Dawei Garden

Dawei Garden

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei Garden, Health/Beauty, Dawei.

Photos from Dawei Garden's post 06/08/2024

Preparing a Vegetable Garden Site

18/12/2023

မသေချာမှုရှိတဲ့နေရာမှာ သတိတရားရှိရတယ်။

အဲသလိုမှမဟုတ်ရင် မသေချာမှုဆိုတာမရှိနိုင်ပါဘူး။

မသေချာမှုဟာ သတိတရားရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။

သေချာမှုကတော့ ရုပ်ဝတ္ထုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။


Aung Thu Ya

10/01/2023

ရှုမြင်ခြင်း

ဘယ်အရာမဆို ကျနော်တို့ လေးလေးနက်နက်

ရှုမြင်ဖို့လိုပါတယ်၊ ရာစုနှစ်များစွာ ရှေးကျ စိုက်ပျိုး

နေထိုင်လာတဲ့ဘဝတွေကိုယ် သေချာရှုမြင်ကြည့်ပါ၊

ရှေးကျပါတယ်ဆိုတဲ့ စိုက်ပျိုးတဲ့တောင်သူတို့ရဲ့

စိုက်ပျိုးမှုပုံစံ၊ ယှဉ်တွဲနေထိုင်မှုတွေမှာ ဥာဏ်ပညာ

တွေကိုယ် ပေါ်ယံကြည့်လို့မမြင်နိုင်ပါဘူး၊

စိုက်ပျိုးနည်းနာတွေ အပင်တွေရဲ့ ရှင်သန်မှု၊ မျိုးစေ့တွေရဲ့

အလုပ်လုပ်ပုံ၊မြေကြီး၏ ဂေဟရပ်ဝန်း လည်ပတ်မှုတွေ

ဥာဏ်ဖြင့် နားလည်ဖို့လိုပါတယ်၊

ပညာရာမှာ လိမ်မာ တက်သိပါတဲ့ ခေတ်မီ

တွေးခေါ်ရှင်ကြီးတွေက ဒါကို မမြင်နိုင်ခဲ့ပါဘူး၊

ဒေသတိုင်းမှာ ဒေသမျိုးပေါင်း မြောက်မြားစွာ ထိန်းသိမ်း

စိုက်ပျိုးနေတာ သူတို့မသိခဲ့ပါဘူး၊ သင့်တင့်ပြည်စုံတဲ့

ဘဝကိုယ် သူတို့ ကောင်းကောင်း နားမလည်ပုံရပါတယ်၊

ဘာကြောင့်ပါလဲ စာရေးဆရာ ကိုတာ ဘာသာပြန်ထားတဲ့

စာစုတစ်ခု ရှိပါတယ်၊မူရင်းစာရေးသူက ပီရူး မနုဿဗေဒ

ပညာရှင် တစ်ယောက်ဖြစ်တယ်၊ ပညာရာမှာ လိမ်မာ

တက်သိပါတဲ့သူတွေကိုယ် (အကဲဒမစ်များ)လို့ ခေါ်ထားပါ

တယ်၊ "သူတို့က ငါတို့ ဘာမှမသိဘူးတဲ့၊ ငါတို့နောက်ကျ

သတဲ့၊ငါတို့ဦးခေါင်းတွေဟာ ပိုကောင်းတဲ့ ခေါင်းတွေဖြစ်

ပြောင်းဖို့လိုသတဲ့၊ပညာအရာမှာ လိမ္မာတတ်ပွန်တဲ့ လူတွေ

က ငါတို့ကို အဲသလိုပြောယ်လို့ ဆိုတယ်၊အဲဒီ အကဲဒမစ်

တွေဟာ ငါတို့ဘဝတွေမှာ ပေါက်ဖွားသူတွေ။

ဒီနားက မြစ်တွေရဲ့ ကမ်းပါးပေါ်မှာ ဘာတွေရှိသတုန်း

ဒေါက်တာတို့၊ မျက်မှန်တွေထုတ် မြင်နိုင်ရင် ကြည့်၊

အားလူးမျိုးငါးရာ ပန်းမျိုးငါးရား၊ ခင်ဗျားတို့ မျက်စွတွေ

မရောက်နိုင်တဲ့ ချောက်ကမ်းပါးပေါ်က ကမ်းပါးတွေမှာ

ပေါက်နေကြတယ်၊ ထိုပန်းငါးရာဟာ ကျုပ်တို့ဦးနှောက်၊

ကျုပ်တို့အသွေးအသားပဲ့"။

အကဲဒမစ် အရင်းရှင်းတွေနဲ့ ပေါင်းပြီး မျိုးစေ့ထုပ်ပြီး

မူပိုင်ခွင့်တင်ကြတယ်၊ တောင်သူဆီက မူရင်းမျိုးစေ့ကို

ဝယ်ပြီး မျိုးထုပ်ပြီး တောင်သူတွေကိုယ် ငါတို့မူပိုင်မျိုးစေ့

ပါလို့ မှတ်ပုံတင်ကြတယ်၊ လက်ဝါးကြီး အုပ်ခြင်တဲ့

သဘော။

ကျနော်တို့ကိုယ်တိုင်ကလည်း မိမိဝန်းကျင်ရှိတဲ့

မျိုးရိုးဗီဇတိုင်းကိုယ် သတိတရားဖြင့် နားလည်ဖို့လိုတယ်

ကျနော်တို့ရဲ့ အစားသောက် အဝတ်အစား၊ နေထိုင်မှု

ဒါတွေကိုယ် သဘာဝတရားကြီးက သတိတရားနှင့်

ပေးကမ်းခြင်းသာဖြစ်တယ်၊ အလွန်အကျွံ သတိတရား

မရှိဘဲ နေထိုင်မိလျင် နောက်ဖြစ်လာမယ့် အကျိုးဆက်

တွေက ကျနော်တို့ သက်ရှိတိုင်းကိုယ် ဖျက်စီးလိမ့်မယ်၊

သက်ရှိတိုင်းက အရာအားလဲုးဆက်နွယ်ပြီး အမှီသဟဲပြု

နေထိုင်ခြင်းသာဖြစ်တယ်၊ဒါကြောင့် သတိတရားဖြင့်

မိမိနေထိုင်မှု ပတ်ဝန်ကျင် သက်ရှိများကိုယ် လေးလေး

နက်နက် ဥာဏ်ဖြင့်ရှုမြင်ကြပါ။

Photos from Dawei Garden's post 09/01/2023

ိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်း

ဘိုကာရှီ(BOKASHI) ဆိုသည်မှာ အကျိုးပြုအဏုဇီဝအီးအမ်(EM)ကို လယ်ယာထွက်စွန့်ပစ်ပစ္စည်း များ၊ တိရစ္ဆာန်အညစ်အကြေးများနှင့် စနစ်တကျရောနှောပြီး မွေးမြူခြင်းဖြင့်ရရှိလာသော မြေဆွေးဖြစ် သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ စသည်တို့နှင့် တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေနှင့် အီးအမ်(EM)ဖျော်ရည်တို့ကို ရောမွှေမွေးမြူခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီမြေဆွေးရရှိပါသည်။

#ရိုးရိုးEMဘိုကာရှီ မြေဆွေးပြုလုပ်နည်း

(၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေဆွေးပုံ ပြုလုပ်နည်း🍀🍀🍀

စည်ပိုင်းပြတ်ထဲသို့ ရေဂါလန်(၂၀)+ အသင့်သုံးအီးအမ်ဖျော်ရည် နို့ဆီခွက်(၃)ခွက် (၁ လီတာခန့်)+ တင်လဲရည်(၃)ခွက် လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။
အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို အလျား(၆ပေ)၊ အနံ(၃ပေ)၊ ထု(၆လက်မ) ရှိအောင် တစ်လွှာပုံပါ။
ဖျော်ပြီးသား EM (၃)ဂါလံကို အဆိုပါ အလွှာပေါ်တွင် ဖျန်းပါ။
နွားချေးနှင့် ဖွဲနုရောပြီး (၈)ပြည် ထပ်မံ၍ဖြူးပါ။
ဤကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ပုံပါ။
(၄-၅)ရက်ကြာလျှင် မြေဆွေးပုံအတွင်း လက်ဖြင့်စမ်းကြည့်လျှင် အလွန်အမင်းပူနေလျှင် အထက် အောက် လှန်ပေးပါ။
ခြောက်နေလျှင် ရေဖျန်းပေးပါ။
အဖြူရောင် မှိုမျှင်များတွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။
(၇-၁၀) ရက်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်အခြေအနေ၌ပင် စတင်သုံးစွဲနိုင်ပါ သည်။
တစ်ဧကအထွက် (၈ပုံ= ၂တန်) မှ (၂ဝပုံ= ၅တန်) သုံးပါ။

စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။
နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံပင်များတွင် အစိုဓါတ်ရှိချိန်၌ အပင်ခြေတွင်ထည့် ၍ မြေဖုံးပြီးသုံးပါ။
မြေဆွေးပုံရာတွင် ဂရုပြုသင့်သည့်အချက်များ
အသုံးပြုပစ္စည်းများ၏ ကာဗွန်၊ နိုက်ထရိုဂျင် အချိုးအစား
အသုံးပြုပစ္စည်းများ၏ အရွယ်အစားသေးငယ်လျှင် ဆွေးမြည့်မှု မြန်နိုင်သည်။
အစိုဓာတ်(၄၀%) သည် အကောင်းဆုံးဖြစ်သည်။
လေဝင်လေထွက်ကောင်းရမည်။
အပူချိန် (၆၀ ဒီဂရီစင်တီဂရိတ်ခန့်) ထိန်းသိမ်းထားပါ။
မြေဆွေးပုံ၏ အရွယ်အစား အကြီးအသေး။
အာဟာရဖြစ်စေသော အခြားပစ္စည်းများထည့်သွင်းခြင်း။

(၂) ကျေးရွာစွန့်ပစ်အမှိုက် လယ်ယာမြေအဖိုးတန်ရတနာသိုက် ပြုလုပ်နည်း🍀🍀🍀

သင့်တော်သောနေရာတွင် အလျား(၆ပေ)၊ အနံ(၃ပေ)၊ အနက် (၆ပေ) ကျင်းတူးပါ။
စွန့်ပစ်အမှိုက်များကို ကျင်းထဲတွင် (၁ပေ)ထု ဖြန့်ခင်းပါ။
အီးအမ်ဖျော်ရည်ကို တစ်လွှာလျှင် (၃ ဂါလံ) နှုန်းဖြင့် ဖြန်းပါ။
ထို့နောက် နွားချေး(၄)ပြည်ကို ညီညာစွာဖြူးပေးပါ။
ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။
ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင်နိမ့်ဆင်းသွားပါသည်။
နိမ့်သွားပါက ကျင်းပြည့်အောင် ပြန်ဖြည့်ပါ။
သီးနှံများစိုက်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။
မိုးကျလျှင် ရေမဝင်စေရန် အမိုးမိုးပေးပါ။

(၃) နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများတွင် အီးအမ်ဘိုကာရှီ သုံးစွဲနည်း🍀🍀

တစ်ဧကအတွက် ကျင်း(၅)ကျင်း လိုပါသည်။
စိုက်ခင်းအတွင်းမှ ပေါင်းများကိုရှင်းပါ။ ရရှိသည့်ပေါင်းများကို အပင်ခြေတွင်ပုံပါ။
အပေါ်ပုံတွင် အီးအမ်ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ (ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့်ဖြူးပေးလျှင် ပို ကောင်းပါသည်။)
ပေါင်းရှင်းသည့်အခါတိုင်း အထက်ပါနည်းဖြင့် အပင်ခြေတွင် ထပ်မံ၍ပုံပေးပါ။
စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း (Traditional EM BOKASHI)
စပါးခွံ၊ ဖွဲနုနှင့် နွားချေးတို့ကို ဆတူ ရောစပ်၍ပုံပါ။
ထိုအပုံပေါ်သို့ အီးအမ်ဖျော်ရည်ကို သမအောင်ဖျန်း၍ မွှေပါ။
လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှ ရေမထွက်စေရပါ။
လက်ဖြင့်ဆုပ်၍ လက်ဖြန့်လိုက်ပါက အလုံးမပျက်စေရပါ။
ယင်းအခြေအနေတွင် ရောစပ်ပြီး ပစ္စည်းများကို လေလုံအိတ်တွင် ထည့်၍ ချည်နှောင်ပြီး အရိပ်ထဲ တွင် ထားပါ။
နွေရာသီတွင် (၃)ရက်၊ ဆောင်းရာသီတွင် (၁၀)ရက် ကြာလျှင် မြေဆွေးအဖြစ် စတင်အသုံးပြုနိုင် သည်။
ကြာရှည်သိုလှောင်ပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲသို့ပြန်ထည့်၍ သိုလှောင်အသုံးပြုနိုင် ပါသည်။ (၆) လခန့်အထိ သုံးနိုင်ပါသည်။
တစ်ဧကအနည်းဆုံး ပိဿာ(၅၀၀) အသုံးပြုရမည်။ မြေပြင်ချိန် ကြဲပက်၍တစ်ကြိမ်နှင့် သမန်းနှိုး ချိန်တွင် တန်းကြားအတွင်းဖြူး၍ အနည်းဆုံးနှစ်ကြိမ် ခွဲသုံးပါ။
စူပါအီးအမ်ဘိုကာရှီမြေဆွေး အမြန်ပြုလုပ်နည်း (Rapid Super EM BOKASHI)
ဖွဲနု (သို့မဟုတ်)ဆန်ကွဲ အနည်းဆုံး တစ်ပြည်ကို ရေဖြင့် ခပ်ပျစ်ပျစ်ကျို၍ အအေးခံပါ။
အသင့်သုံးအီးအမ်(EM) ဖျော်ရည် ငှက်ပျောဖူးပုလင်း (၁)ပုလင်း ရောစပ်၍ (၂)နာရီကြာ ထားပြီး သုံးပါ။
ထယ်ရေးပြင်ချိန်တွင် တစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်ကြိမ်၊ ပန်းပွင့်ချိန် တစ်ကြိမ် ကြဲပက် ထည့်ပါ။

💢 WaiYanOo_Agricultural မှ မျှဝေသည်။💢


09/01/2023

သက်ရှိ Library

ဘဝရဲ့ ရှင်သန်ခြင်းကိုယ် နားလည်ဖို့

အလွန်အိုဟောင်းတဲ့သက်ရှိ library တွေဆီက

သင်ယူလိုက်ပါ၊ သက်ရှိတိုင်း အမှီသဟဲပြု

ယှဉ်တွဲနေထိုင်ဖို့ ကျနော်တို့ကိုယ်အတွေးခေါ်ကောင်း

အသိပညာတွေ ပေးပါလိမ့်မယ်၊

အလွန်အိုဟောင်းတဲ့ သက်ရှိ Library တွေဆီမှာ

အလွန်ကိုယ် ပေါကြွယ်ဝတဲ့ ဘဝနေထိုင်မှုပုံစံတွေ အသိ

သတိတရားတွေဖြင့် မိမိတို့ရဲ့ လူငယ် လူရွယ်များက

လက်ဆင့်ကမ်းပေးပါလိမ့်မယ်၊ ကျနော်တို့ရဲ့

အနာဂါတ်ကိုယ် ကျနော်တို့ ကြင်နာတရားရှိရှိ

ပုံဖော်မြင်လာလိမ့်မယ်။

Photos from Bokashi Myanmar's post 07/01/2023

ဝါးပေါတဲ့နေရာများအတွက် ဝါးကပ်နဲ့အလှဆင်ပြီး Garden ပုံဖော်လိုက်ကြစို့။

07/01/2023

အိမ်တွင် လွယ်ကူစွာလုပ်လို့ရတဲ့ နည်းတွေကိုယ်
လက်တည့်စမ်းချင်သူများ လုပ်ကြည့်နိုင်ပါတယ်။

NPK - 16: 16 : 16: ပါတ် လည် နဲ့ ညီမျှတဲ့ အော်ဂင်း နစ် ဆေးရည် လေး လုပ် ကြည့် ကြရအောင် နော်

15:15:15: ထက် 1: ချိုး ပို ပေါ့

ဘိုကာရှီ လုပ်ဘို့ တချို့ ကုန် ကြမ်းတွေ ရှာ မရ မန့် တေ တက် နေမှာ မို့ မထမ်းမပိုးရတဲ့

ဆေးရည် နည်း လေး လွယ် ကူ လို့ လုပ် ကြည့် ရအောင်

ပါဝင်ပစည်းများ

ဆန်ဆေးရည် -1.5 lit
သကြားညို -2 ဇွန်း
နို့ချဉ် ဒိန်ချဉ် -2 ဇွန်း ပါဘဲ

မိမိတို့ နေ့စဉ် စား သုံးဘို့ ချက်တဲ့ထမင်း အတွက် ဆန် ကို ဆေး ရတာ ဟုတ်တယ်နော်

ဆန် ကို ရေသန့် သို့မဟုတ် မိုး ရေနဲ့ ဆေးထုတ် လုပ်ရန် အသုံးပြုပါ။

ဆန်ဆေးရည် တလီတာခွဲ ထဲသို့

သကြား ညို 2ဇွန်း
နို့ချဉ် 2- ဇွန်း ထည့်ပါ
အဖုံး လုံ အောင်ပိတ်ပါ
သမအောင်လှုပ်ပါ။

အားလုံးသမ ပါက အဖုံး ကို တရစ်ခန့် ချန် ပြီးအရိပ်ထဲ 7- ရက်ထားပါ။

2- ရကိတကြိမ် အဖုံး ဖွင့် ပြီး GAS ထုတ်ပေးပါ။

7- ရက် ပြည့်လျှင်တော့
ယူရီးယား 16-16-16 ပါတ် လည် 50 KG နဲ့ ညီမျှ တဲ့ ဆန်ဆေး ရည် အော်ဂင်းနစ် ဆေး ရပါ ပြီ။

အသုံးပြု ပုံ
စပါး ပွင့်ခါ နီး တကြိမ် သာ သုံး ပါ
ဆေး တလီတာ ရေ လီတာ 100 ရော ပြီး စပါးပင် ကို ဖျန်းပါ။

အပွင့် ကောင်းအသီးအဆန် ပြည့်အဖျင်းမပါ တာ လက်တွေ့ပါ။

မစိုက်မီ မြေ ပြင် ရင်တော့
ဆေး တလီတာ ရေ 100 lit မစိုက်မှီ 21- ရက်အကြာ ဖျန်း ထား ပါ မြေ ကြီး ph တက် လာပြီး မွမွ လေး ဖြစ် လာမယ်။

စိုက် ပြီးသားသီးပင်စား ပင်တွေ ဝါလာတာ တွေရှိခဲ့ရင်တော့
ဆေးရည် စတီးဇွန်း 2-ဇွန်း ရေ 20 Lit ရောဖျန်းပါ။

ပန်းပင်များ အပွင့် ကောင်းစေချင်ပါက
ဆေး တလီတာ ရေ လီတာ 100 ရော ဖျန်းပါ 7- ရက်တကြိမ်

တိရိစ္ဆာန် တွေ မွှေးလို့ ခွေးကြောင် အနံ့သက် မကောင်းပါက

ဆေးတဇွန်းရေ 10 lit ရော ဖျန်းပါ အနံ့ ကင်းတာ လက်တွေ့ သိ ရပါလိမ့်မယ်။

ယူရီးယား တွေသုံး လို့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အဆိပ် တောက် ကင်းစေချင်ရင်တော့

ဆေးတဇွန်း ရေ 10lit ဇလားထဲရော ဟင်းသီးရွက်တေ 10 မိနစ်ခန့် စိမ် ထားပါ။

အိမ် ထဲက အိမ်သာ တွေ ဆိုဖါ ခုံ တေ အနံ့သက် ကင်းအောင်

အိမ်သာခွက်ထဲ 200 ml ထည့် ကြည့် ရေမရောနဲ့ အိုကေ စေ ရမယ်။

ဆိုဖါ ထိုင်ခုံ ဧည့်ခန်း အနံ့သက်အတွက် ဆေး တဇွန်း ရေ 10 lit ရောစပရေးဘူး နဲ့ဖျန်းပါ အနံ့သက်ကင် သွား ပါတယ်။

ဆန် သည် ကျွန်မတို့အတွက် အဓိက ကျတဲ့ နေ့စဉ် စား သုံး ကုန်ပါ
ဆန်ဆေးရည် ဟာလဲ အော်ဂင်းနစ်နည်းပ ညာ မှာ အလွန်ထိရောက်သော ဆေး နည်း တွေ ကို ဖေါ်စပ် နိုင်တာပါ။

ဆန် ဆပ် ပြာ ကို သုံးဘူးသူ ရှိပါလိမ့်မယ် ရှင့်
အသားရည် ကြည်လင်ဝင်းပတာ တွေ့ခံစား မိမှာပါ

နောက်ထပ် ဆန်ဆေးရည် နဲ့လုပ်သော ဆေးနည်းတွေ ထပ်တင်ပေးပါအုံးးမယ်.

အစက ဘာလို့မတင်လဲ မမေးပါနဲ့ တောင်သူတွေ အတွက် ဟာသ လို့ ထင်နေမှာစိုးးလို့ပါ

လုပ်ကြည့် သုံးကြည့် ပါ ကိုယ်တိုင်လုပ် သုံး အကျိုးသိ ပီတိ ဖြစ် ရပါလိမ့်မယ်

သုံးမကုန်ပါက အရိပ်ထဲ လေလုံအောင်ပိတ်ပါ 3-6 လထိ ထား လို့ရပါတယ်.။

မှ CRD ပေးပါသည်။

https://www.facebook.com/100105562085699/

🌟🌟🌟🌟🌟🌟🌟
ကိုဝေယံဦး [ နှစ်ရှည် - မျိုးစေ့ ပျိုးပင် ] မျိုးစုံ
ဖြန့်ရောင်းချရေးနှင့် နှစ်ရှည်ပင် နေရာဒေသ အပြတ် စိုက်ပျိုးရေး ☘

မျိုးစေ့ ပျိုးပင် ဝယ်ယူရန်နှင့်ဧကအပြတ် စိုက်ပျိုးလိုပါက
09 4057 26 301
09 768 441 221
သို့ ဆက်သွယ်လိုက်ပါ။

07/01/2023

ရာသီဥတု ပျက်စီးလာနှင့်အမျှ ဝင်ရိုးစွန်းလည်း
ရည်ပျော်ကြရကုန်ပါပီ၊ ဘာကြောင့် ရာသီဥတု
ပျက်စီးရသလဲဆိုရင် ကြင်နာတရားမရှိခြင်းကြောင့်
ဖြစ်ပါတယ်၊

တောင်နဲ့မြောက် ဝင်ရိုးစွန်းနှစ်ခုမှာ ဘယ်ဝင်ရိုးစွန်းက ပိုအေးသလဲ?

Thoughts page မှ ကူးယူ​ဖော်ပြပါသည်

ကမ္ဘာပေါ်မှာအအေးဆုံးနေရာတွေဟာ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတို့ပါပဲ။ အဲဒီနှစ်နေရာဟာ တူသယောင်ယောင် ထင်ရပေမယ့် တစ်ဘက်က အခြားတစ်ဘက်ထက် ပိုအေးပါတယ်။ ဒီတော့ ဘယ်ဝင်ရိုးစွန်းက ပိုအေးသလဲ? တောင်နဲ့မြောက် ဝင်ရိုးစွန်းတို့ အေးရတဲ့အကြောင်းက သူတို့ဟာ ကမ္ဘာရဲ့ အပေါ်ဘက်စွန်းနဲ့ အောက်ဘက်စွန်းတို့မှာ အသီးသီးတည်ရှိနေလို့ပဲ။ ဒါကြောင့် ဝင်ရိုးစွန်းတွေဆီကို နေရောင်ခြည် တိုက်ရိုက်မရောက်ဘူး။ ဝင်ရိုးစွန်းနှစ်ဘက်လုံးမှာ နွေခေါင်ခေါင်ရောက်တာတောင်မှ နေဟာ ဘီးကုတ်စက်ဝိုင်းနားမှာပဲ အမြဲရှိနေတယ်။ ဆောင်းရာသီဆိုရင် ဘီးကုတ်စက်ဝိုင်းရဲ့ အောက်ကိုတောင်ရောက်ပြီး လပေါင်းများစွာ နေမထွက်တာတောင်ရှိတယ်။

ရေခဲတွေရဲ့ အဖြူရောင်မျက်နှာပြင်နဲ့ နှင်းတွေဟာ အလွန်ရောင်ပြန်ဟပ်တဲ့အတွက် နေရဲ့စွမ်းအင်အများစုဟာ အာကာသထဲကို ပြန်လည်ရောင်ပြန်ဟပ်ပြီး ထွက်သွားပါတယ်။ ဒါကြောင့်အဲဒီနားတဝိုက်က လေထုဟာအမြဲအေးမြနေပါတယ်။ ဒီအချက်တွေကြောင့် ဝင်ရိုးစွန်းနှစ်ဘက်လုံးဟာ အလွန်အေးပေမယ့် တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် သိသာစွာ ပိုအေးပါတယ်။ ဘာကြောင့်လဲ?

မြောက်ဝင်ရိုးစွန်းမှာ ဆောင်းရာသီဆို ပျမ်းမျှအပူချိန်ဟာ - 40°C ရှိပြီး တောင်ဝင်ရိုးစွန်းမှာ ဆောင်းရာသီဆို ပျမ်းမျှအပူချိန် -60°C ထိတောင်ရှိပါတယ်။ တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် အများကြီးပိုအေးရတဲ့ အဓိကကွာခြားချက်ကြီးတစ်ခုရှိပါတယ်။ "မြောက်ဝင်ရိုးစွန်းဟာ ပင်လယ်ဖြစ်ပြီး တောင်ဝင်ရိုးစွန်းဟာ ကုန်းမြေဖြစ်နေတာပါပဲ"

မြောက်ပိုင်းက အာတိတ်ဟာ ကုန်းမြေတွေဝန်းရံနေတဲ့ ပင်လယ်ပြင်ကြီးဖြစ်ပါတယ်။ တောင်ပိုင်းက အန္တာတိကဟာတော့ ပင်လယ်ဝန်းရံနေတဲ့ ကုန်းမြေဖြစ်ပါတယ်။ ရေဟာ ကုန်းမြေထက်စာရင် ပူတာအေးတာ ပိုမိုနှေးကွေးပြီး အပူချိန်ပြင်းထန်တာမျိုး သိပ်မဖြစ်တတ်ဘူး။ အာတိတ်ပင်လယ်ပြင်ဟာ ရေခဲတုံးတွေဝိုင်းရံနေပေမယ့် ပင်လယ်ရေရဲ့ပူနွေးမျှတတဲ့ အပူချိန်ဟာ ပြင်းထန်တဲ့အေးစက်ခြင်းကို မဖြစ်စေပါဘူး။ ဒါကြောင့် အာတိတ်ဟာ အန္တာတိကထက်ယှဥ်ရင် အပူချိန်ဟာ နွေးတဲ့ဘက်ကို ပိုရောက်ပါတယ်။

တောင်နဲ့မြောက်ဝင်ရိုးစွန်း နှစ်ခုလုံးဟာ ထာဝစဥ်ရေခဲတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ ပျမ်းမျှအားဖြင့် အာတိတ်ပင်လယ်ကို ဖုံးလွှမ်းနေတဲ့ရေခဲတွေဟာ နွေရာသီလို အချိန်မှာ အနည်းဆုံးပမာဏအားဖြင့် 2.5 သန်းစတုရန်းမိုင်ရှိပြီး ဆောင်းရာသီလိုအချိန်မှာ အများဆုံး 6 သန်းစတုရန်းမိုင်ထိရှိပါတယ်။ ဒါပေမယ့် အန္တာတိကမှာတော့ အနည်းဆုံးပမာဏဟာ 1.2 သန်းစတုရန်းမိုင်ရှိပြီး အများဆုံးပမာဏကတော့ 7.2 သန်းစတုရန်းမိုင်ထိတောင်ရှိပါတယ်။

ဒီလိုကိန်းဂဏန်းတွေယှဥ်ကြည့်ရင်တောင် တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် ရေခဲတွေပိုများတယ်ဆိုတာ သိသာပါတယ်။ ကမ္ဘာ့ရေခဲစုစုပေါင်းရဲ့ 90% ဟာ တောင်ဝင်ရိုးစွန်းက အန္တာတိကတိုက်မှာ တည်ရှိနေတာပါ။ ဒီတော့တောင်ဝင်ရိုးစွန်းဟာ ရေခဲတုံးကုန်းမြေကြီးလိုဖြစ်နေတော့ နွေးစေတဲ့ပင်လယ်ရေနည်းပါးတာကြောင့် ရာသီဥတုကလဲ ပိုအေးနေပါတော့တယ်။ ဒါကြောင့် ကမ္ဘာ့တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် အများကြီးပိုအေးပါတယ်။

𝙋𝙝𝙤𝙩𝙤 𝙘𝙧𝙚𝙙𝙞𝙩 𝙜𝙤𝙚𝙨 𝙩𝙤 𝙩𝙝𝙚 𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙤𝙬𝙣𝙚𝙧.

𝗪𝗿𝗶𝘁𝘁𝗲𝗻 𝗕𝘆 - 𝗞𝗲𝗻 | 𝗧𝗵𝗼𝘂𝗴𝗵𝘁𝘀
𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 © 𝟮𝟬𝟮𝟬-𝟮𝟬𝟮𝟮 𝗧𝗵𝗼𝘂𝗴𝗵𝘁𝘀.

https://www.facebook.com/100059453324497/posts/559401632718276/?mibextid=Nif5oz

07/01/2023

သက်ရှိတိုင်းက ရေးကြီးတယ်
မျိုးရိုးဗီဇတိုင်းက ရေးကြီးတယ်
ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးရဲ့
သက်ရှိတိုင်း တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုနေရလို့ပဲ။

ပင်လယ်ဖျံကြီး အိပ်ရေးမပျက်အောင် နှစ်သစ်ကူးည မီးရှူးမီးပန်းလွှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့မြို့ငယ်လေး

ဆိပ်ကမ်းမှာ အိပ်ပျော်နေတဲ့ ပင်လယ်ဖျံကြီးတစ်ကောင် အိပ်ရေးမပျက်စေဖို့ အင်္ဂလန်နိုင်ငံ စကာဘရော့မြို့ငယ်လေးဟာ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်ဖောက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ သော် (Thor) လို့ အမည်ပေးထားတဲ့ အာတိတ်ဒေသ ပင်လယ်ဖျံကြီးဟာ အရှေ့ဘက်ကမ်းရိုးတန်းကို သွားရင်း လမ်းတစ်လျှောက်က ကမ်းခြေတွေကို ဝင်ခဲ့တာပါ။

ပင်လယ်ဖျံကြီး သော်ဟာ ခရီးဆက်ဖို့အတွက် အနားယူ၊ အားမွေးဖို့ လိုအပ်တာကြောင့် ဆိပ်ကမ်းမှာ အိပ်ပျော်နေတုန်း အိပ်ရေးမပျက်ရလေအောင် ဆူညံသံတွေ မလုပ်ကြဖို့ ဒေသဆိုင်ရာ သားရဲတိရစ္ဆာန်ကျွမ်းကျင်သူတွေက မြို့ခံလူထုကို မေတ္တာရပ်ခံခဲ့တာပါ။

လူသားအချင်းချင်း မဟုတ်၊ တိရစ္ဆာန်တစ်ကောင်ကိုတောင် အလေးထားတတ်တဲ့ စကာဘရော့မြို့ခံလူထုရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

Ref: Small Town Cancels NYE Fireworks So Walrus Can Sleep Peacefully In Harbor
Credit-Team (ရိုးရာလေး)
မူရင်းတင်သူလေးစားစွာ ခရက်ဒစ်ပါ

01/01/2023

The Queen's Umbrella

" ကျမ တို့က အတိတ်က
ဒဏ်ရာတွေကို ဆွဲကိုင်
ထားနေအုံးမယ်ဆိုရင်
နာကျင်စရာတွေ
ထပ်ခါထပ်ခါဖြစ်လာဖို့
အခွင့်ပေးနေသလိုမျိုး
ဖြစ်သွားမှာပါ "

" ကိုယ်က မောပန်းနေတယ်
ဆိုရင် မောပန်းနေကြောင်း
ပြောလိုက်ပါ။ ဝမ်းနည်း
နေရတယ်ဆိုရင်လည်း
ဝမ်းနည်းနေကြောင်း
ဖော်ပြလိုက်ပါ မင်းသား။
ဟန်ဆောင်နေရတာက
ပိုပြီးနာကျင်ရတတ်တယ်လေ "

ဂျိုဆွန်းမင်းဆက် ကိုရီးယား
တိုင်းပြည်တစ်ခုရဲ့ မိဖုရားခေါင်
ကြီးကိုယ်တိုင်ပြောထားတဲ့
စကားတွေပါ။ တီဗီစီးရီး တစ်ခု
ဖြစ်ပြီး စီးရီးရဲ့ နာမည်က
Under the Queen's Umbrella
"မိဘုရားကြီး၏ထီးရိပ်အောက်၌"။
သမိုင်းနောက်ခံ ဒရာမာ
စီးရီးဖြစ်ပေမယ့်
ယနေ့ခေတ်ကာလ
တစ်ခုလုံးကို ပုံရိပ်ဖော်
ထင်ဟတ်ပြသလိုက်သလိုပါပဲ။

Wickedness - ကောက်ကျစ်စဉ်း
လဲသော၊ ယုတ်ညံ့သော လူသား
သဘာဝကို နယ်မြေအပိုင်းအခြား
မရှိ မြင်နိုင်အောင် တင်ပြထားတယ်။
Forgiveness - ခွင့်လွှတ်နိုင်စွမ်း နဲ့
Grace - တင့်တယ်သောနှလုံးသား
ဒွန်တွဲတည်ရှိနိုင်တဲ့ လူသားသဘာဝ
ကိုလည်းမြင်သာအောင်ပြထားတယ်။

ဒီ ကိုရီးယားဒရာမာ ကို
သဘောကျမိတာက
Parenting - ပြုစုပျိုးထောင်ခြင်း
ဆိုတဲ့ မိဘ နဲ့ အုပ်ထိန်းသူများ
ပြုလုပ်ကြရတဲ့ တာဝန်ရှိတယ်။
အဲဒီတာဝန်ကို မျှတညီညွတ်ပြီး
လွတ်လပ်တဲ့ နှလုံးသားမျိုးနဲ့
လုပ်နိုင်ရင် လှပတဲ့နှလုံးသားနဲ့
စူးရှတဲ့ဉာဏ်စွမ်း ရှိသော
သားသမီးများဖြစ်ထွန်းလာ
နိုင်ကြောင်းရိုက်ကူးထား
တာကြောင့်မို့ပါ။

ယနေ့ထိ အနီးအနားက
လူမှုပတ်ဝန်းကျင်မှာ
မြင်နေရဆဲဖြစ်ကြတဲ့
ဖိုဝါဒ@ အမျိုးသားအဓိက
ကြီးစိုးချယ်လှယ်ခြင်း ဓလေ့။
ချမ်းသာသူက ဆင်းရဲသူကို
ဖိနှိပ်ရမယ်ဆိုတဲ့ ဓလေ့။
အမှန်တရားကို ' ငွေ ' နဲ့
ဝယ်ယူနိုင်တယ်ဆိုတဲ့ ဓလေ့။
ကျောင်းပညာသင်ကြားရေး
မှာ နှလုံးသားဖွံ့ဖြိုးဖို့ ထက်
အခွင့်အလမ်းရရှိရေး ကသာ
အဓိကဆိုတဲ့ ဓလေ့ အမျိုးမျိုး
အကြောင်း ထုတ်ဖော်ပြသ
ထားပါတယ်။

အိမ်တွင်းပညာရေး ဆိုတာ
မိဘ အုပ်ထိန်းသူများ
ရင့်ကျက်နိုင်ရင် ရင့်ကျက်
သလောက် ရင်သွေးများ
အပေါ်ကြီးမားတဲ့ ဖြစ်ထွန်း
ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်း
ဒီ တီဗီစီးရီးက ထောက်ပြ
ထား‌ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ရဲ့
ရုပ်ရှင်၊ ဇာတ်လမ်းတွဲများမှာ
ကြည့်ရှုသူကို တစ်စုံတရာ
အသိအမြင်ဖွင့်ပေးနိုင်ဖို့
ကြိုးစားဆန်းသစ်နိုင်စွမ်း
တိုးတက်လာတယ်လို့
ခံစားမိရပါတယ်။
ကြည့်ရှုပြီးမှ ဘယ်လို
ခံစားရသလဲဆိုတာ
သိလာမှာပါ။

ကိုပီတိ
၂၇ ရက် ဒီဇင်ဘာ ၂၀၂၂

Want your business to be the top-listed Beauty Salon in Dawei?
Click here to claim your Sponsored Listing.

Category

Address

Dawei