MaythuAung
Beauty
15/04/2026
နှစ်သစ်မှာ အရေးကြီးဆုံးကတော့ အတိတ်က အညစ်အကြေးတွေကို လွှတ်ချနိုင်တဲ့ စိတ်ထားပဲ။ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ စိတ်နာစရာတွေ၊ အဆင်မပြေမှုတွေနဲ့ အာဃာတတွေကို အိတ်အဟောင်းကြီးတစ်ခုလို ထမ်းမလာပါနဲ့တော့။ 'ပြီးခဲ့တာတွေ ပြီးပါပြီ' ဆိုပြီး လွှတ်ချလိုက်မှသာ နှစ်သစ်ခရီးကို ပေါ့ပေါ့ပါးပါးနဲ့ ဝေးဝေးသွားနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ကိုယ့်မှာရှိနေတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်တဲ့ ရောင့်ရဲတင်းတိမ်တဲ့ စိတ်ကလေးကိုလည်း မွေးမြူရမယ်။ 'ငါ့မှာ ဒါမရှိလို့၊ ဟိုဟာမရလို့' ဆိုပြီး မပြည့်စုံတာတွေကို လိုက်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ရှိနေတာလေးတွေနဲ့ အေးချမ်းအောင် နေတတ်ဖို့ လိုတယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ထားကလည်း နှစ်သစ်မှာ အင်မတန် အရေးကြီးတယ်။ လောကမှာ လောကဓံဆိုတာ လာဦးမှာပဲ၊ အဲ့ဒီအခါ 'ဒါဟာ လောကရဲ့ သဘောပဲ' လို့ သည်းခံနိုင်တဲ့စိတ်ရှိရင် ဘယ်လိုအပူမျိုးပဲလာလာ ကိုယ့်စိတ်ကို မလောင်မြိုက်နိုင်တော့ဘူး။
အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်ကို မေတ္တာရှေ့ထားတဲ့ မျက်လုံးနဲ့ ကြည့်တတ်ဖို့ပဲ။ အပြစ်ရှာတဲ့စိတ်ထက် 'အားလုံး အဆင်ပြေကြပါစေ' ဆိုတဲ့ စေတနာစိတ်နဲ့ ဆက်ဆံမယ်ဆိုရင် ကိုယ့်ဆီကိုလည်း မေတ္တာတွေပဲ ပြန်လာလိမ့်မယ်။ အရာရာမှာ သတိနဲ့ အသိဉာဏ်ကို ယှဉ်ပြီး ဆုံးဖြတ်တတ်တဲ့ စိတ်ထားမျိုးရှိနေရင်တော့ ဘယ်တော့မှ လမ်းမှားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်သစ်မှာ အဝတ်အစားသစ်တွေ လဲသလို ကိုယ့်ရဲ့ စိတ်ထားဟောင်းတွေကိုလည်း ဒီလို စိတ်ထားကောင်းလေးတွေနဲ့ လဲလှယ်ကြည့်ကြပါ။ စိတ်ထားစင်ကြယ်နေတဲ့သူအတွက် နှစ်သစ်ရဲ့ နေ့ရက်တိုင်းဟာ မင်္ဂလာရှိတဲ့ နေ့ရက်တွေ ဖြစ်နေမှာပါ"
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
#နှစ်သစ်ကူး2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်စိတ်ထား #စိတ်သစ်ဘဝသစ် #တရားတော် #မေတ္တာ #သတိ #ဓမ္မရသ
972 999AC
🙏🙏🙏
အေးလေ မေးပေးဦး
🥴🥴🥴
တင်ပါဘုရား
🙏🙏🙏
07/12/2025
မရှိဘူး မရှိဘူး လို့ ညည်းပါများတော့
တကယ်လည်း ရှိမလာတော့ဘူး။
သတိထား ကြည့်ပါ
အမြဲညည်းနေတဲ့ သူတွေဟာ
သူတပါးတွေ ခက်ခဲတာထက်
ပိုပြီးတော့ ခက်ခဲတတ်ပါတယ်။
တခဏတာ မရှိတာဟာ
တစ်ဘဝလုံးစာ မရှိတာ မဟုတ်ဘူး။
မရှိဘူး၊ မရှိဘူး လို့ ပြောပါများရင်
အဲဒါ လာဘ်တိတ်တတ်ပါတယ်။
စကားလုံးမှာ စွမ်းအင်တွေရှိသလို
ဘဝအပေါ် သက်ရောက်မှုလည်း ရှိတယ်
တကယ်ရှိတဲ့သူက ဘယ်တော့မှ
မပြောတဲ့ စကားတစ်ခွန်း ရှိတယ်
အဲ့ဒါကတော့
ဘယ်သောအခါမှ မရှိဘူးလို့ မပြောဘူး။
" မရှိဘူး..... မရှိဘူး "လို့ ပြောတာများရင်
ရှိလာမယ့်အရာတွေ ရှိမလာတော့ဘူး။
စကားနောက် တရားပါဆိုသလိုပဲ
ဒါကြောင့် ကိုယ့်ကိုယ်ကို သိရင် ပြင်ပါ
ပြောင်းလဲပါ။
ဘယ်သောအခါမှ မရှိဘူး မပြောပါနဲ့
Credit
22/11/2025
ဗီဇ နဲ့ အကျင့်
လူတစ်ယောက်ရဲ့ အကျင့် နဲ့ ဗီဇ
ဆိုတာဟာ အတူတူပါပဲလို့ ထင်ပါလိမ့်မယ်
အမှန်က မတူပါဘူး။
လူတစ်ယောက်ရဲ့အကျင့်ဆိုတာကို
ပြုပြင်ပြောင်းလဲလို့ရတတ်ပါတယ်၊
ဗီဇ ဆိုတာကတော့မွေးရာပါမို့
ဘာနဲ့မှ ပြုပြင်လို့မရပါဘူး။
အကျင့်မကောင်းဘူးဆိုတဲ့သူကို
ပြုပြင်ဆုံးမရတာလွယ်သလောက်
ဗီဇမကောင်းတဲ့သူကိုဆုံးမဖို့တော့
အချိန်ကုန်လေကုန် စိတ်ပန်းလူပန်း
ဖြစ်ရလွဲလို့ဘာမှမထူးခြားပါဘူး။
ဗီဇမကောင်းတဲ့သူကို ချစ်တဲ့စိတ်
တစ်ခုတည်းနဲ့ ပြုပြင်ပေးလို့ရမှာပဲလို့
မတွေးနဲ့ ဘယ်တော့မှ မစဉ်းစားပါနဲ့။
ကတိတွေထားလည်း သူတို့ရဲ့ ဗီဇညဉ်
အတိုင်း ပြုလုပ်ကြတာပဲ။
ယုတ်မာတဲ့ ဗီဇပါလာရင် ယုတ်မာမှာပဲ
လိမ်ညာတတ်တဲ့ ဗီဇပါရင်တော့
လိမ်ဖို့ညာဖို့ ဝန်မလေးတတ်ပါဘူး
ရှုတ်ပွေတတ်တဲ့ ဗီဇပါလာရင် ရှုတ်ပွေ
နေမှာပါပဲ သန္ဓေဗီဇဆိုတာ အဲ့ဒါမျိုးပါ။
ဗီဇ မကောင်းတဲ့သူကို
အကြိမ်ကြိမ် အခါခါ ဆုံးမပြုပြင်လို့
လည်းပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ဗီဇ ဆိုတာက သေမှပျောက်တဲ့အမျိုးမို့
ဘာမှမျှော်လင့်မနေပါနဲ့။
ပြုပြင်လို့မရသလို
တနေ့ ပြောင်းလဲလာမှာဘဲဆိုပြီး
အချိန်ကုန် မခံပါနဲ့။
သူကံတရားနဲ့သူ
သူ့ဗီဇနဲ့သူ သူ့ထိုက်နဲ့သူကံလို့ပဲ
မှတ်ယူပြီး
လစ်လျုရှု့ ဥပေက္ခာပြုထားလိုက်ပါ။
#ပြန်လည်မျှဝေပါသည်
19/11/2025
နှစ်ယောက်မွေးနော် အဖော်ရတယ်
နှစ်ယောက်မွေးထားသော မိမိ : 👇🏻🥲
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |