Shwe Let Khat
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Let Khat, Construction Company, Kyun Hmwe Street, Dawei.
18/08/2020
ဆရာ ကြည်သာမြင့် ရေးသည်။
🏗 Type of Foundation အကြောင်း ကို shares ထားနော်
Foundation ကို တွက်တဲ့အခါ မှာ ယေဘူယျအားဖြင့်
1.Dead Load
2.Live load
3.Wind load
4.Earthquake load
5.Uplift force တွေနဲ့ design လုပ်ရပါတယ်။
🏗Foundation အမျိုးအစား အများကြီးထဲကမှ
1.Isolated or Single Footing
2.Combine Footing
3.Strip Footing
4.Mat Foundation
5.Pile Cap Foundation တို့က အသုံးများတဲ့Foundationတွေဖြစ်ပါတယ်။ ဘယ်Foundation ကိုသုံးသင့် လဲဆိုတာကတော့ Soil နဲ့ Loading ပေါ် မူတည်ပါတယ်။
🏗Foundation Area ကိုတော့ Superstructure Loading နှင့် Soil Bearing Capacity ကိုယူပြီးတော့ တွက်ရပါတယ်။ Footing Depth ကိုတွက်တဲ့အခါမှာတော့ Two Way Punching Shear and One Way or Beam Shear ဆိုပြီးနှစ်မျိုးကိုစဉ်းစားပေးရပါတယ်။ Two Way Punching Shear ကတော့ Column Face ကနေ d/2 အကွားအဝေးမှာ Shear Stress ဖြစ်ပြီး၊ One Way or Beam Shear ကတော့ Column Face ကနေ d အကွာအဝေးတွေမှာ ကိုယ်သုံးထားတဲ့ Footing Depth က အဲ့ဒီအကွာအဝေးတွေမှာ ဖြစ်တဲ့ Shear ကို ခံနိုင်အောင် တွက်ပေးရပါတယ်။
---------‐-------------------------
🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ရာမှာ factor အကြောင်းအရာတွေ ရှိပါတယ်။ အဓိကတွေကတော့ soil condition မြေကြီးအနေအထားနှင့် Loads from building အဆောက်အအုံရဲ့ အလေးချိန်၊ ၀န်အား တို့ဖြစ်ပါတယ်။
🏗Foundation ရဲ့ အဓိကတာ၀န်က အဆောက်အအုံရဲ့ load တွေကို သက်ဆိုင်ရာ မြေကြီးက ကောင်းမွန်စွာ ထမ်းထားနိုင်ဖို့ တစ်နည်းအားဖြင့် column တိုင်(သို့မဟုတ်) wall နံရံက ကျလာတဲ့ အလေးချိန် force အားတွေကို အောက်မှာရှိတဲ့ မြေကြီးထဲကို အန္တရာယ်မရှိပဲ spread ဖြန့်ဆင်း ၀င်သွားနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအကျဆုံး isolated footing သို့မဟုတ် pad footing ကို spread footing လို့ ခေါ်တာ ဖြစ်ပါတယ်။
🏗Soil condition ကို သက်ဆိုင်ရာ soil test result တွေအရ သိနိုင်ပါတယ်။ soil result မှာ သက်ဆိုင်ရာ အနက် depth တွေအလိုက် bearing capacity မြေကြီးရဲ့ခံနိုင်ရည်အားတွေ တွေ့ရပါမယ်။ အပေါ်ယံ မြေကြီးအလွှာတွေမှာ ကောင်းမွန်တဲ့ soil bearing capacity ရှိမယ်၊ အဲဒီ bearing capacity က အဆောက်အအုံရဲ့ တိုင်က ကျလာတဲ့ load ကို ထမ်းမ ထားနိုင်တဲ့ ခံနိုင်ရည်အားလဲ ရှိမယ်ဆိုရင် foundation ကို သိပ်အနက်ကြီး တူးစရာ မလိုတဲ့အတွက် shallow foundation တိမ်တဲ့ဖောင်ဒေးရှင်း ဖြစ်ပါမယ်။
