Pyae Sone Pharmacy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Pharmacy, Pharmacy / Drugstore, No (15), Bo Myat Tun Road, Shwe Ku, Hinthada.
02/05/2022
မင်္ဂလာပါရှင်။ 🙏🙏🙏
ဒီနေ့ မင်မင်က သန်ချဆေးတွေအကြောင်း ပြောပြရင်း သန်ကောင်ကင်းစင် ပြုံးပျော်ရွှင်နိုင်ဖို့ သန်ချဖို့ တိုက်တွန်းပါရစေရှင်။ ☺️🥳
🪱 သန်လုံးကောင်၊သန်ပြားကောင်၊တုပ်ကောင် စတဲ့ သန်မျိုးသန်နွယ်တွေဆိုတာကတော့ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ ပေးကို မနေသင့်တဲ့ အကောင်လေးတွေဖြစ်ပါတယ်ရှင်။
💡ပေးမနေသင့်တဲ့ သန်ကောင်တွေ ခန္ဓာကိုယ်မှာရှိနေပြီဆိုရင်ရော ကျွန်မတို့ ဘယ်လိုသိနိုင်လဲ? 👀👀👀
✅ကျွန်မတို့ အစားစားပြီးတိုင်း ဗိုက်နာမယ်။
✅လေပွမယ်။
✅မအီမသာဖြစ်မယ်။
✅ပျို့အန်မယ်။
✅ကိုယ်အလေးချိန်လျော့လာမယ်။
✅ဝမ်းလျောမယ်။
✅စအိုတစ်ဝိုက်ယားယံခြင်းတွေဖြစ်မယ်။
✅ခန္ဓာကိုယ်အရေပြားယားယံခြင်းတွေဖြစ်မယ်။
✅မောမယ်။
✅တစ်ချို့လူတွေမှာ သွေးအားနည်းခြင်းနဲ့ ရင်ကြပ်ခြင်းတွေ ဖြစ်မယ် ဆိုရင်တော့
ကျွန်မတို့ နောက်ဆုံးသန်ချခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားဖို့လိုလာပါပြီ။ 🤔
နောက်ဆုံးသန်ချခဲ့တဲ့အချိန်က ၆လအတွင်းမှာရှိမနေဘူးဆို ကျွန်မတို့ သန်ချကြည့်ဖို့လိုလာပါပြီ။
❓ဒါဆို ကျွန်မတို့ ဘယ်လိုသန်ချမလဲ?
စျေးကွက်ထဲမှာ
Mebendazole 500 mg နဲ့ Albendazole 400 mg ဆိုပြီးရှာဝယ်ယူလို့ရပါတယ်။
✅အသက် ၂ နှစ်နှင့် လူကြီးများအားလုံး
Mebendazole 500 mg (သို့) Albendazole 400 mg ကို ညဘက် ၁လုံး အစားနှင့်သော်လည်းကောင်း အစားမပါပဲနှင့်သော်လည်းကောင်း ဝါးစားပြီးသောက်သုံးနိုင်ပါတယ်ရှင်။
✅သောက်တဲ့အခါမှာ မိသားစုကုန် သန်ချပေးသင့်ပါတယ်ရှင်။
✅အိမ်မှာ မွေးထားတဲ့ Pets လေးတွေရှိရင်လည်း တိရစ္ဆာန်ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချပေးရပါမယ်ရှင်။
✅ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်တွေနဲ့ အသည်းရောဂါပြင်းပြင်းထန်ထန်ရှိသူတွေမှာတော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်ရှင်။
🤔 သန်ချပြီးရင်ရော သန်မကြိုက်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် ဘယ်လိုနေကြမလဲ?
