Minnie Basic Japanese language Class
Warmly Welcome from Minnie
19/07/2021
Holloween ပွဲတော်နဲ့ပတ်သတ်တဲ့စကားလုံးလေးတွေ အတူတူလေ့လာကြရအောင်နော်🥰
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://m.facebook.com/story.php?story_fbid=113714610985095&id=107535524936337
Tyoko မှာနေတဲ့ Frrsh Graduate တစ်ယောက်ရဲ့ နေထိုင်ပုံနဲ့ ရတဲ့လစာအကြောင်း ၊ အိမ်ငှားခ ၊မီးဖိုးရေဖိုး ၊အစရှိတာတွေကို ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်နော်🥰အားလုံးလည်း စာတူတူကြိုးစားပြီး Tyoko မြို့ကြီးကို တူတူသွားကြရအောင်နော်🤩
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://m.facebook.com/story.php?story_fbid=113714610985095&id=107535524936337
19/07/2021
အလုပ်အကိုင်နဲ့ပတ်သတ်တဲ့ဟာလေးတွေလေ့လာကြရအောင်🥰
ကိုယ်ဘာအလုပ်လုပ်ချင်လည်းဆိုတာကိုလည်း Commentမှာ ရေးခဲ့ကြနော်🥰
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://m.facebook.com/story.php?story_fbid=113714610985095&id=107535524936337
19/07/2021
အခုလို Covid ကာလမှာအားလုံးကျန်းမာရေးဂရုစိုက်ကြပါနော်🤗 ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတစကားလုံးလေးတွေကိုလည်း Minnieနဲ့ အတူတူလေ့လာကြရအောင်နော်🥰
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://www.facebook.com/107535524936337/posts/113714610985095/
18/07/2021
မီးဖိုချောင်သုံးပစ္စည်းလေးတွေကို Minnie နဲ့အတူတူလေ့လာကြရအောင်နော်🥰
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://www.facebook.com/107535524936337/posts/113714610985095/
18/07/2021
✨✨✨ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ယူလိုသူများအတွက် ၂၀၁၉-၂၀၂ဝခုနှစ် Student Guide တွင်ရေးသားထားသော "နေထိုင်မှုကုန်ကျစရိတ်နှင့် ကုန်စျေးနှုန်း"အကြောင်းကို အထောက်အကူဖြစ်စေရန်ဖော်ပြပေးလိုက်ပါသည်။✨✨✨
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://www.facebook.com/107535524936337/posts/113714610985095/
18/07/2021
အိမ်သုံးလျှပ်စစ်ပစ္စည်းလေးတွေကို Minnieနဲ့အတူလေ့လာကြရအောင်🥰
သင်တန်းကိစ္စသိရှိလိုပါက⬇️
https://www.facebook.com/107535524936337/posts/113714610985095/
18/07/2021
七夕(たなばた)祭り (おまつり)တနဘတပွဲတော် (ကြယ်ပွဲတော်)
ဂျပန်နိုင်ငံရဲ့ နှစ်စဉ် 7လပိုင်း 7ရက်နေ့ဟာ တနဘတပွဲတော်ရက်နေ့ဖြစ်ပါတယ်။
願い(ねがい)事(ごと)を 書(か)いた 短冊(たんざく)を 笹(ささ)に 飾り(かざり)ます。
ကိုယ့်ရဲ့ (ဆန္ဒ၊မျှော်လင့်ချက်) အလိုရှိရာများ ဆုတောင်းတာကို ရေးထားတဲ့ စာရွက် အရှည်ကို ၊ ဝါးပင်မှာ ချိတ်ဆွဲ အလှဆင်ပြီး ဆန္ဒတွေကို ဆုတောင်းကြပါတယ်။
-------------------------------------------------
ပုံပြင်လေးဖြစ်ပေါ်လာပုံ
"七夕物語(たなばたものがたり) - တာနဘတပုံပြင်"
夜空(よぞら)に輝(かがや)く天(あま)の川(がわ)のそばに、天(てん)の神(かみ)さまが住(す)んでいます。
ညကောင်းကင်ရဲ့ တဖိတ်ဖိတ်လင်းလက်နေတဲ့ နဂါးငွေ့တန်းနဘေးနားမှာ မိုးနတ်မင်းက နေထိုင်လျက်ရှိပါတယ်။
天の神さまには 一人(ひとり)の 娘(むすめ)がいて、 名前(なまえ)を、 織姫(おりひめ)といいます。
မိုးနတ်မင်းမှာ တဦးတည်းသောသမီးလေးရှိပြီး၊ "အိုရိဟိမဲ့"(ယက်ကန်းမယ်)လို့ အမည်ရတယ်။
織姫(おりひめ)ははたをおって、 神さまたちの 着物(きもの)をつくる 仕事をしていました。
"အိုရိဟိမဲ့"က ယက်ကန်းယက်ပြီး နတ်အပေါင်းတို့အတွက် အဝတ်အစားတွေကို ပြုလုပ်ပေးတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။
さて、 織姫(おりひめ) が 年頃(としごろ) になったので、 天の神さまは 娘 にお婿(むこ)さんを 迎(むか)えてやろうと 思(おも)いました。
"အိုရိဟိမဲ့"က ရွယ်လေးရောက်လာတဲ့အခါ မိုးနတ်မင်းက သမီးတော်အတွက် သတို့သားရှာပေးဖို့ စိတ်ကူးမိတယ်။
そして 色々(いろいろ) 探(さが) して 見つけたのが、 天の川 の 岸(きし) で 天(てん) のウシを 飼(か) っている、 彦星(ひこぼし) という 若者(わかもの) です。
ဒီလိုနဲ့ အမျိုးမျိုးရှာဖွေပြီး တွေ့ရှိလိုက်တာကတော့ နဂါးငွေ့တန်းရဲ့ကမ်းခြေမှာ နတ်နွားတွေမွေးထားတဲ့ "ဟိကိုဘိုရှိ"ဆိုတဲ့ လူငယ်ပဲဖြစ်တယ်။
この 彦星(ひこぼ)し は、とてもよく 働(はたら) く 立派(りっぱ) な 若者(わかもの)です。
အဲဒီ "ဟိကိုဘိုရှိ"က အလွန်တရာ အလုပ်ကြိုးစားပြီး တည်ကြည်တဲ့ လူငယ်ဖြစ်တယ်။
そして 織姫(おりひめ) も、とてもやさしくて 美(うつく) しい 娘です。
"အိုရိဟိမဲ့"ကလဲ အရမ်းကို ကြင်နာတတ်ပြီး လှပတဲ့သူဖြစ်အယ်။
二人(ふたり) は 相手(あいて)を 一目(ひとめ) 見ただけで、 好きになりました。
၂ဦးသားက တဦးကိုတဦး တကြိမ်သာမြင်တွေ့ရုံနဲ့ နှစ်သက်မိကြတယ်။
二人はすぐに 結婚(けっこん) して、 楽(たの)しい 生活(せいかつ) を 送(おく) るようになりました。
၂ဦးသားက ချက်ချင်း လက်ထပ်ပြီး၊ ပျော်ရွှင်စွာနဲ့ နေ့ရက်တွေကို ဖြတ်သန်းကြတယ်။
でも、 仲(なか) が 良(よ) すぎるのも 困(こま) りもので、 二人は 仕事 を 忘(わす) れて 遊(あそ)んでばかりいるようになったのです。
သို့ပေမယ့် ဒီလို ချစ်ခင်လွန်းနေပြန်တာလဲ အခက်တွေ့စရာဖြစ်တယ်။ ၂ဦးသားက အလုပ်တွေကို မေ့ထားပြီး မြူးတူးပျော်ပါးလို့သာနေပါတယ်။
「 織姫(おりひめ) さまがはたおりをしないので、みんなの 着物(きもの) が 古(ふる) くてボロボロです。はやく 新(あたら) しい 着物をつくるように 言ってください」
"အိုရိဟိမဲ့က ယက်ကန်းမယက်တာကြောင့် ကျနော်တို့ရဲ့ အဝတ်တွေက ဟောင်းနွမ်းပြီး စုတ်ပြတ်လာပြီ။ ခပ်မြန်မြန် အဝတ်အစားအသစ်တွေ ယက်လုပ်ဖို့ ပြောပေးပါ"
「 彦星(ひこぼし) がウシの 世話(せわ) をしないので、ウシたちが 病気(びょうき) になってしまいました」
"ဟိကိုဘိုရှိက နွားတွေကို မကျောင်းတာကြောင့် နွားတွေလဲ နာမကျန်းဖြစ်ကုန်ပြီ"
天の神さまに、みんなが 文句(もんく) を 言いに 来(く) るようになりました。
မိုးနတ်မင်းဆီကို အားလုံးက မကျေနပ်ချက်တွေကို လာရောက်ပြောကြားကြတယ်။
天の神さまは、すっかり 怒(おこ) ってしまい、
မိုးနတ်မင်းလဲ အရမ်းစိတ်ဆိုးပြီး၊
「 二人は 天の川がわの、 東(ひがし) と 西(にし) に 別(わか) れて 暮(く) らすがよい!」
"၂ယောက်သားကို နဂါးငွေ့တန်းရဲ့ ဟိုဘက်နဲ့ ဒီဘက်မှာ ခွဲပြီးနေခိုင်းချေစမ်း!"
と、 織姫(おりひめ) と 彦星(ひこぼ)し を 別(わか)れ別(わか)れにしたのです。
ဆိုပြီး "အိုရိဟိမဲ့"နဲ့ "ဟိကိုဘိုရှိ"ကို ခွဲထားလိုက်တယ်။
「・・・ああ、 彦星(ひこぼ)し に 会いたい。・・・ 彦星(ひこぼし) に 会いたい」
"...ဟင့်...၊ ဟိကိုဘိုရှိနဲ့ တွေ့ချင်တယ်။ ....ဟိကိုဘိုရှိနဲ့ တွေ့ချင်တယ်"
毎日(まいにち) 泣(な) き 続(つづ) ける 織姫(おりひめ) を 見(み) て、 天の神さまが 言いました。
နေ့တိုင်း ငိုကြွေးနေတဲ့ "အိုရိဟိမဲ့"ကိုကြည့်ပြီး မိုးနတ်မင်းက ပြောလိုက်တယ်။
「 娘(むすめ) や、そんなに 彦星(ひこぼし) に 会いたいのか?」
"သမီးတော်၊ အဲဒီလောက်တောင် ဟိကိုဘိုရှိနဲ့ တွေ့ချင်တာလား?"
「はい。 会いたいです」
"ဟုတ်ကဲ့။ တွေ့ချင်တယ်"
「それなら、 一年(いちねん) に 一度(いちど)だけ、 七月(しちがつ) 七日(なのか) の 夜(よる) だけは、 彦星(ひこぼし)と 会ってもよいぞ」
"အဲဒါဆိုရင်တော့၊ တနှစ်တခါ တကြိမ်လောက်ပဲ ၇လပိုင်း ၇ရက်နေ့ညမှာ ဟိကိုဘိုရှိနဲ့ တွေ့ခွင့်ပေးမယ်"
それから 織姫(おりひめ) は、 一年に一度 会える 日だけを 楽(たの) しみにして、 毎日 一生懸命(いっしょうけんめい) にはたをおるのです。
အဲဒီကစလို့ "အိုရိဟိမဲ့"က တနှစ်မှာ တကြိမ် တွေ့ခွင့်ရမယ့်နေ့ကို ပျော်ရွှင်စွာ စောင့်မျှော်ရင်း၊ နေ့တိုင်း ကြိုးစားပမ်းစား ယက်ကန်းယက်လို့သာနေပါတယ်။
天の川の 向(む)こうの 彦星(ひこぼし) も、その 日を 楽しみに 天のウシを 飼う 仕事にせいを 出(だ) しました。
နဂါးငွေ့တန်းရဲ့ ဟိုးတဖက်က "ဟိကိုဘိုရှိ"လည်း အဲဒီရက်ကို မျှော်လင့်ရင်းနဲ့ နတ်နွားတွေကို ကြိုးစားထိန်းကျောင်းလို့နေတယ်။
そして 待ちに 待った 七月 七日 の 夜、 織姫(おりひめ) は 天の川を 渡(わた) って、 彦星(ひこぼし) のところへ 会いに 行くのです。
ဒီလိုနဲ့ အစောင့်ကြီး စောင့်စားခဲ့ရတဲ့ ၇လပိုင်း ၇ရက်နေ့ညရောက်တဲ့အခါမှာတော့၊ "အိုရိဟိမဲ့"က နဂါးငွေ့တန်းကို ကူးဖြတ်လို့ "ဟိကိုဘိုရှိ"ဆီ သွားရောက်တွေ့ဆုံပါတယ်။
しかし 雨(あめ) が 降(ふ) ると 天の川の 水かさが 増(ふ) えるため、 織姫(おりひめ) は 川を 渡る 事(こと) が 出来(でき) ません。
သို့သော်လည်း မိုးရွာတဲ့အခါ နဂါးငွေ့တန်းက ရေအပြည့်ဖြစ်တာကြောင့်၊ "အိုရိဟိမဲ့"က မဖြတ်ကူးနိုင်ပါဘူး။
でも 大丈夫(だいじょうぶ) 、そんな 時はどこからともなくカササギと 言う 鳥(とり) が 飛(と)んで 来 て、 天の川がわに 橋(はし) をかけてくれるのです。
ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အဲလိုအချိန်ကျရင် ဘယ်အရပ်ကမှန်းမသိတဲ့ သပိတ်လွယ်ငှက်လေးက ပျံသန်းရောက်ရှိလာပြီး၊ နဂါးငွေ့တန်းအပေါ်ကို တံတားထိုးပေးသတဲ့ကွယ်။
さあ、あなたも 夜空(よぞら) を 見上(みあ)げて、 二人の 再会(さいかい) を 祝福(しゅくふく) してあげてください。
ကဲ သင်လဲ ညကောင်းကင်ယံကို မော့ကြည့်လို့ ၂ဦးသားရဲ့ ပြန်လည်တွေ့ဆုံမှုကို ကောင်းချီးပေးလိုက်ပါနော်။
18/07/2021
မင်္ဂလာပါရှင်..💞 August လ Japanese Online Class လေး စတင်ပါတော့မယ်ရှင်👏
Page စဖွင့်တဲ့ အနေနဲ့ သင်တန်းကြေးလေးကို
Discount လေးချပေးထားပါတယ်နော်🤩
COVID ကြောင့်ရော နိူင်ငံရေးအခြေအနေကြောင့်ပါအပြင်မသွားပဲ မိမိအိမ်မှာပဲ နေနေတဲ့သူတွေနဲ့ Work from Home အလုပ်လုပ်နေတဲ့ ရုံးသမားများ ဂျပန်စာ လေ့လာချင်တယ်ဆိုရင်တော့ Minnie Basic Japanese language Class ကိုသာအပြေးလာခဲ့ပါနော်🏃♀️
Online Class ဖြစ်လို့ စာမရမှာတော့ စိတ်မပူပါနဲ့ သင်တန်းတွေမှာ သင်တဲ့အတိုင်း course တွေကို သင်ကြားပေးမှာပါ..
မိမိအိမ်မှာပဲ အင်တာနက်လေးဖွင့်ပြီးသင်ယူနိုင်ပါတယ်နော်။ အိမ်မှာပဲသင်ရလို့ COVID အတွက်လဲ စိုးရိမ်စရာမလိုတော့ပါဘူး 🤗
Basic✨
သင်တန်းကြေး➡️3000$
>>>Writing(Hiragana & katakana ရေးနည်း)
>>>Reading(Basic Japanစာတွေမြင်တာနဲ့ဖတ်တက်
အောင်သင်ကြားပေးမှာပါ)
>>>knowledge(ဗဟုသုတရဖွယ်ရာများကိုအပြန်အလှန်
Sharingလုပ်ပေးမှာပါ)
N5✨
သင်တန်းကြေး➡️10000$
>>>Minna no nihongo I အခန်း ၁မှ ၂၅ အထိ
>>>Grammar
>>>Vocabulary
>>>Reading
>>>Listening
>>>Old Question
N5(Kanji)✨
သင်တန်းကြေး➡️7000$
>>>Kanji အလုံး 140
>>>Old Question
>>>Knowledgeရဖွယ်ရာများ
သင်တန်းဖွင့်မည့်ရက်➡️1.8.2021
🏃♀️သင်တန်းမစမှီအမြန်လာရောက်စာရင်းပေးနိူင်ပါ တယ်ရှင့်🏃♀️
💥Pageစဖွင့်တဲ့အနေနဲ့ N5ရောKanjiပါ Minnieဆီမှာပဲတက်ရင်တော့ 15000$ Discount ချထားပါတယ်ရှင့်💥
"1ပတ်ကို 3ရက်" သင်မှာဖြစ်တဲ့အတွက်ကြောင့် အချိန်မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲဖြစ်ဖြစ် အဆင်ပြေအောင် Minnie က 7ယောက် 1Groupလေးဖွဲ့ပြီး သင်ကြားပေးမှာပါနော်👏
သင်တန်းပြီးဆုံးသွားလျှင်လည်း သင်ခန်းစာVedioများကို မဖျက်ပစ်သည့်အတွက် အချိန်မရွေးပြန်လည် လေ့လာနိူင်ပါတယ်နော်🥳
လေ့ကျင့်ခန်းများကိုလည်း Zoomနဲ့စစ်ဆေးမေးမြန်းပေးမှာဖြစ်တာကြောင့် စာသေချာကြိုးစားလိုချင်သူမှရပါမယ်နော်☺️
Minna no nihongo စာအုပ်ရှိပြီးသားလူတွေအတွက်က စာအုပ်ထပ်ဝယ်စရာမလိုတော့ပါဘူး.. အခုမှ သင်မဲ့သူတွေဆိုရင်တော့ စာအုပ်လေးဝယ်ရမှာပါရှင့်💙
🌸အသေးစိတ်သိရှိလိုပါက Cb or Ph သို့ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါတယ်ရှင့်🌸
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Dagon