🏗Shallow foundation ရဲ့ အခြေခံအကျဆုံးကတော့ isolated footing ပါ။ Isolated footing ရဲ့အခြေခံ သဘောတရားက ဥပမာအားဖြင့် soil test result အရ မြေကြီးအနက် ၆ပေမှာ bearing capacity 10 tons/sq.m ရှိတယ် ဆိုပါစို့။ column တိုင်က ကျလာတဲ့ Load က 10 tons ရှိတယ် ဆိုပါက footing depth 6 feet နှင့် footing pad ရဲ့ size က 1 sq.m ထက်ကြီးရမယ်လို့ အကြမ်းဖျင်း စဉ်းစားလို့ရပါတယ်။ Isolated footing တွေ နေရာအထားအသိုမှာ spacing နီးတာမျိုး မြေကွက်အနေအထားအရ column တိုင်က footing pad နှင့် alignment မကျတာမျိုးတွေမှာ ဒီဇိုင်းလိုအပ်ချက်အရ footing pad တွေကို တစ်ဆက်ထဲသော pad အဖြစ်နှင့် ပုံစံထုတ်ရာက combined footing တွေ ရလာပါတယ်။
🏗တစ်ခါတစ်လေမှာ footing pad တွေ ထိစပ်မနေပေမယ့် ဒီဇိုင်းလိုအပ်ချက်အရ pad သို့မဟုတ် column ကို strap beam နှင့်ဆက်ပြီး တစ်ပေါင်းတစ်စီးထဲ ဖြစ်စေရာက strap footing တွေ ရပါတယ်။
Soil bearing capacity နှင့် building loads တွေအရ footing pad size များ ကြီးလာပြီး တစ်ခုနှင့်တစ်ခုဆက်သွားတဲ့အခါ footing pad တွေက slab ပြင်တစ်ခုလို ဖြစ်သွားရာက mat foundation သို့မဟုတ် raft foundation ဖြစ်လာပါတယ်။ mat ဆိုတာ ဖျာဖြစ်ပြီး raft ဆိုတာက ဖောင် ဖြစ်ပါတယ်။ တကယ်လဲ ဖျာတစ်ချပ်နှင့်တူပြီး မြစ်ရေပြင်မှာ ဖောင်လို ပေါ်နေလို့ နာမည်နှင့် သဘောတရားနှင့် လိုက်တယ် ပြောရပါမယ်။
🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် foundation ချရာမှာ earthwork excavation ကို foundation အနက်အထိ တူးရတဲ့ အတွက် shallow foundation ကို open foundation လို့လဲ ခေါ်ပါတယ်။
တစ်ကယ်လို့ အဆောက်အအုံဆောက်မယ့် မြေကြီးက သင့်တော်တဲ့ အနက်မှာ အဆောက်အအုံရဲ့ load တွေကို ထမ်းမ ထားနိုင်တဲ့ soil bearing capacity မရှိဘူး။ ဒါမှမဟုတ် အဆောက်အအုံက high-rise လိုမျိုး အထပ်မြင့်အဆောက်အအုံဖြစ်လို့ building loads က တအားများမယ် ဆိုတဲ့အချိန်မှာ shallow foundation နှင့် မရတော့ပါဘူး။ အဲလို အပေါ်ယံအလွှာမှာ bearing capacity မကောင်းတဲ့ မြေကြီးရဲ့ အောက်အနက်တစ်နေရာမှာ bedrock လို ခေါ်တဲ့ အောက်ခံကျောက်အလွှာကြော ရှိတတ်ပါတယ်။
🏗မာကြောတဲ့ အဲဒီအလွှာထိရောက်အောင် ဖောင်ဒေးရှင်းအတွက် ထောက်မမယ့် ကွန်ကရစ် pile တိုင်ကို ရိုက်သွင်းလို့သော်လည်းကောင်း bore တွင်းတူးပြီး ကွန်ကရစ် pile လောင်းခြင်းဖြင့် ပြုလုပ်ရာက pile foundation ဖြစ်လာပါတယ်။ အဲဒီလို အောက်ခံအမာကြောအထိ ထိအောင်ပြုလုပ်တဲ့ pile ကို end bearing pile လို့ခေါ်ပြီး အောက်ခံအမာကြောအထိ မရောက်သော်လဲ မြေသားနှင့် pile နှင့် ထိစပ်မှု