✅အသားကိုကျက်အောင်ချက်ပြီးမှစားမယ်။
✅အသီးအရွက်တွေကိုပြောင်အောင်ဆေးပြီးမှစားမယ်။
✅ယင်နားစားတွေရှောင်မယ်။
✅ညစ်ပတ်တဲ့အရာတွေကိုင်ပြီးလက်ကိုသန့်ရှင်းအောင်ဆေးမယ်
✅ကိုယ်လက်သန့်ရှင်းရေးကိုပုံမှန်လုပ်မယ်။
✅ခြောက်လတစ်ကြိမ်ပုံမှန်သန်ချမယ်နော်။
အားလုံးပဲ သန်ကောင်ကင်းစင် ပြုံးပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ ☺️☺️☺️
30/04/2022
မင်္ဂလာပါရှင်။
ဒီ post မှာတော့ မင်မင်က မနက်က ပြောထားတဲ့အတိုင်း နွေရာသီမှာ ဘယ်လိုဆေးမျိုးလေးတွေ ဆောင်ထားသင့်လဲဆိုတာကို ဗဟုသုတ ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ ဒီနွေရာသီမှာ ဖြစ်လေ့ရှိတာကတော့ အပူကြောင့် အဖျားတက်တာ၊ ချွေးထွက်လွန် နှုံးချိအားမရှိတာ၊ ဖုန်မှုန်တွေကြောင့် ဝမ်းပျက်ဝမ်းလျောတာတွေ အဖြစ်များလေ့ရှိပါတယ်။
ဒါတွေအတွက် ဒီဆေးအုပ်စုလေးတွေဆောင်ထားသင့်ပါတယ်ရှင်။ အောက်မှာလည်း ပုံနှင့်တစ်ကွဖော်ပြပေးပြီး ရှင်းပြပေးမှာမို့ ပုံလေးတွေကို ဖိကြည့်ပေးကြပါဦးနော်။ 😍
✅အဖျားကျဆေး
✅ဓာတ်ဆား
✅Probiotics
✅Zinc
✅Vitamin B complex and Vitamin C
***Suncreen လိမ်းဖို့နဲ့ ခြင်ကိုက်မခံရအောင်လည်း အထူးဂရုစိုက်ဖို့လိုပါတယ်။***
မင်္ဂလာပါရှင်။🙏
ကျွန်မတို့ရဲ့ ယခုလိုပူပြင်းလှတဲ့ နွေရာသီမှာ အပူဒါဏ်ကြောင့် ဖျားနာမှုတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖျားနာမှုတွေထဲမှာမှ အဖြစ်အများဆုံးကတော့ Heat stroke,Heat exhaustion,Heat cramp နဲ့ Heat rash တို့ဖြစ်ပါတယ်။ အဲ့တာတွေထဲမှာမှ Heat Stroke လို့ခေါ်တဲ့ အပူရှပ်ခြင်းကတော့ ကြောက်ဖို့အကောင်းဆုံးနဲ့ အသက်အန္တရာယ် အရှိဆုံး ဖြစ်ပါတယ်ရှင်။ ဒါကြောင့် Heat Stroke အကြောင်း ဗဟုသုတလေး ဒီနေ့ ဝေမျှပေးမှာဖြစ်ပါတယ်ရှင်။
🌞 Heat Stroke ဘာကြောင့် ဖြစ်ရတာလဲ?
Heat Stroke ဆိုတာ အခုလိုပူပြင်းတဲ့ နွေရာသီရဲ့ အပူအောက်မှာ တိုက်ရိုက်အချိန်ကြာမြင့်စွာ လုပ်ကိုင်ရခြင်း၊ပြင်းထန်တဲ့ အားစကားပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ် အပူချိန်ဟာ ထိန်းချုပ်မရနိုင်ပဲ အလွန်အမင်းမြင့်တက်လာခြင်းဖြစ်ပါတယ်။
🚨Heat Stroke ဖြစ်ရင် ဘာလက္ခဏာတွေ ဖြစ်နိုင်လဲ?
🔺ခန္ဓာကိုယ်အပူချိန်ဟာ 104•F (သို့) 40•C အထက်ထိ မြင့်တက်လာပါမယ်။
🔺အသားပူနေပြီး ခန္ဓာကိုယ်မှာချွေးမထွက်ပါဘူး။
ခေါင်းမူးမယ်၊ ခေါင်းကိုက်မယ်၊ အန်မယ်၊ အသက်ရှုမြန်၊ နှလုံးခုန်နှုန်းတွေ မြန်လာပါမယ်။
🔺သတိလွတ် စကားမပီမသဖြစ်လာခြင်း၊တက်ခြင်း နှင့် သတိမေ့ခြင်းများ ဖြစ်လာပါမယ်။
👽 ဘယ်လိုလူမျိုးတွေမှာ အဖြစ်များလဲ?
ကလေးတွေနဲ့ လူကြီးတွေမှာ ပိုလို့အဖြစ်များပါတယ်။
နေရောင်ခြည်အောက်မှာ ကြာမြင့်စွာ အလုပ်လုပ်ရသူများ
အားကစားပြင်းထန်စွာပြုလုပ်သူများ
အရက်သောက်သုံးသောသူများ
နှလုံးရောဂါ၊ အဆုတ်ရောဂါ စသဖြင့် ရောဂါအခံရှိသူများ ပိုလို့အဖြစ်များတတ်ပါတယ်ရှင်။
☑️ဘယ်လိုကာကွယ်ရမလဲ?
