြေခရီး (Annual Trip) ထွက်မှာမို့... Hinthar Yin Khwin Restaurant ခဏပိတ်ပါရစေဦးခင်ဗျာ...🚌

ဒါကြောင့်မို့လို့ ခရီးစဉ်အတွင်း...
🚫 ဇွန်လ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ (၃ ရက်တိုင်တိုင်)
ဆိုင်ကို ယာယီပိတ်ထားမှာဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ဗျာ။

ဇွန်လ (၆) ရက်နေ့ မှာတော့ ပိုမိုလန်းဆန်းတဲ့ စွမ်းအင်တွေ၊ အပြုံးတွေ၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဆိုင်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ချစ်ရတဲ့ ဘော်ဒါကြီးတွေကို ကြိုဆိုသွားမှာပါခင်ဗျာ။ 🥰✨

ခရီးမထွက်ခင် ဒီနေ့နဲ့ မနက်ဖြန် (ဇွန် ၁ ရက် နဲ့ ၂ ရက်) မှာတော့ ဆိုင်ပုံမှန်အတိုင်း ဖွင့်လှစ်ထားတာမို့ အားပေးဖို့ လှမ်းလာခဲ့ကြဦးနော် ဘော်ဒါတို့ရေ...။

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

29/05/2026

အလုပ်လုပ်နေတုန်းကတော့ ခါးတွေနာ၊ ပုခုံးတွေညောင်းပြီး 'ငါတော့ သေပါပြီ' ဆိုပြီး ပင်ပန်းနေသလောက်...

ညနေ ၅ နာရီခွဲ ရုံးဆင်းချိန်လည်း ရောက်ရော အားအင်တွေ ဘယ်ကနေ ဘယ်လို ပြန်ပြည့်လာမှန်းမသိဘဲ ခြေလှမ်းတွေက "ဟင်္သာရင်ခွင်" ဆီကို အလိုလို Magnet (သံလိုက်) လို ဆွဲငင်ပြီး ဦးတည်နေပြီမလား? ➡️🍺

တစ်နေ့တာလုံး ကြုံခဲ့ရတဲ့ အလုပ်ဖိအားတွေ၊ ပတ်ဝန်းကျင်အပူတွေကို ခဏမေ့ပစ်ပြီး အေးမြတဲ့ Beer လေးနဲ့ အပန်းဖြေဖို့ ရုံးဆင်းတာနဲ့ ဆိုင်ကို တန်းလာခဲ့ကြတဲ့ ဘော်ဒါတွေ အားလုံးကို ဟင်္သာရင်ခွင်က အသင့်စောင့်ကြိုနေပါတယ်ဗျာ။ 👋✨

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

24/05/2026

ဘီယာတစ်ခွက်ကို တစ်နာရီလောက် ကိုင်ထားပြီး အမြည်း ၃ ပန်းကန်လောက် ပြောင်အောင် စားပစ်တဲ့သူ... 🍺⏳

ဟျောင့် ... မင်းက ဘီယာလာသောက်တာလား?
ဗိုက်လာဖြည့်တာလား? 🤔လို့ မေးယူရလောက်အောင် ဘီယာခွက်ကိုတော့ လက်ကမချဘဲ အမြည်းပန်းကန်ကိုပဲ ဇွန်းနဲ့ ကော်ပြီး စားနေတဲ့ သူငယ်ချင်းမျိုး ကိုယ့်အုပ်စုထဲမှာ ရှိတယ်မလား?

ဒါပေမယ့်လည်း အဲ့လိုကြီးတော့မပြောချင်ပါဘူးလေ...
"ဟင်္သာရင်ခွင်" ရဲ့ ဟင်းလျာတွေက တကယ်ကို ထမင်းမြိန်၊ အမြည်းမြိန်လွန်းတာကိုး😉🔥

✅ မျက်စိပွင့်သွားစေမယ့် ရှူးရှူးရှဲရှဲ ယိုးဒယားအထောင်းစုံ
✅ မီးတောက်အငွေ့နဲ့ မွှေးကြိုင်နေမယ့် မြေအိုးထမင်း ပူပူနွေးနွေး
✅ ဘီယာနဲ့ လျှာပေါ်မြိန်စေမယ့် အကြော်အလှော်နဲ့ အသားကင်မျိုးစုံ

ဆိုင်က ဟင်းတွေက ကောင်းလွန်းနေတော့လည်း အမြည်းသမားကြီးတွေကို အပြစ်မပြောရက်တော့ပါဘူးလေ။ ဆင်ခြေပေးလို့ ကောင်းတာပေါ့။

😋ကဲ... ကိုယ့်ဝိုင်းက 'အမြည်းတိုက်ဖြတ်ရေးအဖွဲ့ခေါင်းဆောင်' ကို အောက်က Comment မှာ အမိအရ Tag ပြီး၊ ဒီညနေ ဟင်္သာရင်ခွင် မှာ အမြည်းထပ်ကျွေးဖို့ ခေါ်လိုက်ရအောင်🏃‍♂️💨

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

16/05/2026

ဘဝရဲ့ အရေးကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ မင်္ဂလာဦးညစာစားပွဲ (Wedding Dinner) ကို ချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ အကျဉ်းရုံးပြီး ပျော်ပျော်ပါးပါး ဆင်နွှဲချင်ပါသလား? 💍✨

ကြိုးစားခဲ့သမျှ အရာထင်ပြီး နှစ်ယောက်တစ်ဘဝ တည်ဆောက်နိုင်ခဲ့တဲ့ ဒီလိုနေ့ထူးနေ့မြတ်မှာ... အချစ်ဆုံးသူငယ်ချင်းတွေနဲ့အတူ ခွက်ချင်းတိုက် ဂုဏ်ပြုဖို့ "ဟင်္သာရင်ခွင်" က နွေးထွေးစွာကြိုဆိုနေပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ အထူးနေ့ရက်လေး ပိုမိုပြည့်စုံသွားအောင် ကျွန်တော်တို့ဘက်က အစွမ်းကုန် ကူညီပေးသွားမှာဖြစ်ပြီး...

