MumsAid

MumsAid

Share

We are ensuring that no mom to be feels alone or overwhelmed with financial difficulties

A charity Organization that’s dedicated to supporting pregnant women with not just financially but also providing emotional support to have a smooth delivery journey.

Photos from MumsAid's post 24/04/2025

တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်ခဲ့ရတဲ့
စစ်ကိုင်းငလျင်မှာ မြေပြင်က ဆေးကုသပေးနေတဲ့
ဆရာမလေးတွေ team ကနေတစ်ဆင့်
စစ်ကိုင်းတိုင်း က ကိုယ်ဝန်သည်နဲ့ မွေးပြီးစ မေမေ ၅ ယောက်ကို က ကူညီထောက်ပံ့ပေးထားပါတယ်
ထားဝယ် လေးမြို့နယ် တင်မက
တစ်ခြားမြို့နယ်တွေပါ
အကူအညီ လိုတဲ့ မေမေမြန်သမျှကို
က အမြဲ ကူညီပေးလျက်ပါ
ဘယ်နေရာဒေသက မေမေ ပဲဖြစ်ဖြစ်
ကျန်းကျန်းမာမာ နဲ့ အခက်အခဲ မရှိဘဲ
ချောမောစွာနဲ့ မီးတွင်းကာလကို
ကျော်ဖြတ်နိုင်ကြပါစေနော်

23/12/2024

လောင်းလုံ ခရိုင်အပိုင် ရွာလေးတစ်ရွာမှ
အကူအညီ လိုအပ်နေသော မေမေ တစ်ယောက်ကို
အဖွဲ့မှ ကူညီ ထောက်ပံ့မှု နောက်တစ်ခုပါ
နေရာထိုင်ခင်းကစလို့
အခက်အခဲတွေ အများကြီးကြားထဲက
ချောချောမွေ့မွေ့ မီးဖွါးနိုင်ခဲ့တဲ့ မေမေတစ်ယောက်ပါ..
Admins တို့ အဖွဲ့ဟာ မြေပြင်က လူတွေမဟုတ်တာမို့
မေမေ တို့ တစ်ကယ် လိုအပ်နေတာ ကို သိနိုင်ဖို့
ခဲယဉ်းပါတယ်
ဆရာမ လေးတွေ အကူအညီ ကြောင့်မို့သာ
တစ်ကယ် ထိထိရောက်ရောက် လိုအပ်နေသူတွေဆီ
ထောက်ပံ့နိုင်တာ ပါ ..
နောက်များမှာလည်း တစ်ကယ်မီးဖွါးဖို့ လိုအပ်တဲ့ မေမေတွေကို ထောက်ပံ့ပေးဖို့ အမြဲ အဆင်သင့် ရှိနေတာမို့
ပတ်ဝန်းကျင်မှာ အကူအညီ လိုတဲ့ မေမေ တွေရှိခဲ့ရင်
Admins တို့ကို ဆက်သွယ် ပေးဖို့ မမေ့ပါနဲ့နော် .
ဆရာမလေးတွေ အသိရှိခဲ့ရင် လည်း
ဒီ page လေးနဲ့ မိတ်ဆက်ပေးကြပါနော် 🙏

01/11/2024

Oct လမှာ ထောက်ပံ့ပေးထားတဲ့
လောင်းလုံမြို့နယ် အတွင်းက
ရွာတစ်ရွာက မေမေပါ

မေမေတို့ အတွက် တစ်ဖက်တစ်လမ်းက
အကူအညီ ပေးခွင့်ရတဲ့အတွက် ပီတိဖြစ်ရသလို
ရှေ့လျောက် လည်း အစစ အရာရာ
ပိုမို အဆင်ပြေချောမွေ့စေဖို့လည်း
အဖွဲ့က ဆုမွန်ကောင်းတောင်းပေးပါတယ်

ကြုံလာသမျှရဲရင့်စွာ ရင်ဆိုင်ကျော်ဖြတ်ပြီး
တန်ဖိုးမဖြတ်နိုင်တဲ့ ရင်သွေးရတနာလေး
မီးဖွါး နိုင်ခဲ့တဲ့မေမေ အတွက်လည်း
ကြည်နူး ဂုဏ်ယူမဆုံးပါ

နောက်များမှာလည်း အကူအညီ လိုအပ်တဲ့
မေမေများ ရှိခဲ့ရင် page ကနေတစ်ဆင့်
(သို့) ph လိုင်း internet လိုင်း မသုံးနိုင်ခဲ့ရင်
နီးစပ်ရာ ဆရာမ များကတစ်ဆင့် page ကို ဆက်သွယ်အကြောင်းကြားပြီး
အကူအညီ တောင်းခံကြဖို့ အချင်းချင်း သတင်းပေးလိုက်ကြပါနော်

MumsAid မှလည်း မေမေတို့ လိုအပ်တဲ့ အကူအညီတွေကို
ကျယ်ကျယ်ပျံ့ပျံ့များများစားစား ပေးနိုင်ဖို့ ကြိုးစားသွားပါမယ်

29/10/2024

ကြားလ တွေမှာ စာရင်းသွင်း အကူအညီ တောင်းတဲ့
မေမေ တွေ မရှိတော့
October လအစ မှာမှ ကူညီဖြစ်တဲ့ မေမေ တစ်ယောက်ပါ

ကိုယ်သာဆို ရပ်တည် နိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာ
မပြိုလဲဘဲ ကလေးလေးတွေကို ကျန်းကျန်းမာမာ
မွေးဖွါး ပေးနိုင်တဲ့ မေမေ တို့ကို လေးစားရင်း
တစ်ဖက် တစ်လမ်းက အကူအညီ ပေးခွင့်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ရပါတယ်

နောက်များမှာ မီးဖွါးဖို့ အကူအညီ လိုတဲ့ မေမေ တို့ကို
Page admins များနဲ့ ဆက်သွယ် ပေးဖို့လည်း
နီးစပ်ရာ ပြောပေးကြပါဦးနော်

ဒီထက်ပိုတဲ့ ငွေကြေးပမာဏ အများကြီးနဲ့ကူညီပေးဖို့လည်း
Admin team က ကြိုးစား ပါ့မယ်

21/08/2024

“သားဦးမိခင်တွေ ဘယ်လိုပြင်ဆင်မလဲ”

မိခင်လောင်းတွေအတွက် ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ပြင်ဆင်စရာ၊ မှတ်သား လိုက်နာစရာတွေ များသလို အထူးသဖြင့် ပထမဆုံး ကိုယ်ဝန်ဆောင်တော့မယ့် သားဦးမိခင်တွေဟာ အထူးဂရုစိုက်သင့်တာကြောင့်ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ကျန်းမာရေး စစ်ဆေးပါ

မိခင်ရဲ့ သားအိမ်ကျန်းမာရေး၊ ကူးစက်ရောဂါ ရှိ မရှိ၊ ကိုယ်ဝန်ရနိုင်တဲ့ အလားအလာရှိ မရှိ၊ တခြားရောဂါအခံ ရှိ မရှိ စတဲ့ အချက်တွေကို ကြိုတင် စစ်ဆေးထားပေးသင့်ပါတယ်။

(၂) ကျန်းမာတဲ့ နေထိုင်မှုပုံစံအဖြစ် ပြောင်းလဲပါ

သားဦးမိခင်လောင်းတွေဟာခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်ခန္ဓာကိုယ်ကို အရင်ထက် ပိုပြီး ကျန်းမာကြံ့ခိုင်အောင် ပြင်ဆင်သင့်သလို စိတ်ဖိစီးမှုကင်းအောင်လည်း နေထိုင်သင့်ပါတယ်။ ကျန်းမာတဲ့ အစားအစာတွေ စားပေးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်အလေးချိန်ထိန်းတာကို လုပ်ပေးသင့်ပါတယ်။

(၃) ဆေးလိပ်၊ အရက်ဖြတ်ပါ

ဆေးလိပ်နဲ့ အရက်ဟာ မိခင်နဲ့ ကလေးကို အကြီးမားဆုံး ထိခိုက်စေမယ့် အရာတွေဖြစ်သလို ကလေးအတွက် မွေးရာပါ ကျန်းမာရေးချို့ယွင်းစေပါတယ်။

(၄) ဖောလစ်အက်စစ်သောက်ပါ

ဖောလစ်အက်စစ်က မိခင်နဲ့ သန္ဓေသားလောင်းရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုစေပြီး မလိုလားအပ်တဲ့ ဖွံ့ဖြိုးမှု နှေးကွေးတာနဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ကာကွယ်ပေးတဲ့အတွက် ကြိုတင်သောက်ထားသင့်ပါတယ်။
ဒါ့ကြောင့်

(၅) အမြဲ မှတ်သားလေ့လာပါ

သားဦးကိုယ်ဝန်ဆောင်ချိန်မှာ မှတ်သားစရာတွေ များတာကြောင့် ကိုယ်သိလိုတဲ့ အချက်တွေကို သားဖွားမီးယပ်ဆရာဝန် ဒါမှမဟုတ် နားလည် ကျွမ်းကျင်သူ တစ်ဦးဦးကို မေးမြန်းပါ။ ဒါ့အပြင် စာအုပ်ဖတ်တာနဲ့ မိခင်လောင်းတွေအတွက် ဝေမျှတဲ့ စကားဝိုင်းတွေမှာ ပါဝင်တာကလည်း သားဦးမိခင်တွေအတွက် များစွာ အထောက်အကူပြုနိုင်ပါ
တယ်။

အရေးကြီးဆုံးက မီးဖွါးဖို့ရာ ငွေကြေးအကူအညီ
စိတ်ဓါတ်ခွန်အား အကူအညီ လိုအပ်နေတဲ့ မေမေတို့
လုံးဝ စိတ်ပူပန်ဖို့ရာမလို ဖို့
Page ကို ဆက်ဆက် ဆက်သွယ်ပြီး အကူအညီ တောင်းခံဖို့
တိုက်တွန်းပြောပါရစေ
ခက်ခဲနေတဲ့ အချိန်မှာ team က တစ်ထောင့်တစ်နေရာကနေ မေမေ တို့ကို အကူအညီ ပေးပါရစေ

13/06/2024

ဒီလမှာ
တနင်္သာရီတိုင်း
ထားဝယ်ခရိုင်လေးမြို့နယ်ထဲက
ရွာတစ်ရွာက အမေတစ်ယောက်ကို
မီးဖွါးကာကွယ်ဆေးစရိတ်ထောက်ပံ့ထားပါတယ်
ကြိုတင်စာရင်းပေးထားတာ မို့
လိုတာနဲ့ ချက်ချင်း ပေးနိုင်ခဲ့တဲ့အတွက်
MumsAid team က ကြည်နူးဝမ်းသာရပါတယ်
မေမေနဲ့ ကလေးလေးလည်း
ရှေ့လျောက် ကျန်းမာ ပျော်ရွှင်အဆင်ပြေကြပါစေလို့
team က ထပ်လောင်းဆုတောင်းပေးပါတယ်

နောက်ထပ်လည်း အကူအညီလိုတဲ့ မေမေ မှန်သမျှကို
ကူညီနေဦးမှာမို့
ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ မီးဖွါးခါနီး မေမေ တွေကို
လာဆက်သွယ် ခိုင်းကြပါနော်

ရှေ့လကရော ဒီလရော စာရင်းသွင်းတဲ့ မေမေတွေမရှိတာမို့
နီးစပ်ရာက သိတဲ့ ဆရာမလေးတွေရှိရင်လည်း
သတင်းပေးလိုက်ကြပါဦးနော်
🥰🥰🥰🥰🥰

11/06/2024

10/5/204 မွေးနေ့အတွက် ရည်စူးလှူထားတဲ့ ညမလေးတစ်ယောက်ပါ
5 လပိုင်းနဲ့ 6 လပိုင်းမှား စာရင်းမှားမှတ်မိထားလို့ ခုမှပဲ
တင်ပေးဖြစ်တော့တယ်
🥲🥲🥲🥲🥲
အမြဲလှူတဲ့ ညမလေး ကောင်းသောလိုရာဆန်ဒမှန်သမျှ
တစ်လုံးတစ်ဝ ပြည့်စုံပါစေနော်
ဘဝမှာအစအစအရာရာလည်းအဆင်ပြေချောမွေ့ပါစေ
🥰🥰🥰🥰🥰

Photos from MumsAid's post 05/05/2024

နိုင်သလောက် လေးကနေ တစ်ဖြည်းဖြည်းနဲ့
ကူညီပေးနိုင်ခဲ့တဲ့ မေမေအရေအတွက်တွေများလာပါပြီ
တစ်ကယ့်တစ်ကယ် အကူအညီလိုပြီးချို့တဲ့တဲ့
မေမေ တွေကို လိုက်ရှာပြီးတော့ကို
မီးဖွါးစရိတ်နဲ့ ကလေး ကာကွယ်ဆေး ထိုးပေးနိုင်ဖို့အရေး
MumsAid team က အကူအညီ ပေးလျက်ရှိပါတယ်

ပင်ပန်းဆင်းရဲကြားထဲကနေ
အသက်နဲ့ထပ်ပြီး မီးဖွါး ရတာဟာ အင်မတန် ခက်ခဲပါတယ်
ဒီလို အခြေအနေမျိုးမှာ
က တစ်ထောင့်တစ်နေရာကနေ
ပါဝင်ကူညီ ခွင့်ရလို့ လည်းဝမ်းသာမဆုံးပါ
ဘယ်အခြေအနေ ရောက်ရောက် မေမေတို့
အဆင်ပြေ ချောမွေ့စွာ မီးဖွါး နိုင်ဖို့
team က အမြဲရှိနေမှာမို့

လိုအပ်ခဲ့ရင် page chat box လေးကို ဆက်သွယ်ဖို့ ဝန်မလေးကြဖို့လည်းတိုက်တွန်းရင်း
မေမေ တိုင်း ကျန်းမာပျော်ရွှင်ဖို့ team က ထပ်လောင်း ဆုတောင်းပေးလိုက်ရပါတယ် ရှင်🥰

25/04/2024

တစ်ချို့ မေမေ တွေကျတော့လည်း
ပြေးရင်းလွှားရင်း လညိး မွေးရတာပါပဲ
ခေတ်အခြေအနေအရကိုး
ထောက်ပံ့ငွေလေးတောင် လူကြုံပါးရရှာတာပါ
အခြေအနေ အကြောင်းကြောင်းကြောင့်
အထောက်အပံ့ လိုအပ်တဲ့ မေမေတွေ
အများကြီး ရှိသေးတာမို့
team က ဆက်လက်ကူညီပေးသွားဦးမှာပါ

13/04/2024

အမွှာ ကိုယ်ဝန်ဆိုရင် ပုံမှန်တောင် high risk pregnancy
လို့ သတ်မှတ်ပြီး သေချာ ဂရုတစိုက်နဲ့
ဆေးပညာအကူအညီအများကြီးနဲ့ သူများ နိုင်ငံတွေမှာ
မွေးပေးကြပါတယ်
မြန်မာ မှာတော့ အခြေအနေ အကြောင်းကြောင်း ကြောင့်
ပြေးလွှားရုန်းကန်ရင်းလည်း
အမေရော ကလေးတွေရော ကျန်းမာစေဖို့
ကံတရားကတစ်ဖက်
ဘေးကပေးနိုင်တဲ့ အကူအညီတစ်ဖက်နဲ့
ကြိုးစားမွေးဖွါးရပါတယ် ..
ဒီလို ချစ်ဖို့ကောင်း တဲ့ သားလေးနှစ်ယောက်ကို
မပြည့်စုံတဲ့ အခြေအနေမှာ
ကျန်းကျန်းမာမာ နဲ့ မွေးနိုင်ခဲ့တဲ့
မေမေ အတွက်လည်း ဂုဏ်ယူရင်း
MumsAid မှ တစ်ထောင့်တစ်နေရာက ကူညီခွင့်ရခဲ့ တဲ့အတွက် လည်း ဝမ်းသာကြည်နူးမဆုံးပါ
ဆက်လက်ပြီးလည်း အကူအညီလိုတဲ့ မေမေ တွေကို
ဆက်လက်ပံ့ပိုးပေးသွားမှာပါ😇😇😇😇😇

Want your organization to be the top-listed Non Profit Organization in Dawei?
Click here to claim your Sponsored Listing.

Website

Address

Dawei