MDA Dawei
Myanmar Dental Association Dawei
19/01/2020
၁၉ ဇန်နဝါရီ၊၂၀၂၀။
ပန္ဒလဲ၊လောင်းလုံး။
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း(ထားဝယ်အသင်းခွဲ) သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်ပူးပေါင်းကာ လောင်းလုံးမြို့နယ်၊ပန္ဒလဲ ကျေးရွာနှင့် အနီးပတ်ဝန်ကျင်ရွာများမှ ပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးပညာပေးဟောပြောခြင်း နှင့် အခမဲ့သွားရောဂါကုသခြင်းများကို ပြုလုပ်ပေးခဲ့ပါတယ်။
အခမ်းအနား တွင် ဒေါက်တာ တင်နွယ်နီလတ် မှ သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာများကို ဟောပြောခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပန္ဒလဲ အ.ထ.က မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ နှင့် ကျေးရွာပြည်သူများ တက်ရောက်နားထောင်ခဲ့ကြပါတယ်။
ဆက်လက်၍ အခမဲ့သွားကျန်းမာရေး ကုသမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ရာ လူနာ ၂၆၇ ယောက်ကို ကုသမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဆေးကုသမှုလုပ်ငန်းစဉ် အတွက် main sponsor အဖြစ် DKSH မှ အဓိက ပံ့ပိုးကူညီခဲ့ပြီး လိုအပ်သော ဆေးဝါးများကို
DKSH နှင့် Zifam တို့မှလည်းကောင်း၊ လိုအပ်သော ထုံဆေး၊အပ်နှင့် သွားဖာသော materials များကို Oral Care တို့မှလည်းကောင်း၊ လိုအပ်သော ဆေးကုသမှု ဆက်စပ်ပစ္စည်းများကို အင်းဇောက်ကျေးရွာမှ ဒေါက်တာစိုးပိုင်အောင် မှ အဓိက ကူညီပေးခဲ့ပြီး နယ်ခံလူငယ်ကျန်းမာရေးကွန်ယက်အဖွဲ့မှလည်း တက်ကြွစွာ ကူညီပေးခဲ့ကြပါတယ်။
ဆေးကုသမှုအဆင်ပြေချောမွေ့စေရန် တော်ဝင် သွားနှင့်ခံတွင်းဆေးခန်းမှ assistants များကလည်း တက်ကြွစွာ ကူညီပေးခဲ့ကြပါတယ်။
ဆေးကုသမှုလုပ်ငန်းများကို ညနေ ၃ နာရီခန့်တွင် အောင်မြင်စွာ ပြုလုပ်ပေးခဲ့ပြီးနောက် MDA(Dawei) အဖွဲ့သည် လောင်းလုံးမြို့နယ်ထဲရှိ တီဇစ်ကမ်းခြေသို့ သွားရောက်လည်ပတ်အနားယူ ခဲ့ကြပါသည်။
အခမ်းအနားဖြစ်မြောက်အောင် နှင့် အောင်မြင်စွာပြုလုပ်နိုင်အောင် အဖက်ဖက်မှ ကူညီပေးခဲ့သူ တစ်ယောက်ချင်းစီအား MDA(Dawei) ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
MDA(Dawei)
23/12/2019
MDA Tanintharyi အလုပ်အမှုဆောင် ကော်မတီ အသစ်ရွေးချယ်တင်မြှောက်ခြင်း
# # # # # # # # # #
ဒီဇင်ဘာ ၇ ရက်၊ကော့သောင်း။
သွားနှင့်ခံတွင်းဆရာဝန် အသင်း(ဗဟို) မှ ကြီးမှူးကျင်းပသော သွားနှင့်ခံတွင်းဆရာဝန်အသင်း(တနင်္သာရီတိုင်းဒေသကြီးအသင်းခွဲ) ၏ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲကို ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရာလာသော ခရိုင်အသင်းခွဲများမှ အသင်းဝင်များမှ ဆန္ဒမဲပေးကာ ရွေးချယ်ခဲ့ကြပါတယ်။
အလုပ်အမှုဆောင် ဥက္ကဋ္ဌ အဖြစ် ထားဝယ်အသင်းခွဲမှ ဒေါက်တာ တစ်ထွေးရှိန်၊ ဒု-ဥက္ကဋ္ဌအဖြစ် ထားဝယ်အသင်းခွဲမှ ဒေါက်တာ ကျော်စွာလင်း၊ အတွင်းရေးမှုး အဖြစ် ကော့သောင်းအသင်းခွဲမှ ဒေါက်တာ ရဲခေါင်၊ ဒု-အတွင်းရေးမှုးဖြစ် မြိတ်အသင်းခွဲမှ ဒေါက်တာ ဇော်မျိုးထက်၊ ဘဏ္ဍာရေးမှူးအဖြစ် မြိတ်အသင်းခွဲမှ ဒေါက်တာ ယဉ်ယဉ်ထွန်း၊ စာရင်းစစ်အဖြစ် ထားဝယ်အသင်းခွဲမှ ဒေါက်တာ နွယ်နီလတ် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
နာယကများအနေဖြင့် မြိတ်အသင်းခွဲမှ ဒေါက်တာကျော်ဆန်း၊ ဒေါက်တာရီရီ၊ ဒေါက်တာ စိုးဝင်း၊ ကော့သောင်းအသင်းမှ ဒေါက်တာ ထိန်လင်းတို့ အား အမှူးထား ရွေးချယ်ခဲ့ပါတယ်။ အလုပ်အမှုဆောင် ပွဲအပြီးမှာတော့ သူဌေးကျွန်း ဟိုတယ်တွင် ဘူဖေးညစာဖြင့် တည်ခင်းဧည့်ခံပြီး အလုပ်အမှုဆောင် ရွေးချယ်ပွဲကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။
၈ ရက်နေ့ မနက်မှာတော့ MDA ဗဟိုအသင်းနှင့် တက်ရောက်လာကြသော အသင်းသားများစုပေါင်းပြီး မြင်းခွာကျွန်းနှင့် တခြားကျွန်းများကို နေ့ချင်းပြန်အလည်အပတ် ခရီးသွားပြီး အပန်းဖြေခဲ့ကြပါတယ်။
အသစ်ရွေးချယ်တင်မြှောက်ထားသော အလုပ်အမှုဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် သွားနှင့်ခံတွင်း ဆရာဝန်အသင်း(တနင်္သာရီတိုင်းဒေဿကြီး)အသင်းခွဲ၏ အနာဂတ် တိုးတက်ပါစေကြောင်း ဆုမွန်တောင်းရင်း မှတ်တမ်းတင်ဂုဏ်ပြုရေးသားအပ်ပါသည်။
23/12/2019
Click here to claim your Sponsored Listing.