I.Active

I.Active

Share

Interactive, Intelligent, Innovative for every Individual

22/07/2026

Fire safety knowledge sharing training

Photos from I.Active's post 19/07/2026

အသိပညာ knowledge ဆိုတာ သမုဒ္ဒရာ ထက်မက နက်ရှိုင်းလှတယ်☀️

မြန်မြန် သိဖို့အခွင့်အရေး ရလေ
မြန်မြန် လက်ခံရယူဖို့ ကြိုးစားရလေလေပါ

Social လူ့အဖွဲ့ အစည်း မှာ ဘယ်အချိန်မဆို ကြုံလာနိုင်တဲ့ ဘေးအန္တရာယ် အတွက် အသိပညာတစ်ခု သိရှိထားမယ်ဆိုရင် လူအများကြီးကို ကူညီကယ်တင်ပေးနိုင်တယ် မဟုတ်ပါလားရှင်

ကိုယ့်အတွက် ထက် ကလေးတွေ အတွက်
တတ်နိုင်သလောက် ကျွန်မ နိုင်တဲ့ဘက်က အမြဲတမ်းဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒလေးတွေ အများကြီး ထဲက တစ်ခု

အသိပညာတွေ အများကြီးရလိုက်မယ်လို့ ထင်ပါတယ် စိတ်ပါ၀င်စားစွာ တက်ကြွ စွာပါ၀င်ပေးလို့ကျေးဇူးပါ ချစ်သောတို့ရေ 🥰



စေတနာအပြည့်နဲ့ သင်ကြားပြသပေးပါသော
Audixia Co.ltd မှ Safety and Firetruck Driver ဆရာ Mr Ko Lay အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်🙏

17/07/2026

🚒 Safety Starts with Knowledge! 🔥🌍

I.Active Teaching & Learning Hub မှ ကလေးများအတွက် အသိပညာရရှိစေပြီး လက်တွေ့ကျွမ်းကျင်မှုပါ တိုးတက်စေမည့် Safety Awareness Activity ကို free ကျင်းပပြုလုပ်‌ပေး သွားပါမည်။

📚 Activity တွင် ပါဝင်မည့်အကြောင်းအရာများ

🔥 မီးသတ်ဆေးဘူးကို မှန်ကန်စွာ အသုံးပြုနည်း (Hands-on Demonstration)
🚨 မီးလောင်မှုဖြစ်ပွားချိန်တွင် လုံခြုံစွာ ထွက်ခွာနည်း
🌪️ ငလျင်၊ မုန်တိုင်း၊ ရေကြီးခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကာကွယ်နည်းများ

💡 "Knowledge can save lives. Prepared children become safer communities."

📍 Venue – I.Active Teaching & Learning Hub
📅 Date – (19.7.2026) coming Sunday
⏰ Time – (9am to 10 am)
📩 ၁၀ ဦး (ပြင်ပ guest students)
✨ အသိပညာကို လေ့လာပါ။ လက်တွေ့ကို လေ့ကျင့်ပါ။ လုံခြုံမှုကို တည်ဆောက်ပါ။

15/07/2026

ကျွန်မတို့ရဲ့ ကမ္ဘာကြီးဟာ နည်းပညာပိုင်းမှာ
အဆများစွာ တိုးတက်ပြောင်းလဲနေပါတယ်

artificial intelligence AI ခေတ်ကြီးထဲမှာ ရုပ်ရှင်တောင် AI က သရုပ်ဆောင်နေတဲ့ ခေတ်ကို ရောက်လာပြီ
နောက်ထပ်ကျွန်မတို့ လိုက်မမီသေးတာတွေ အများကြီး ရှိနေသေးတယ်

ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေကလည်း တစ်နည်းမဟုတ် တစ်နည်း တော့ ဒီ challenge တွေကို
ရင်ဆိုင်လာကြရမှာဘဲ

ကျွန်မတို့ မိဘ တွေ အနေနဲ့ ကိုယ့်ကလေး အတွက်ဘယ်ဟာကဖြင့် အရေးကြီးပြီး ဘယ်ဟာကတော့ သိပ်အရေးမကြီးတော့ဘူး ဆိုတာ အများကြီးသိဖို့လိုလာပါပြီ

နောက်ကာလတွေ မှာ AI နဲ့ မလုပ်နိုင်တဲ့ အရာ၊ နည်းပညာလိုက်မမီတဲ့ အခြေအနေ ဟာ နှလုံးသားနဲ့ တွေးတောဆင်ခြင်သုံးသပ် မှုပါ

ကျွန်မတို့ရဲ့ ကလေးငယ်တွေကို တွေးတတ်အောင်သင်ကိုသင်ရမယ် သဘာ၀ကျအောင် တွေးပြီး ရလဒ်ကောင်းအောင် လုပ်တတ်ဖို့ ၊ ဖန်တီးတည်ဆောက်တတ်ဖို့ သင်ရမယ် အခက်အခဲတွေ ကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အသိတွေ လေ့ကျင့်ပေးကိုပေးရမယ်
Social skills တွေ ဖြည့်ပေးထားရမယ်

စာတွေကို အလွတ်ကျက်မယ့် အစား အတွင်းကျကျနားလည် ပြီး တစ်ထွာသင် တစ်ဆုံးမြင်တတ်ဖို့ တွေးတော့ အသုံးချ တတ်ဖို့ တွန်းအားပေးရမယ်

ဒါမှာ ကျွန်မတို့ လိုအပ်တဲ့ လူမှုပတ်၀န်းကျင် ကို ကျွန်မတို့မျိုးဆက်တွေက ဖန်တီးရယူနိုင်မှာပါ။။။။။

13/07/2026
13/07/2026

Needs and Wants

12/07/2026

ကျောင်းချိန်ပြင်ပ ပညာရေး။

🏫ကျောင်းချိန်ပြင်ပ မှာ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေကို အသိပညာ ဗဟုသုတ လည်း ရစေချင်တယ်

🧑‍💻🤳ဖုန်းကြည့်ချိန်အစား တန်ဖိုးရှိတဲ့ အချိန်တစ်ခုနဲ့ ကလေးကို ဖန်တီးပေး ချင်တယ်

💴💵ပညာရတာနဲ့ ငွေ ပေးရတာ တန်လိုက်တာဆိုသော ခံစားချက်ရချင်တယ်

စိတ်သက်သက်သာသာနဲ့ ကလေးရဲ့ တိုးတက်မှု📊📈ကို စဉ်ဆက်မပြတ် စောင့်ကြည့်ချင်တယ်🧑‍🎓🧑‍🎓
........စသည် စသည် တို့အတွက် လိုအပ်နေတဲ့ ဖေဖေမေမေတို့ အဆင်ပြေချောမွေ့စေမယ့် ကျောင်းချိန်ပြင်ပ အတန်းလေးတစ်ခုမှာ

အခြေခံ ကနဦး အတန်း မှာ available seats 🪑
တစ်နေရာ သာကျန်ရှိပါတော့တယ်ရှင်

✳️လာမယ့် လ အတွင်း secondary level အတန်း ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်တဲ့ အတွက်
✅GED တက်ချင်သောရည်ရွယ်ချက်ရှိသူ
✅IGCSE ကို တက်ရောက်ရန် ရည်ရွယ်ချက်ရှိသူ
✅International curriculum အတွေ့ အကြုံ ရှာဖွေနေသူတို့အတွက် အပ်နှံထားဖို့ရန်ဖိတ်ခေါ်ပါတယ်ရှင်

29/06/2026

သင်တန်း အပ်နှံလို့ ရပါပြီရှင်

ပထမဆုံးနေ့မှာဘဲ ယုံကြည်စွာ အပ်နှံပေးကြလို့
ဖေဖေမေမေတို့ကို ကျေးဇူး အထူးပင်တင်ရှိပါတယ်ရှင်

အကောင်းဆုံးကြိုးစားပေးသွားပါမယ်ရှင် 🙏

Want your school to be the top-listed School/college in Dawei?
Click here to claim your Sponsored Listing.

Website

Address

Pohnkyun Road, Pohnkyun Quarter
Dawei
14011