Manmaw Medical Network
Manmawခရိုင်ဒေသတွင်းလူထုအခြေပြု ကြားကာလ ကျန်းမာရေးစနစ်အားကောင်းလာစေရန်
ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုများစဥ်ဆက်မပြတ်ပေးနိုင်ရန်အတွက် ဆေးဝါးအလှူငွေများသာ လက်ခံဆောင်ရွက်ပါမည်။
05/08/2023
https://www.facebook.com/photo.php?fbid=677153084448002&set=a.476805917816054&type=3&mibextid=Nif5oz
မွေးဖွားပြီးပြီးချင်း ပထမဆုံး တစ်နာရီအတွင်းမှာ မိခင်နို့ စတင်တိုက်ကျွေးခြင်းက တစ်သက်တာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ 🤱🏻
မိခင်နို့ဆိုတာ ကလေးငယ်တွေအတွက် အကောင်းဆုံးအာဟာရ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နဲ့ကလေးကြားက သံယောဇဉ်ကို တိုးစေနိုင်သလို ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအားစနစ်တွေကိုလည်း အားပေးမြှင့်တင်ပေးပါတယ်။
28/02/2023
ဗန်းမော်ခရိုင်ဒေသအတွင်း MMN အဖွဲ့သားများ မှ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်နေသော ဒေသခံပြည်သူများအား ဖေဖော်ဝါရီလ စတုတ္ထအပတ်အတွင်း နယ်ဆင်းကုသစောင့်ရှောက်မှုဖြင့် အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ပါသည်။
လိုအပ်သောဆေးဝါးနှင့် ဆေးပစ္စည်းများအား ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအားလုံး သာဓုအနုမောဒန ခေါ်နိုင်ပါစေသော်...
19/02/2023
🤱 မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ စိတ်ဝင်စားဖွယ် အချက် (၅) ချက် (Feb 2023) 🤱
၁။ ကလေးမွေးဖွားသည့် အချိန်၌ မိခင်၏ ခန္ဓာကိုယ်သည် နို့ချိုတိုက်ကျွေးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ နို့ဦးရည်သည် အရည်ပျစ်၍ အဝါရောင်ရှိသည်။ နို့ဦးရည်တွင် ရေဓာတ်ပါဝင်မှု နည်းသောကြောင့် ပမာဏအနည်းငယ်သာ တိုက်ကျွေးရန်လိုအပ်သည်။
၂။ မိခင်နို့ တိုက်ကျွေးနေစဥ် ကာလအတွင်း မိခင်နှင့် ကလေးငယ် နှစ်ဦးစလုံးတွင် စိတ်ဖိစီးမှုနှင့် စိုးရမ်ပူပန်မှု လျော့နည်းစေသည့် အောက်ဆီတိုစင် (Oxytocin) ဟော်မုန်း ထွက်ရှိသောကြောင့် မိခင်နှင့် ကလေးအကြား ချစ်ခင်တွယ်တာမှုကို ဖြစ်ပေါ်စေသည်။
၃။ မိခင်နို့ တိုက်ကျွေးခြင်းသည် ကလေးငယ်၏ အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားများကို ဖြစ်ထွန်းစေသောကြောင့် ကလေးငယ်၏ ဘဝအတွက် ကောင်းမွန်သည့် ကိုယ်ခံအားစနစ်ကို ရရှိစေပါသည်။
၄။ မိခင်နို့တွင် ပါဝင်သော ပဋိပစ္စည်းများသည် ကလေးငယ်အား ပတ်ဝန်းကျင်ရှိ ကူးစက်ရောဂါပိုးများကို ခုခံတိုက်ထုတ်ရန် အထောက်အကူပြုပါသည်။
၅။ ကလေးငယ်များသည် မွေးခါစ ပထမရက်အနည်းငယ်တွင် မကြာခဏ နို့စို့လေ့ရှိသည်။ အစောပိုင်းရက်များတွင် ကလေးငယ် နို့စို့သည့်အကြိမ်ရေ များလေလေ၊ မိခင်၏ ခန္ဓာကိုယ်မှ မိခင်နို့ ပိုမိုထွက်ရှိရန် မြန်လာလေလေ ဖြစ်ပါသည်။
Source: World Health Organization (WHO)
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
09/02/2023
ဗန်းမော်ခရိုင် ဒေသတစ်ခုအတွင်း ကျန်းမာရေးအသိပညာပေး ဟောပြောမှုများကို MMN အဖွဲ့သားများမှ သွားရောက်ပြောကြားကာ ဒေသခံပြည်သူများ၏ ကျန်းမာရေး စစ်ဆေး စောင့်ရှောက်ကုသမှုများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြသည်။
ဆေးဝါးနှင့် ထောက်ပံ့ဆောင်ရွက်ပေးသူများအားလုံး အလှူအကျိုးကောင်းမှု ကုသိုလ် ရကြပါစေသော်...
01/01/2023
မြန်မာနိုင်ငံအတွင်း နယ်မြေရပ်ဝန်းအသီးသီးမှ ပြည်သူ/သားအပေါင်း နှစ်သစ်မှာ မဂ်လာအပေါင်းနဲ့ စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ MMN အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
MMN အဖွဲ့သားများမှလည်း နေ့စဉ်နှင့်အမျှ စဥ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးလျက်ရှိပြီး နှစ်သစ်မှာ ကျန်းမာရေးဘေးဒုက္ခအပေါင်း ကင်းငြိမ်းကြပါစေလို့ ထပ်မံဆုတောင်းလိုက်ပါတယ်။
မကြာခင်မှာ ပြည်သူ ပြည်သားများအားလုံးရဲ့ နေအိမ်များမီးရှို့ဖျက်စီးခံရခြင်းမှ ကင်းငြိမ်းကာ၊ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော စစ်ဘေးဒုက္ခများ ချုပ်ငြိမ်း၍ သာယာအေးချမ်းသောဘဝနေထိုင်မှုများ ရရှိလာမယ့် ကာလများအတွက် ပြည်သူများနှင့် တစ်သားတည်းအတူရပ်တည်လျက် ပြည်သူ ကောင်းကျိုးပြု ကျန်းမာရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း MMN အဖွဲ့သားများမှ နှစ်သစ် ဆန္ဒထုတ်ဖော်လိုက်ရပါတယ်......။
လိုအပ်သောဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများလှူဒါန်းကြသော အလှူရှင်အပေါင်းအား နတ်လူ သာဓုခေါ်စေသော်...
19/12/2022
ဗန်းမော်ခရိုင်ဒေသတွင်း MMN အဖွဲ့သားများမှ နေ့စဥ် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် တတ်အားသမျှပါဝင်ဆောင်ရွက်ပေးကြသော ဆေးဝါးနှင့် အလှူရှင်များအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဆရာမချောချောလေးတွေနဲ့ အခုလိုလည်း လူနာတွေကို ဝေဒနာတစ်ဝက် သက်သာစေဖို့ ကျန်းမာရေးအခြေနေတွေကို ကြည့်ပေးနေလို့ ဒေသခံများလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြဖို့ မေတ္တာမျှဝေပေးလျှက်ပါလို့...
