KB - Bhamo

KB - Bhamo

Share

Kathryn Beauty Bhamo Official Agent(ID-00060)
KB productsများကိုလက်လီလက?

Photos from Mya's Daily Blogs's post 06/03/2022

မမြညွှန်းရင် ယုံယုံကြည်ကြည်နဲ့သာသုံးကြည့်လိုက်😍

Photos from KB - Bhamo's post 07/01/2022

မအားလို့postမတင်ဖြစ်ပေမဲ့ လိုချင်တာလေးတွေရှိရင်မှာယူနိုင်ပါတယ်ရှင်🥰

Photos from KB - Bhamo's post 18/10/2021

Eye creamအစား Eye Maskလေးပြောင်းသုံးကြည့်ချင်တယ် ဘယ်brandသုံးရမလဲမသိဘူးဖြစ်နေရင် Kathryn Beautyကထုတ်တဲ့ Hydrogel Eye Maskလေးtryကြည့်နော်🤗

KB eye maskမှာ Hydrolyzed collagen ပါဝင်တာ ကြောင့် အသားလေးစိုပြေ တင်းရင်းစေပြီး''... မျက်ကွင်းညိုခြင်း ၊ မျက်အိတ်ဖြစ်ခြင်း ၊ အရေးအကြောင်းဖြစ်ခြင်း ၊ မျက်ဝန်းတဝိုက်အသားရေအခြောက်သွေ့ခြင်း တို့ကို ကာကွယ်ပေးပါတယ် နဖူး ပါး မျက်လုံး နှုတ်ခမ်း နားတစ်ဝိုက်လည်းကပ်လို့ရပါတယ်..အရေးအကြောင်းမှန်သမျှ သက်သာပျောက်ကင်းစေပါတယ်..🙋🙋

price~~19000ks
☎️09444376637

Photos from KB - Bhamo's post 15/10/2021

မောနင်းခ KBလေးနဲ့မျက်နှာသစ်ကြမယ်🤗

14/10/2021

FYI🤗

မျက်နှာသစ်ပြီး ခဏနေရင် မျက်နှာကမဲညစ်သွားတာ
ဘာဖြစ်လို့လဲ❓ အဲ့လိုမဖြစ်အောင် ဘာတွေသုံးရမလဲ❓

Nyi skincareအကြောင်း နားမလည်ခင် skincareဆိုတာ ဘာမှန်း မသိခင်တုံးက စဥ်းစားဖူးတာလေးရှိတယ်။ မျက်နှာသစ်ပြီးရင် မျက်နှာက ဖြူဆွတ်နေပြီးတော့ နှာရီဝက်တစ်နာရီလောက်လဲနေရော မျက်နှာက အဆီတွေပြန်ပြီး မဲညစ်သွားတာ ဘာလို့လဲပေါ့🤔 ခုskincare အကြောင်းလေး တီးမိခေါက်မိရှိတော့မှ စာတွေရှာဖတ်ရင်းနဲ့ သိထားတာလေး ပြန်ပြီး sharingလုပ်ပေးချင်ပါတယ်။ Nyiပြောတဲ့ထဲ အမှားပါသွားရင်လဲ ထောက်ပေးကြပါဦး။ Nyiလဲ ခုမှ သင်ယူနေဆဲမလို့ပါ😇

🌳မျက်နှာသစ်ပြီးခဏနေရင် skincareလိမ်းပြီးခဏနေရင်
မျက်နှာညစ်သွား​တယ် မိတ်ကပ်လိမ်းတဲ့သူတွေဆို မိတ်ကပ်ညိုသွားတယ် မဲသွားတယ် အဲ့လိုဖြစ်တာကို Skin Oxidation မြန်မာလို အရေပြားဓာတ်တိုးတယ်လို့ ခေါ်ပါတယ်။ Oxidationက အရေပြားမှာပဲ ဖြစ်တာမဟုတ်ပါဘူး ပြင်ပအရာဝတ္ထုတွေမှာ ဖြစ်ပါတယ် အနီးစပ်ဆုံးပြောရရင် သံချေးတက်တာလဲ oxidationတစ်မျိုးပါပဲ။ သံ(iron)နဲ့ oxygenပေါင်းပြီး iron oxide(သံချေး)ဖြစ်ပါတယ်။ ပန်းသီးတစ်လုံးကို ထပ်ခြမ်းခွဲပြီးထားလိုက်မယ်ဆိုရင် အချိန်ခဏအတွင်းမှာ မဲသွားတာ တွေ့ရပါမယ် အဲ့ဒါလဲ oxidationကြောင့်ပါပဲ။

🌳Oxidationဆိုတာ ဥပမာ skin oxidationဆိုရင် skin cellsတွေကနေ electronတစ်လုံးဆုံးရှုံးသွားတာ ဒါမှမဟုတ် oxygenတိုးလာတာကို ခေါ်ပါတယ်။

🌳Oxidationဘာလို့ဖြစ်ရလဲဆိုရင် free radicalsတွေကြောင့် ဖြစ်ပါတယ်။ Free radicalsတွေကို Reactive Oxygen species(ROS)လို့လဲ ခေါ်ပါတယ်။ Free radicalsတွေက highly reactive, unstableဖြစ်တဲ့, uneven number of electronပါတဲ့, oxygenပါဝင်တဲ့moleculesတွေပါ။ Free radicalsတွေ ဘယ်ကထွက်လဲဆိုရင် Nyiတို့ ခန္တာကိုယ်တွင်းမှာလဲ cellsတွေရဲ့metabolismကနေ ထွက်ပါတယ်။ ပြင်ပမှာလဲ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုတွေ စက်ရုံတွေ အလုပ်ရုံတွေ ကားတွေ ဆိုင်ကယ်တွေ ဆေးလိပ်ငွေ့တွေ chemicalsတွေကနေလဲ free radicalsတွေထွက်ပါတယ်။ နေကလာတဲ့UV raysတွေကနေလဲ အရေပြားကနေ free radicalsတွေထွက်ဖို့ အားပေးပါတယ်။ နောက်ပြီး Oxidationဖြစ်တဲ့အခါလဲ free radicalsတွေ ထွက်ပါသေးတယ်။

🌳Skin Oxidationဘက်ကို ပြန်လှည့်ရရင် Nyiတို့ ဆားဝက်ခြံတွေထိပ်မဲရတာလဲ oxidationကြောင့်ပါပဲ။ အရေပြားမျက်နှာပြင်ပေါ်ထွက်လာတဲ့ အဆီခဲက လေနဲ့ထိတွေ့ပြီး oxidationဖြစ်ပါတယ်။ ဆိုတော့ Skin oxidationက အရေပြားပေါ်ကအဆီတွေနဲ့free radicalsတွေဓာတ်ပြုလို့ ဖြစ်တယ်လို့ အလွယ်မှတ်ယူလို့ရပါတယ်။

🌳Skin Oxidationက အဲ့လိုမျိုးမျက်နှာမဲညစ်တာအပြင် အရေပြားရဲ့skin cell structureတွေ, DNA structureတွေကို ကမောက်ကမဖြစ်စေတဲ့အတွက် အရေပြားမူမမှန်မှုတွေ skin cancerတွေဖြစ်နိုင်ပါတယ်။ Collagen & Elastin synthesisကိုလဲ အနှောင့်အယှက်ပေးလို့ fine linesတွေ wrinklesတွေ မြန်မြန်ဖြစ်စေပါတယ်။ ပြီးတော့ UV raysတွေကြောင့်ဖြစ်တဲ့ photoaging /premature aging(အရွယ်မတိုင်ခင် အိုမင်းရင့်ရောင်မှု)ကိုလဲ ပိုပြီးမြန်ဆန်အောင် လှုံ့ဆော်ပါတယ်။

🌳Skin Oxidationကြောင့် ဘာတွေဖြစ်နိုင်တယ်ဆိုတာ သိသွားပြီဆိုရင် အဲ့လိုတွေမဖြစ်အောင် ဘာတွေလုပ်လို့ရမလဲဆိုတာလေး ပြောပြပါမယ်💡

1) အဆီပြန်တာ သက်သာအောင် လုပ်ရပါမယ်🌼

Skin Oxidationက အသားခြောက်တဲ့သူတွေထက်စာရင် အဆီပြန်တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ ဒီအဆီတွေကြောင့်ပဲ oxidationဖြစ်တာမလို့ပါ။ Nyiတို့အနေနဲ့ အဆီလုံးဝမပြန်တော့အောင် လုပ်လို့မရပေမဲ့ အဆီပြန်တာသက်သာအောင်တော့ လုပ်လို့ရပါတယ်။ ဘာတွေလုပ်ရမလဲဆိုရင်

🌱Double cleansingလုပ်ပါ
🌱တစ်ရက်ကို မျက်နှာ၂ကြိမ်ထက် ပိုမသစ်ပါနဲ့
🌱Alcoholတွေ astrigent တွေပါတဲ့ tonerတွေရှောင်ပါ
🌱Moistureထက် hydrationကိုဦးစားပေးတဲ့ skincareတွေသုံးပါ
🌱အဆီမပါတဲ့ အဆီပါဝင်မှုနည်းတဲ့ skincareတွေ makeupတွေ ရွေးသုံးပါ
🌱အဆီထွက်တာလျော့နဲစေတဲ့ niacinamide, green tea, willow bark extractစတာတွေပါတဲ့ skincareတွေသုံးပါ
🌱တစ်ပတ်ကို၁ကြိမ် BHAပါတဲ့exfoliating productနဲ့ exfoliateလုပ်ပါ
🌱တစ်ပတ်ကို၁ကြိမ် clay maskသုံးပါ
ဒါကတော့ အကြမ်းဖျင်းပြောသွားတာပါ
အသေးစိတ်ကိုတော့ ဒီမှာဖတ်ပေးပါ
https://www.facebook.com/103857635279136/posts/117635660568000/

2) Sunscreenလိမ်းပါ🌼

UV raysတွေကြောင့်ဖြစ်တဲ့ photoagingသက်သာဖို့နဲ့ skin cancerတွေကို ကြိုတင်ကာကွယ်ဖို့အတွက် sunscreenလိမ်းဖို့လိုပါတယ်။ အဆီမပါတဲ့, ချွေးပေါက်မပိတ်စေတဲ့, လိမ်းရတာ ပေါ့ပေါ့ပါးပါးရှိတဲ့ Sunscreenမျိုးလိမ်းပေးပါ။

3) Antioxidantတွေပါတဲ့ skincareတွေရွေးသုံးပါ🌼

Skin oxidationဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အရေပြားမှာ antioxidant အလုံအလောက်မရှိလို့ပါ။ Antioxidantတွေကို free radicalsတွေကို တိုက်ထုတ်ပေးနိုင်တဲ့ စစ်သားတွေလို့ပြောရင်လဲ မမှားပါဘူး။ Free radicalsတွေများပြီး antioxidantတွေနည်းလာတဲ့အချိန်မှာ oxidative stressလို conditionတွေဖြစ်လာပါတယ်။ Antioxidant တွေကို Nyiတို့ခန္တာကိုယ်တွင်းကလဲ ထုတ်ပေးသလို အစားအသောက်ကနေလဲ ရပါတယ်။ လိုအပ်ရင် လိုအပ်သလို Supplementတွေသောက်လို့လဲ ရပါတယ်။ Antioxidantပါတဲ့skincareတွေ topicallyလိမ်းခြင်းအားဖြင့်လဲ skin oxidationဖြစ်တာ သက်သာစေပါတယ်။ The strongest antioxidantကတော့ vitamin Cပါ။
🔑ကြုံတုံးပြောရရင် vitamin Cအပါအဝင် တခြား antioxidant properties ရှိတဲ့ skincareတွေကို မနက်ပိုင်းလိမ်းစေချင်ပါတယ်။ Antioxidantတွေကို sunscreenနဲ့ တွဲလိမ်းခြင်းအားဖြင့် synergistic effectအနေနဲ့ uv raysတွေကနေ ပိုပြီးကာကွယ်နိုင်သလို free radicalsတွေကိုလဲ ပိုပြီးတိုက်ထုတ်နိုင်ပါတယ်။

🔥Antioxidantဂုဏ်သတ္တိရှိပြီး skincareတွေမှာ တွေ့ရများတဲ့ ingredientsတွေကတော့

🍒Vitamin C
🍒Vitamin B3(Niacinamide)
🍒Vitamin E
🍒Resveratrol
🍒Vitamin A(Retinol)
🍒Coenzyme Q10
🍒Polyphenols
🍒Flavonoids

ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါတယ်နော်👋
အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်🙏
With Love,
Nyi😘