✔️ပေါ့ပေါ့ပါးပါးနှင့် လေဝင်လေထွက်ကောင်းမည့် အဝတ်အစားများ ဝတ်ဆင်ခြင်း။
✔️နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သလောက်ရှောင်ရပါမယ်။
✔️နေကာမျက်မှန်တပ်ဆင်ခြင်း၊နေကာမည့် ဦးထုပ်၊ထီး ဆောင်းခြင်းများ ပြုလုပ်ရပါမယ်။
✔️ရေများများသောက်ပေးခြင်း။
✔️ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာရပ်နားထားတဲ့ ယာဉ်ကားတွေပေါ်မှာ အကြာကြီးမနေသင့်ပါဘူး။
✔️အလွန်ပူသောနေရာမှ အလွန်အေးသောနေရာသို့ (သို့) အလွန်အေးသောနေရာမှ အလွန်ပူသောနေရာသို့ ချက်ချင်းဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ပါ။
✔️နေပူထဲမှ ပြန်လာပြီး ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
👩⚕️ဘယ်လိုကုသမလဲ?
Heat Stroke ဟာ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သားတွေကိုပါပျက်စီးစေနိုင်တာမို့ အရေးပေါ်နီးစပ်ရာဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပြီးကုသမှုလျင်မြန်စွာ ခံယူရပါမယ်။ ဆေးရုံဆေးခန်းမရောက်ခင် ဦးနှောက်နှင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းများပျက်စီးမှုလျော့နည်းအောင် တတ်နိုင်သလောက် ခန္ဓာကိုယ်ကို သာမန်အပူချိန်ထိပြန်ရောက်အောင် လုပ်ပေးဖို့လိုပါတယ်။
✅ခန္ဓာကိုယ်အပူချိန်ကို ဘယ်လိုချမလဲ?
🔹လူနာကို နေပူရာကနေ အရိပ်အောက် (သို့) အိမ်ထဲသို့ခေါ်လာပေးပါ။
🔹ထူထဲသောအဝတ်အစားများချွတ်ပေးပါ။
🔹လူနာရဲ့ အပူချိန်ကိုလျော့ပေးရန်အတွက် ရေဇလုံထဲသို့စိမ်၍သော်လည်းကောင်း၊ရေလောင်းချိုးပေးခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ပေးပါ။
🔹ရေဝတ်၊ရေခဲအိတ်ကို လူနာရဲ့ ခေါင်း၊လည်ပင်း၊ချိုင်း၊ပေါင်ခြံစသည့်နေရာတို့တွင်ကပ်ပေးခြင်းဖြင့်သော်လည်ကောင်း ပြုလုပ်ပေးပါ။
အားလုံးပဲ ဒီနွေရာသီရဲ့ အပူဒါဏ်အန္တရာယ်ကနေ ကင်းဝေနိုင်ကြပါစေရှင်။ 🙏🙏🙏
13/01/2022
ဒီနေ့ မင်မင်တို့ရဲ့ ပြည့်စုံဆေးဆိုင်လေး စပြီး ဆိုင်ဘုတ်တင် ဖွင့်လိုက်ပါပြီရှင်။
အစရက်မို့လို့ ဆေးအားလုံးမစုံသေးပေမယ့် နောက်ရက်တွေမှာ
💊 Eng ဆေး အိမ်သုံးဆေးဝါးများ
💊သမားတော်သုံးဆေးဝါးများ
💊မြန်မာ အိမ်သုံးဆေးဝါးများ ကို လက်လီ လက်ကား ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ဆိုင်စဖွင့်သည့် အနေဖြင့် ဒီရက်မှာ ၁၀၀၀၀ ဖိုးဝယ်ယူအားပေးသည့် မြို့တွင်းမှ customer များကို messenger မှသော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း မေးမြန်းဝယ်ယူရုံဖြင့် အိမ်အရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင်။
လူကိုယ်တိုင်လာရောက် ဝယ်ယူလိုပါက
အမှတ် (၁၅)၊ ဗိုလ်မြတ်ထွန်းလမ်း၊ရွှေကူရပ် မှာ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင်။
ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလိုပါက 09977121435 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hinthada