Boost Service for Myanmar
Sushi 🍣 Burma မရမ်းကုန်းမြို့နယ် သမိုင်း1ရပ်ကွက် 09970904963 /09791168012 ကိုဆက်သွယ်မှာယူနိုင်ပါတယ်
သစ်တံခါဆရာတော် မွေးနေ့ပွဲ
နှစ်သစ်မှာပျော်ရွှင်ကြပါစေ
09/01/2024
"ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်"
ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်သွားပါပြီ။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဒေါ်မာမာအေးဟာ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားတာပါ။
#မာမာအေး #မာမာအေး၈၁
05/01/2024
ပိုက်ဆံလေးနည်းနည်းရှိလာတော့
တိုက်နေကြဆပ်ပြာတောင်
ယားသလိုခံစားရတယ်
သုံးနေကြ shampoo တွေဟာ
quality သိပ်မကောင်းတော့ဘူးလို့
တွေးမိတယ်....
စားနေကြ ၅၀တန် ဝက်သားဒုတ်ထိုးတောင်
နံတယ်ထင်ပြီး
ခုတွဲနေတဲ့ရည်းစားတောင်
ရွံစရာကြီးလို့ထင်မိတာ..
အပေါစားတွေသုံးခဲ့မိတဲ့
ကိုယ့်ကိုကိုယ်ရှက်မိပြီး
သူဌေးတွေနဲ့ပဲရွေးပေါင်းဖို့
ဆုံးဖြတ်လိုက်တယ်..
ဖူးနေကြဘုရားတောင်
သိပ်တန်ခိုးမကြီးတော့သလိုတွေးမိပြီး
နိုင်ငံခြားကဘုရားပဲဖူးတော့မယ်လို့
ဆုံးဖြတ်လိုက်တယ်...
၃၀၀ထဲနဲ့ဆူးလေရောက်နိုင်တာကို
အံ့အားတွေသင့်နေပြီး
ညစာအတွက်ဆိုင်မထပ်အောင်ရွေးရတာကို
ဒုက္ခတစ်ခုလိုမြင်မိတယ်...
ရုပ်ရှင်ကိုအပေါ်ထပ်ကကြည့်မှ
ပိုကြည်တယ်လို့ခံယူပြီး
လမ်းဘေးစာတွေကို
နှာခေါင်းရှုံ့ပြီး
ခပ်ဝေးဝေးက ရှောင်လာပြန်ရော...
အရင်လူတွေက
ကိုယ့်ကိုအရင်လိုဆက်ဆံနေတာကို
မသက်မသာခံစားမိတယ်
ကိုယ့်ကိုတရိုတသေ လေးလေးစားစား
ဆက်ဆံသင့်တယ်လို့ တွေးမိတယ်..
တော်ရုံလူတွေရဲ့ comment တွေကို
reply မပြန်တော့ဘူး
အနေအထားတစ်ခုရှိတဲ့သူတွေကိုပဲ
အဖက်လုပ်တော့မယ်လို့တွေးထားတယ်
ကို့ account ဟာ
ကမ္ဘာ့အဆင့်အတန်းအရှိဆုံး
account ဖြစ်ရမယ်လို့
ဆုံးဖြတ်ထားတယ်
လူတွေရဲ့အနံ့ဟာ နံလာတယ်
Brandedပစ္စည်းတွေရဲ့
အသစ်ရနံ့ကပိုမွှေးလာတယ်
ကိုယ်တိုင်က
သိပ်မလှဘူး သိပ်ပညာမတက်ဘူး
ဒါပေမယ့် တကိုယ်လုံးငွေကြောင့်
တဖိတ်ဖိတ်တောက်နေတယ်လို့ ထင်မိတယ်..
fb မှာလာ add ရင်
နောက်က ထရံကာ တွေပါရင် လက်မခံဖြစ်ဘူး
ကိုယ့် acc ဟာ ခရိုနီနဲ့ cele များသာ
ပြည့်နေစေရမယ်လို့ ခံယူထားတယ်...
cmt မှာ ဗရုတ်သုက္ခလာမန့်ရင်
ကိုယ့်ကိုမလေးမစားလာပေါင်းတယ်လို့
ခံစားမိတယ်
"မင်္ဂလာပါ အကို"
"မင်္ဂလာပါ ညီလေးရေ"
"အရမ်းချောတယ်အမ"
"ညီမလေးလည်း ရမ်းချော"
"ကျေးဇူးပါ ညီမရေ"
"ညီလေးလည်း အရမ်းချော" စတဲ့
အပေါ်ယံတွေကို ပိုကြိုက်လာတယ်
ကိုနဲ့ထိုက်တန်တဲ့ပတ်ဝန်းကျင်အသစ်
မိတ်ဆွေအသစ်
အသုံးအဆောင်ပစ္စည်းအသစ်
လက်တွဲဖော်အသစ်တွေဟာ
ခုမှရောက်လာတာဆိုပြီးပျော်မိတယ်...
နှာစေး ခေါင်းကိုက်တာကို
အရင်လို ဒီကိုလ်ဂျင်တွေမသောက်သင့်တော့ဘဲ
Medical check up သွားလုပ်ဦးမှလို့
တွေးမိတယ်
လူတွေဟာ ငါ့လိုဘာ့ကြောင့်ကျန်းမာရေးကို
ဂရုမစိုက်တာလဲလို့
စိတ်မသက်မသာတွေးမိတယ်
အဲလိုနဲ့
medical check up အဖြေရလာတော့
ဖတ်ကြည့်လိုက်တယ်
"ဘဝင်မြင့်ရောဂါ" တဲ့...😁
အရမ်းကျေနပ်သွားတယ်
ဒီရောဂါနဲ့သေရင်တောင်
သေပျော်ပြီလေ။
ကဲ...
ဘဝင်မြင့်ရောဂါသည်တွေအတွက်
ရေးတင်လိုက်ပါသည်။😛
Credit မူရင်း
အမှန်တရားဟါ ခါးတမါထက် ပိုခါးပါတယ်
ထပ်ဆင့်မျှဝေပါသည်
26/08/2023
ကိုယ်ဘာလုပ်လုပ် ကိုယ်ပဲဖြစ်လာမည်
၁။ ဆေးလိပ် နေ့တိုင်း သောက်မယ်ဆိုရင် ဆေးလိပ်သောက် သမား ဖြစ်လာမည်။
၂။ အရက် နေ့တိုင်း သောက်မယ်ဆိုရင် အရက်သမား ဖြစ်လာမည်။
၃။ နေ့တိုင်း အစားအလွန် အကျွံစားမယ်ဆိုရင် အဝလွန်သူ ဖြစ်လာမည်။
၄။ မလိုအပ်တဲ့ နေရာမှာ ငွေအမြောက်အမြားကို အတိုင်းအထက်လွန် သုံးမယ်ဆိုရင် ဆင်းရဲလာမည်။
၅။ ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေမယ်ဆိုရင် ဖျားနာလာမည်။
အလားတူဖြစ်ရပ် -
၁။ လေ့ကျင့်ခန်း နေ့တိုင်းလုပ်မယ်ဆိုရင် ကျန်းမာရေး ကောင်းလာမည်။
၂။ စာ နေ့တိုင်းရေးမယ်ဆိုရင် စားရေးဆရာ တစ်ယောက်ဖြစ်လာမည်။
၃။ နေ့တိုင်း ပြေးမယ်ဆိုရင် အပြေးသမား တစ်ယောက် ဖြစ်လာမည်။
၄။ စီးပွားရေး အကြောင်း နေ့တိုင်းတွေးမယ်ဆိုရင် စီးပွားရေး သမား တစ်ယောက် ဖြစ်လာမည်။
၅။ စာကို နေ့တိုင်းဖတ်မယ်ဆိုရင် အသိပညာဗဟုသုတ ရှိသူ ဖြစ်လာမည်။
အရာရာတိုင်းဟာ သင်ပဲဖြစ်တယ်။
သင်ဟာ ကောင်းတာတွေကိုပဲ
ရွေးလုပ်မယ်ဆိုရင် ကောင်းတဲ့
သူတစ်ယောက် ဖြစ်လာလိမ့်မယ်။
မကောင်းတာတွေကိုပဲ လုပ်မယ်
ဆိုရင်လည်း မကောင်းတဲ့ သူပဲ
ဖြစ်လာမည်။
နေ့စဉ် မိမိလုပ်တဲ့
အလုပ်ဟာ မိမိဘဝပါပဲ။
Credit
photo
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Burma