HELLOBurger Employee Search
To become a better team work
21/08/2025
Productive Morning & Breakfast Meeting!
ကျွန်တော်တို့ HELLOBURGER Team မှ
August 21 နံနက်ခင်းပိုင်းတွင် Breakfast Time
သီးသန့်ပြုလုပ်ရျ် HELLOBURGER လုပ်ငန်းစုအောက်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော အဖွဲ့အစည်းအချင်းချင်း ပိုမိုစည်းလုံးညီညွတ်ခြင်း၊ အပြန်လှန်လေးစားမှုများရှိစေခြင်း နှင့် စားသုံးသူများအပေါ်တွင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရေးအတွက် တိုင်ပင်ဆွေးနွေးမှုများ
ပြုလုပ်ခဲ့သော ပုံရိပ်တချို့ဖြစ်ပါတယ်။
ကျွန်တော်တို့၏ စားသုံးသူများအပေါ်တွင် High quality ၊ Low price စသည့်စံနှုန်းရှိသော FastFood Restaurant အဖြစ်ရပ်တည်လာရေးနှင့်အတူ ပိုမိုသောဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်အတွက်လည်း ဆိုင်ခွဲများထပ်မံဖွင့်လှစ်နိုင်စေဖို့ HELLOBURGER Team မှ ရည်မှန်းချက်များ ထားရှိလျှပ်ရှိပါသည်။
HELLOBURGER’s most important values are our CUSTOMERS & EMPLOYEES!
#ဗိုက်ဆာနေပြီလား
28/02/2025
စစ်ကိုင်းမြို့ရှိ HELLOBurger တွင် အချိန်ပိုင်း Delivery Service ဝန်ဆောင်မှုပြုလုပ်နိုင်သူများ အလိုရှိပါသည် ။ 📢
( Male & Female )
လိုအပ်ချက်များ__
✅ စစ်ကိုင်းမြို့တွင်း ကျွမ်းကျင်စွာ သွားလာနိုင်ရပါမည်။
✅ ယာဉ်မောင်းလိုင်စင် အပြည့်စုံပါရှိရပါမည်။
✅ လုပ်ငန်းချိန်အတွင်း အတိ၊အကျ တာဝန်ထမ်းဆောင်နိုင်ရပါမည်။
✅ အထက်မှချမှတ်ထားသည့် စည်းကမ်းချက်များအား တိကျမှန်ကန်စွာလိုက်နာနိုင်ရပါမည်။
ခံစားခွင့်များ__
✅ အခြေခံ ရပိုင်ခွင့် - ညှိနှိုင်း
✅ အလုပ်ချိန် - 8:00am To 4:00pm
✅ အလုပ်ပိတ်ရက် - Sunday
အောက်ပါအချက်များအား စိတ်ဝင်စားမှုရှိပါက HELLOBurger Teams နှင့်ပျော်ရွှင်စွာလက်တွဲလုပ်ဆောင်နိုင်ပါရန် အမြန်ဆုံး Join နိုင်ပါပြီ…💬
More Information
09 767 876 412
09 968 885 291
[ စစ်ကိုင်းမြို့ ]
26/01/2025
We’re Herring ‼️
Sales Cashier - 3Post (𝐅𝐞𝐦𝐚𝐥𝐞)
_စစ်ကိုင်းမြို့ရှိ HELLOBurger ဆိုင်ခွဲ-၂ဆိုင်တွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်ချက်များ.
- အသက် ၁၈နှစ် မှ ၃၀နှစ်အတွင်း ဖြစ်ရပါမည်။
- အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမည်။
- 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကောင်းမွန်သူ ဖြစ်ရပါမည်။
- စိတ်ရှည်သည်းခံနိုင်စွမ်းရှိသူ ဖြစ်ရပါမည်။
- ရေရှည်လက်တွဲလုပ်ဆောင်နိုင်သူ ဖြစ်ရပါမည်။
- အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူ
- အထက်မှချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာနိုင်သူဖြစ်ရပါမည်။
📌 Job Requirement
-အရောင်းပိုင်း နှင့် Customer Service အတွေ့အကြုံရှိရပါမည်။
-Daily Sales Report များအား အချိန်မှီတင်ပြနိုင်ရပါမည်။
- Public Holiday များတွင် ပိတ်ရက်မရှိသည့်အတွက် အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်ရပါမည်။
( ခံစားခွင့်များ )
_ နေ/စား ငြိမ်း (အမျိုးသမီးအဆောင် ရှိပါသည်)
_ တစ်လ/နားရက် (၃ရက်)
_ ရက်မှန်ကြေး - 15,000
_ + Incentive
_ Sales Target ခံစားခွင့် များ
_ အရည်ချင်းပေါ်မှုတည်ရျ် လစာတိုးအစီစဉ်များ
အခြေခံ လစာ _ 180,000 +
📎 အထက်ပါအချက်များဖြင့် ကိုက်ညီပြီး စိတ်ဝင်စားမှုရှိပါက CV Form နှင့်တကွ လူကိုယ်တိုင်ဖြစ်စေ (သို့) Viber မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။
အလုပ်တိုက်ရိုက်ဆက်သွယ်ရန်✅
09968885291
09767876412
17/10/2024
ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ တရားတော် ဟောကြားခြင်း ပြီးမြောက်တဲ့နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှသင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက် တော်မူတဲ့နေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံး တိုးလျှိုပေါက် မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသတို့ဖြင့် အထူးတလည် ပြည့်စုံသော နေ့ထူးနေ့မြတ်ကို အဘိဓမ္မာအခါတော်နေ့လို့ ခေါ်ပါတယ်။
မြန်မာလူမျိုးတို့သည် ဝါတွင်းသုံးလကာလပတ်လုံး ဥပုဒ်သီလများ ဆောက်တည်ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ ကြွလာသော မြတ်စွာဘုရားအား မီးများထွန်းညှိကာ ဖူးမြှော်ကြိုဆိုကြပါတယ်။
အဘိဓမ္မာအခါတော်နေ့ဟာ မြန်မာလူမျိုးတို့ရဲ့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး ထိုနေ့တွင် မိဘ၊ ဆရာသမား၊အဘိုးအဘွား နှင့် ခင်ပွန်းကြီး(၁၀)ပါးကို ကန်တော့ကြပါသည်။
မိဘအဘိုးအဘွားများမှလည်း သားသမီးမြေးမြစ်များကို မုန့်ကျွေးခြင်း၊ မုန့်ဖိုးပေးခြင်းတို့ ပြုလုပ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းမုန့်များပြုလုပ်ကာ အိမ်နီးချင်းများအား ဝေခြင်း၊ တစ်ခြံလုံး တစ်အိမ်လုံး မီးထွန်းခြင်း၊ မီးပုံပျံလွှတ်ခြင်း စတဲ့ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းသော အပြုအမူများကို ဖန်တီးရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါသည်။
ယခုသီတင်းကျွတ်လပြည့်အချိန်အခါမှာ စိတ်၏ချမ်းသာ၊ကိုယ်၏ကျန်းမာခြင့်ဖြင့် ပြည့်ဆုံကြပါစေကြောင်း HELLOBurger (Group) မှလည်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙏
#သီတင်းကျွတ်လ
16/10/2024
စစ်ကိုင်းမြို့ရှိ HELLOBurger ဆိုင်ခွဲ (၂)ခုစလုံးတွင် တာဝန်ထမ်းဆောင်ရန် Sales & Customer Service ဝန်ထမ်းအလိုရှိပါသည်။‼️
( အမျိုးသား၊အမျိုးသမီး )
လိုအပ်ချက်များ(Requirements)_
-အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ
-Sales & Customer Service ပိုင်းတွင် အတွေ့အကြုံရှိသူ
-အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူ
-ကျန်းမာရေး (အထူး)ကောင်းမွန်သူ
-သန့်ရှင်းသပ်ရပ်စွာနေထိုင်ပြီး ၊ ချမှတ်သည့်စည်းကမ်းများအား တိကျစွာလိုက်နာနိုင်သူ
အလုပ်ဖော်ပြချက်(Job Description)_
- အထက်မှချမှတ်ပေးထားသော Training အတိုင်း စားသုံးသူများအပေါ် ချိုသာသောအပြုံး ၊ အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနိုင်သောသူ ဖြစ်ရပါမည်။
- နေ့စဉ်အရောင်းပိုင်းစာရင်းများအား တိကျစွာပြုလုပ်ပြီး Daily Report များပြုလုပ်နိုင်ရပါမည်။
ခံစားခွင့်(Entitlement)_
🎯 အခြေခံလစာသတ်မှတ်ချက် -
( ၁၆၀၀၀၀ကျပ် + ရက်မှန်ကြေး ၁၅၀၀၀ကျပ် )
✅ အရည်ချင်းပေါ်မှုတည် (၃လ)အတွင်း လစာတိုးအစီစဉ်ရှိ
🎯 Sale Target ခံစားခွင့်
🎯 နေထိုင်စရိတ်၊စားစရိတ် (ငြိမ်း)
🎯 တစ်လ နားရက် (၃ရက်)ရှိ
📌 အလုပ်ချိန်- ဆိုင်ဖွင့်ချိန် မှ ဆိုင်ပိတ်ချိန်ထိ
အထက်ပါအချက်များနှင့်ကိုက်ညီမှုရှိပြီး စိတ်ပါဝင်စားမှုရှိပါက HELLOBurger Teams သို့အမြန်ဆုံးလာရောက် Join ရန် ဖိတ်ခေါ်လိုက်ပါတယ်နော်…✨👨🍳👩🍳
CV ဖောင်ဖြင့် လူကိုယ်တိုင် စစ်ကိုင်းမြို့ရှိဆိုင်ခွဲ(၂)ဆိုင်လုံးတွင် လာရောက်လျှောက်ထားနိုင်ပါသည်။‼️
📞 09968885291
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Burma