Photos from KB - Bhamo's post 11/10/2021

𝐉𝐚𝐩𝐚𝐧 မှ 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 များဖြင့် ထုတ်လုပ်ထားသော 𝐊𝐁 ရဲ့ 𝐁𝐞𝐬𝐭 𝐒𝐞𝐥𝐥𝐞𝐫 များထဲမှာ ပါဝင်သော 𝐑𝐢𝐜𝐞 𝐓𝐨𝐧𝐞𝐫 လေးအကြောင်းပြောပြမယ် 🥰
𝐑𝐢𝐜𝐞 𝐄𝐱𝐭𝐫𝐚𝐜𝐭 အပြင် 𝐆𝐥𝐲𝐜𝐞𝐫𝐢𝐧 နဲ့ 𝐒𝐨𝐝𝐢𝐮𝐦 𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐚𝐭𝐞 ပါဝင်လို့
အသားရေကိုစိုပြေစေပြီး ခြောက်သွေ့ခြင်းမှလည်းကာကွယ်ပေးတယ် 😇
နောက်ထပ် 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 တစ်မျိုးဖြစ်တဲ့ 𝐇𝐚𝐦𝐚𝐦𝐞𝐥𝐢𝐬 𝐕𝐢𝐫𝐠𝐢𝐧𝐢𝐚𝐧𝐚 𝐖𝐚𝐭𝐞𝐫 𝐄𝐱𝐭𝐫𝐚𝐜𝐭 ကတော့ အသားရည်ကို သန့်စင်စေပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်ရှင် .....
ကဲ " 𝐊𝐁 𝐑𝐢𝐜𝐞 𝐓𝐨𝐧𝐞𝐫 လေးကိုသုံးပြီး 𝐆𝐥𝐨𝐰 ကြမယ် "

𝟏𝟓𝟎 𝐦𝐥 ~16500MMK
𝟔𝟎 𝐦𝐥 ~8000MMK

10/10/2021

Hydrated Silica အဓိကပါဝင်သောကြောင့် မျက်နှာရှိ Oxygen လည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်
သွေးလည်ပတ်မှုနှင့် Oxygen ပါဝင်မှုကိုမြှင့်တင်ပေးသောကြောင့် အသားရေကို နုပျိုစေပါတယ် အခြားသော သဘာဝ အပင်များနှင့် Glycerin ပါဝင်မှုကြောင့် နူးညံ့ချောမွေ့စေပါတယ်

Gel typeမို့Sensitive skinသမားတွေပါ အသုံးပြုနိုင်ပါတယ်နော်😍

Scrub အသုံးပြုချိန် မျက်နှာကို2-3min ခန့် Circular motion နှိပ်နယ်ပေးပါနော်🤲

(Scrub သုံးပြီး Cleanser ပြန်သုံးနိုင်ပါတယ်)

အနံ့လေးက cleanser နဲ့တူတူပဲ Green Tea နော် 😍

KB Gel Scrub (100ml) - 13000Ks ပဲနော် 💦

Photos from KB - Bhamo's post 09/10/2021

လူတစ်ယောက်ရဲ့ အလှအပမှာ အသားရည် လှပခြင်းဟာလည်း ထူးခြားမှုတစ်ခုပါပဲ... ♥️

အသားရည် ကြည်လင်နေမယ် အနာဆာမရှိဘူး ချောမွေ့နေမယ်ဆို မြင်ရသူတိုင်းနှစ်လိုဖွယ်တစ်ခုပါပဲ..😗

အသားရည်လို့ ဆိုရင် မျက်နှာအသားရည်တင်မကဘဲ.. တကိုယ်လုံးအသားရည်ဟာလည်း စိုပြေနေဖို့လိုအပ်ပါတယ်..

အသားရည်တိုင်း နဲ့ လိုက်ဖက်ညီတဲ့ Vitamin C ပါဝင်ပြီး စိုစွတ်မှုကို တာရှည်ပေးစွမ်းနိုင်တဲ့ Kathryn Beauty ရဲ့ Body Lotion လေးရှိပါတယ်........🍊🍊🍊

"Vitamin C" ဟာ အသားရည်ရှိ အမဲစက်တွေကိုလျော့ကြစေမယ်.. အသားရည် မညီညာတာတွေကိုလည်း ချောမွေ့စေတယ်... နေရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ ဆဲလ်သေတွေကို ဖယ်ရှာပေးပြီး ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပါတယ်.. အစိုဓါတ်ကို အကြာကြီးထိန်းထားနိုင်လို့ အရေးကြောင်းတွေကိုလည်းကာကွယ်ပေးပါတယ်.. 🥰

Price - 480ml 15000 MMK (ဒါလေးကပိုတန်တယ်နော်)
200 ml - 10000 MMK..

Photos from KB - Bhamo's post 09/10/2021

🐼 နေ့နဲ့ညမှားပြီး မျက်ကွင်းညိုနေကြတဲ့ Panda လေးတွေ ရှိကြလား ⁉

တစ်နေကုန်နီးပါး WFHတွေလုပ်၊ Online Class တွေတက်ပြီး Screen Time တွေများလို့ မျက်ကွင်းတွေညို၊ အရေးအကြောင်းတွေပေါ်လာလို့ စိတ်ညစ်နေကြတဲ့သူတွေ ရှိမယ်လို့ထင်ပါတယ်...😴

ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့ Kathryn Beauty ရဲ့ Hydrogel Eye Mask လေးရှိနေပါပြီနော်…🤩

KB ရဲ့ Hydrogel Eye Mask မှာဆိုရင် Hydrolyzed Collagen ပါဝင်တာကြောင့် …

💙 ရေဓာတ်ကိုဖြည့်တင်းပေးပြီး ​အသားအရေကို စိုပြည်ဝင်းပစေပါတယ်...

💙 အိပ်ရေးပျက်လို့ ဖြစ်ပေါ်လာတဲ့ မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်…

💙 မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်…

💙 မျက်ဝန်းတစ်ဝိုက်အရေးအကြောင်းဖြစ်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးပါတယ်…

ဒီလို အစွမ်းအာနိသင်တွေနဲ့ပြည့်နေတဲ့ KB ရဲ့ Hydrogel Eye Mask လေးကို ညအိပ်ခါနီးအချိန် အနည်းဆုံး မိနစ် (၂၀) ကြာကပ်ပေးရပါမယ်နော်…🧏🏻‍♀️

ဒါ့အပြင် မျက်လုံးအောက်နားနဲ့ အခြား အရေးအကြောင်းတွေ ဖြစ်ပေါ်လေ့ရှိတဲ့ နဖူး၊ ပါးနဲ့ နှုတ်ခမ်းနားတစ်ဝိုက်မှာပါ ကပ်ပေးလို့ရတယ် ဆိုတော့ အရမ်းကိုအဆင်ပြေစေတာ အမှန်ပဲပေါ့…🙆🏻

Kathryn Beauty Hydrogel Eye Mask ရဲ့ စျေးနှုန်းကတော့ ၁၉,၀၀၀ ကျပ်ဖြစ်ပြီး တစ်လစာ အခု (၆၀) ပါဝင်ပါတယ်…💁🏻

👀 KB ရဲ့ Hydrogel Eye Mask လေးနဲ့ Panda Eye ကို တာ့တာ လုပ်လိုက်တော့နော် 👋🏻

Photos from KB - Bhamo's post 08/10/2021

Hello🤗
မကြာခင်ဆောင်းဝင်လာတော့မယ်ဆိုတော့ Body Lotionကောင်းကောင်းလေးတစ်ဗူးတော့ရှိထားသင့်တယ်နော်☺️
KB LotionလေးကVitaminCပါဝင်တာကြောင့် အသားအရေကိုတင်းရင်းစေပါတယ်၊အသာအရေမညီတာတွေကိုလည်းသက်သာစေပြီးဖြူဝင်းလာစေပါတယ်နော်🤩
နေလောင်ထားတဲ့အသားအရေဆို ၂ပတ်တွင်းသိသိသာသာကြည်လာစေပါတယ်နော်😱

လိမ်းလိုက်ရင်စေးကပ်မှုမရှိပဲ အသားထဲစိမ့်ဝင်လွယ်ပြီးအနံ့လေးကလည်းလိမ္မော်နံ့သင်းသင်းလေးနဲ့so fresh😍

480mlကိုမှ15000Ksဆိုတော့တန်မှတန်ပဲပေါ့ရှင်😍

Want your business to be the top-listed Beauty Salon in Banmaw?
Click here to claim your Sponsored Listing.

Telephone

Website

Address

Banmaw

Opening Hours

Monday 05:00 - 23:00
Tuesday 05:00 - 23:00
Wednesday 05:00 - 23:00
Thursday 05:00 - 23:00
Friday 05:00 - 23:00
Saturday 05:00 - 23:00
Sunday 05:00 - 23:00