ESE-Banmaw
ဗန်းမော်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး
10/07/2024
အသိပေးပန်ကြားခြင်း
04/07/2024
02/07/2024
ဗန်းမော်မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ ခင်ဗျား....
ဓာတ်အားသုံးစွဲသူ မိဘပြည်သူများခင်ဗျား- - - - - - - -
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် လျှပ်စစ်ဓာတ်အားခများ ပေးဆောင်ရာတွင် လစဉ်သုံးစွဲသည့် ယူနစ်များပေါ်မူတည်၍ ဓာတ်အားခအလွှာအလိုက် ပေးဆောင်ရသဖြင့် မိမိတို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဓာတ်အားသုံးစွဲသူ ပြည်သူများ၏ လအလိုက် သုံးစွဲယူနစ်များ မှန်ကန်မှုရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
သို့ရာတွင် အချို့နေရာဒေသများ၌ မီတာလာရောက်ဖတ်ရှုချိန်တွင် လူမနေအိမ်ပိတ်များ ဖြစ်နေ၍သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေများကြောင့်လည်းကောင်း မီတာ အားလုံး ဖတ်ရှုနိုင်ခြင်းမရှိသည့်အတွက် သုံးစွဲယူနစ်များ လိုဖတ်၊ ပိုဖတ်များ ဖြစ်ပေါ်နိုင်ခြင်း၊ ယူနစ်ကြွေးကျန်များ ကျန်ရှိနိုင်ခြင်းများ ကြုံတွေ့ဖြစ်ပေါ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများ နစ်နာမှုမရှိစေရန် မိမိအိမ်ရှိ အိမ်သုံးမီတာများ၏ မီတာပြဂဏန်းများအား လစဉ် လကုန်ရက်များတွင် ပုံမှန်ဖတ်ရှု၍ ဓာတ်ပုံရိုက်ယူကာ
ဗန်းမော် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ Viber Phone No 09 694 750 195
No 074 2550195သို့ လစဉ် ပေးပို့သွားပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
-ဗန်းမော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
17/06/2024
ဗန်းမော်မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို အသိပေးပန်ကြားခြင်း
01/12/2023
ဗန်းမော်မြို့နယ်အတွင်း ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပန်ကြားခြင်း။
တာပိန် ဓာတ်အားလိုင်း သစ်ပင် ခုတ်နေစဥ် အတွင်း နိုင်ငံတော်ဓာတ်အားလိုင်းမှ ခွဲတမ်း (MW ) အနည်းငယ်သာရရှိသောကြောင့်
လိုင်း အလိုက်အပြည့်အစုံ ဓာတ်အားပေးနိုင်ခြင်း မရှိသေးပါခင်ဗျာ
19/10/2023
(19.10.2023)ရက်နေ့ နံနက် (04:26)နာရီခန့်တွင် တာပိန်စက်ရုံမှ 230kv ဗန်းမော်ပင်မ ဓါတ်အာခွဲရုံသို့ ဓါတ်အားပို့လွှတ်ထားသည့် 110kV ဓါတ်အားလိုင်း Line fault (လိုင်းအပြစ်) ဖြင့် ဓါတ်အားပြတ်တောက်နေခြင်း ဖြစ်သည့်အတွက် ဗန်းမော်ခရိုင်အတွင်းရှိမြို့နယ်များ ဓာတ်အားပြတ်တောက်နေခြင်းဖြစ်ပါ ကြောင်းအသိပေးတင်ပြအပ်ပါသည်။
12/10/2023
#အသိပေးပန်ကြားခြင်း #
(၁၂.၁၀.၂၀၂၃)ရက်နေ့ ၁၀း၀၀ နာရီ ခန့်တွင် 110kV တာပိန် ဓါတ်အားလိုင်း အရေးပေါ် ထိန်းပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဗန်းမော်မြို့နယ် အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ပါသည်။
11/10/2023
(11.10.2023)ရက်နေ့ ညနေ (16:03)နာရီခန့်တွင် တာပိန်စက်ရုံမှ 230kv ဗန်းမော်ပင်မ ဓါတ်အာခွဲရုံသို့ ဓါတ်အားပို့လွှတ်ထားသည့် 110kV ဓါတ်အားလိုင်း Line fault (လိုင်းအပြစ်) ဖြင့် ဓါတ်အားပြတ်တောက်နေခြင်း ဖြစ်သည့်အတွက် ဗန်းမော်ခရိုင်အတွင်းရှိမြို့နယ်များ ဓာတ်အားပြတ်တောက်နေခြင်းဖြစ်ပါ ကြောင်းအသိပေးတင်ပြအပ်ပါသည်။
26/09/2023
မိဘပြည်သူများ သို့အသိပေးပန်ကြားခြင်း
တာပိန်စက်ရုံမှ ဗန်းမော် 230kv ခွဲရုံသို့ ဓာတ်ပို့လွှတ်ထားသော
HT တာဝါတိုင် ၂တိုင်တွင် ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်
မည် ဖြစ်ပါသဖြင့် ဗန်းမော် မြို့နယ်အတွင်း
နံနက် 6:30 နာရီမှ 10:30နာရီ ခန့် ဓာတ်အားပြတ်တောက်
မည် ဖြစ်ကြောင်းအသိပေးပန်ကြားပါသည်။
17/06/2023
အသိပေးပန်ကြားခြင်း
ဗန်းမော်မြို့ ၊ ( ၃) မိုင်ကွက်သစ် ရှိ ဓာတ်အားလိုင်း ကွန်ကရစ်တိုင် ယိုင်လဲနေပါသဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံး ၊ လိုင်းအဖွဲမှ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ( ဗန်းမော် ၅ ဖီဒါနှင့် ဗန်းမော် ၂ ဖီဒါများ ဓာတ်အားယာယီ ပြတ်တောက်မည်ပါသည်)
၃မိုင် ရပ်ကွက်၊ နှင့် ဗန်းမော် -၂ မှဖြန့်ဖြူးပေးထားသော
( ရွှေကျီးနား နမ့်ဖား၊ ရပ်ကွက်များ ယာယီဓာတ်အားပြတ်တောက်မည် ဖြစ်ပါသည်)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Banmaw