✅ Wedding Party အတွက် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ပွဲအစီအစဉ်များ

✅ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ Chill လို့ရမယ့် ဝန်းကျင်

✅ ဧည့်သည်တော်တွေ အကြိုက်တွေ့စေမယ့် လက်ရာကောင်း ဟင်းလျာစုံလင်မှု

ဒီလို အောင်မြင်မှုမှတ်တိုင်တွေကို အမှတ်တရရှိရှိနဲ့ ပျော်ပျော်ပါးပါး ကျင်းပဖို့ "ဟင်္သာရင်ခွင်" ကို ရွေးချယ်လိုက်ပါ။ လူကြီးမင်းတို့ရဲ့ ဘဝမှတ်တိုင်တစ်ခုကို ကျွန်တော်တို့နဲ့အတူ အလှပဆုံး ပုံဖော်လိုက်ရအောင်နော်🤝✨

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

06/05/2026

အပြင်မှာ မိုးစက်မိုးပေါက်လေးတွေနဲ့ လေအေးအေးလေး တိုက်လာပြီဆိုရင်... 🌧️

လူက အလိုလိုနေရင်း နွေးထွေးတဲ့ နေရာတစ်ခုနဲ့ ပူပူစပ်စပ် အရသာလေးတစ်ခုကို တောင့်တမိတတ်တယ်မလား? 🤗

ဒီလို မိုးအေးအေး ညနေခင်းမျိုးမှာ အအေးမိမှာလည်း မစိုးရအောင်၊ လူကိုလည်း လန်းဆန်းသွားစေအောင် "ဟင်္သာရင်ခွင်" ရဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပူပူလေးတွေက အသင့်ရှိနေပါတယ်ခင်ဗျာ။

မိုးရနံ့လေးနဲ့အတူ ဆိုင်ရဲ့ မီးရောင်ဝါအောက်မှာ ဘော်ဒါတွေနဲ့ စကားတပြောပြော၊ ဟင်းရည်ပူပူလေးတစ်ခွက်နဲ့ အနားယူဖို့ "ဟင်္သာရင်ခွင်" ကို အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဒီညနေတော့... မိုးအေးအေးလေးနဲ့ အဖော်လုပ်ဖို့ ကျွန်တော်တို့ဆီမှာ ဆုံကြမယ်လေ🍻

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

02/05/2026

သင်္ကြန်ပိတ်ရက်တွေ ကုန်ဆုံးလို့ ရုံးပြန်တက်ရပြီဆိုတော့ အလုပ်ဖိအားတွေနဲ့ စိတ်ပင်ပန်းနေပြီလား ဘော်ဒါတို့ရေ...။ 💻💼

ပိတ်ရက်တုန်းက ဘယ်လိုတွေ ကဲခဲ့ကြလဲ?
ဘယ်သူတွေနဲ့ ဘယ်လိုလွဲခဲ့ကြလဲ? ဆိုတဲ့ သင်္ကြန်အတွေ့အကြုံတွေကို အားရပါးရ ပြန်ပြောဖို့ နေရာကောင်းတစ်ခု လိုနေပြီမလား။

ခွက်ချင်းတိုက်ရင်း အလွမ်းသယ်ဖို့ အကောင်းဆုံးနေရာကတော့... ကျွန်တော်တို့ "ဟင်္သာရင်ခွင်" ပဲပေါ့🍺

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

30/04/2026

ဟင်္သာရင်ခွင် ရဲ့ အေးမြတဲ့ ရင်ခွင်ထဲ ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဘော်ဒါတို့ရေ 🍻

သင်္ကြန်ပိတ်ရက်ကာလမှာ ရေပက်ခံထွက်၊ ခရီးတွေသွားရင်းနဲ့ ပျော်ခဲ့ကြပေမယ့်...တစ်ခါတစ်လေတော့လည်း ကိုယ်နေနေကျ၊ ထိုင်နေကျ ရင်ခွင်တစ်ခုကို သတိရမိတတ်တယ်မလား?

သင်္ကြန်ပိတ်ရက်မှာ မတွေ့ဖြစ်ကြပေမယ့် အခုတော့ ကျွန်တော်တို့ "ဟင်္သာရင်ခွင်" က ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပါပြီခင်ဗျာ။

✅ ပင်ပန်းသမျှကို အမောပြေစေမယ့် ရှူးရှူးရှဲရှဲ ဟင်းရည်ပူပူလေးတွေ
✅ ဗိုက်ဝဝဖြည့်ဖို့ အငွေ့တထောင်းထောင်းနဲ့ မြေအိုးထမင်း အစုံအလင်
✅ ဘီယာနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ယိုးဒယားအထောင်းနဲ့ အမြည်းမျိုးစုံနဲ့အတူ

လွမ်းနေတဲ့ ဝိုင်းဟောင်းလေးမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖို့ပဲဖြစ်ဖြစ် အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေရာဦးထားဖို့ ဖုန်းလေးတစ်ချက်တော့ ကြိုဆက်လိုက်ဦးနော်📱👇

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

Want your establishment to be the top-listed Bar/pub in Hinthada?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Hinthada

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00