Evertop Motor Service

Evertop Motor Service

Share

Motor Service

Photos from Evertop Motor Service's post 03/11/2021
Photos from Evertop Motor Service's post 01/02/2021

မိမိဝယ်ယူထားသောကားအတွက် သင့်တော်ဆုံး အင်ဂျင်ဝိုင်ကို ဘယ်လိုရွေးချယ်မလဲ......?

Evertop မိသားစုမှ Customer များအတွက် အင်ဂျင်ဝိုင်ဆိုင်ရာဗဟုသုတအနည်းငယ်ကို မိတ်ဆက်ပေးပါရစေရှင့်။

အင်ဂျင်ဝိုင် ဗူးပေါ်က SAE , API ဆိုတာတွေက ဘာတွေလဲ????

SAE ဆိုတာကို ပထမဆုံး ရှင်းပြချင်ပါတယ်ရှင့်။ SAEဆိုတာက Society of Automotive Engineers (မော်တော်ယာဉ်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

SAE အမှတ်အသား နံဘေးက 5W30, 10W30 , 15W40 ဆိုတာကို ရှင်းပြပေးပါမယ်ရှင့်။

5W, 10W, ဆိုတာတွေက ရာသီဥတုကို ကိုယ်စားပြုတဲ့ အမှတ်အသားတွေဖြစ်ပါတယ်။

ဥပမာ 0W ဆိုတာ - 40 ဒီဂရီဆဲလ်စီးယပ် အထိ အအေးခံနိုင်ခြင်းကိုဆိုလိုပြီး 10W ဆိုတာ - 30 ဒီဂရီဆဲလ်စီးယပ် အထိ အအေးခံနိုင်ခြင်းကိုဆိုလိုပါတယ်။ W အနောက်က 30, 40, နံပတ်တွေက အင်ဂျင်ဝိုင်အထူအပါးကို ရည်ညွှန်းပါတယ်။

API ဆိုတာကရော ဘာလဲ??????
American Petroleum Institute ( အမေရိကန် စက်သုံးဆီအဖွဲ့ အစည်း)

API နောက်မှာရေးထားတဲ့ CI,SL ဆိုတာက engine အမျိုးအစားကို ခွဲခြားပေးတဲ့ အမှတ်အသားဖြစ်ပါသည်။ C နဲ့ စရင် Compression ကို ကိုယ်စားပြုသောကြောင့် ဒီဇယ်အင်ဂျင်မှာ အသုံးပြုနိုင်ပါသည်။

S နဲ့စရင် Sparkကို ကိုယ်စားပြုခြင်းဖြစ်ပြီး ဓာတ်ဆီအင်ဂျင်တွင် အသုံးပြုရန် ပြုလုပ်ထားသော အင်ဂျင်ဝိုင် အမျိုးအစားဖြစ်ပါသည်။

S , C အနောက်က I, M, N အမှတ်အသားတွေက Engine ထုတ်လုပ်တဲ့ ခုနှစ်ကို ကိုယ်စားပြုပါတယ်။

ဥပမာ SNဆိုရင် S က ဓာတ်ဆီအင်ဂျင်ကို ကိုယ်စားပြုပြီး N ကတော့ အင်ဂျင်ထုတ်လုပ်တဲ့ခုနှစ်အပိုင်းအခြား ၂၀၁၀ မှ ၂၀၁၈ ခုနှစ်အချိန်ကာလကို ဖော်ပြခြင်းဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Evertop customer များအားလုံးမိမိကားလေးရဲ့ ခုနှစ်အလိုက် အသင့်တော်ဆုံးအင်ဂျင်ဝိုင်အမျိုးအစားကို ရှာဖွေအသုံးပြုနိုင်ပြီလို့ ယုံကြည်လိုက်ပါပြီနော်.

Evertop ချစ်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေရှင့်။

ဖုန်း 09 66950 1859, 09 45988 6702
လိပ်စာ ရေး - ထားဝယ်ကားလမ်းနံဘေး၊ သပြေချောင်းအထပ်သားစက်ရုံရှေ့၊ ထားဝယ်မြို့။

Photos from Evertop Motor Service's post 27/01/2021

Evertop မှ ဝန်ဆောင်မှုပေးနေတဲ့ မှတ်တမ်းပုံလေးတွေတင်ပရစေ

Photos from Evertop Motor Service's post 22/01/2021

ပုံမှန်စစ်ဆေးလဲလှယ်​​ပေးရသော ​ကားအစိတ်အပိုင်းများ

ကားတစ်စီးအား ပုံမှန်စစ်​ဆေးပြုပြင်ခြင်းကအန္တရာယ်ကင်းသလို ပျက်မှပြင်တာထက်စာရင် ကုန်ကျစရိတ်ပိုမိုသက်သာစေပါတယ်။ Evertop မှ ချစ်သော Customer များအတွက် ကားတစ်စီးတွင် ပုံမှန်စစ်ဆေးလဲလှယ်သင့်တဲ့ ကားအစိတ်အပိုင်းများအကြောင်းကို ဖော်ပြပေးသွားပါမည်။

1. Filter (ဆီစစ်၊ လေစစ်များ)

လေစစ်ခေါ် Air filter များကို 30000Km မှ 50000Km အတွင်း သုံးပြီးပါက လဲပေးသင့်သည်။ 5000Km သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် Oil filter ဆီစစ်ကို လဲပေးသင့်သည်

2. Battery (ဘက္ထရီ)

ဘက်ထရီတစ်လုံးရဲ့ သက်တမ်းဟာအများဆုံး (၃) နှစ်သာ ရှိသည်။ AGM (Absorbant Glass Mat) အသုံး​​ပြုဘက်ထရီအမျိုးအစားဟာ ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပိုအသုံးခံသည်။ Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ် ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်။

3. Brake Shoe/ Pad ဘရိတ်ရှုး

ဘရိတ်ရှူးများသည် ပွန်းစားခံရ​သော အစိတ်အပိုင်းဖြစ်တာနှင့်အညီ 30000Km မှ 70000Km အထိ အသုံးခံသည်။ ယာဥ်​မောင်း၏အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။

4. Tyres (တာယာ)
တာယာများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှာဖြစ်တယ်။ ကားအောက်ပိုင်းစနစ် ကောင်းလေ တာယာအသုံးခံလေဖြစ်မည်။ အရည်အသွေးကောင်းတာယာများသည် 60000Km မှ မိုင် 80000Km အထိ အသုံးခံပါသည်။

5. Clutch (ကလပ်)

ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင် Km 70000 ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

6. Timing Belt (တိုင်မင်ဘတ်လ်ကြိုး)

တိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော မည်။ Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် 100000Km အထိ ရှိသည်။

7. Fuel Pump (ဆီပန့်)

ကားတစ်စီးတွင် Fuel Injection ဆီပို့မှုအားကောင်းရန် ဆီပန့်ကောင်းဖို့လိုအပ်တယ်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ ကျော် အသုံးခံသော်လည်း Pump အထိုင် Filter များ မကြာခဏ ဆေးကြောပေးရန်လိုအပ်ပေသည်။

8. Water Pump (ရေတွန်းပန့်)

အအေးခံစနစ်တွင် အဓိကကျသောအရာဖြစ်သည်။ စနစ်အတွင်း အရည်များလည်ပတ်စေရန်၊ ရေပန့်က တွန်းပေးသည်။ Pump သက်တမ်းကြာလာလျှင် Oil seal ပေါက်ပြီး အအေးခံရည်များ ယိုစိမ့်ထွက်တတ်သည်။ ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူလွန်ကဲမှုကိုဖြစ်စေနိုင်ပါသည်။

10. Spark Plugs

ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်ဘဲ ဆီစားများမည်။ ပလပ်များကိုဆေးကြောခြင်း မကြာခနစစ်ဆေးခြင်းများ ပြုလုပ်ပေးရသည်။

11. Suspension Parts ( ကားအောက်ပိုင်းအစိတ်အပိုင်းများ)

ကားပိုင်းအစိတ်အပိုင်းများဖြစ်တဲ့ Tie Rod, Ball Joint နှင့် Rubber bush တွေကိုမကြာခဏစစ်ဆေးလဲလှယ်ပေးခြင်းက သင့်ကားကိုကြာရှည်ခံစေနိုင်ပြီး အန္တရာယ်ကင်းရှင်းစေနိုင်ပါသည်။

ဖုန်း 09 669 501859
လိပ်စာ ရေး - ထားဝယ် အဝေးပြေလမ်း၊ သပြေချောင်းအထပ်သားစက်ရုံရှေ့၊ ထားဝယ်မြို့။

Photos from Evertop Motor Service's post 15/01/2021

Evertop Wiring Service

15/01/2021

သင်ဟာကားတစ်စီးပိုင်ဆိုင်ထားပြီဆိုရင် တာယာအကြောင်းအနည်းငယ်သိဖို့တော့ လိုအပ်ပါမယ်နော်
Evertop မှ လူကြီးမင်းတို့အတွက် တာယာဆိုင်ရာဗဟုသုတ အနည်းငယ်ကို ရှင်းလင်းဖော်ပြပေးပါမည်။ ဒီနေ့တော့ တာယာပေါ်က အမှတ်အသားတွေအကြောင်းကို ပုံနှင့်တကွ ရှင်းလင်းဖော်ပြပေးပါမယ်

A အမှတ်ကတော့ တာယာ၏အများဆုံးခံနိုင်သောလေဖိအား (Eg: Max Press 44Psi) ကိုဖော်ပြပါတယ်

B အမှတ်အသားကတော့ တာယာ၏ ဗျက်အကျယ်ဖြစ်ပါတယ်

C အမှတ်အသားကတော့ တာယာဖြက်နှင့် အချိုး၊ ဘေးနံရံအမြင့်ဖြစ်ပါတယ်

D အမှတ်အသားကတော့ တာယာတည်ဆောက်ပုံ အမျိုးအစား (ရေဒီယယ်အမျိုးအစား) ကိုဖော်ပြပါတယ်

E အမှတ်အသားကတော့ တာယာဂွေရဲ့အချင်းကိုဖော်ပြပါတယ်

F အမှတ်အသားကတော့ တာယာခံနိုင်ဝန် အလေးချိန်ညွှန်ကိန်းဖြစ်ပါတယ်

G အမှတ်အသားကတော့ ကားအမြန်နှုန်း ညွှန်ကိန်းဖြစ်ပါတယ်

H အမှတ်အသားကတော့ တာယာထုတ်လုပ်သည့်ရက်စွဲကိုဖော်ပြပါတယ်
DOT နှင့်စပါတယ်။ နောက်ဆုံးဂဏန်း လေးလုံးမှာ ထုတ်လုပ်သည့်နှစ်နှင့် ရက်သတ္တပတ်ကို ဖော်ပြပါတယ်။

• ဥပမာ -
DOT 1212 ဟုပါလျှင်
2012 ခုနှစ်၊
12 ပတ်မြောက် ( 31.3.2012 ) မှာ ထုတ်လုပ်တယ်ဟုဖတ်ရှုရပါမယ်

I ကတော့ အပူချိန်သင်္ကေတ (အပူချိန်နှင့် ဆားငန်ရေကို ခံနိုင်၊မခံနိုင် ပြသည်) ကိုဖော်ပြပါတယ်

အခုဆိုရင် တာယာအကြောင်းနည်းနည်းပါးပါးသိရပြီလို့ ထင်ပါရှင့်။ Evertop customer အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်

ဖုန်း 09 669 501859
လိပ်စာ ရေး - ထားဝယ် အဝေးပြေလမ်း၊ သပြေချောင်းအထပ်သားစက်ရုံရှေ့၊ ထားဝယ်မြို့။

Photos from Evertop Motor Service's post 10/01/2021

EVERTOP မှာ ဘယ်လိုဝန်ဆောင်မှုတွေရနိုင်လည်း?

EVERTOPအဆင့်မြင့်ကားပြင်အလုပ်ရုံမှတာဝန်ယူဆောင်ရွက်လျက်ရှိသော Service များမှာ

- ကားအင်ဂျင်အောက်ပိုင်းပြုပြင်ခြင်း
- ကွန်ပျူတာစစ်ဆေးခြင်း
- 3D_Alignmentစစ်ဆေးခြင်း
- ကားအဲယားကွန်းနှင့် ဝါယာရိန်းပြုပြင်ခြင်း
- အင်ဂျင်ဝိုင်လဲလှယ်ခြင်း
- ဘရိတ်ပြုပြင်ခြင်း နှင့် တာယာ Service တို့ဖြစ်ပါတယ် ရှင့်

ယနေ့ ကားအင်ဂျင်နှင့် အောက်ပိုင်းပြုပြင်လျက်ရှိသော Customer များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်ရှင်

တည်နေရာ - ရေး - ထားဝယ်အဝေးပြေးလမ်း၊ သပြေချောင်းအထပ်သားစက်ရုံရှေ့။

Ph. 09669501859
Ph. 09459886702

06/01/2021

Evertop မိသားစုမှ အားပေးသူ customer များအား
နှစ်သစ်ကူးပရိုမိုးရှင်း အစီအစဥ်လေးနဲ့ မိတ်ဆက်ချင်ပါတယ်ရှင့်

ပါဝင်တဲ့အစီအစဥ်တွေကတော့

- အင်ဂျင်ဝိုင်လဲရင် လက်ခ အခမဲ့
- အော်တိုဝိုင်လဲရင် ၅၀ ရာခိုင်နှုန်းလက်ခလျော့စျေး
- 3D Alignment ၅၀ ရာခိုင်နှုန်းလက်ခလျော့စျေး
- OBD ကွန်ပျူတာပြစ်ချက်ရှာဖွေပေးခြင်း လက်ခ အခမဲ့တို့ဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျစေရန် အထူးဝန်ဆောင်မှုပေးမှာဖြစ်တာကြောင့် မြန်မြန်လေးလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

ဖုန်း 09 66950 1859
လိပ်စာ သပြေချောင်းအထပ်သားစက်ရုံရှေ့၊ ထားဝယ်မြို့။

Photos from Evertop Motor Service's post 31/12/2020

Evertop motor service မှ customer များအတွက်
စေတနာအားထက်သန်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ

Photos from Evertop Motor Service's post 31/12/2020

Evertop motor service နှင့် Hein Engineering Co., Ltd.၊Multi-Xတို့ပူး​ပေါင်းကာ ဇမ္ဗူသီရိအရေးပေါ်အဖွဲ့မှ မော်တော်ယာဉ်(၁၇)စီးအတွက် အင်ဂျင်ဝိုင်များ လှူဒါန်းခဲ့ပါသည် အင်ဂျင်ဝိုင်အလှုရှင် Multi-X အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများပြည့်စုံ၍ စီးပွားလာဘ်လာဘများတိုးပွားကာ လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ။

Want your business to be the top-listed Autos & Automotive Service in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address

Ye/Dawei Highway Road
Dawei
14014

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00