Thursday's
Vintage Online Shop
25/04/2024
မန္တလေးပဲကြော် ပဲကပ်ကြော်လုပ်နည်း
🍪🍪🍪🍪🍪🍪🍪🍪
ငယ်ငယ်က အရမ်းကြိုက်တဲ့ ပဲကြော်လေးပါ....
စားပြီးစားချင်ပါပဲ.....
ငါစဥ်ဘဝ သတိရမိပါတယ်
💟💟💟💟like
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
💟💟💟💟
ပဲလွန်း၁ဘူး ၅၀၀ ကျ ပ်နဲ့ဝယ် ကုလားပဲခြမ်း ၁၀ သား ပါ ညထဲကရေစိမ်ထား ။ နေ့ခင်းချက်ခါနီး ပဲတွေကို ရေ ၃ ထပ်လောက် ထပ်ဆေး
ပဲပုတ်နံ့နံ့မှာဆိုး လို့ပါနော် ။
ပဲလွန်းကို ဆော်ဒါ တစ်ဇွန်းလောက်ထည့် ရေနှစ်ခါလောက်နှင့် နူးအောင်ပြ ုပ်
ချေ ထားပါ ။ကျမ မှာလက်ကျ န်ရှိ
တဲ့ယိုးဒယားရယ်ဒီမိတ်
ကောက်ညှင်းမု န့်၄၀ သားခန့်
ဆန်စိမ်းအမှ ုန့် ၅ ကျ ပ်သားခန့်
ဖီးကြမ်းဌက်ပျေ ာသီးမှည့် တစ်ဝက်
ဆား ၊ ဝေ့ချ ွမ်ဟင်းခပ်မှ ုန့် ( အချိုမှ ုန့်စားလျှင်)
အနည်းငယ် ၊ ဆော်ဒါ တီးစပွန်း၁ဇွန်း
ဂျ င်းလက် နှစ်ဆစ် ခန့်ထောင်း အရည်ညှစ် ရေ အနည်းငယ်ဖျေ ာ်ထည့်ထား ပြီး မုန့်နှစ် တစ်ဝက်ဆီခွဲထားပါ
ပဲလွန်းချေပြီးသားကို မုန့်နှစ်
တစ်ဝက်နှင့်ရော အရသာ မြည်း
ကြည့်ပြီး အနေတော်
မုန့်ဝိုင်းလုပ်ပြီး ဆီမျ ားမျ ားနှ င့်မြ ုပ်အောင်ကြော်ပါလျှ င်
မုန့်သားပိုပွပါသည် ။ တစ်ဖက်နီလျှ င်
တစ်ဖက်လှန် မုန့်သားကို ယောက်မ ဖြင့်ခေါက်ကြည့်လို့အပေါ်သား ကျွတ်လာလျှင် ဆယ်ထားပါမန္တလေးပဲကြော်ရပါပြီ ။
ပဲကပ်ကြော်နည်း
တစ်ဝက်ဖယ်ထားသော မုန့်သားကို
ဝိုင်း၍ ပန်းကန်ပြား ( သိ ု့) စတီးဇလုံအဝကျ ယ်ထဲ ထည့်ထား
သော ကုလားပဲခြမ်းရေစိမ်ကို မျ က် နှာပြင်နှစ်ဘက်ကပ်ပြီး ဆီမျ ားမျ ား နှင့်ကြော်ပေးပါ ။ တစ်ဘက်နီလျှင်
တစ်ဘက်လှန်ပေးပါ ။ အလွန်အရသာ ရှိ၍ အပြင်ကျွတ်
အတွင်းသားပျေ ာ့အိအိ လေး မန္တလေးပဲကြော်နှင့် ပဲကပ်ကြော်
ရပါပြီရှင် ။
အချ ဉ်ဖျေ ာ်နည်း
ကြက်သွန်ဖြ ူ ၅ မွှာခန့် အခွံခွာ ထောင်း မကျည်းရည် ၊ ငရုပ်ချ ဉ် ရည် ၂ မျို း ရော ဆား ဟင်းခပ်မှ ုန့်
ငံပြာရည် စိတ်ကြိ ုက်ထည့် ငရုပ်သီးစိမ်း ၊ နံနံပင်လေးညှပ် ထည့်ပြီး ရေနွေးပူပူလေးနှင့်စားလျှ င် အလွန်အရသာရှိသော အကြော်နှင့် အချဉ်ရည် ရပါပြီ ။
Credit Photo Cooking Myat (မူရင်းပုံပိုင်ရှင်)
💎 ဘရာကြော် 💎
ကုလားပဲဆန်အစိမ်းကို တညရေစိမ်ထားပီး နောက်နေ့ မနက်မှာဇကာနဲ့ရေစစ်ပီး ညက်နေအောင်ထောင်းထားပါ။
ပဲအကျက်မှုန့် အရည် ခပ်ပျစ်ပျစ်ဖျော်ထားပါ။
ကြက်သွန်နီ ပါးပါးလှီးထားပါ။
ပျဉ်းတော်သိမ်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။
ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။
_____________________________________________________
ကြော်တော့မယ်ဆိုရင်
********************
၁-ကုလားပဲဆန်ထောင်းထဲကို
၂-ပဲအကျက်မှုန့် ကို ခပ်ပျစ်ပျစ် ရေဖျော်ထည့်ပါ။
၃-ကြက်သွန်နီ ပါးပါးလှီးထည့်ပါ။
၄-ပျဉ်းတော်သိမ်း ပါးပါးလှီးထည့်ပါ။
၅-ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။
၆-ကြက်သွန်မြိတ် ပါးပါးလှီးထည့်ပါ။
၇-ဆား,ဟင်းခပ်မှုန့်,ဆော်ဒါထည့်၍ လုံးနေအောင်နယ်လိုက်ပါ။
မိမိနှစ်သက်သော အရွယ်အစားလုံးပီး ဆီများများနဲ့ကြော်ပါ။
ဘရာကြော်လေးများနီရဲလာရင်တော့ ဆီထဲမှဆယ်ပီး ဇကာနဲ့စစ်ထားပါ။
_____________________________________________________
အချဉ်
******
ဗမာငရုတ်ဆီကို ထညက်ရည်,မကျည်းရည်နဲ့ကျို/အအေးခံထားပါ။
ငရုတ်သီးစိမ်း,ကြက်သွန်ဖြူထောင်း,နံနံပင်ထည့်ပါ။
အငံ ထည့်ပါ။
ဒါဆိုရင်တော့ အရသာရှိလှတဲ့ အချဉ်ရပါပီ။
______________________________________________________
အရမ်းကိုလိုက်ဖက်တဲ့ အချဉ်နဲ့ စားလို့ကောင်းတဲ့ ဘရာကြော်ပါ။
ငရုတ်သီးစိမ်း,ပျဉ်းတော်သိမ်းအရသာလေးသင်းပီး
စားသူတိုင်း စိတ်ကြိုက်တွေ့စေမယ့် အရသာမျိုးပါပဲ။
ဂျင်းလေးအနည်းငယ် ထောင်းပီးထည့်လည်း စားကောင်းပါတယ်။
______________________________________________________
Credit အမည်မသိ
Credit photo
11/04/2023
ဂျပန် ကွန်တိန်နာကျ Enersys ရှေ့ဆွဲ (26) Size ,24 V Lithium Battery အရှင် 7Ah အားခံပါသည်
ရှေ့မီး အလှမီးပါမည်။
နောက်ဂီယာ speed 1,2,3
လီဘာတပ်ထား မီး/ဟွန်း/ခြင်း
ဂျပန်ကျ ပစ္စည်းအစုံပါ လက်တင်စီး ဘီးလေးပါ
မြန်မာပြည်တွင် အသုံးမပြုရသေးပါ
ဈေးနှုန်း 330,000 ပါးပါးလျှော့မည်
စိတ်ဝင်စားရင် hello လေးလုပ်လိုက်ပါ
Ph No 09 975082413 မြောက်ဒဂုံ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Dagon
11421
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |