Bingo
အဓိကmenuဂဏန်းချက်လေးနဲ့ အထောင်းလေးတွ?
18/09/2025
Gemini နဲ့ ဖန်တီးကြည့်ထားတဲ့ stickerလေး ချစ်စရာလေးရယ်နော် 😍
14/09/2025
အထောင်းထဲမှာမှ အမှာအများဆုံး ကြက်ခြေထောက်ထောင်းလေး😍😍😍
မှာယူသုံးဆောင်ပေးကြတဲ့ ချစ်ရခင်ရသူများအား ကျေးဇူးတင်လျက်🙏
11/09/2025
ဒီတပတ်အတွက် orderလေးတွေကောက်ပါတယ်နော် မင်မင်မအားတာနဲ့ပို့စ်မတင်ဖြစ်လိုက်တာပါ မှာထားတဲ့သူလေးတွေကို Sunday မှာအရောက်ပို့ပေးပါမယ်ရှင်😘
မှာယူပေးကြတဲ့ ချစ်ရသူတဦးချင်းအားကျေးဇူးတင်ပါတယ်ရှင်
အသက်ရှူတိုင်းငွေဝင်ပြီး စီးပွားလာဘ်လာဘတွေဆထပ်တပိုးတိုးကြပါစေရှင်🙏🙏🙏
08/09/2025
အချိုပွဲလေးတမျိုးလဲ ထပ်ဖြည့်ပေးသွားပါဦးမယ်
မင်မင့်ကိုယုံကြည်မှာယူပေးတဲ့သူတဦးချင်းတိုင်းအား ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏
ဂဏန်းဆိုဒ်မင်မင့်အခေါ် အကောင်သေးတယ်ဆိုပေမယ့် ရောင်းနေတဲ့အကောင်က အကောင်ကြီးဆိုဒ်တွေပါနော် မင်မင်စျေးအတန်ဆုံးနဲ့ရောင်းပေးထားပါတယ်ရှင်
07/09/2025
ဂဏန်းအော်ဒါလေးတွေပို့စ်မတင်နိုင်အောင် ကလေးတယောက်နဲ့ရှုပ်
သတိတရနဲ့ အမြဲမှာယူပေးတဲ့ ချစ်ရသူများအားလည်းကျေးဇူးအထူးတင်ပါတယ်ရှင်
မင်မင့်စေတနာအပြည့်နဲ့ ဒီထပ်ပိုကောင်းအောင် အရသာမလျော့အောင် ကြိုးစားလျက်ပါ 😍
11/08/2025
GPTနဲ့လုပ်ကြည့်ထားတာ ချစ်စရာလေး
ဂဏန်းက ရယ်ရတယ် 😂😂😂
#ဓညင်းသီးငပိချက်
11/08/2025
ဓညင်းသီးငပိချက်လေး ချက်ရောင်းပေးဖို့ပြောထားတာရှိတာမို့ တည့်တဲ့သူ စားချင်တဲ့သူလေးတွေ မှာလို့ရပါမယ်နော်
တဗူးကို ၃၀၀၀ကျပ်နဲ့ ရောင်းပေးပါမယ် အစီးသီး အလတ်လေးတွေကို တရက်ကို နည်းနည်းပဲချက်မှာမို့ ဒီနေ့မှာ မနက်ဖန်ရပါမယ်ရှင်
ကျန်းမာရေးအတွက်ကြည့်ကြရတာမို့ တန်ဖိုးနည်းနည်းနဲ့မို့ Portionလေးကတော့ နှစ်ယောက်လောက်တော့ အာသာလည်းပြေ ထမင်းလည်းမြိန်စေပါတယ်နော်
မင်မင့်ဟင်းပွဲလေးတွေကို အပြင်နဲ့ပုံထဲကအမြင်မတူမှာဆိုးလို့ ပုံတင်တဲ့အခါ မင်မင် effectတွေမထည့်ထားပါဘူးနော်
ချစ်ရသူများအားလုံး စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားဥစ္စာတိုးပွားကြပါစေရှင် 😍😍😍
#အထောင်း
#ဂဏန်းမဆလာ