friction ပေါ်မှာ အားပြုတဲ့ pile တွေကို friction pile လို့ခေါ်ပါတယ်။ အဲဒီ pile တွေထိပ်မှာ pile cap လုပ်ရာက isolated footing ရဲ့ footing pad သဘော ဖြစ်သွားပါတယ်။ pile cap တစ်ခုမှာ pile အရေအတွက် တစ်ခုလဲ ဖြစ်နိုင်သလို အများလဲ ဖြစ်နိုင်ပါတယ်။ အဲလို မြေအောက်အနက်ထဲအထိ ချရတဲ့အတွက် pile foundation ကို deep foundation လို့ခေါ်ပါတယ်။
တစ်ခါတစ်လေမှာ bearing capacity ကလဲ နည်း၊ building load ကလဲ သိပ်ကြီးမားပါက pile တွေလဲအများကြီးရိုက်ရ pile cap တွေက တစ်ခုနှင့် တစ်ခုနှင့် ထိစပ်သွားရာက mat ဖြစ်သွားပြီး pile raft foundation ဖြစ်လာပါတယ်။
🏗အဲဒါကြောင့် တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ရွေးချယ်ရာမှာ soil condition နှင့် building loads တွေကို ကြည့်ပြီး ရွေးချယ်နိုင်တာတွေကတော့
Shallow foundation အနေနှင့်
(1) Spread footing or isolated footing or pad footing
(2) Combined footing
(3) Strap footing
(4) Raft or mat foundation
🏗Deep foundation အနေနှင့်
(1) Pile foundation
(2) Pile raft foundation တို့ဖြစ်ပါတယ်။
ဒါတွေက အခြေခံအားဖြင့် စဉ်းစားမိသလောက်ပါ။ တခြားနည်းလမ်းတွေလဲ ရှိနိုင်ပါသေးတယ်။
ပုံတွင် Function of Beam, Column and Slab နှင့် Types of Foundation and Typical Detail တို့ကို ဖော်ပြပေးထားပါတယ်။
Credit>>SayarKyiTharMyint
Reference>>pinterest
Unicode
🏗 Type of Foundation အကြောင်း ကို shares ထားနော်
Foundation ကို တွက်တဲ့အခါ မှာ ယေဘူယျအားဖြင့်
1.Dead Load
2.Live load
3.Wind load
4.Earthquake load
5.Uplift force တွေနဲ့ design လုပ်ရပါတယ်။
🏗Foundation အမျိုးအစား အများကြီးထဲကမှ
1.Isolated or Single Footing
2.Combine Footing
3.Strip Footing
4.Mat Foundation
5.Pile Cap Foundation တို့က အသုံးများတဲ့Foundationတွေဖြစ်ပါတယ်။ ဘယ်Foundation ကိုသုံးသင့် လဲဆိုတာကတော့ Soil နဲ့ Loading ပေါ် မူတည်ပါတယ်။
🏗Foundation Area ကိုတော့ Superstructure Loading နှင့် Soil Bearing Capacity ကိုယူပြီးတော့ တွက်ရပါတယ်။ Footing Depth ကိုတွက်တဲ့အခါမှာတော့ Two Way Punching Shear and One Way or Beam Shear ဆိုပြီးနှစ်မျိုးကိုစဉ်းစားပေးရပါတယ်။ Two Way Punching Shear ကတော့ Column Face ကနေ d/2 အကွားအဝေးမှာ Shear Stress ဖြစ်ပြီး၊ One Way or Beam Shear ကတော့ Column Face ကနေ d အကွာအဝေးတွေမှာ ကိုယ်သုံးထားတဲ့ Footing Depth က အဲ့ဒီအကွာအဝေးတွေမှာ ဖြစ်တဲ့ Shear ကို ခံနိုင်အောင် တွက်ပေးရပါတယ်။
---------‐-------------------------
🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ရာမှာ factor အကြောင်းအရာတွေ ရှိပါတယ်။ အဓိကတွေကတော့ soil condition မြေကြီးအနေအထားနှင့် Loads from building အဆောက်အအုံရဲ ့ အလေးချိန်၊ ၀န်အား တို ့ဖြစ်ပါတယ်။
🏗Foundation ရဲ ့ အဓိကတာ၀န်က အဆောက်အအုံရဲ ့ load တွေကို သက်ဆိုင်ရာ မြေကြီးက ကောင်းမွန်စွာ ထမ်းထားနိုင်ဖို ့ တစ်နည်းအားဖြင့် column တိုင်(သို့မဟုတ်) wall နံရံက ကျလာတဲ့ အလေးချိန် force အားတွေကို အောက်မှာရှိတဲ့ မြေကြီးထဲကို အန္တရာယ်မရှိပဲ spread ဖြန် ့ဆင်း ၀င်သွားနိုင်ဖို ့ ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအကျဆုံး isolated footing သို ့မဟုတ် pad footing ကို spread footing လို ့ ခေါ်တာ ဖြစ်ပါတယ်။
🏗Soil condition ကို သက်ဆိုင်ရာ soil test result တွေအရ သိနိုင်ပါတယ်။ soil result မှာ သက်ဆိုင်ရာ အနက် depth တွေအလိုက် bearing capacity မြေကြီးရဲ ့ခံနိုင်ရည်အားတွေ တွေ ့ရပါမယ်။ အပေါ်ယံ မြေကြီးအလွှာတွေမှာ ကောင်းမွန်တဲ့ soil bearing capacity ရှိမယ်၊ အဲဒီ bearing capacity က အဆောက်အအုံရဲ ့ တိုင်က ကျလာတဲ့ load ကို ထမ်းမ ထားနိုင်တဲ့ ခံနိုင်ရည်အားလဲ ရှိမယ်ဆိုရင် foundation ကို သိပ်အနက်ကြီး တူးစရာ မလိုတဲ့အတွက် shallow foundation တိမ်တဲ့ဖောင်ဒေးရှင်း ဖြစ်ပါမယ်။
🏗Shallow foundation ရဲ ့ အခြေခံအကျဆုံးကတော့ isolated footing ပါ။ Isolated footing ရဲ့အခြေခံ သဘောတရားက ဥပမာအားဖြင့် soil test result အရ မြေကြီးအနက် ၆ပေမှာ bearing capacity 10 tons/sq.m ရှိတယ် ဆိုပါစို ့။ column တိုင်က ကျလာတဲ့ Load က 10 tons ရှိတယ် ဆိုပါက footing depth 6 feet နှင့် footing pad ရဲ ့ size က 1 sq.m ထက်ကြီးရမယ်လို ့ အကြမ်းဖျင်း စဉ်းစားလို ့ရပါတယ်။ Isolated footing တွေ နေရာအထားအသိုမှာ spacing နီးတာမျိုး မြေကွက်အနေအထားအရ column တိုင်က footing pad နှင့် alignment မကျတာမျိုးတွေမှာ ဒီဇိုင်းလိုအပ်ချက်အရ footing pad တွေကို တစ်ဆက်ထဲသော pad အဖြစ်နှင့် ပုံစံထုတ်ရာက combined footing တွေ ရလာပါတယ်။
🏗တစ်ခါတစ်လေမှာ footing pad တွေ ထိစပ်မနေပေမယ့် ဒီဇိုင်းလိုအပ်ချက်အရ pad သို ့မဟုတ် column ကို strap beam နှင့်ဆက်ပြီး တစ်ပေါင်းတစ်စီးထဲ ဖြစ်စေရာက strap footing တွေ ရပါတယ်။
Soil bearing capacity နှင့် building loads တွေအရ footing pad size များ ကြီးလာပြီး တစ်ခုနှင့်တစ်ခုဆက်သွားတဲ့အခါ footing pad တွေက slab ပြင်တစ်ခုလို ဖြစ်သွားရာက mat foundation သို ့မဟုတ် raft foundation ဖြစ်လာပါတယ်။ mat ဆိုတာ ဖျာဖြစ်ပြီး raft ဆိုတာက ဖောင် ဖြစ်ပါတယ်။ တကယ်လဲ ဖျာတစ်ချပ်နှင့်တူပြီး မြစ်ရေပြင်မှာ ဖောင်လို ပေါ်နေလို ့ နာမည်နှင့် သဘောတရားနှင့် လိုက်တယ် ပြောရပါမယ်။
🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် foundation ချရာမှာ earthwork excavation ကို foundation အနက်အထိ တူးရတဲ့ အတွက် shallow foundation ကို open foundation လို ့လဲ ခေါ်ပါတယ်။
တစ်ကယ်လို ့ အဆောက်အအုံဆောက်မယ့် မြေကြီးက သင့်တော်တဲ့ အနက်မှာ အဆောက်အအုံရဲ ့ load တွေကို ထမ်းမ ထားနိုင်တဲ့ soil bearing capacity မရှိဘူး။ ဒါမှမဟုတ် အဆောက်အအုံက high-rise လိုမျိုး အထပ်မြင့်အဆောက်အအုံဖြစ်လို ့ building loads က တအားများမယ် ဆိုတဲ့အချိန်မှာ shallow foundation နှင့် မရတော့ပါဘူး။ အဲလို အပေါ်ယံအလွှာမှာ bearing capacity မကောင်းတဲ့ မြေကြီးရဲ ့ အောက်အနက်တစ်နေရာမှာ bedrock လို ခေါ်တဲ့ အောက်ခံကျောက်အလွှာကြော ရှိတတ်ပါတယ်။
🏗မာကြောတဲ့ အဲဒီအလွှာထိရောက်အောင် ဖောင်ဒေးရှင်းအတွက် ထောက်မမယ့် ကွန်ကရစ် pile တိုင်ကို ရိုက်သွင်းလို ့သော်လည်းကောင်း bore တွင်းတူးပြီး ကွန်ကရစ် pile လောင်းခြင်းဖြင့် ပြုလုပ်ရာက pile foundation ဖြစ်လာပါတယ်။ အဲဒီလို အောက်ခံအမာကြောအထိ ထိအောင်ပြုလုပ်တဲ့ pile ကို end bearing pile လို ့ခေါ်ပြီး အောက်ခံအမာကြောအထိ မရောက်သော်လဲ မြေသားနှင့် pile နှင့် ထိစပ်မှု friction ပေါ်မှာ အားပြုတဲ့ pile တွေကို friction pile လို ့ခေါ်ပါတယ်။ အဲဒီ pile တွေထိပ်မှာ pile cap လုပ်ရာက isolated footing ရဲ ့ footing pad သဘော ဖြစ်သွားပါတယ်။ pile cap တစ်ခုမှာ pile အရေအတွက် တစ်ခုလဲ ဖြစ်နိုင်သလို အများလဲ ဖြစ်နိုင်ပါတယ်။ အဲလို မြေအောက်အနက်ထဲအထိ ချရတဲ့အတွက် pile foundation ကို deep foundation လို ့ခေါ်ပါတယ်။
တစ်ခါတစ်လေမှာ bearing capacity ကလဲ နည်း၊ building load ကလဲ သိပ်ကြီးမားပါက pile တွေလဲအများကြီးရိုက်ရ pile cap တွေက တစ်ခုနှင့် တစ်ခုနှင့် ထိစပ်သွားရာက mat ဖြစ်သွားပြီး pile raft foundation ဖြစ်လာပါတယ်။
🏗အဲဒါကြောင့် တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ရွေးချယ်ရာမှာ soil condition နှင့် building loads တွေကို ကြည့်ပြီး ရွေးချယ်နိုင်တာတွေကတော့
Shallow foundation အနေနှင့်
(1) Spread footing or isolated footing or pad footing
(2) Combined footing
(3) Strap footing
(4) Raft or mat foundation
🏗Deep foundation အနေနှင့်
(1) Pile foundation
(2) Pile raft foundation တို ့ဖြစ်ပါတယ်။
ဒါတွေက အခြေခံအားဖြင့် စဉ်းစားမိသလောက်ပါ။ တခြားနည်းလမ်းတွေလဲ ရှိနိုင်ပါသေးတယ်။
ပုံတွင် Function of Beam, Column and Slab နှင့် Types of Foundation and Typical Detail တို့ကို ဖော်ပြပေးထားပါတယ်။
Credit>>SayarKyiTharMyint
Reference>>pinterest
Shyine aung ရေးသည်။
တံတားအကြောင်း အခြေခံ
တံတားမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့
1. Foundation
I. Bole Pile Foundation
II. Steel Shell pile foundation(Well Pile)
2. Pile Cap ( Cap ခုံ)
3. Abutment & Wing Wall
(A1 Or A2 ဆိုတာက Abutment wall တွေကို ကိုယ်စားပြုသတ်မှတ်ပေးထားတာပါ)
Wing wall ဆိုရာမှာ
ကျွန်တော်တို့ ကျောင်းတုန်းက သင်ခဲ့ရသလို့
45degree တွေ 60 degreeတွေ ကို အသုံးပြုတာနည်းသွားပါပြီ
90 degree တွေကိုပဲအသုံးပြုကြတာ များလာပါတယ်။
4.Shaft Pile
Abutment နှစ်ခုအကြားမှာ ရှိတဲ့ P1,P2 စတဲ့ တိုင်တွေပါ
Pier 1(P1),Pier 2(P2)
5. Bearing Seat (ကုလားထိုင်ထစ်)
Abutment Wall မှာ Girder တင်မယ်နေရာပါ။
ကုလားထိုင်ထစ်အပေါ်ဆက်တက်ထားသော Wall ကို
Back Wall လို့လည်းခေါ်ကြပါတယ်။
Back Wall ရဲ့ အပေါ်ဆုံးမှာ Expansion Joint ထိုင်ပေးရပါတယ်။
(*expansion joint မတတ်ခင်
Back wall နဲ့ Girder ကြား သို့မဟုတ်
ထိပ်တိုက်တွေ့ဆုံနေသော Girder တွေကြား အကွာအဝေးက
အနည်းဆုံး ၁လက်မခွဲ ရှိရပါမယ်။)
6. Cross Beam
Shaft တိုင်တွေရဲ့ ထိပ်မှာအုပ်ထားသော beam ဖြစ်ပါတယ်။
Girder တင်ဖို့ Cross Beam အပေါ်မှာ Bearing ထိုင်ပေးရပါတယ်။
7.Bearing
I. Steel Plate Bearing
II. Rubber Pad Bearing
Girder နဲ့ Abutment wall ကြား
Girder နဲ့ Cross beam အကြား
Load သက်ရောက်မှုခံနိုင်စေရန်ထည့်ပါသည်။
Girder အောက်ခြေတည့်တည့်တွင်တွေ့နိုင်ပါသည်။
Bearing ထိုင်ရာတွင် တစ်ဖက် Fixed တစ်ဖက် Roller သဘောမျိုး ထားပေးရသည်။
8.Girder (ယက်မ)
I. Steel Girder
II.PC Girder
(တစ်ခြားတစ်နေရာတွင်ပုံသွင်းလောင်း၍
Crane ဖြင့် မတင်သည်။ )
III. RC Girder
(Abutment wallနှင့် Pier ကြားတွင်
ဘေလီငြမ်းထိုး၍ Girder ရှိရမည့်နေရာတွင် သံဆင် Formwork ကာconcrete လောင်းသည်။)
Notic; Girder လောင်းရာတွင် အလယ်ဆုံး girder မှ စတင် concrete လောင်းမည်။ girder ၏ အောက်မှာရှိသော ငြမ်းငြိမ်စေရန်ဖြစ်သည်။
ဘေလီငြမ်းထိုရာတွင် ဘေလီဘောင်သည် Girder ၏ အလယ်
ကြနိုင်အောင်ထားနိုင်လျှင်ပိုကောင်းသည်။
9. Diaphgram
Girder နှစ်ခုအကြားတွင် ရှိသည်။
Girder များငြိမ်စေရန် ချုပ်သည့်သဘောဖြစ်သည်။
Notic; Diaphgram လောင်းရာတွင် diaphgram အောက်ခြေသည် girder အောက်ခြေမှ ၁ပေ အပေါ်သို့တင်ထားပေးရမည်။
10. Slab (Overlay or ကြမ်းခင်း)
Slab မလောင်းခင် သံဆင်ရာတွင်
Slab အတွက်သံအပြင် ပလက်ဖောင်းအတွက် သံတစ်ခါထဲဆင်ရမည်
လက်ရန်းတိုင်အတွက် တစ်ခါထဲ နေရာချ သံဆင်ထားရမည်။
ရေထွက်ပေါက်အတွက် ပိုက်များနေရာချထားရမည်။
Expansion Joint တွေတပ်ဆင်ထားရမည်။
မိမိတို့ တံတားတွင် မီးတိုင်ပါမည် ဆိုပါက မီးတိုင်အတွက် သံချောင်းတစ်ခါထဲ ထုတ်ပေးထားပါ။
11. Pavement (ပလက်ဖောင်း)
12.Hand Rail & Guart Post
လက်ရန်းအတွက်လိုအပ်သော
Deflector နဲ့ Rail တွေကိုတော့
တစ်ချို့က အပြင်မှာ ပုံလောင်း ပြီးတော့မှ
စောစောက Slab မှာထည့်ထားတဲ့ handrail တိုင်တွေနဲ့ ဂဟေဆက်ပြီး hand Rail တိုင်တွေ concrete လောင်းတာ ရှိသလို
တစ်ခါထဲ handrail တိုင်တွေမှာ သံဆင် formwork ကာပြီး လောင်းတာလည်း ရှိပါတယ်။
ဒါကတော့ ကိုယ့်siteမှာ သုံးထားတဲ့ handrail design ပေါ်မှာပဲမူတည်မှာပါ။
13. Stopper
Stopper ကတော့
အပြင်ဆုံး Girderတွေရဲ့ ဘေးဘက်က concrete တုံးလေးတွေကိုပြောတာပါ။
14. Painting (ဆေးသုတ်)။
Note;
A1 or P1 or P2 or A2မှာပဲဖြစ်ဖြစ်
Foundation Pile တူးရမှာ အနည်းဆုံး pile ၂လုံးပါတယ်။
ဒီအခါ ကျွန်တော်တို့ ခွဲထားရမှာက
ချောင်း သို့ မြစ် ရဲ့ရေးစီးကြောင်းပေါ်မှာမူတည်ပြီး
Upstream (u/s) နဲ့ Downstream(d/s) ခွဲပြီးမှတ်ထားပေးရပါမယ်။
မိမိက အထက်လူကြီးကို report တင်တဲ့အခါမှာပဲဖြစ်ဖြစ်
အထက်လူကြီးက လုပ်ငန်းတိုးတက်မှုကို တောင်းတဲ့အခါမှာပဲဖြစ်ဖြစ်
Upstreamလို့ရေးမပေးပဲ u/s လို့ ရေးပေးရမယ်
Downstream ကိုလည်း d/s လို့ရေးပေးရမယ်
ဥပမာ
A1 u/s.
P1 d/s ပေါ့။
အထက်ပါအကြောင်းအရာများမှာ အမှားပါလျှင်
ကျွန်ပ်အမှားသာဖြစ်ပါသည်။ အမှားပါရင်ထောက်ပြနိုင်သလို
လိုအပ်ချက်တွေလည်း အများကြီးရှိနေနိုင်ပါသေးတယ်။
ကျွန်တော်ရဲ့ ၄လတာ ကာလ တံတားအတွေ့အကြုံလေးဖြင့်
အခြေခံသဘောရေးထားခြင်းသာဖြစ်ပါသည်။
Civil Engineer တစ်ယောက်
မိမိအနီးအနားမှာရှိတဲ့ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုဖြတ်သွားပြီး ဘယ်နေရာကဟာ က ဘာမှန်းမသိဖြစ်နေတာထက်စာရင် တံတားအသိလေးတစ်ခု တံတားအခေါ်အဝေါ်လေးတွေ သိသွားရင်ကျေနပ်ပါပြီ။
ငါက အဆောက်အဦးဆောက်နေတာပဲ
ငါက လမ်းလုပ်နေတာပဲ ဒါတွေငါ့အတွက်မလိုပါဘူး မလုပ်ပါနဲ့
အားလုံး basic general knowledge လေးတွေ သိထားတော့ အဆင်ပြေတာပေါ့။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အင်ဂျင်နီယာအတတ်ပညာဖြင့်
မိမိတို့ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်အောင်
စွမ်းဆောင်နိုင်ကြပါစေ။
Credit :Civil Engineering Knowledge Sharing Centre
02/03/2020
13/07/2019
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လယ်သစ်အနောက်တံတား bored pile လုပ်ငန်းဆောင်ရွက်မှု
14/05/2019
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Dawei
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |