Tavoy Korean Language Class
EPS-TOPIK 한국어를 가르칩니다
20/02/2025
အရမ်းဟော့နေတဲ့ E7-4R တရားဝင် ခွင့်ပြုလိုက်ပါပြီ
လျှောက်မယ့်လူတွေက
1.လက်ရှိ visa နဲ့ ၂နှစ်အထက် နေထိုင်ထားသူ
2.သတ်မှတ်ထားတဲ့လူဦးရေနည်းပါးဒေသမှာရှိတဲ့ လုပ်ငန်းခွင်ဖြစ်ရမယ်
3.လက်ရှိ E7-4 visa အတိုင်း အမှတ်ပေးစည်းမျဉ်းအရ ကိုက်ညီရမယ်
4.စာချုပ်ချုပ်ပေးမယ့် ကုမ္ပဏီက မိမိကို E7-4R visa နဲ့ ၁နှစ်ကို သိန်း၂၆၀နှင့် အထက်ပေးပါ့မယ်လို့ ၂နှစ်စာ စာချုပ်ချုပ်ပေးရမယ်
5.Topik/kiip lvl 2 အနဲဆုံးရှိရမယ်
အာ့တွေ ပြည့်စုံပြီဆို E7-4 -R ကို 2026 နှစ်ကုန်ထိ တရားဝင် လျှောက်လို့ ရပါမယ်
ကောင်းကျိုး ဆိုးကျိုးကတော့ အောက်မှာ ဆက်ဖတ်နော်⬇️⬇️
☘️E-7-4R visa အကြောင်း☘️
Visa နံပါတ်တွေရဲ့ နောက်မှာ R ပါနေတဲ့အတွက်ထုံးစံအတိုင်း F-2R လိုပဲ သတ်မှတ်ထားတဲ့ လူဦးရေနည်းပါးတဲ့ ဒေသတွေမှာ ၃နှစ်အထက် နေမယ်ဆိုရင် ပေးမယ့် visa ပါ
F2R က E9/E10 တွေ တိုက်ရိုက်လျှောက်လို့ မရတော့တာကြောင့် လက်ရှိ E9 တွေက E7-4 kpoint ကို အကြောင်းကြောင်းကြောင့် လျှောက်ခွင့်မရသူတွေ E-7-4R ကို တိုက်ရိုက်လျှောက်ထားခွင့် ရှိပါမည်
E-7-4R နဲ့ ၂နှစ်ပြည့်ပါက F-2R ကို တိုက်ရိုက်ပြောင်းခွင့်ရှိပါမယ်
E-7-4R လည်း kpoint လိုမျိုး မိသားစုခေါ်ခွင့်ရှိပြီး မိသားစုဝင်က တရားဝင် အလုပ်လုပ်ခွင့် ရရှိပါမည်
E-7-4Rက လက်ရှိ E9 နဲ့ ၂နှစ်အထက် /Topik-kiip level2/1နှစ်ဝင်ငွေ သိန်း ၂၅၀အထက် ရှိရုံနဲ့ လျှောက်ထားခွင့် ရရှိပါမယ်
E-7-4R ရရှိပြီးပါက ရထားတဲ့ ဒေသအတွင်း ၃နှစ် နေထိုင်ပေးရမည် ၃နှစ်ပြည့်ပြီးပါက တခြား လူဦးရေနည်းပါးဒေသ(인구감소지역) ကို ပြောင်းရွှေ့ခွင့် ရှိမည်
အလုပ်မသတ်မှတ်ထားပါ အဲ့ဒေသအတွင်း ကြိုက်ရာ အလုပ်လုပ်ခွင့်ရှိသည်
단점 (မကောင်းတဲ့အချက်)
❌ သတ်မှတ်ထားတဲ့ လူနေနည်းပါးတဲ့ဒေသတွေမှာ နေထိုင်လုပ်ကိုင်ရမယ်
장점 (ကောင်းတဲ့အချက်)
🛑 E9 visa နဲ့ ၂နှစ်အထက်နေထားရုံနဲ့ လျှောက်လို့ရတယ်
🛑 အိမ်ထောင်ဘက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိမယ်