အလှူရှင် အားလုံး သာဓုအနုမောဒန ခေါ်နိုင်ကြပါစေကုန်သော်....🙏🙏🙏
07/12/2022
ဒေသဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်နေပြီဖြစ်သော MMN အဖွဲ့သားများနှင့်
ဗန်းမော်ခရိုင်တွင်းဒေသများတွင် နယ်လှည့်ဆေးကုသမှုများ အရှိန်အဟုန် ပြန်လည်မြှင့်တင်လာနိုင်စေရန် ဆေးဝါးနှင့်ဆေးပစ္စည်းများ လိုအပ်မှုများအား ဝိုင်းဝန်းထောက်ပံ့ပေးကြသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား ကျေးဇူးအထူးပင်တင်ရှိပါတယ်
MMN အဖွဲ့သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ယခုထက်ပိုမို၍ အားကောင်းလာစေရန်အတွက် ရပ်ဝေးမှ ပြည်သူများ အလှူငွေများပါဝင်လှူဒါန်းလိုပါကလည်း page messenger တွင် လာရောက်ဆက်သွယ်လှူဒါန်း နိုင်ပါတယ်
ပါဝင်လှူဒါန်းသူ အလှူရှင်အပေါင်း သာဓုအနုမောဒန ခေါ်နိုင်ကြပါစေကုန်သော်...
17/11/2022
စစ်ကောင်စီရဲ့ဖျက်စီးမှုကြောင့် ဆေးကုသစောင့်ရှောက်မှုပေးနိုင်တဲ့ ရွှေကူမြို့နယ်အတွင်းက MMN အဖွဲ့သားတွေ ရဲ့နားခိုရာနေရာလေး တစ်စစီ ဖျက်ဆီးခံလိုက်ရပါတယ်
အခုချိန်မှာ MMN အဖွဲ့သားအားလုံးနဲ့ ဒေသခံ ပြည်သူတွေလည်း ဘေးကင်းလုံခြုံကြပေမယ့် ဒီဆေးရုံလေးမှာ ဆေးကုပေးနိုင်ဖို့ကတော့ အစကိုပြန်သွားရတော့အုံးမပေါ့ ၁ ကနေ စသွားခဲ့တာ ခရီးတစ်ခုရောက်မှ ၁ ကိုပြန်သွားနေရသမျှ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်စီးနေသမျှ ဒီအာဏာရူးတွေကို ငါတို့မေ့အုံးမှာ မဟုတ်ဘူး..
မင်းတို့ဘယ်လိုဖျက်စီးပါစေ MMN ဆိုတာ ဒီလိုနဲ့ယိုင်လဲသွားမယ့်အရာမဟုတ်ဘူး.. လဲရင်ပြန်ထနေအုံးမှာပဲ...ဆေးလည်းဆက်ကုနေအုံးမှာပဲ...
တခုပဲ ဂျပုနဲ့အပေါင်းအပါတွေ နေမကောင်းမဖြစ်ကြနဲ့နော် ဒါပဲ...
12/11/2022
ဗန်းမော်ခရိုင်တစ်နေရာအတွင်း MMN အဖွဲ့သားများမှ လူထုအတွင်း ဆီးချို သွေးတိုးနှင့် ဝမ်းပျက်ဝမ်းလျှောကဲ့သို့ အခြေခံရောဂါများ ကို အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ပါသည်။
ပါဝင်လှူဒါန်းကြသော ဆေးဝါးအလှူရှင်များအားလုံး သာဓုအနုမောဒန ခေါ်နိုင်စေသော်...
17/10/2022
ဗန်းမော်ခရိုင်ဒေသအတွင်း တစ်နေရာတွင် ကျန်းမာရေးကုသရန်ခက်ခဲနေသော ဒေသခံပြည်သူများအား အောက်တိုဘာလပထမပတ်အတွင်း MMN အဖွဲ့သားများမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပါသည်။
ဆေးဝါးအလှူရှင်များ သာဓုအနုမောဒန ခေါ်နိုင်ပါစေသော်...
07/10/2022
ဗန်းမော်ခရိုင် ဒေသတစ်ခုအတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုများကို MMN အဖွဲ့သားများမှ အောက်တိုဘာလ ၆ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
လိုက်လံစောင့်ရှောက်ပေးသော pdf အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ရွာဒေသခံပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ဆေးဝါးအလှူရှင်များအားလုံး သာဓု ခေါ်နိုင်ပါစေသော်....
Click here to claim your Sponsored Listing.
Category
Website
Address
01017
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |