Nyi Nyi Dawei
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
08/09/2023
ပန်းကလေးလှလို့ ပျားပိတုန်းဝဲတာမဆန်းပါဘူး
ဒါပေမဲ့ ဝတ်ရည်ခြွေသုံးခွင့်တော့မပြုလိုက်ပါနဲ့
5:28pm
8.9.2023
08/09/2023
အာဠာဝက ဘီလူးက မေးပြီး
ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော အာဠာဝက သုတ္တန်
➖➖➖➖➖➖➖➖➖
(၁) လောကမှာ
အကောင်းဆုံး ဥစ္စာက ဘာလဲ...
အဖြေ=
သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
(၂) လောကမှာ
ဘာလုပ်ရင် ချမ်းသာမှာလဲ...
အဖြေ=
ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
(၃) လောကမှာ
အကောင်းဆုံး အရသာက ဘာလဲ...
အဖြေ=
အကောင်းဆုံး အရသာဟာ သစ္စာ။
(၄) လောကမှာ
အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ...
အဖြေ=
အသိပညာ နဲ့ အသက်ရှင်တာ
အသက်မွေးတာ အကောင်းဆုံး။
(၅)အခက်အခဲကို
ဘာနဲ့ ဖြတ်ကျော်ရမှာလဲ...
အဖြေ=
သဒ္ဓါ နဲ့ ဖြတ်ကျော်ရမယ်။
(၆) ကျယ်ပြောသော ဘဝကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ.....
အဖြေ= သတိ နဲ့ ဖြတ်ကူးရမယ်။
(၇) ဆင်းရဲ ဒုက္ခကို
ဘာနဲ့ ဖယ်ရှားမှာလဲ.....
အဖြေ=
ကြိုးပမ်းအားထုတ်မှု ဝိရိယဖြင့်
ဖယ်ရှား နိုင်မယ်။
(၈) စိတ်ဖြူစင်အောင်
ဘယ်လိုလုပ်ရမှာလဲ....
အဖြေ=
ပညာ ဖြင့် သာ ဆေးကြော ရမယ်။
(၉) ပညာကို
ဘယ်လို ရအောင် ယူရမှာလဲ.....
အဖြေ=
နားလည်ချင်တဲ့စိတ်
နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ ဆန္ဒရှိရင်
ပညာ ရပါတယ်။
(၁၀) ဥစ္စာကို ဘယ်လို ရှာမှာလဲ.....
အဖြေ=
လုံလ ဝီရိယ ရှိပြီး တက်တက်ကြွကြွ ကြိုးစား အားထုတ် ရမယ်။
(၁၁) အကျော်အဇော ရှိရန်
ဘယ်လို လုပ်ရမှာလဲ.....
အဖြေ=
သစ္စာရှိ ကတိတည် မှန်ကန်ရန် လိုတယ်။
(၁၂) မိတ်ဆွေတွေ ရချင်ရင်
ဘယ်လိုလုပ်ရမှာလဲ....
အဖြေ= ပေးကမ်းပါ။
(၁၃) ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးရမှာလဲ...
အဖြေ=
အမှန်တရား၊ အသိပညာ၊ လုံလဝီရိယ၊
စွန့်ကြဲ ပေးကမ်းမှု့ ရှိရမယ်။
ပါချုပ် ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
07/09/2023
ချစ်မဝနိုင်ဘူးဆိုတဲ့ စကားလုံးလေးဟာ
တကယ်ရှိတယ် ။
လူတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ
သူ့ကိုချစ်တဲ့အချစ်က ယုတ်လျော့သွားခြင်းမရှိဘူး ။
တစ်ရက်ပြီးတစ်ရက် တစ်နေ့ပြီးတစ်နေ့
အချိန်တွေကြာလာတာနဲ့အမျှ သူ့အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာဟာ ပိုပိုတိုးလာတတ်တယ် ။
အရင်က ချစ်ခဲ့တာထက် အခု ပိုချစ်တယ် ။
အခုချစ်တာထက် နောင်ကျရင် ပိုချစ်မယ် ။
ဒီလိုမျိုးလေး ။
🌻🤍
လာဘ်ရွှင်ငွေဝင်စေသောရှင်သီဝလိဂါထာတော်
04/09/2023
မင်း မပေးချင်တဲ့ အရာမှန်သမျှ
တခြားလူဆီက ရခဲ့ရင်
အဲ့လူကို ငါ တန်ဖိုးထားရမှာပဲ ။
#လင်းမာအို 🌻🤍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Dawei
09254825790
Opening Hours
| Monday | 06:00 - 17:00 |
| Tuesday | 06:00 - 17:00 |
| Wednesday | 06:00 - 17:00 |
| Thursday | 06:00 - 17:00 |
| Friday | 06:00 - 17:00 |
| Saturday | 06:00 - 17:00 |
| Sunday | 06:00 - 17:00 |