🛑 သတ်မှတ်ဒေသမှာ နေရပေမဲ့ ကြိုက်ရာ အလုပ်လုပ်ခွင့်ရှိမယ်
🛑 E-7-4Rနဲ့ ၂နှစ်ပြည့်ပါက လက်ရှိအလုပ်မှာတင် F-2R visa တိုက်ရိုက် ခုန်တက်ခွင့်ရှိမည်(ဘာသာစကား level4 ရှိရမည်)
🟢 အထူးသဖြင့် လက်ရှိ E9 visa ကုန်ခါနီးကို အလုပ်ရှင်က E7-4 ပြောင်းပေးဖို့ သဘောမတူတာမျိုး
အလုပ်ရှင်က အခွန်ရှောင်ထားလို့ E-7-4 kpoint ကို ပြောင်းမရတဲ့လူတွေအတွက် သင့်တော်မယ့် visa မျိုးပါ
19/02/2025
ရန်ကုန်လေဆိပ်ဒီနေ့သတင်း‼️
19.2.2025
ဒီနေ့ရန်ကုန်လေဆိပ်မှာPJ passport ကိုင်ထားတဲ့ယောင်္ကျားလေးမိန်းကလေးအသက်အရွယ်မရွေးပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကိုတရားဝင်ယာယီပိတ်လိုက်ပြီဘဲဖြစ်ပါတယ်။ဘာဖြစ်လို့ပိတ်တာလဲမေးတော့ပြင်ဆင်စရာတွေရှိနေလို့လို့ပြောပါတယ်။ဘယ်အချိန်ထိပိတ်မယ်ဆိုတာတော့ဘယ်သူမှမသိရသေးပါဘူး။လေဆိပ်ကပြန်လာရတဲ့သူ၁ထောင်ကျော်လောက်ရှိနေတယ်လို့လဲသိရပါတယ်။လေဆိပ်ကပြန်လွှတ်ခံရသူတွေအနေနဲ့ကလဲလေယာဉ်လက်မှတ်ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ဒါကတော့သိရတာကိုရေးထားတာဖြစ်ပါတယ်ဗျ။
နောက်ထပ်သိရတာရှိရင်လဲပြောခဲ့ပါအုံးဗျ။
’svlogs
#ရန်ကုန်လေဆိပ်
နှစ်ကူး မတိုင်ခင်က ဟော့ဖြစ်ခဲ့ပြီး ရွှေမြန်မာတို့ အရမ်းကို စိတ်ဝင်စားနေတဲ့ E7-4R Visa အသစ်အကြောင်းလေး တင်ပေးမယ်လို့ စဉ်းစားပြီး ပို့်စ်ပြင်ထားတာကြာပါပြီ။ ဗီဇာအသစ်ဖြစ်တာရယ်၊ တချို့ ထုတ်ပြန်မထားသေးတဲ့ အကြောင်းအရာတွေကို စောင့်ဆိုင်းလေ့လာရင်းနဲ့ ပို့စ်လေး နောက်ကျသွားပါတယ်။ အခုဆိုရင် မကြာခင် 2လပိုင်းအလယ်လောက်မှာ ဒီဗီဇာလျှောက်လို့ရတော့မှာဖြစ်လို့ ပြင်ဆင်စရာလေးတွေ ကြိုပြင်လို့ရအောင် remind လုပ်ခြင်းဖြင့် ပို့စ်တင်လိုက်တာပါ
🩷 E7-4R ကို ဘယ်သူတွေ လျှောက်လို့ရလဲ
🩷 E9/ E10/ H2 ဗီဇာသမားများ လျှောက်လို့ရပါတယ်။
❤️ E7-4R ဗီဇာကို ကိုရီးယားရောက်ပြီး ဘယ်လောက်ကြာမှာ လျှောက်လို့ရမလဲ
❤️ ကိုရီးယာကိုရောက်ပြီး လုပ်သက် 2နှစ် အကြာမှာ လျှောက်ထားနိုင်ပါတယ်။
🧡 မိသားစုကိုခေါ်ပြီး အလုပ်လုပ်ကိုင်ခွင့်ရှိလား
🧡 ရှိပါတယ်။ E7-4R ဗီဇာ ရတာနဲ့ မိသားစုဝင်ကို ချက်ချင်းခေါ်နိုင်ပြီး တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
💛 လူနေ နည်းပါးနိုင်ခြေရှိသော ဒေသဆိုတာဘာလဲ
💛 လူနေနည်းပါးသည့် ဒေသမဟုတ်ပဲ လူဦးရေကျဆင်းလာနိုင်ခြေရှိသော ဒေသများကို ဆိုလိုပါတယ်။ လူနေနည်းပါးသည့် ဒေသ (89 ဒေသ)/ လူနေနည်းပါးနိုင်ခြေရှိသောဒေသ (18 ဒေသ)ရှိပါတယ်။
💚 နေထိုင်ရာဒေသ သတ်မှတ်ထားပြီး အလုပ်အမျိုးအစား ပြောင်းလဲ လုပ်ကိုင်နိုင်တာ ဟုတ်ပါသလား
💚 ဟုတ်ပါတယ်။ E7-4R ဗီဇာဖြင့် သတ်မှတ်ထားတဲ့ ဒေသအတွင်းမှာ မိမိနှစ်သက်ရာ အလုပ်အမျိုးအစားကို ရွေးချယ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ (စိုက်ပျိုးရေး၊ မွေးမြူရေးသမားများ ကုန်ထုတ်လုပ်ရေး/ ဆောက်လုပ်ရေးသို့ ပြောင်းလဲ လုပ်ကိုင်နိုင်)
🩵 E7-4R လျှောက်ဖို့ ဘာတွေလိုအပ်လဲ
🩵 2နှစ်အတွင်း ဝင်ငွေ သိန်း250 အထက်ရှိပြီး Topik KIIP Level 2 ရှိရင် လျှောက်လို့ရပါပြီ။
💜ဘယ်သူတွေအတွက် အခွင့်ရေးကောင်းဖြစ်မလဲ 💜💜
- E9 လုပ်သက်ပြည့်ပြီး အလုပ်ရှာနေသူများ
- E9 ဗီဇာကုန်ကာနီး အလုပ်ရှင်မှ ဗီဇာပြောင်းပေးရန် သဘောမတူသူများ
- E9၊ E10၊ H2 ဗီဇာဖြင့် အလုပ်ထွက်ထားသူ၊ အလုပ်ရှာနေသူများ
- အလုပ်ရှင်မှ အခွန်ရှောင်ထားသဖြင့် အခြားဗီဇာပြောင်ရန် ခက်ခဲနေသူများ
- လုပ်ငန်းစိတ်အမျိုးအစား ပြောင်းလဲလိုသူများအတွက် အခွင့်ရေးကောင်းလေးပါ။ 💜
🤎 E7-4R ဗီဇာ လျှောက်လို့ရပြီလား
🤎 2လပိုင်း လလယ်မှစတင်၍ လျှောက်ထားနိုင်ပါပြီ။
28/01/2025
Korea မှာ အိမ်ရှာဖို့ အကောင်းဆုံး App များ
Korea မှာ အိမ်ရှာတော့မယ်ဆိုရင် တော်တော်များများက 부동산 ကို သွားရှာကြတာများပါတယ်။ဒါပေမဲ့ အများစုက နေရာပဲ ပြောနိုင်ပြီးတော့ ပုံတွေဘာတွေ Showcase မလုပ်နိုင်ကြတာများပါတယ်။အဲ့တော့ တစ်အိမ်က နှစ်အိမ် နှစ်အိမ်က သုံးအိမ်ကြည့်ရရင် ကိုယ်လည်း ပင်ပန်းရသလို မြန်မာလူမျိုးတွေ စိတ်ခံအရ အားလည်း အားနာလာပြီးတော့ အရမ်းကြီး စိတ်တိုင်း မကျပေမဲ့လည်း ငှားလိုက်တတ်ကြပါတယ်။
ဒီတော့ ကျွန်တော်ကတော့ App တွေ Website တွေမှာက ပုံတွေနဲ့ အချက်လက်တွေ ရှိနေတာမို့ တထိုင်တည်းနဲ့ အဆင်ပြေနိုင်တာမျိုးရှာပြီးတော့မှဘဲ သွားကြည့်လိုက်တာက ပိုပြီးတော့ အဆင်ပြေနိုင်မယ်ထင်ပါတယ်။
ဒါကြောင့် အိမ်ငှားဖို့ အိမ်ရှာဖို့ လိုလာတယ်ဆိုရင်တော့ အောက်ပါ App တွေမှာ ရှာပြီးတော့ စိတ်တိုင်းကျတာမျိုးတွေ့ပြီဆိုတော့ဘဲ ကိုယ်တိုင်သွားကြည့်လိုက်တာမျိုးကို ညွှန်းချင်ပါတယ်။
အောက်ပါ App တွေမှာတော့ စပေါ်ငွေ အိမ်လခ တွေ ဘယ်လိုဆိုတာ ပြပေးထားပါတယ်။နောက်ပြီး 관라비 Internet TV Aircon Refrigerator Washing Machine Boiler စတာတွေကိုလည်း ပါပြီးသားလား သပ်သပ်စီ ဆောင်ရမှာလားဆိုတာ အသေးစိတ်ပြပေးထားပါတယ်။
ဘယ်နထပ်ရှိတဲ့ တိုက်မှာ ဘယ်နလွှာက အခန်းလဲ ကားပါကင်ရမရ ဘာညာအကုန်ရှိပါတယ်။ကိုယ်တိုင်စစ်လို့ ရပါတယ်။
ဒီတော့ Filter တွေနဲ့ စိတ်ကြိုက် ရှာနိုင်ပါတယ်။
아파트 원룸 빌라 투룸 အစုံကို အသေးစိတ် ရှာနိုင်ပါတယ်။
အောက်မှာ Play Store Link တွေပေးထားပါတယ်။IOS သမားတွေကတော့ App Store မှာ ရှာကြည့်ပါ။
Recommend ပေးရရင်တော့ အကောင်းဆုံး အဆင်ပြေဆုံး ကျွန်တော် ကြိုက်တာကို ပြောတာပါ။ အစဉ်လိုက် စီပေးထားပါတယ်။
ကြိုက်တာတွေ့ရင် App တိုင်းမှာ ရှာကြည့်ပါ စျေးနည်းနည်း ကွာတတ်လို့ပါ။ကြိုက်တဲ့ အခန်းက တစ်ခန်းတည်း သေချာတယ်ဆိုရင် စျေးနည်းတဲ့ စီမှာ ငှားလိုက်ပါ။
1
https://play.google.com/store/apps/details?id=com.chbreeze.jikbang4a&pcampaignid=web_share
2
https://play.google.com/store/apps/details?id=kr.co.station3.dabang&pcampaignid=web_share
3
https://play.google.com/store/apps/details?id=com.ziptoss.v2&pcampaignid=web_share
4
https://play.google.com/store/apps/details?id=com.appz.dukkuba&pcampaignid=web_share
Crd:
https://www.facebook.com/share/1BeboVkMcF/
10/12/2024
ဆောလားပိတ်ရက်ခရီးသွားကြမယ် ချင်းဂူတို့ရေ...
ပင်လယ်ရေမျက်နှာပြင်အထက် 1,573 မီတာမြင့်တဲ့ 함백산 က ရေခဲချိုင့်ဝမ်း နှင်းပန်းတွေနဲ့ အရမ်းလှလို့ ကိုရီးယားမှာနေတဲ့သူတွေ သွားသင့်တဲ့တောင်တစ်ခုပါ❄️🌨️🏔️
#함백산 #눈꽃 #겨울여행
တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသားတွေကို G1 ဗီဇာပေးနေသရွေ့ အလည်ဗီဇာ နဲ့ လာပြီး G1 ဗီဇာပြောင်း အလုပ်လုပ်လို့ ရပါတယ်
ဘယ်နည်းနဲ့ဖြစ်ဖြစ် ရောက်အောင်သာ လာပါ အဆင်ပြေသွားပါလိမ့်မယ်
27/10/2024
“ကိုရီးယားမှာ လစာအကောင်းဆုံး အလုပ် (၅) မျိုး🖐️”
သင် ကိုရီးယားက အလုပ်ကိုင်တွေအကြောင်း
ဘယ်လောက် သိထားပါသလဲ…❓
🇰🇷 ကိုရီးယားမှာ လစာအကောင်းဆုံး အလုပ်တွေရှိပါတယ်။ ရတဲ့ လစာတွေက နယ်ပယ်နဲ့ ကျွမ်းကျင်မှု အလိုက်ကွာခြားမှုတွေရှိပေမဲ့ ၂၀၂၄ စစ်တမ်းအရ လစာအကောင်းဆုံး အလုပ် (၅) မျိုးကို
ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။
🇰🇷 (၁) တရားသူကြီး
ကိုရီးယားမှာတော့ ဥပဒေလိုင်းဟာ အကြပ်ဆုံးဖြစ်ပြီး အကယ်၍ ဝင်ခွင့်ရခဲ့မယ်ဆိုရင်လည်း ဝင်ငွေက အရမ်းကောင်းပါတယ်။ တရားသူကြီးတစ်ယာက်ရဲ့လစာက ဝမ် သိန်း ၁၂၀ နဲ့ အထက်ရှိတယ်လို့
စစ်တမ်းကဆိုပါတယ်။
🇰🇷 (၂) ရှေ့နေ
တရားသူကြီးနည်းတူ ဥပဒေလိုင်းက ရှေ့နေတွေရဲ့ လစာကလည်း မနည်းတာကိုတွေ့ရပါတယ်။ ရှေ့နေတစ်ယာက်က တရားသူကြီးလောက်တော့ တစ်လကို ဝမ် သိန်း ၉၈ လောက်ရတာမို့ နေထိုင်စားသောက်ဖို့အပြင် စုဆောင်းဖို့ပါ ကောင်းကောင်းလုံလောက်တဲ့ ပမာဏတစ်ခုပါ။
🇰🇷 (၃) ခွဲစိပ်ဆရာဝန်
နောက်အလုပ်တစ်ခုကတော့ ခွဲစိပ်ဆရာဝန်တွေပါ။ ဒီနေရာမှာတော့ အဓိကအားဖြင့် ပလတ်တစ်ဆာရဂျီ
အတွက်ခွဲစိပ်ပေးတဲ့ ဆရာဝန်တွေကို ဆိုလိုတာပါ။ ဒါကတော့ အထွေထူးပြောစရာလိုမယ်တောင်မထင်ပါဘူး။
ကိုရီးယားမှာလစာအကောင်းဆုံးစာရင်းထဲမှာပါပြီးတော့ တစ်လ ဝမ် သိန်း ၁၄၀ လောက် ရပါတယ်တဲ့။
🇰🇷 (၄) ဘဏ်မန်နေဂျာ
လစာလည်းကောင်းချင်တယ်၊ အပေါ်က ပြောခဲ့တဲ့ အလုပ်တွေထဲကလည်း သဘောမကျဘူးဆိုရင်တော့
လစာကောင်းတဲ့ ဘဏ်မန်နေဂျာတစ်ယောက်လုပ်လို့ရပါတယ်။ အပေါ်ကအလုပ်တွေလောက်တော့ မရပေမဲ့
တစ်လ ဝမ် ၉၂ သိန်းရနေတဲ့ အလုပ်ကလည်းအရမ်းဆိုးတာတော့ မဟုတ်ပါဘူး။
🇰🇷 (၅) ပရော်ဖက်ဆာ
လစာလည်းကောင်းရမယ်၊ ဆရာကြီးလည်းလုပ်ချင်တယ်ဆိုရင်တော့ ဆရာကြီးလုပ်ကြည့်ကြပါ။
တောင်ကိုရီးယားက ပညာရေးကို အသားပေးတဲ့ နိုင်ငံဖြစ်လို့ တက္ကသိုလ်တွေလည်း အများပြားရှိပါတယ်။
သင်ကသာ တက္ကသိုလ်တစ်ခုခုမှာ ပရော်ဖက်ဆာဆိုရင်တော့ တစ်လ ဝမ် သိန်း ၇၀ ဝန်းကျင်လောက်ရမှာပဲဖြစ်ပါတယ်။
မနက်ဖြန်ည မြန်မာစံတော်ချိန် ည၁၀နာရီဝန်းကျင်မှာ 16ကြိမ် ကုန်ထုတ်ပသုတ်များ၏ ပထမအဆင့်အောင်စာရင်းကို အောက်ပါlinkမှတဆင့် Passport နံပါတ်နှင့် မွေးသက္ကရာဇ် အပြည့်အစုံထည့်၍ ဝင်ရောက်ကြည်ရှုနိုင်ပါသည်။
အနည်းဆုံးဖြတ်မှတ်ဖြင့် အားလုံးပဲအောင်မြင်နိုင်ကြပါစေ🇰🇷🇲🇲
https://www.facebook.com/share/p/mrCusmTjx1FvP8xi/?mibextid=qi2Omg
20/08/2024
ဆိုးလ်မှာလည်စရာအဖြစ်နာမည်ကြီးလာမယ့်
မိုးပျံပူပေါင်းစီးခြင်း(ဆိုးလ် လ)
서울달
ကောင်းကင်ပေါ်ကနေ ဆိုလ်းရဲ့ နေ့နဲ့ည အလှကို
ကြည့်ရှုးခံစားနိုင်မယ့် ဆိုလ်းမိုးပျံပူပေါင်းစီးခြင်းကို
၈လိုင်း ၂၃ရက်နေ့မှ စတင်ပြီးဖွင့်လှစ်မည်ဟုသိရပါသည်။
ဆိုလ်းမြို့ ရဲ့ အဓိကနေရာ ယောအွီဒိုမှာ ဆိုလ်းလကြီးကို စီးပြီး ၁၃၀မီတာ အမြင့်ကနေ ဆိုလ်းရဲ့ နေ့နဲ့ည အလှကို မျက်စိတဆုံးကြည့်လိုက်စမ်းပါ။
တစ်ကြိမ်မှာ လူ အယောက် ၂၀လောက်ပဲ စီးလို့ရပါသည်။
စီးတဲ့အချိန်ကြာချိန်။ ။၁၅မိနစ်ခန့်
အချိန်။ ။နေ့လည်၁၂နာရီမှ ည ၁၀နာရီအထိ
အသုံးပြုခ။ ။လူကြီး ၂သောင်း၅ထောင်၀မ်
အုပ်စုလိုက်ဆို ၁၀ရာခိုင်နှုန်းလျော့ပေးသည်။
ဒီထက်အကြောင်းအရာတွေ ထပ်သိချင်ရင် အောက်က link မှာ ၀င်လေ့လာနိုင်ပါသည်။
( https://bit.ly/seouldal-official-info )
သတိပြု။ ။လေပြင်း၊မိုးသန်းထန်စွာ ရွာတဲ့နေ့တွေဆို စီးမရပါ။
လိပ်စာ
서울 영등포구 여의공원로 68
လမ်းညွှန်။ ။မြေအောက်ရထား (၅)လိုင်းကိုစီးပြီး 여의도역ဘူတာမှာဆင်း ထွက်ပေါက် နံပတ်(၃) မှထွက် လမ်း ၁၂မိနစ်လောက် လျှောက်ရင် ရောက်ပါပြီ။
5호선 여의도역 3번 출구에서 도보 12분
လမ်းညွှန်။ ။မြေအောက်ရထား (၉)လိုင်းကိုစီးပြီး 국회의사당역ဘူတာမှာဆင်း ထွက်ပေါက် နံပတ် (၃)မှထွက် လမ်း ၁၂ မိနစ်လောက် လျှောက်ရင် ရောက်ပါပြီ။
-9호선 국회의사당역 3번 출구에서 도보 11분
ခွင့်ပြန် OWIC လုပ်ရန်အတွက် [PJသမားများသာ]...................................
အရင်က
Passport
အလုပ်လုပ်ခွင့်ပါမစ်
သူဌေးခွင့်စာ
မှတ်ပုံတင်
ဖော်ပြပါ ၄ မျိုးရှိရုံနဲ့ လုပ်လို့ရသော်လည်း
ခုနောက်ပိုင်း EID ကဒ် ခေါ် UID ကဒ်ပါ လိုအပ်လာပါတယ်။ ထို့အပြင် ခုရက်ပိုင်းအတွင်း ထပ်လိုအပ်လာတာက
1. အခွန်
2. လစာရဲ့ 25% လွှဲငွေ
တို့ပါ ထပ်မံလိုအပ်လာပါတယ်။
အခွန် နဲ့ လစာ25%လွှဲငွေ မတွက်တတ်သူများအတွက် စင်ကာပူ ၊ မလေးရှား နှင့် ထိုင်း နိူင်ငံတို့၏ အခြေခံအလုပ်သမားများအတွက် အောက်တွင် တွက်ပြထားပါတယ်။
စင်ကာပူ
အခြေခံလစာ 400 $
အခွန် 2% = ၁လ 8 $
25% ငွေလွှဲ = ၁လ 100 $
2023 Oct မှ 2024 June ခုလအထိ
၉ လစာ အတွက်
အခွန် = 8x9 = 72 $
ငွေလွှဲ = 100x9 = 900 $
******
မလေးရှား
အခြေခံလစာ 1500 R
အခွန် 2% = ၁လ 30 R
25% ငွေလွှဲ = ၁လ 375 R
2023 Oct မှ 2024 June ခုလအထိ
၉ လစာ အတွက်
အခွန် = 30x9 = 270 R
ငွေလွှဲ = 375x9 = 3375 R
*******
ထိုင်း
အခြေခံလစာ 7500 B
အခွန် 2% = ၁လ 150 B
25% ငွေလွှဲ = ၁လ 1875 B
2023 Oct မှ 2024 June ခုလအထိ
၉ လစာ အတွက်
အခွန် = 150x9 = 1350 B
ငွေလွှဲ = 1875x9 = 16875 B
1. အခွန် ကို သက်ဆိုင်ရာ နိူင်ငံ၏ သံရုံး သို့မဟုတ်
ရန်ကုန်မြို့၏ မြို့နယ်အခွန်ရုံးများတွင် ဆောင်၍ ရပါသည်။
သက်ဆိုင်ရာ သံရုံးမှာပဲ ဆောင်ပြီးမှ ပြန်လာပါ။
*** ရန်ကုန်မြို့၏ အခွန်ရုံးများတွင် ဆောင်လျှင် အချိန်လည်း အများကြီး ပိုကြာသလို ကျသင့်ငွေပမာဏထက်လည်း များစွာ ကုန်ကျပါလိမ့်မည်။
2. လစာ၏ 25% လွှဲငွေကို
ကိုယ်က မပြန်ခင် ကြိုလွှဲထားတာ ပိုအဆင်ပြေပါတယ်။
Westren Union သို့မဟုတ် Ria Moneny Transfer သွားပြီး
ကိုယ့်မိသားစု တစ်ယောက်ယောက်ဆီကို
SGD to MMK
Ringit to MMK
THB to MMK ဖြင့် လွှဲရပါမယ်။
အကယ်၍ ကိုယ်က မြန်မာနိူင်ငံ ရောက်လာပြီးမှ လွှဲရမယ်ဆိုရင်
နိူင်ငံခြား မှာ ရှိနေတဲ့ ကိုယ့်သူဌေး /ကိုယ့်မိသားစု တစ်ယောက်ယောက် / ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက်မှ
Westren Union သို့မဟုတ်
Ria Moneny Transfer သွားခိုင်းပြီး
ကိုယ့်ဆီကို
SGD to MMK
Ringit to MMK
THB to MMK ဖြင့် လွှဲခိုင်းရပါမယ်။
Category
Website
Address
Dawei
Alerts
Be the first to know and let us send you an email when Tavoy Korean Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.